ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အချစ်ဟု ခေါ်ဆိုပါရသော…

အချစ်ဟု ခေါ်ဆိုပါရသော…



အချစ် ဟု ခေါ်သော ကျွန်တော့် မိန်းကလေးသည် 
သစ္စာပန်းပင်ဧ။်
ပွင့်ညှာရိုးတံကလေး လို သွယ်လှသည်။
သူ့ နှုတ်ခမ်း နီတျာတျာ လင်းသည့် အခါ
သစ္စာပန်းအဖူးကလေး အလား
ကျွန်တော့် စိတ် နှလုံးသား ၌ ထင်မြင်မိချေဧ။်


သူပြုံးသည့် သောအခါတွင်မူ
ထိုသစ္စာပန်းအဖူးလေး ပွင့်အာ၍
လာချေပြီ။


အချစ် သည် ကျွန်တော့်အား “ညို” သည့်အခါ
ကျွန်တော့် နှလုံးအိမ်အတွင်း၌
ရွှေပွင့်လွှာ သီချင်းသံသည်
ညှင်းသွဲ့သွဲ့ဖြင့် ပွင့်နေလေတော့သည်။


အချစ်ကို ကျွန်တော်သည်
မြက်ပင်ကလေးက သစ်ရွက်ကလေး ကို မော့ကြည့်သလိုမျိုး
မော့ကြည့်၍သာ နေခဲ့သည်။
သစ်ရွက်ကလေး ကကျွန်တော့်ကို သနားသဖြင့်
ကြွေကျလာပါကလည်း
ကျွန်တော့် ရင် နှင့် ဆီးကြို ထွေးပွေ့လိုသည့် ဆန္ဒသည်
အချစ်သစ်ပင် ခြေရင်း တွင် ညီညာပြန့်ပြူးလျှက်ပင်သာ
ရှိလေတော့သည်။


လက်ရှိကာလတွင်
ကျွန်တော့် နှလုံးသားရှိရာအရပ်၌
ပန်းတို့ ပွင့်နေလေသောအခါ
ထိုပန်းမျိုး တို့ကို စိုက်ပျိုးရန်အလို့ငှာ
ချစ်သူဧ။် အပြုံးတို့ မှ မျိုးစေ့ချခြင်းဖြင့်
ဆင့်သက်ပွားယူ ခဲ့မိလေခြင်းကြောင့်သာတည့်။    



ကျော်ညိုသွေး