ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အကောင်းဆုံးချစ်သူအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုလွှာ (၅)

အကောင်းဆုံးချစ်သူအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုလွှာ (၅)

(၅)

ဖုန်းဝင်ဝင်ချင်း “ဟလို.... ကို နရီ ပြောဗျ” ဆိုတော့ သူရုတ်တရက် ကြောင်သွားတယ်။ တစ်ဘက်က ဘယ်သူလဲ လို့ မေး ရင် သူက နောက်မလို့ စဉ်းစားထားတာ ပျက်သွားပြီပေါ့။

“အံမယ်..ခင်ဗျားက ကျွန်တော့် နာမည်ကို ဖုန်းထဲမှတ်ထားသားပဲဗျ”
ဟု သူပြောတော့ တစ်ဘက်က
“မှတ်ထားတာပေါ့ဗျ။ ခင်ဗျား ဖုန်းနံပါတ်ပေးကတည်းက ကျွန်တော်က မှတ်ထားပြီးသား” ဟု ဆိုသဖြင့်…

“ဟုတ်ပါပြီဗျာ။ ကျွန်တော်က ခင်ဗျား မမှတ်ထားဘူးထင်လို့”

“ဟားဟား ဘယ်ရမလဲဗျ လူကြီး ပဲ ဟားဟား” ဟု သူကပါ အရွှန်းဖောက်လာသည်မို့ ဖုန်းပြောရတာ စိတ်က ရွှင်လာမိသည်။

Facebook ထဲမှာ ခင်သည့် လူကြီး ဆိုတဲ့ လူ နဲ့ သူ ခင်တာ ကြာပေမယ့်လည်း အခုမှ ဖုန်းက ပြောဖူးတာ။ ဒါတောင် သူ ရန်ကုန်ကို လာဖို့ ရှိတယ်ဆိုတာ နဲ့ ရန်ကုန်ကို ရောက်ရင် တွေ့ကြရအောင် ဆိုပြီး ဖုန်းနံပါတ်တောင်းထားတာလေ။

“ဘယ်လိုလဲ ခင်ဗျား ရန်ကုန် ရောက်ပြီလား။ ” ဟု မေးတော့
“ဟုတ်ဗျ ၊ ရောက်ပြီ အခု မှော်ဘီ ဘက်မှာ နေနေတယ်” ဟု ပြောသည်။

သူက သူ့ကောင်မလေး ကို ရန်ကုန်မှာလာတွေ့ခြင်း ဖြစ်သည်။ သူ နှင့် သူ့ကောင်မလေး က အွန်လိုင်းမှာပင် ချစ်ကြိုက်ကြခြင်း ဖြစ်ပြီး သူတို့ နှစ်ယောက် ရည်းစားဖြစ်ပြီး ၃ လ လောက်ကြာတော့ လူကြီး နှင့် အွန်လိုင်းမှာ စကားပြောရင်း သူ့ကောင်မလေး ရှိရာ ရန်ကုန်ကို လာတွေ့ဖို့ ရှိကြောင်း ပြောတာကို သိခဲ့ရသည်။ အခုတော့ ရန်ကုန်ကို ရောက်နေပြီလေ။

“အေးဗျာ ကျွန်တော်တို့ တစ်ရက်လောက်တွေ့ကြရအောင်လေ” ဟု လူကြီးက ပြောတော့
“အေးဗျာ ကျွန်တော်လည်းတွေ့ချင်တယ် ။ တစ်ရက်ချိန်းမယ်လေ.ဘယ်ရက်တွေ အားတာလဲ” ဟု ကျော်နရီဇော် ပြန်မေးမိသည်။

“ရတယ်..ကျွန်တော်က ဘယ်အချိန်ဖြစ်ဖြစ် အားတယ်။ ဒါပေမယ့် လာမယ့် ဆန်းဒေး ဆိုရင်တော့ မြို့ထဲမှာ ကျွန်တော့် ကောင်မလေး ရဲ့ သူငယ်ချင်း တစ်ယောက် နဲ့ သွားတွေ့ဖို့ရှိတယ်။”
“အိုခေလေ… အဲဒီနေ့ ချိန်းတာပေါ့။” ဆိုပြီး တွေ့ကြဖို့ သဘောတူလိုက်ကြတော့သည်။

“ခင်ဗျားရော…သီရိ နဲ့ အခြေအနေဘယ်လိုလဲဗျ”
သူ့ တူမ အရင်းလို ခင်သည့် သီရိ ကို ကျော်နရီဇော် က သဘောကျနေတာကို သိထားသည် မို့ လူကြီးကမေးတော့

“အင်း..ဘယ်လို ပြောရမလဲ ဆိုတာတောင်မသိဘူး။…အခြေအနေကလေ… ကျွန်တော်ကတော့ သူ့ကို ရည်းစားစကား ပြောလိုက်တာပဲ။ အပြန်အလှန်တော့ စကား ပြော ကြရင်းနဲ့ ကျနော်က သူ့ကို ကျနော့် ချစ်သူ ဖြစ်စေချင်တယ်ဆိုတော့ သူက အခုရော အကို့ချစ်သူ မဟုတ်လားလို့ ပြန်မေးတယ်ဗျ” ဆိုပြီး သူ နှင့် သီရိ တို့ အဖြစ်ကို ပြောပြလိုက်တော့…

“ဟားဟား ခင်ဗျားကလည်း ဒါဆို အခြေအနေ က ကောင်းတာပဲဗျ။ ချစ်တယ် ဆိုတဲ့ စကားက ပြောဖို့တောင်မလိုဘူးလေ”

“ဟုတ်တော့ ဟုတ်ပါတယ်လေ..ဒါပေမယ့် ယောက်ျားလေး ဆိုတော့ ခင်ဗျားလည်း သိတဲ့ အတိုင်း ကိုယ့်ချစ်သူ ဆီက ချစ်တယ် ဆိုတဲ့ စကားလေးတော့ ကြားချင်တာ သဘာဝ ပဲ မဟုတ်လား။” ဆိုတော့လည်း..

“အင်း… ဒါလည်း ဟုတ်တာပဲဗျ” ဆိုပြီး စကားစ က ပြတ်မလိုလို ဖြစ်နေတာကြောင့် ကျော်နရီဇော်က ပဲ ဆက်ပြီး။

“ဒါနဲ့လေ.. သီရိ အခြေအနေ ကို ကျွန်တော့်ကို နည်းနည်းလောက် ပြောပြပါလားသူ့အကြောင်းပေါ့…”

လူကြီး နှင့် စကား အတော်များများ ပြောဖြစ်ခဲ့သည်။ အွန်လိုင်းမှာ ခင်တဲ့ သူငယ်ချင်း ဖြစ်ပေမယ့်လည်း အွန်လိုင်း အမြဲသုံးတဲ့ သူချင်း ရင်းနှီးမှု ရှိတဲ့ အထဲမှာ သူလည်း အပါအ၀င်ဖြစ်သည်။ သီရိ နှင့် မတွေ့ခင်ကတည်းက ရင်းနှီးခဲ့ရသည့် သက်တူ ရွယ်တူ သူငယ်ချင်း မဟုတ်လား။ သီရိ နှင့် ပတ်သက်တာတွေ ကို ဖုန်းပြောရင်း နှင့်ပင် သိခဲ့ရသည်။

သူက ချစ်စနိုး နှင့် ဗန်းမော်အိုး ဟု ခေါ်သည့်  သီရိ ဧ။် အခြေအနေ အရပ်ရပ် နှင့် စာပေဖတ်ရှုရခြင်း နှစ်သက်သည့် သီရိ အကြောင်း ၊ ထို့ထက် အမေ မရှိ ၊ အဖေ နှင့်လည်း တကွဲတပြား နေရကာ။ ဦးလေး အဒေါ်တို့ ဆီမှာ အလုပ်လုပ်ရင်း ဘ၀ ကို ရှေ့ဆက်နေသည့် သိရိ ဧ။် လိမ္မာရေးချား ရှိပုံတို့ကို လည်း လူကြီး နှင့် ဖုန်းပြောရင်း သိခဲ့ရသည်။

**************************************************