ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

မိုးအေးအေး မှာ

မိုးအေးအေး မှာ


မိုးအေးအေးလေးမှာ Black Spy လေးသောက် ၊
သီတာခုနှစ်တန်လေး နဲ့
ရှုခင်းကောင်းကောင်းတွေ လှမ်းမြင်ရတဲ့
ထောင့်ခန်း ဟိုတယ်ထဲမှာ အောင်းနေ။
တီဗွီကနေ ဂျေးမီရဲ့ လင်မယား သီချင်း ရယ် ၊ ပညာပေးအချစ်ရယ်
နှစ်ပုဒ်တည်း ကို R ပြီးဖွင်
Rကြီး ကတော့ ခဏလွင့်နေ။

အခန်းထဲမှာ အကုန်လုံး ဂျေတွေ ချည်းပဲ လင့်ခ်ချိတ်မယ်။
ဂျောက်ဂျက် နဲ့ ဂျေးမီ သီချင်း ၊ ဂျနီဖာ အက်နက်စတန်ရဲ့
ဝတ်လစ်စလစ်ပုံတွေ အပြည့်ကပ်ထား၊
ကီးဘုတ်က ဂျေကီး ကလေးနေရာမှာ ဂျော်နီဝါကားအဖုံးလေး နဲ့ အုပ်ထား။

ဂျေလို လို မင်း ကစမ်းပါ။
ဂျော်ရကီးတွေ ကတော့ စော်ကြီးက အသက်ကြီးပြီလို့ ပွ လိမ့်မယ်။
ပြောမှာပေါ့ သူတို့မှ မရနိုင်တာကိုး
ရလည်း ချနိုင်မှာမဟုတ်ပါဘူး
(သူတို့ကိုင်စွဲထားတဲ့ ဒွိဝါဒတွေကို ပြောတာ)။

လိပ်ပြာတွေ မင်းရင်သား ကို ၀င်တိုက်မိ တဲ့အခါ။
ငါ ထ ကို ထ ရတော့မှာ။
လိပ်ပြာလေးတွေ သနားပါတယ်။
တံခါးပေါက်ကနေ အပြင်ကို လွှတ်လိုက်ကြရအောင်။
ဒီလိုမှ မဟုတ်ရင် မင်း နဲ့ ငါ တွန်းတွန်းတိုက်တိုက်နဲ့ တင်
လိပ်ပြာလေးတွေ ကြေမွကုန်ကြလိမ့်မယ်။
အင်းဆက် ကလေးတွေကို မင်းနဲ့ငါ သနားညှာတာကြရမယ်။
မင်း ရွတ်နေတဲ့ ကဗျာက တိုတယ်။
ဆက်ဖတ်ချင်ရင်တော့ နောက်တစ်ကြောင်းဆွဲ။

မျဉ်းကို ဖြောင့်အောင်ဆွဲ။
ကဲ တို့ ဘယ်လို ခေါင်းစဉ် တပ်မလဲ။
မပြီးသေးတဲ့ ပန်းချီလား ၊ မလွှတ်ရသေးတဲ့ မြင်းလား ၊
မတင်းရသေးတဲ့ ကြိုးလား ၊ မထိုးရသေးတဲ့ ဆွယ်တာလား ၊
မသယ်ရသေးတဲ့ တိမ်တွေလား ၊ မစိမ်ရသေးတဲ့ ကျွင်းလား ၊
မလင်း ရသေးတဲ့ မီးချောင်း လား ၊ မတောင်းရသေးတဲ့ အကြွေးလား ၊
မပေးရသေးတဲ့ လမ်းကြောင်းလား
အားလုံး အားလုံး တို့ ကိုယ်တို့ပဲ ကောင်းကောင်း သိတယ်။
မလွယ်ပေါက်တွေက လေတွေ တိုးတယ်နော် ဖိထား ဖိထား
မွေ့ရာတွေက အိတယ် နော်။ ဖိထား ဖိထား
မိုးအေးအေးလေး မှာ ဖိထား ဖိထား အပြင်မှာ မိုးတွေ သည်းနေတယ်။
ဖိထား ဖိထား လေပြင်းတွေ လည်း တိုက်နေတုန်း ဖိထား ဖိထား ၊
ဖယောင်းတိုင်တွေ အရည်ပျော်နေတုန်း ဖိထား ဖိထား
ဖျော်ဖြေပွဲ ၀င်ခွင့်လက်မှတ်လေး။
Medical Check Up လက်မှတ်လေး
ဖိထား ဖိထား အပြင်မြင်ကွင်းတွေ သည်းသည်းမဲမဲ ဖိထား ဖိထား
အပြင်မှာ သစ်ရွက်တွေတောင် ရွှဲရွှဲစိုလို့
လေလွင့်ဖို့ မစွမ်းတော့ဘူး။
အဲဒါကြောင့် ဖိထား ဖိထား။


 ကျော်ညိုသွေး