ရူးလွယ် ကောင်းလွယ်

ရူးလွယ် ကောင်းလွယ်


ကျင့်ဝတ်ဖောက်ဖျက်မိမှာ စိုးလို့
ကျွန်တော် ဘယ်သူပေးတဲ့ လက်ဆောင်မှလည်း မယူဘူး။
ဘယ်သူတိုက်တဲ့ ကော်ဖီမှလည်း မသောက်ဘူး။
ဘယ်သူတိုက်တဲ့ ရေတစ်ခွက်မှလည်း မသောက်ဘူး။
ဘယ်သူတွေ ရဲ့ ပိုင်နက်ထဲက လေကိုမှလည်း မရှူ ဘူး။
သူများပိုင်နက်ထဲ ရောက်သွားရင် ကျွန်တော် အသက်အောင့်ထားတယ်။
ဒါမှမဟုတ် ကျွန်တော် အောက်စီဂျင် ဗူး တစ်ဗူးကို အမြဲတမ်းလွယ်ထားတယ်
ဟို အမ်တီဗွီထဲကလိုပေါ့။
လူတွေကို သူ့ကို အရူးလို အထူးအဆန်းလိုကြည့်ကြတယ်။
သူကတော့ အေးဆေးပဲ။
အခုတလော ဆေးထိုး ဆေးသောက် သိပ်ကြောက်နေတယ်ဗျာ တဲ့။
ခွင့်မတောင်းပဲ တံခါးဖွင့်လို့ ကို မရဘူး
မန်းဒေးဆို ဖုန်းမဆက်ဘူး။
ဟလို အစ်ကို ဘာတွေ ပြောနေတာလဲတဲ့။
ဟုတ်ကဲ့ ကျွန်တော်က x x x x x x ပါ။ အဲဒါနဲ့ ပတ်သက်ပြီး...ပြီး
ဘယ်သူပေးတဲ့ ဘောလ်ပင်မှလည်း မယူပါဘူး
ဘယ်သူမှလည်း ကျွန်တော့်ကို ဘာအကြောင်းမှ လာမပြောနဲ့
ကျွန်တော် ဆီမှာ လွတ်လပ်ခြင်းတွေ ပဲ ရှိတယ်။
ဆိုတော့က...
ကျွန်တော် မိုးပေါ် ပျံနေတယ်။
ကျွန်တော် အာကာသထဲမှာနေတယ်။
ကျွန်တော် လမ်းပေါ်မှာနေတယ်။
ကျွန်တော်ဟာ လွတ်လပ်တယ် အမှီအခိုကင်းတယ်
ကျွန်တော်ဟာ လေဟာနယ်ထဲက သစ်တစ်ပင်ဖြစ်တယ်။
ငှက်တစ်သောင်း နားချင် နား ၊ မနားချင်နေ
ကျွန်တော်ဟာ ကွင်းပြင်ထဲက စိန်ပန်းပင်ဖြစ်တယ်။
ကျွန်တော်ဟာ ပြန်ခဲ့တယ်
ကျွန်တော်ဟာ ပြန်ခဲ့တယ်
ကျွန်တော် ဟာ ပြန်ခဲ့တယ်
ဘေးလွယ်အိတ်ထဲမှာ အစာလွန်မှုတွေ ထည့်လို့
ကိတ်မုန့် လှိုဏ်ဂူထဲက ထွက်လာခဲ့တယ်
မိုးတွေ ရွာလိုက်တာ လတွေကို သာလို့။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး