သူငယ်ချင်းနှစ်ယောက်

သူငယ်ချင်းနှစ်ယောက်


A-    Facebook က တစ်ကယ်တမ်း တော့
လက်ဖက်ရည်မပါတဲ့ လေထန်ကုန်းပဲကွ။

B-    ကောင်းတယ်ကွ ပိုက်ဆံမကုန်တော့ဘူးပေါ့ကွာ

A-    ဘယ်ကလာ မင်းကလဲ...ဒီမှာ က အရူးတွေ များတယ်ကွ

B-    အာ..ဘယ်ကလာ မင်းကလည်း နိုင်ငံကြီးသားတွေပါကွ၊ ဖေ့စ်ဘုတ်သုံးပြီး နိုင်ငံတော်ကြီးမှာ ရှိနေတဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့ လုပ်နေတာ၊ လွှတ်တော်ထဲက အမတ်တွေထက်တောင် ပြောရဲဆိုရဲ ရှိကြသေးတယ်။

A-    ဒါပေမယ့် မင့် ဟာ တွေ က ပြောတာ ဘယ်သူက စာတမ်းပြုစုပြီး၊ ဘယ်သူတွေကို တင်ပြနေလို့လဲ။ ဒီလိုပဲ အိုးဒါးပို့စ် ဖြစ်သွားတာ။

B-    ဒါတော့ ဒါပေါ့ ကွာ...ဒါပေမယ့် ဒီလိုရှိတယ် သူငယ်ချင်းရ အဲဒါက ဒီလိုပေမယ့် ဒီလောက်လေးနဲ့လည်း ဟိုဒင်းတော့ပြုနိုင်ပါတယ်ကွ...

A-    ဟာကွာ...မင်းဥစ္စာကလည်း ဘာမှန်းကို မသိဘူး။ ဒါဒါ ဒီဒီ နဲ့ပြီးနေတာပဲ။ မင်း ကြေးနန်းရိုက်တောလား။

B-    အာ...ငါပြောတာက ဖေ့စ်ဘုတ်မှာပေမယ့် တနိုင်ငံလုံးကို သိရှိစေတယ်လေကွာ။ တွမ်တီဝမ်း ဆန်ကျူရီ မှာဆိုရင် အားလုံးက အိုင်တီဆန်...အဲ့လေ...အိုင်တီဇန် တွေ ဖြစ်ကုန်ပြီဆိုတော့ အကုန်လုံး နည်းပညာတွေနဲ့ ကူးလူးယှက်နွယ် သက်လှယ်...အဲ့လေ...ကူးလူးယှက်နွယ်ပြီး လက်မလည်အောင်ဖြစ်နေကြပြီမဟုတ်လား။ ဒါကြောင့် ဖေ့စ်ဘုတ်ကနေတဆင့် ရဲရဲတောက် စည်ဂျေ တွေ က ဒီလို ပြောနေဆိုနေကြတာပေါ့။ နိုင်ငံတစ်နိုင်ငံ အတွက် စည်ဂျေတွေ ရဲ့  အခန်းကဏ္ဍကလည်း အရေးပါတယ်လေ။

A-    နို့...မသိလို့ မေးပါရစေဦး။

B-    အာ...မင်းကလည်း နို့ တောင်မင်းမသိဘူးလား ငယ်ငယ်က မင်းစို့ခဲ့တယ်လေ...ဘာလဲ မင်းက ငယ်ငယ်က နို့ ကောင်းကောင်း မစို့ခဲ့ရလို့လား။ မင်းအမေက အသက်ခြောက်လ မပြည့်ခင် နို့ဖြတ်ခဲ့တယ်ထင်တယ်။ တစ်ကယ်တမ်းတော့...ကလေးတွေ ဆိုတာ အသက်ခြောက်လအထိ နို့ စို့....စို့...

A-    ဟာ...ဟိတ်ကောင် ပေါက်တတ်ကရ ဘယ်က နို့လဲ ငါက မင့် အဖေ စို့ တဲ့ နို့ကိုပြောတာမဟုတ်ဘူး။ ငါပြောတာက စည်ဂျေကို မေးချင်တာ။ စည်ဂျေ ဆိုတာက ဘာလဲကွ။

B-    မင်းကလည်း ခေတ်သစ်လူသားမဟုတ်တဲ့ အတိုင်းပဲ။ စည်ဂျေ ဆိုတာက စည်ဘီယာသောက်ပြီး ဂျေဂျေ ကလပ်မှာ သွားကတဲ့....ကောင်လေး....ကောင်မလေးတွေ...တွေ...

A-    တော်ပြီကွာ မင်းကိုငါက အကောင်းပြောတာမှတ်လို့ တော်စမ်းကွာ အဲဒီစည်ဂျေတွေဆိုတာ အခုမှ ပေါက်လွှတ်ပဲစားတွေမှန်းငါသိတော့တယ်။ ထွီ

B-    အာာ....မင်းကလည်း ငါပြောတာကို ဆုံးအောင် နားထောင်ပါဦး။ မင်းထင်ရာတွေပဲစွတ်ပြောနေတာပဲ...စည်ဂျေ ဆိုတာက စည်ဂျေ ဆိုတာက စည်ဘီယာသောက်ပြီး ဂျေဂျေ ကလပ်မှာ သွားကတဲ့....ကောင်လေး....ကောင်မလေးတွေ ကို အမြင်မတော်ရင် လည်း အမြင်မတော်တဲ့ သတင်းကနေ နိုင်ငံရေးသတင်းအထိ ကိုယ်တိုင်အကုန်အကျခံပြီး သတင်းတွေ လိုက်ယူ၊ သတင်းဓါတ်ပုံတွေရိုက်ပြီး ၊ အင်တာနက်မှာ သတင်းတွေ ပြန်ဖေါ်ပြတဲ့ သူတွေပေါ့ Citizen Journalist လို့ခေါ်တယ်။ ၀ါသနာအရသတင်းထောက်အလုပ်ကို ပိုက်ဆံ မရပဲ လုပ်နေကြတဲ့ သူတွေပေါ့။



A-    ဒါဆို ဒီကောင်တွေက ဘာအလုပ်မှမလုပ်ပဲ။ ဒီအလုပ်ပဲလုပ်နေတာလား။ အလုပ်အကိုင်မရှိပဲ။

B-    ဘယ်ဟုတ်လိမ့်မလဲကွာ။ စည်ဂျေ တွေဆိုတာက ကျောင်းသားလည်းဖြစ်နိုင်တယ်၊ အစိုရ၀န်ထမ်းလည်းဖြစ်နိုင်သလို၊ စီးပွားရေး လုပ်ငန်း လုပ်တဲ့ လုပ်ငန်းရှင်လည်း ဖြစ်နိုင်တယ်။ သူတို့ ၀ါသနာအရ နိုင်ငံ ထူထောင်ရေးမှာ တဘက်တလမ်းက ပါဝင်ဆောင်ရွက်နေသူတွေပေါ့။ သာဓုခေါ်ထိုက်တယ်ကွ…

A-    အိမ်း…ဒီလိုဆိုတော့လည်း စည်ဂျေတွေဆိုတာ တစ်ကယ့်အဖိုးတန်လူသားတွေပါလား။ မင်းပြောမှပဲ သိရတယ်။ ကျေးဇူးကွာသူငယ်ချင်း၊

B-    အေးကွာရပါတယ်။ ဖေ့စ်ဘုတ်မှာလည်းစည်ဂျေတွေ ရှိတတ်တယ်လေ။ သူတို့တွေရေးတဲ့ စာတွေက သိပ်ကိုကောင်းတယ်ဆိုတော့ ငါဆို သူတို့ကို အရမ်းအားကျတာ ဖြစ်နိုင်ရင် ငါတောင် စည်ဂျေတစ်ယောက် ဖြစ်ချင်မိတယ်။ သူတို့က သတင်းရေးရင် သဒ္ဒါအထားအသိုမမှန်တာရယ်…၊ စာလုံးပေါင်းမှားတာရယ်၊ ဘာရေးလို့ရေးမှန်းမသိတာရယ်၊ အစွန်းနည်းနည်းရောက်တာရယ်၊ ခေါင်းမာတာရယ်…ပြီးတော့…

A-   ဟေ…မင်းဟာကလည်း ကောင်းတာတစ်ခုမှမပါပါလား…..

B-   အော်…မင်းကလည်း ဒါပေမယ့် နိုင်ငံချစ်စိတ်ကတော့ သိပ်ပြီးကြီးမားပါတယ်ကွ ဟိဟိ။

A- အေ့..ဒါဆို မင့် စည်ဂျေလေးတွေ ရေး ပေးတဲ့ သတင်းတွေလည်း ငါ့ကို ပေးဖတ်ပါဦးကွ မင်းက ငါ့ထက် အင်တာနက် သုံးတာကျွမ်းတယ်ဆိုတော့လေ...

B- အေး...ဒါဆို..ငါဖတ်နေကြ စည်ဂျေ လေးတစ်ယောက်ရှိတယ်။ အခု သူ့ဆီမှာသတင်းတစ်ပုဒ် တက်နေတယ်။ ငါ လင့်ခ် ပေးလိုက်မယ်....A- လင်တွေ မယားတွေ လုပ်မနေပါနဲ့။ ငါ့ကို တစ်ခါတည်း ကူးပြီးပေးလိုက်....

B- အေး...ဒါဆို ရော.



"KNT Corporation ဧ။် CEO ဖြစ်သူ မစ္စတာ ပီအယ်အို ခေါ် ဦးကျော်ညိုသွေး မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်ပြီး "မျှော်လင့်နေမယ်" သီချင်းကို လာရောက်နားထောင်။"

ရန်ကုန် မေ 19 ရက်

ကမ္ဘာ့ နည်းပညာ လောကတွင် နာမည်ကြီး နည်းပညာလုပ်ငန်း ကြီး တစ်ခုဖြစ်သည့် KNT Corporation မှ စီအီအို ဖြစ်သူ မစ္စတာ ပီအယ်အို ခေါ် မြန်မာအမည် ဦးကျော်ညိုသွေး မြန်မာပြည်သို့ ရောက်ရှိပြီး ရန်ကုန်မြို့ MICT Park ရှိ ကွန်ဖရင့်စ် ဟောလ် တွင် စာနယ်ဇင်းဆရာများ ဧ။် စုပေါင်းတေးသီချင်းဖြစ်သည့်" မျှော်လင့်နေမယ် "သီချင်း ကို လာရောက်နားထောင်ခဲ့ကြောင်း သိရှိရသည်။

မစ္စတာ ပီအယ်လ်အိုမှာ မြန်မာပြည်ဖွား တစ်ဦးဖြစ်ပြီး မန္တလေးတိုင်းရှိ ပျော်ဘွယ်ဇာတိဖြစ်ကာ ထိုစဉ်က ယခုနာမည်ကြီး စာရေးဆရာ ၊ လူရွှင်တော် ဖြစ်သူ ဦးဘုန်းသန့်ကျော် နှင့် သူငယ်ချင်းအရင်း ဖြစ်ပြီး ၊ မြန်မာနိုင်ငံမှ အသက် နှစ်ဆယ်ဝန်းကျင်တွင် ပြည်ပသို့ ထွက်ခွာသွားပြီး နောက် ယခုအခါတွင် KNT ကော်ပိုရေးရှင်း ဧ။် စီအီးအို ဖြစ်နေပြီဖြစ်ကြောင်း သိရှိရသည်။ ၄င်းမှာ ယခုအခါ နည်းပညာလောကရှိ အင်ဖလူးရန့်စ် အဖြစ်ဆုံး လူ ငါးယောက် တွင် တစ်ယောက်အပါအ၀င်လည်း ဖြစ်ကြောင်း သိရှိရသည်။

စူပါမန်း(စီတီဆင်ဂျာနယ်လစ်)


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး