ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

နီနီဝင်း နဲ့ လိမ္မော်ရောင် သစ်ရွက်များအကြောင်း

နီနီဝင်း နဲ့ လိမ္မော်ရောင် သစ်ရွက်များအကြောင်း
 

ဟမ်ဘာဂါ တစ်လုံးပေါ် နှင်းဆီပန်းကို ထိုးစိုက်
မင့်နယ်မြေကို ငါသိမ်းပိုက်မယ် နီနီ။
ပင်လယ်ကူးသင်္ဘောတွေ
နစ်မြုပ်သွားဖူးတဲ့ ပုံပြင်တွေလည်း
အခုတော့
ကန္တာရထဲက ကဗွီးပင်တွေ ပေါ်
အကြေးတက်နေလေရဲ့။

ပန်းတွေ ဖြစ်ပေါ်လာပုံအကြောင်း
ငါလည်း မသိချင်။
မွှေးရနံ့တွေကိုတော့ စိတ်ဝင်စားရဲ့။
ဒီလို နဲ့ မင်း နဲ့ ငါနဲ့
အငွေ့အသက်ချင်း
တွန်းတိုက် နေခဲ့တာ များပြီ။

ရိုက်ဒါ ဂျင်းန်တွေကို
သတိရခြင်း နှစ်ပတ်လည်ထဲ။
တိမ်တွေကို စေလွှတ်လို့
မင့် ဘောင်းဘီအနောက်အိတ်တစ်ဘက်ထဲ
စာလွှာပါးလိုက်ရဲ့။
မင်းအတွက် ငြိမ့်ညောင်းတဲ့
မြင်းတွေလည်း ငါမွေးမြူထားရဲ့။

အာတာပူစီတွေ နဲ့ အလှဆင်ထားတဲ့
ဥယျာဉ်ထဲ
သံသရာစက်ဝိုင်း ပေါ် အရောင်ချယ်ဖို့လည်း
ပြင်ဆင်။

ငါ့မြင်းတွေ ရဲ့ နှာမှုတ်သံ သီချင်းနဲ့အတူ
မင့်တောင်ကုန်းပေါ်က အိပ်မက်ဆန်တဲ့
မြေပြင်တို့ယိမ်းနွဲ့နေချိန်
နှင်းဆီပွင့်ဖတ်တွေ လမ်းပြခေါ်ဆောင်ရာ
နယ်မြေသစ်ရှာ ခရီးထွက်ခြင်းဆီ။



ကျော်ညိုသွေး