ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

မြန်မာ့ရိုးရာသင်္ကြန်

မြန်မာ့ရိုးရာသင်္ကြန်
 


 "မြနန္ဒာ x x  နေညိုညို ရစ်ကာသမ်းတော့ x x x ရွှေမှန်းတောင်ရိပ်  x xအတူတူခိုမယ် ပျိုဖြူမေရယ် x x ပျော်ခင်းလေး သာပါဘိတယ် x x x နမိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော်ဝယ်x x x"



ဧပရယ်မရောက်ခင်မတ်လမှာကတည်းကသင်္ကြန်သီချင်းများကိုဟိုတစ်စဒီတစ်စကြားလာရပြီ။နှစ်စဉ်တိုင်း ဖွင့်ကြမြဲဖြစ်သည့် " မြနန္ဒာ" " “သင်္ကြန်မိုး” စသည့် သီချင်းတို့ ကလည်း နှစ်သက်စရာ အသံသာသာဖြင့် လွင့်ပျံလာဦးတော့မည်။ သင်္ကြန်ဒိုးသံများ ကြားလျှင် တချို့ က ထ၍ ကချင်မိသည် ဟု ဆိုတတ်ကြသည်။ သင်္ကြန်ရောက်သည် နှင့် အပြိုင်အဆိုင်ထွက်လာတတ်သည့် တေးသီချင်း အသစ်များ ကြားတွင် သီချင်းအဟောင်းများ ကလည်း ထည်ထည်ဝါ၀ါ နှင့် ၀ံ့ကြွား နေတော့သည်။ ထို့အတူ မြန်မာ့ရုပ်မြင်သံကြား တွင်လည်း “သင်္ကြန်မိုး” ဇာတ်ကားကို ပြသသည်ကိုလည်း တွေ့ရမည်။ သင်္ကြန်မိုး ဇာတ်ကားထဲက ဇာတ်ကောင်များ ၊ ဇာတ်လမ်းသွားများကို ကြည့်ရှုငေးမောရင်း ခံစားကြရဦးမည်။

သင်္ကြန်ဆိုသည်မှာ မြန်မာတို့ဧ။် ရိုးရာအမွေအနှစ် သမိုင်းဝင် ပွဲတော် တစ်ခု ဖြစ်သလို အနုပညာပွဲတော်တစ်ခု ဟု ခေါ်ဆို၍ ရနိုင်မည်လည်း ဖြစ်သည်။ သင်္ကြန်တွင် မြန်မာဆန်သော သင်္ကြန်တေးသီချင်းများ ကို ကြားရမည့် အပြင် သင်္ကြန်အကအနုပအလှများ ကို လည်း သက်ဆိုင်ရာ သင်္ကြန်မဏ္ဍပ်များတွင် ကပြဖျော်ဖြေခြင်းများကို လည်း မရိုးနိုင်အောင် ကြည့်ရှုနိုင်ကြမည်။

သင်္ကြန်ရောက်ပြီဆိုလျှင် မြန်မာတို့ဧ။် စိတ်ထဲ ကြည်နူးလန်းဆန်းလာသည်။ မြန်မာနိုင်ငံတွင် သင်္ကြန်ပွဲကို တောရော မြို့ပါ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် နေရာအနှံ့တွင် ကျင်းပကြသလို နိုင်ငံတကာတွင် ရောက်ရှိနေကြသော မြန်မာများ အနေဖြင့်လည်း မိမိတို့ မြန်မာများ အချင်းချင်း စုဝေးကာ သင်္ကြန်ပွဲတော်ကို စုဝေးကျင်းပ ကြသည်။ ၄င်းမှာ မြန်မာတို့ဧ။် အသည်းနှလုံးတွင် တည်နေသော မြန်မာ့ရိုးရာသင်္ကြန်ကို ချစ်မြတ်နိုးသည့် စိတ်ပုံရိပ်ပင် ဖြစ်တော့သည်။

သင်္ကြန်မတိုင်မီ နှင့် သင်္ကြန် ရက်များ အတွင်း ပွင့်လာကြသော ပိတောက်ပန်းများ သည်ကား ရွှေဝါရောင် အဆင်းဖြင့် ရှိနေကြမည်။ ပိတောက်ပင်များ အုပ်ဆိုင်းနေသော နေရာများတွင် တစ်ပင်လုံး အ၀ါရောင်များဖြင့် ဆင်မြန်းထားသည့် ပိတောက်ပင် တန်းများ ကို ကြည့်ရသည်မှာ ပန်းချီတစ်ချပ်ထက် အလှပိုသည်ဟု ထင်ရလေသည်။ ပိတောက်သည် ကား သင်္ကြန်ဧ။် ပုံရိပ်ဟု တင်စား၍ ရကောင်းပေသည်။



 နှစ်တစ်နှစ်ဧ။်အစဇန်န၀ါရီဖေဖော်ဝါရီတို့ကိုကျော်ဖြတ်စဉ်ကတည်းကသင်္ကြန်တောင်ကျဦးတော့မှာပဲဟုကိုယ်စီကိုယ်စီတွေးမိတတ်ကြသည်လေ။တကယ်တမ်းတော့၎င်းလများ ကို ဖြတ်ကျော်စဉ်ကတည်းကသင်္ကြန်ကျရင်ဘာလုပ်မယ်ဘယ်သွားမယ်ဆိုသည်တို့ကိုကြိုတင်စိတ်ကူးယဉ်တွေးထားတတ်ကြသည်။တကယ်တမ်းသင်္ကြန်ကျသည့်အချိန်တွင် 
ထိုစိတ်ကူးယဉ်အတွေးတို့ကိုတကယ်တမ်းလုပ်ဖြစ်သည်လည်းရှိသည်။ 
မလုပ်ဖြစ်အကောင်အထည်မဖော်ဖြစ်သည်လည်းရှိသည်။


သေချာသည်မှာသင်္ကြန်ရောက်တိုင်းရုံးသမားကျောင်းသား/ကျောင်းသူများအနေဖြင့်အားလပ်ရက် ရပြီဖြစ်သည်။အလယ်တန်းနှင့်အထက်တန်းကျောင်းသားကျောင်းသူများသာမကတက္ကသိုလ် ကျောင်းသား/ကျောင်းသူများလည်း 
စာမေးပွဲကိစ္စများပြီစီးခဲ့ပြီ။သင်္ကြန်ပြီးပါကအောင်စာရင်းများထွက်မည်။ထိုအခါတွင်ရလာဒ်မည်သို့ရှိမည်ကိုမသိသော်လည်း 
သင်္ကြန်မှာမည်သို့စိတ်အပန်းဖြေကြမည်။မည်သို့အနားယူကြမည်ကိုတွေးရင်းပျော်မိကြသည်။




သင်္ကြန်သည်မြန်မာတို့ဧ။်ရိုးရာပွဲတော်တစ်ခုအနေဖြင့်ရှေးနှစ်ပေါင်းများစွာကတည်းကဆင်နွှဲလာကြသည့် 
သမိုင်းဝင်ရိုးရာပွဲတော်တစ်ခုဖြစ်သည်။ယနေ့ခေတ်မြို့ပြသင်္ကြန်တွင်တော့မြို့တွင်းနေရာများ၌ သင်္ကြန်ရေကစားမဏ္ဍပ်များ ဆောက်လုပ်ကာ တေးသီချင်း သီဆိုခြင်း နှင့် အကအလှများ ကပြဖျော်ဖြေခြင်း ၊ ရေကစားကြခြင်း များ ပြုလုပ် ကြသည်မှာ နေရာအနှံ့ ၌ ပင် ဖြစ်တော့သည်။


သင်္ကြန် ကျဖို့ နီးလာလေ ကိုယ်စီစိတ်ကူးများဖြင့် ကိုယ်စီတွေး၍ ပျော်ကြသည်။ သင်္ကြန်တွင် ဆောင်ရွက်မည့် အစီအစဉ်တို့ ကို သင်္ကြန်မတိုင်ခင် ကတည်းက ကြိုတင် အစီအစဉ်ဆွဲထားကြသည်။ ငွေကြေးများ စုဆောင်းထားကြသည်။ သင်္ကြန်တွင် မြို့တွင်း အနှံ့ Jeep ဖြင့် လျှောက်လည်မည့် အစီအစဉ် ကို ဆွဲကြသူလည်း ရှိသည်။ သို့မဟုတ်မူ သင်္ကြန်တွင်း တရားစခန်းဝင်မည့် သူလည်း ရှိသည်။ နောက်တစ်နည်း အားဖြင့် သင်္ကြန်တွင် ခရီးထွက်မည့် သူများလည်း ရှိသည်။



သင်္ကြန်ရက်တွင် လူငယ်အများစု မှာ သင်္ကြန်ကား နှင့် လည်ကြ ပတ်ကြဖို့ သာ စိတ်ကူးကြသော်လည်း၊ သက်လတ်ပိုင်း နှင့် လူကြီးပိုင်းများမှာ သင်္ကြန်ရက်တွင် တရားစခန်းဝင်သူများ ရှိသလို ၊ အနားယူအပန်းဖြေသည့် အနေဖြင့် ခရီးတစ်ခုသွားခြင်းမျိုးလည်း ရှိကြသည်။ ထိုသို့ သင်္ကြန်ရက်အတွင်း ခရီးသွားသည့် အခါမျိုး တွင် မိမိတို့ ဧ။် ဆွေမျိုးများ ရှိသည့် ဇာတိမြို့ရွာဒေသများသို့ သွားရောက်ကြသလို ၊ တချို့ မှာ ကမ်းခြေသို့ အလည်အပတ်သွားရောက် ခြင်းမျိုးလည်း ရှိကြသည်။


သင်္ကြန်ရောက်သည် နှင့် ကိုယ်စီ အစီအစဉ်များ ရှိသလို ၊ အလှုအတန်းပြုလုပ်ခြင်း ၊ သက်ကြီးရွယ်အိုများကို ခေါင်းဆေးမင်္ဂလာ ပြုလုပ်ပေးခြင်း ၊ သက်ကြီးပူဇော်ပွဲများ ပြုလုပ်ကျင်းပခြင်း တို့ကို လည်း မြို့နယ်တိုင်း ၊ ရပ်ကွက်တိုင်း ၊ ဒေသတိုင်း တွင် ဆောင်ရွက်ကြတော့သည်။ စတုဒီသာ ကျွေးမွေးခြင်း သည်လည်း သင်္ကြန်ကျသည် နှင့် နေရာတိုင်း ဒေသတိုင်းတွင် ပြုမူ ဆောင်ရွက်ကြတော့သည်။ စတုဒီသာ မဏ္ဍပ်များ မှ ကျွေးမွေးလှူဒါန်း သော သင်္ကြန်ထမင်း နှင့် မုန့်လုံးရေပေါ်တို့သည် သင်္ကြန်ဧ။် ပုံရိပ်များထဲမှ တစ်ခုအပါအ၀င်ဖြစ်သည်။ သင်္ကြန်ရောက်တိုင်း သင်္ကြန်ရေစိုရွှဲနေသည့် ကြားမှ မုန့်လုံးရေပေါ် ပူပူနွေးနွေးကို စားရသည်မှာ ဘာနဲ့ မှ မလဲနိုင်သည့် ကြည်နူးခြင်း တစ်မျိုးဟုပင် ဆိုရမည် ဖြစ်သည်။


တချို့ က ဘုန်းကြီးဝတ်မည် ဟု စိတ်ကူးသလို ၊ တချို့ က တရားစခန်းဝင်မည်။ တချို့က ခရီးသွားမည်။ တချို့က အလှုအတန်း နှင့် ရပ်ရွာ အလှုပွဲ များ ပရဟိတလုပ်ငန်းများ တွင် ပူးပေါင်းပါဝင်ကြမည်။


မည်သို့ပင်ဖြစ်စေ မြန်မာတို့ဧ။် ရိုးရာအတာသင်္ကြန်ကတော့ ရွှေဝါရောင်ပန်းပိတောက်များ နှင့် အတူ ရောက်ရှိလာပေဦးတော့မည်။ မိမိ ကိုယ်တိုင် အနေဖြင့် တစ်နှစ်ပတ်လုံး လုပ်ငန်းခွင်အတွင်း ရုန်းကန်လှုပ်ရှားမှုများ ပြုလုပ်နေရခြင်းကြောင့် သင်္ကြန်အလုပ်ပိတ်ရက်တွင် စိတ်အပန်းဖြေသည့်အနေဖြင့် ခရီးတစ်ခုထွက်ချင်နေမိသည်။ အညာမှ ဆွေမျိုးများ ဆီသို့ အလည်အပတ်ခရီး လား ၊ ကမ်းခြေသို့ အပျော်တမ်းအလည်အပတ်ခရီးလား မည်သည်ကို ရွေးချယ်ရမှန်းမသိပဲ ဖြစ်နေမိသည်။ ဤသို့ဖြင့်ပင် သင်္ကြန်ကျရင် ရက်တွေက တစ်စတစ်စ နီးလာပေဦးတော့မည်။ ထိုကဲ့သို့ သင်္ကြန်နား နီးလာမှ ခရီးထွက်ဖို့ အလောတကောဖြင့် ကားလက်မှတ်ဝယ် ရခြင်းမျိုး ယခင်က ရှိဖူးတာကိုတွေးမိတော့ ပြုံးမိသည်။


သင်္ကြန်တွင်း ခရီးသွားသည့် အခါ သင်္ကြန်မတိုင်မီကတည်းက ခရီးကို  ကြိုထွက်ထားကာ ကိုယ်သွားလိုသည့် ဒေသကို ရောက်မှ သင်္ကြန်ကျရခြင်း က ပို၍ ကျေနပ် ပျော်ရွှင်စရာကောင်းသည်။ မိမိရပ်ရွာတွင် သင်္ကြန်ကျ သည်ကို မြင်ဖူးသည်က များပြီမဟုတ်လား။ တခြားရပ်ရွာဒေသတွင် ကျသည့် သင်္ကြန် ကို တွေ့ရသည့် အခါ အမြင်တစ်မျိုးဖြင့် ကြည်နူးရပြန်သည်။


ထိုသို့ သင်္ကြန်ကို ကြိုတွေးတော့ ရင်ခုန်သည် အခုတော့ အလုပ်ကိစ္စများကို တွေးရင်း ၊ တစ်ခါတစ်လေ အပြင်ဘက်ကို ငေးမိတော့ နွေရနံ့က သင်းလာသည်။ ဧပရယ်ရောက်တော့မှာ က စိတ်အတွေးလှိုင်းကို လာရောက်ရိုက်ခတ်နေသည်လေ။


ကျော်ညိုသွေး