ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

Facebook နဲ့ Privacy

Facebook နဲ့ Privacy




Facebook ကို ဘာကြောင့် သုံးသလဲလို့ မေးမယ် ဆိုရင် ဖြေစရာ ခပ်ရှားရှား ဖြစ်နေပါပြီ။ အလွယ်ပြောရရင် လူမှုဆက်ဆံရေးအတွက် သုံးတယ်လို့ ပြောချင် ပြောနိုင်ပေမယ့် ၊ အခု လက်ရှိအခြေအနေမှာတော့ Facebook ဟာ Virtual World ထက်ပိုလာတဲ့ အခြေအနေ တစ်ခုဆီကို ရွေ့လာခဲ့ပါပြီ။ Facebook ဟာ သူငယ်ချင်းတွေ ရှိတဲ့ နေရာ ၊ Facebook ဟာ သတင်းစာ ၊ Facebook ဟာ စီးပွားရေး ၊ Facebook ဟာ ကြော်ငြာ ၊ Facebook ဟာ Marketing ၊ Facebook ဟာ သတင်းရှာဖွေရာ နေရာ စသည်ဖြင့် Facebook User တွေ အနေနဲ့ ကိုယ်လိုသလို အသုံးချနေကြပါပြီ။

Facebook ကို သုံးတဲ့ အခါ ကျွန်တော်တို့ အနေနဲ့ လာပြီး Add Friend လုပ်တဲ့ လူတိုင်းကို Comfirm လုပ်မိတဲ့ အခါ ကျွန်တော်တို့ အနေနဲ့ အတိုင်းအတာ တစ်ခု အထိ စိတ်ထိခိုက် ၊ စိတ်အနှောက်အယှက် ဖြစ်ရတာမျိုး ဖြစ်ရပါတယ်။ FB သုံးတဲ့ လူတိုင်းဟာ ရိုးရိုး သာမာန် User ဖြစ်နိုင်သလိုပဲ ၊ တချို့ကလည်း Celebrity တွေ လည်းပဲ ဖြစ်နိုင်ပါတယ်။ Celebrity တွေ အနေနဲ့ ကတော့ မိမိ တို့ ရဲ့ နေ့စဉ် လုပ်ငန်း ဆောင်တာတွေ ၊ အနုပညာလုပ်ငန်းဆောင်ရွက်ပုံတွေ ကို မိမိတို့ ရဲ့ Fan တွေကို ချပြနိုင်ဖို့ ထိတွေ့စေဖို့ အတွက် FB မှာ Up Load လုပ်တာမျိုး တွေ လုပ်ကြပါတယ်။ အဲဒီလိုပဲ ရိုးရိုး User တွေ ကလည်း မိမိတို့ရဲ့ Photo တွေ ကို Upload လုပ်ကြပါတယ်။ FB User တွေ အနေနဲ့ FB ကို စတင်အသုံးပြုတဲ့ အခါမှာတော့ များသောအားဖြင့် က ကိုယ် နဲ့ နီးစပ်ရာ အလုပ်အကိုင် ၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနဲ့ သူငယ်ချင်းတွေ နဲ့ ချိတ်ဆက် အသုံးပြုကြရာကနေ နောက်ပိုင်း ကိုယ့်ဘက်က Add တဲ့ သူတွေ ၊ ကိုယ့်ကို လာ Add တဲ့ သူတွေ နဲ့ Network က တဖြည်းဖြည်း ကျယ်လာတဲ့ အခါမှာတော့ စိတ်အနှောက်အယှက် ဖြစ်စရာတွေ က များသည်ထက် များလာပါတော့တယ်။

Facebook ကို လူပေါင်းများစွာနဲ့ Friend ဖြစ်ပြီး အသုံးပြုတဲ့ အခါ ကိုယ့် Friend List ထဲမှာ ရှိနေတဲ့ လူတွေ အားလုံးကို ဂဃနဏ အကြောင်းစုံ သိဖို့ ဆိုတာ မလွယ်ပါဘူး။ ဘယ်သူက ဘယ်လို အကျင့်စရိုက်ရှိတယ် ဆိုတာမျိုးကို ကိုယ်တိုင် ပြင်ပမှာ ပေါင်းကြည့်တာတောင် သေချာမသိရတဲ့ အဖြစ်ပါ။ ဒီလို Social Network မျိုးမှာတော့ ပိုဆိုးတော့တာပေါ့။ ကိုယ့် Friend List ထဲမှာ ရှိနေပေမယ့် ကိုယ့် ကို တကယ်တမ်းခင်မင် တွယ်တာ တဲ့ သူ ၊ သံယောဇဉ်ရှိတဲ့ သူတွေ ရှိနေနိုင်သလို ၊ ကိုယ့်ကို မလိုမုန်းထားသူတွေ ၊ ကိုယ့်ကို ချောက်တွန်းမယ့်သူတွေ ၊ ကိုယ့်အားနည်းချက်ကို အနိုင်ယူပြီး ကိုယ့်ကို ဒုက္ခရောက်အောင် လုပ်မယ့် သူတွေ လည်းရှိနေနိုင်ပါသေးတယ်။ ဒါ့အပြင် စိတ်ရောဂါရနေ သူတွေ ဟာလည်း ဒီလို ဆိုရှယ်နက်ဝဒ်လို့ ခေါ်တဲ့ Virtual World တွေ ထဲမှ အများအပြားရှိနေ တတ်ပါတယ်။

Facebook ကို အသုံးပြုပြီး လူမှု ဆက်ဆံရေးတွေ တွင်ကျယ်လာတဲ့ အခါ လူတိုင်းလိုလို Facebook မှာ ရှိနေတတ်ပါတယ်။ အဲဒီလို ရှိနေတဲ့ အထဲကမှ မတူညီတဲ့ လူတန်းစား အလွှာတွေ နဲ့ စိတ်အကျင့် စရိုက်ပေါင်းစုံကလည်း ရောနှောနေပါတော့တယ်။ အဲဒီအခါမှာ ကိုယ့် FB Friend List ထဲက လူတွေ ရဲ့ စရိုက်ပေါင်းစုံ အတွက် ကိုယ်တိုင်ပဲ ပေါင်းသင်းဆက်ဆံရေး ကို လိုအပ်သလို ချိန်ညှိဆောင်ရွက် ရပါတော့မယ်။ Facebook ဆိုတာ ကိုယ့် နိုင်ငံက Social Network တစ်ခု မဟုတ်တာကြောင့်လည်း ကိုယ့်အတွက် ထိခိုက်မှု တစ်ခုခု ဖြစ်လာခဲ့ပြီ ဆိုရင် သာမာန် User တွေ အတွက် အထိအခိုက်တော်တော်များပါတယ်။

Social Netwok ထဲမှာ များသောအားဖြင့် User တွေက စိတ်ပျော်ရွှင်မှု အတွက် သုံးကြတာများပါတယ်။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ သူတွေ ဆိုရင်လည်း မိမိတို့ရဲ့ ပြည်တွင်းမှာ ကျန်နေခဲ့တဲ့ ဆွေမျိုး အသိုင်းအ၀ိုင်းတွေ ၊ သူငယ်ချင်း ၊ မိတ်ဆွေတွေ နဲ့ ဒီလို Social Network ကို အသုံးပြုပြီးတွေ့ကြ ၊ စကားပြောကြ ၊ ဓါတ်ပုံတွေ Share ကြ နဲ့ နေကြရတာပါ။ ဒီလိုအခါမှာ ကိုယ့် Friend List ထဲမှာ ရှိနေကြတဲ့ တချို့သော မလိုလားအပ်တဲ့ သူတွေနဲ့ အလိုက်ကမ်းဆိုးမသိ Comment တွေ ၊ အပြုအမူ တွေ ကလည်း တနည်းတဖုံ စိတ်အနှောက်အယှက် ဖြစ်ကြရတာပါ။

Facebook မှာ သူ့ရဲ့ Moderate လုပ်တဲ့ အပိုင်းတွေ ရှိနေပေမယ့် ကျွန်တော်တို့ သုံးတာက မြန်မာ လူမှု အသိုင်းအ၀ိုင်း ရဲ့ Facebook User တွေကြားထဲမှာပါ။ အဲဒီအတွက် Facebook ရဲ့ Modeater တွေ အနေနဲ့လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွက် စေ့စေ့ စပ်စပ် Moderate လုပ်တာမျိုးတွေ လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ ကိုယ့် ရဲ့ Privacy ကို ကိုယ့်ဘာသာ ကိုယ် ထိန်းမှပဲ ဖြစ်နိုင်ပါတော့မယ်။

ဘာကြောင့် ကိုယ့် Privacy ကို ကိုယ့်ဘာသာ ထိန်းထားရမလဲ ဆိုရင် ၊ ကျွန်တော်တို့ အနေနဲ့ Photo တွေ တင်ကြပါတယ်။ အဲဒီလို တင်တဲ့ အခါ Friend List ထဲမှာ ရှိတဲ့ လူတွေ ထဲ ကိုယ့်ကို မလိုတဲ့ သူတွေ အနေနဲ့ ကိုယ့်ပုံတွေ ကို ယူပြီး Cyber Bullying လုပ်တာမျိုးတွေ နဲ့ ကြုံတွေလာရနိုင်ပါတယ်။ များသောအားဖြင့် Cyber Bullying လုပ်တဲ့ သူတွေ  အနေနဲ့ Online User တွေ ရဲ့ Photo တွေကို အသုံးပြုပြီး Bully လုပ် တာက များပါတယ်။ တချို့သော User တွေ အနေနဲ့ ကိုယ့် ရဲ့ ဓါတ်ပုံတွေ ကို Facebook ပေါ်ကိ Upload လုပ်တဲ့ အခါ Public လုပ်တာ မျိုးကြောင့် မလိုလားအပ်တဲ့ လူတွေရဲ့ ယူဆောင်ပြီး အသုံးချတာကို ခံရတတ်ပြီး ၊ ကိုယ်တိုင်ကလည်း လူပေါင်းများစွာ သိတဲ့ နာမည် ကျော်ကြားတဲ့ သူ မဟုတ်တဲ့ အခါ အထင်အမြင်လွဲမှားမှုတွေ နဲ့ ကိုယ့် ရဲ့ နာမည်ထိခိုက်မှုတွေ ၊ လူမှုရေး ထိခိုက်မှုတွေ နဲ့ ကြုံရပါတော့တယ်။

ဒီလိုမျိုး Facebook မှာ Cyber Bullying လုပ်ခံရတဲ့ သူတွေ ဟာ ဆိုရင် တချို့က ကိုယ့် ကို လာပြီး Add Friend လုပ်တဲ့ သူတိုင်းကို လက်ခံမိခြင်း ၊ မိမိရဲ့ မျက်နှာနဲ့ Photo ကို Upload လုပ်တဲ့ အခါ Public လုပ်ခြင်း တွေ ကြောင့် ပဲ အများဆုံး ဖြစ်ပါတယ်။ မိမိရဲ့ ဓါတ်ပုံကို Facebook ပေါ်ကိုတင်တဲ့ အခါမှာ ကိုယ့် ဆွေမျိုး ၊ သူငယ်ချင်း ၊ မိတ်ဆွေ (တကယ့် အပြင်မှာ သိတဲ့ မိတ်ဆွေ တွေ) ကို ပြသဖို့ အတွက်ပဲ Privacy ကို ပြင်ဆင် ပြုလုပ်ထားသင့်ပါတယ်။

အကောင်းဆုံးကတော့ ကိုယ်ဟာ Celebrity မဟုတ်ရင် ဓါတ်ပုံတွေကို Public မလုပ်တာ က အကောင်းဆုံးပါပဲ။ Bully လုပ်တတ်သူတွေ က ကိုယ့်ပုံတွေကို ယူမယ်။ ပြီးရင် Facebook Page တွေ ပြုလုပ်ပြီး ကိုယ့်ပုံတွေနဲ့ မဟုတ်တမ်းတရား တွေကိုရေးတင်မယ်၊ ကိုယ့်ကို မုန်းလို့ နာမည်ဖျက်မယ်။ ဒီလိုဖြစ်လာမှ အဲဒီ Page ကို Report လုပ်မယ်ဆိုရင်လည်း အပိုပါပဲ။ ကိုယ့်စက်ထဲမှာ ရှိနေတဲ့ ကိုယ့်မျက်နှာနဲ့ ဓါတ်ပုံ တစ်ပုံဟာ သူများရဲ့ Device တစ်ခုထဲ ရောက်သွားပြီဆိုတာနဲ့ လိုအပ်တိုင်း Copy ကူးပြီး ပွားယူလို့ရတာပါပဲ။ ကိုယ့် Friend List ထဲက လူတွေဟာ နေရာပေါင်းစုံ ၊ စရိုက်ပေါင်းစုံနဲ့ အကျင့်စာရိတ္တ ပေါင်းစုံရောထွေးယှက်နွယ် နေကြတာပါ။ လူတိုင်းဟာ ကိုယ့်လို မဟုတ်ပါဘူး လို့ပဲ ဆိုပါရစေ။


ကျော်ညိုသွေး