ဟလို

ဟလို



ဒီခေါင်းစဉ်ကို ရေးပြီးတာနဲ့ပဲ
ဟလိုဆိုတဲ့ အသံကို ကြားလိုက်ရတယ်။
ဆိုတော့က…
ဘယ်လိုသွားထိသလဲ
ဘယ်ကို သွားထိသလဲ
မသိတော့…
ကြားလိုက်တဲ့အတိုင်းပဲ ထားလိုက်တော့တယ်။
စိတ်မပါပါဘူးကွာ
ကိုယ့် အရွေ့နဲ့ သူ့အရွေ့နဲ့ မတူတဲ့အခါ
ဟလို…ဟလို
ကြားလား …ကြားလား
ကြားလား = ကျားလား
ကိုယ်က ကျားလား သူက ကြားလား
သူက ကြားလား သူက ကျားလား
ဟလိုဟလို
ဒီလိုနဲ့…
တစ်နေ့ တစ်နေ့ ဟလိုဟလို
ဘယ်လို…ဘယ်လို
ဟ…လို။


ကျော်ညိုသွေး

Comments

အဲဒီဟလိုဆိုတဲ့ အသံကိုဖြည်းဖြည်းလေကြားချင်ပြောချင်တယ်း)

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး