ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ချောနေတဲ့ကြမ်းပြင်ပေါ်မှာ စိတ်ချလက်ချထိုင် ပြီး ခြေကိုဆင်း

ချောနေတဲ့ကြမ်းပြင်ပေါ်မှာ စိတ်ချလက်ချထိုင် ပြီး ခြေကိုဆင်း


ခွေးတွေ မရှိတော့ ငါ့ဘ၀ သာယာတယ် မိဥ။ ခွေးတွေ မရှိတော့ ငါ့ဘ၀သာယာတယ်။ မြက်ပင်တွေထဲ ထိုးထည့်ထားတဲ့ ငါ့ရဲ့ စိတ်ကို နင်ယူသွားတာ ကြာလှပေါ့။ နာရီပေါင်း တစ်သောင်းခြောက်ထောင့်ခုနှစ်ရာ လေးဆယ့်ငါး နာရီ။ အိမ်ခြေ ရာခြေ တွေ မဲ့နေပြီ ဒီမျက်မှန်တွေ မှုန်ေ၀၀ါး တဖြည်းဖြည်း ဝေးသွား ကြာလှ ပါပြီ ရာသီတွေလည်း တပတ်ပြီး တစ်ပတ်လည် လှည့်ပတ် လျှောက်သွား ညောင်းညာ ကိုက်ခဲ့ ပြီးတော့  ထိုင်နေ။ ၀င့်ဝင့်ကြွားကြွား ဆောင်းရာသီ အခါသမယ ငါ့မှာ ခွေးလေခွေးလွင့်လို ဈေးထဲ ကျောင်းထဲ ဘုန်းကြီးကျောင်းထဲ အိမ်သာကြို အိမ်သာကြား ဈေးဆိုင်ခုံတန်းနား ယောင်လည်လည် ဆွေးမြည့်ကြေကွဲ နေပူထဲလည်း လျှောက်သွား လောက်လောက်လားလား ဘာမှမရှိ တအိအိနဲ့ ခွေးအကြီးလှည်းနင်း ပျင်းပျင်းရှိတိုင်း အူနေတဲ့ ဂုတ်ကျားလို့ နွားလို ကျားကို ကျောက်လို့ ထွက်ပြေးပုံမျိုးနဲ့ ခြုံတိုးနေတိုင်း ယားတယ် စိတ်ထဲက အိပ်လည်းမရ ငါ့မှာ ဂွကကျ မလှမပ ခပ်အအ စတိုင်ပဲ ကျွိုင်တယ်။ ကွမ်းတံတွေးတွေ ပိုနီရဲလာပြီး အရိပ်မဲ့ နေတဲ့ စိတ်တွေ တလဟော အိမ်ပေါ်က ပြေးဆင်းသွား ငါ့မှာ ကိုယ်မွှေးတွေ ထူပိန်းလာပြီး နေ့တိုင်း ၀ဲတွေ စွဲ ဘယ်လိုလုပ်ရမလဲ ဈေးဆိုင်တန်းတွေ အခုဆို ခင်းကြတဲ့ ရာသီ ဆူညံ လွန်းတယ် ပေါ့။ ခက်တယ်။ သေပါစေပေါ့ ငါ့ကို ထားခဲ့တာ။ နင်က စိတ်ချနိုင်ခဲ့ပြီ ။ ငါ့စိတ်ကို တွင်းနက်နက်ထဲ ပစ်လို့ချ။ မှောင်မှောင်မည်းမည်းထဲ ရေတွင်းထဲက နံရံ နင် အမှတ်နဲ့ ငါစမ်းရင် အရသာခံနေရတာ ဖုဖုဖောင်းဖောင်းလည်း ဘာမှမရှိ လက်ထဲမှာပါလာတာ ချွဲချွဲပျစ်ပျစ် ရေညှိတွေပဲ စိမ်းစိမ်းတွေလား ၀ါဝါတွေလား ၊ မည်းမည်းတွေလား ၊ ဖြူဖြူတွေလားမသိ ချွဲချွဲပျစ်ပျစ်မှ ချွဲချွဲပျစ်ပျစ်။ ကြားချင်တယ် အသံလေး တစ်သံ။ နံရံကို နားအပ်နားထောင်တော့ ဟိုဘက်က လင်မယား မှာ တစ်ယောက်က အိုင် တစ်ယောက်က ကျွဲ ။ တကတည်းမှ တကတည်းပဲ။ ငါ့မှာ ဗီဒီယိုလည်း မကြည့် ၊စာအုပ်လည်း မဖတ် ၊ သူတို့ အသံသာ နားထောင်နေရ။ ကဲကိုကဲ သည်းကိုသည်းတယ် အမြဲလိုပဲ။ ဟိုတစ်ယောက်ကလည်း ရေမကူးတတ်တဲ့ ကျွဲလိုပဲ ။ ငါ့မှာ နားက အားမရ။ တဖ၀ါးမှလည်း မခွာ။ အဲဒါ ငါ့ ဆိုက်ကိုပါပဲ မိဥ ရယ်။ ဖြူစင်လွန်းခဲ့ပါတယ် မိဥ ရယ်။ ဥ ရယ် …ဥရယ်…ဥရယ်…ဥရယ်..ဥ..ဥ..ဥ…..ဥ………………..ဥ…အား…ဥ…အား…အု အား။ ငါမောတယ်။ ရင်မောတယ်။ ဖြူစင်လွန်းခဲ့ ပါတယ်။ အဲဒါ ငါ့ဆိုက်ကိုပဲ။ သွားတိုက်ဆေးဗူးလေး တစ်ဗူးတည်း နဲ့ ငါ တစ်သက်လုံး နင့်ကို ပြုံးပြနိုင်ခဲ့ပြီ။ ခွေးတွေ အူတယ်။ ငါ့မှာ နားဟာ ဆူတယ်။ နင့်ကို စိတ်ပူတယ်။ မသာမ နင့်ကို စိတ်ပူတယ်။ ခွေးမ နင့်ကို စိတ်ပူတယ်။ ကြောင်တောင်တောင်နဲ့ နင့်ကို စိတ်ပူတယ်။ ဒီဂျေတွေ ဖွင့်ပြီး နင့် ကို စိတ်ပူတယ်။ လိပ်နင်ဂျာလို စိတ်ပူတယ်။ ကြွက်ကလေး တစ်ကောင်လို စိတ်ပူတယ်။ နင်ဟာ မုန့်လေပွေတွေလိုပဲ မြောင်းမြလုပ် စမတ်ဖုန်းလေးရယ်။ နင်ဟာ အထုအရိုက်ခံတယ်။ ခံနိုင်ရည် အားကောင်းတယ်။ လိုင်းကြည်တယ်။ ဖန်ရှင်နည်းတယ်။ ဆွဲအားကောင်းတယ်။ ပါးတယ်။ လျှပ်တယ်။ ဗီဒီယိုမကြည့်တာကြာတော့ ငါ့မှာ စုပ်ယူမှုအားနည်း။ စာလည်းမဖတ် ၊ လက်တွေ့လည်း ဘာမှလည်း မလုပ်နိုင်။ ကဗျာမရေး ၊ စာမရေး ၊ မိန်းမတင်ပါးတွေ ခိုးမကြည့်။ ကြည့်လည်း အကြည့်။ မကြည့်လည်း မငြိ။ ငါ့အိပ်ရာခင်းလေးနဲ့ မင်္ဂလာဆောင်လိုက်တဲ့ နောက်ပိုင်း အိမ်ထဲက အိမ်ပြင်လည်း မထွက်တော့ဘူးပေါ့။ ဒီလို နဲ့တစ်နေ့ ငါ့ မိန်းမ ပျောက်သွားတယ်။ မရှိတော့ဘူး။ သူ့ကို ငါလိုက်လို့ရှာ။ ဆေးမှင်ကြောင်လေးရေ..။ မောင့်အချစ်လေးရေ..ဒီလိုနဲ့ ဝေးသွား ငါလည်း အမွှေးတွေရှည်(ကိုယ်မွှေးတွေ)။ စိတ်တွေလေ။ အရက်တွေသောက် ၊ ဆေးတွေချယ် ၊ နှုတ်ခမ်းနီဆိုး ၊ လက်သည်းတွေရှည်။ မိန်းမ လှလှတွေ မြင်တိုင်း သူတို့ အရိပ်ကို ဓါတ်ပုံရိုက်ပြီး။ မင်္ဂလာတွေ အထပ်ထပ်ဆောင်တော့တယ်။ ညကြီးမင်းကြီး ထပြီး ထိုင်နေတော့ ငါလည်း ခြင်တွေ ငါ့ကို လာပြီး မကိုက်ကိုက်အောင် ကြံစည်ရတော့တာပဲ။ အခုထိ။


ကျော်ညိုသွေး