ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အရွေးမတော် ကဗျာ

အရွေးမတော် ကဗျာ


ချက်ကျလက်ကျ ပြောစမ်းပါ။ 
နားထောင်ချင်လွန်းလို့
စကားမစပ် မင်းကို ရင်ခုန်မိတယ်ကွယ်။
မင်းရဲ့ အညိုရောင်အသားအရည်က
စကားညိုညိုညစ်ညစ်တွေ လက်မခံစမ်းပါနဲ့
ကိုယ်ကလည်း မင်းအတွက်ဆို တန်းတန်းမတ်မတ်
ထောင်ထောင်ကြွကြွ အသင့်ရှိနေတာ
မင်း တစ်ခွန်းလောက် ပြောကြည့်စမ်းပါ
မင်းက ဆန်းတယ်၊ လန်းတယ် ၊ ကျွမ်းတယ် ၊ 
မန်းတယ်၊ ကန်းတယ် ၊ လှမ်းတယ် ၊ တန်းတယ်
ထမ်းတယ် ၊ အမ်းတယ် ၊ ကြမ်းတယ် ၊ စွမ်းတယ်
အချဉ်ပေါင်းစားမလား
ကိုယ်ကျွေးမယ်
ချိုချဉ်စုပ်မလား ကိုယ် ဖြဲပေးမယ်
တယောသံနားထောင်မလား
ကိုယ်ထိုးပေးမယ်
ဂစ်တာသံနူးနူးညံ့ညံ့နားထောင်မလား
ကိုယ် Plucking ကုတ် ပေးမယ်။
ပြောရတာ မောတယ် ၀ိုင်သောက်မှ
စပိုင်လောက်မှ ဖြစ်မယ်။
ကိုယ်က မူးရင် မြူးတယ်။
ဒီလောက်ဆို တော်ပြီ မင်းအနားမှာ ငါရပ်လို့
တစ်တစ်လီ တစ်ကို
မင်းရွတ်တာနားထောင်မယ်။
မော်လမြိုင်သံနဲ့ ဆိုပါကွယ်။
ရင်ခုန်ရင် အချစ်ပဲကွယ်။
မင်းလောက်ဝတ်လို့ကောင်းတဲ့ ဘောင်းဘီလေး
ငါ့တစ်သက်မှာ ငါမတွေ့ဖူးဘူး၊ ရူးလောက်တယ်။
ဘာလို့ ပန်းသီး အခြမ်းလေးက ထုပ်ပိုးခံထားရပါလိမ့်
ဟမ်ဘာဂါတွေ ငါ့အတွက်လား သူ့အတွက်လား
မင်း ကို ငါသိပ် ကဗျာတာပဲ
ကဗျာချင်တယ် ကွယ်။
ကဗျာ ရအောင် ကွယ်နော်။
လကလေးကလည်း သိပ်သာတယ်
အိမ်အပြင်မှာလည်း ကြောင်တွေက သိပ်အော်တယ်
ဟိုဘက်ရွာက အိုးသည်မ က ဆူလို့ညံလို
တို့ ရွာက အိုးသည်မက ဘယ်သွားပြည့်လျှံနေသလဲကွ ဟေ
ဖိုးသားလေး ကို ရှင်ပြုပေးရအောင်လာ......ဟ!
သြော်...
မင်း ကို သိပ်ကဗျာချင်တာပဲ သိလား
ငါ့မှာ မင်း ဓါတ်ပုံလေးကို ကြည့်ကြည့်ပြီး
ကဗျာလိုက်ရတာ ကဗျာ ကဗျာ ကဗျာ
အား ကဗျာလို့ ကောင်းလိုက်တာ အား
ကောင်းလား ကို လို့ မမေးနဲ့
ကောင်းတယ်.....စတော်ဘယ်ရီလိုပဲ။


ကျော်ညိုသွေး