ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

Sebright - ကြက်မျိုးနွယ်ဝင် ရွှေ/ငွေရောင် ဥပေါက်သတ္တ၀ါ


Sebright - ကြက်မျိုးနွယ်ဝင် ရွှေ/ငွေရောင် ဥပေါက်သတ္တ၀ါ

 


အခုတလော တွေ့တွေ့နေရတဲ့ Facebook ပေါ်က ရွှေရောင်အတောင် အသွေးအဆင်နဲ့ ကြက်နဲ့ တူတဲ့ သတ္တ၀ါလေးကို Share နေကြတာတွေ့နေရပါတယ်။ တချို့ကလည် ဟင်္သာလို့ ပြောလို့ပြော ၊ တချို့ကလည်း Luck Bird လို့ပြောလို့ပြောနဲ့။ အောက်ခြေ မှတ်ချက်တွေမှာလည်း ထီပေါက်သွားတယ် ဘာညာ စသည်ဖြင့် ပြောနေကြတာလည်း တွေ့ရပါတယ်။ အဲဒီ အကောင်ပုံလေးကို Share ထားတာ ထောင်ကျော်ပါတယ်။ Lucky Bird ဟုတ်လား ၊ Share ရင် ထီပေါက်သလား၊ ငွေရသလားဆိုတာတော့ မသိပါဘူး။ သေချာတာကတော့ အဲဒီ အကောင်လေးကို Sebright လို့ ခေါ်ပါတယ်။


Sebright

            အင်္ဂလိပ် ရှေးဟောင်းမှတ်တမ်း အရ bantam (ကြက်တိန်ညင်) လို့ အမည်ရတဲ့ Sebright ဟာဆိုရင်တော့ ကြက်နဲ့ မျိုးရိုးဗီဇ ခြင်းတူတဲ့ ငှက်မျိုးနွယ်ဝင် တိရိစ္ဆာန်ပဲဖြစ်ပါတယ်။ Sebright ဆိုတဲ့နာမည်ကတော့ Sebright တွေကို ပိုမိုပြီး အကောင်ရေတိုးတက်မှုနှုန်းရှိအောင်လို့ ဆောင်ရွက်ခဲ့တဲ့ အင်္ဂလိပ် နိုင်ငံရေးသမားကြီး Sir John Saunders Sevright ကို အစွဲပြုပြီး ခေါ်ဝေါ်ခဲ့တဲ့ နာမည်ပဲ ဖြစ်ပါတယ်။ ရှေးဟောင်းမှတ်တမ်းတွေထဲမှာ Sebright ကို နာမည်ပေးထားတဲ့ bantem ကတော့ ၁၉ ရာစုမှာ ပေါ်ထွက်ခဲ့တဲ့ Selective breeding ဆိုတဲ့ Program အရ ဆွဲဆောင်မှုရှိပြီး ထူးခြားပေါ်လွင် အဆင်အသွေး နဲ့ တိရိစ္ဆာန်မျိုးစိတ်တွေကိုပြုစုထားတဲ့ မှတ်တမ်းစာအုပ် မှာ ပါဝင်ပြီးတော့ အဲဒီ မှတ်တမ်းအရ ကြက်မျိုးနွယ်တွေ နဲ့ မတူပေမယ့် မျိုးစိတ်ခြင်း အနည်းငယ် ဆက်စပ်မှု ရှိတယ် လို့ အဓိပ္ပါယ်ရပါတယ်။

ပထမဆုံး Poultry လို့ ခေါ်တဲ့ ကြက်၊ဘဲ မျိုးစိတ်တွေ နဲ့ မျိုးနွယ်တူတဲ့ Sebrights တွေကို ထိန်းသိမ်းစောင့်ရှောက်မှု ကို အဲဒီတိရိစ္ဆာန်တွေအကြောင်းကို တက်ကြွစိတ်ဝင်စားစွာ စူးစမ်းရှာဖွေမှုမှာ ကျွမ်းကျင်သူများ ရဲ့ Club ကနေပြုလုပ်ခဲ့တယ်။ ပြီးတော့ အဲဒီလို Sebright တွေအကြောင်းစူးစမ်းရှာဖွေသူများ အဖွဲ့ ကို တည်ထောင်ပြီး မကြာခင်မှာပဲပြုလုပ်ခဲ့တဲ့ Poultry Exhibiton မှာ Sebright ရဲ့ အကြောင်းကို ဖော်ထုတ်ခဲ့တယ်။ အခုအခါမှာတော့ Sebright တွေဟာ Bantam မျိုးနွယ်တွေကြားထဲမှာ ကျော်ကြားတဲ့ မျိုးစိတ်တွေ အဖြစ်နဲ့ တည်ရှိနေပါပြီ။


Seabright တွေ ဟာ ၁၈ ရာစု အတောအတွင်း မှာ စတင်ပြီး တွေ့ရှိခဲ့တယ်။ ကြက်မ ရဲ့ အဆင်အသွေး နဲ့  အနီးစပ်ဆုံးတူတယ်။  အထီးတွေက ပျမ်းမျှ ၆၂၅ ဂရမ် နဲ့ ၅၇၀ ဂရမ် အသီးသီး ခန့်မှန်းအနေနဲ့ အလေးချိန်ရှိကြတယ်။ အကောင်သေးကြတယ်။ နှစ်သက်ဖွယ် အဆင်အသွေးနဲ့မို့ လိုချင်သူများတယ်။ အထီးတွေကတော့ အခြား ကြက် တွေ နဲ့ မတူဘူး။ လည်ဆံမွှေး ၊ ကျောကုန်း နဲ့ အမြီး တို့ဟာ ထူးပြီး အထီးလို့သတ်မှတ်လို့ရတဲ့ သွင်ပြင်လက္ခဏာ တွေမရှိဘူး။ ရွှေရောင် Sebright တွေ ဟာ ရွှေနီရောင် ဖြစ်ပြီး ၊ ငွေရောင် Sebright တွေကတော့ ငွေဖြူရောင်တွေ ဖြစ်ကြတယ်။ အဲဒီ အရောင် နှစ်မျိုး လုံးနဲ့ Sebright တွေကတော့ အနက်ရောင်တွေ အနည်းငယ်စပ်တာမျိုးရှိပါတယ်။


ဒါကတော့ Sebright လို့ အမည်ရတဲ့ ရွှေရောင်/ငွေရောင် ကြက်အနွယ်ဝင် ဥပေါက်သတ္တ၀ါ အမျိုးအစား ရဲ့ အကြောင်းပါ။ Lucky Bird ဟုတ်သလား။ ဒီသတ္တ၀ါ ပုံကို Share ရင် ထီပေါက်သလား ၊ ငွေရသလား ဆိုတာကတော့ စူးစမ်းရှာဖွေလိုက်ကြပါဦး။ ကျွန်တော် ကိုယ်တိုင်တော့ Sebright ဟာ Luck Bird ဖြစ်ကြောင်း ၊ ဟင်္သာ ဖြစ်ကြောင်း အထောက်အထား ရှာမတွေ့သေးပါကြောင်း။




ကျော်ညိုသွေး