ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အမျိုးသမီးများ အတွင်းခံဘောင်းဘီမ၀တ်ရနေ့ - No Panty Day (or) No Panties Day

အမျိုးသမီးများ အတွင်းခံဘောင်းဘီမ၀တ်ရနေ့ - No Panty Day (or) No Panties Day
.
 


လူမှုကွန်ယက်တွေဆီက အမည်မဖော်လိုသူတွေ သတ်မှတ်လိုက်တဲ့ အမျိုးသမီးများ အတွင်းခံဘောင်းဘီမ၀တ်ရနေ့ လို့ အဓိပ္ပာယ်ရမယ့် No Panty Day ဆိုတာကလည်း အရင်က သိကြတဲ့ No Bra Day လိုမျိုး ရှိနေခဲ့ပါပြီ။ ဟုတ်ပါတယ်။ No Panty Day ဟာ June 22 ဖြစ်တယ် လို့ သတ်မှတ်ကြပါတယ်။ အပျော်တမ်း သတ်မှတ်လိုက်တဲ့ အတွင်းခံဘောင်းဘီ မ၀တ်ရနေ့ ကို သတ်မှတ်လိုက်တဲ့ ဆတ်ဆော့ တဲ့ Blogger တစ်စု က အမျိုးသမီးတွေ ကို အဲဒီနေ့ မှာ အတွင်းခံဘောင်းဘီ မ၀တ်ဘဲ နဲ့ အပြင်ကို ထွက်ပြီး လှုပ်ရှားသွားလာကြဖို့ နဲ့ ၂၄ နာရီလုံးလုံး အတွင်းခံဘောင်းဘီ လစ်ဟာနေတဲ့ အခြေအနေနဲ့ နေကြဖို့ အားပေးအားမြှောက် လုပ်ခဲ့ကြပါတယ်။
.
အမျိုးသမီးတွေ အနေနဲ့ အောက်ခံဘောင်းဘီ မ၀တ်တာ ဟာ အခုအထိတော့ အဆင်ပြေနေပါသေးတယ်။ ဒါပေမယ့်လည်း အစုအဖွဲ့ တစ်ခု အတွင်း မှာ ဆိုရင်တော့ ဒီကိစ္စ ဟာ အတော်လေး အထူးအဆန်း ကိစ္စ တစ်ခု လို့ ဆိုနိုင်မယ်ထင်ပါတယ်။ အပျော်တမ်း သတ်မှတ်တဲ့ နေ့ တစ်နေ့ ဖြစ်တာကြောင့် အဲဒီနေ့မှာ အမျိုးသမီးတွေ အနေနဲ့ အတွင်းခံဘောင်းဘီ ၀တ်ချင်တဲ့ သူကလည်း ၀တ်မှာ ဖြစ်သလို ၊ မ၀တ်ချင်တဲ့ သူကလည်း မ၀တ်ဘဲ အပြင်ကို ထွက်ပြီး လုပ်ငန်းဆောင်တာတွေ ကို လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
No Panty Day ဟာ ဆိုရင် စိတ်ဝင်စားသူတွေ ပူးပေါင်းပါဝင် တဲ့ Holiday အနေနဲ့ အမည်မဖော်လိုသူတွေ က စတင်ခဲ့တာ ဆိုရင် လွန်ခဲ့တဲ ၂ နှစ်ကျော်ကပဲ ဖြစ်တယ်။
.
အဲဒီလို No Panty Day ကို ဆောင်ရွက်ဖို့ အတွက် ဦးဆောင်သူတွေ ကို မဖော်ထုတ်နိုင်ပေမယ့် No Panty Day ဆိုတာ ဟာ အခြားနေ့ တစ်နေ့ဖြစ်တဲ့ No Pants Day ကို အတုယူ ထားကြတယ်လို့ ယူဆရတယ်။
.
No Pants Day ဆိုတာကတော့ ဘောင်းဘီမ၀တ်ဖို့ အတွက် အားပေးအားမြှောက်ပြုထားတဲ့ နေ့ဖြစ်ပြီးတော့ အဲဒီ နေ့ အတွက် Event ကတော့ လူရှေ့သူရှေ့မှာ ဘောင်းဘီချွတ်ပွဲ ကျင်းပတာပဲ ဖြစ်ပါတယ်။ No Pants Day Event ကို ဆောင်ရွက်ဖို့ အတွက် ပူးပေါင်းပါဝင်သူ မိန်းမသားတွေဟာ မြေအောက်ရထားတွေ ကို စီးရင်း နဲ့ သူတို့ ၀တ်ထားတဲ့ ဘောင်းဘီတွေ ကို Public မှာ ဆွဲချွတ်ပြီး အောက်ခံဘောင်းဘီ ကိုပါ ချွတ်လို့ အောက်ပိုင်းကို ဗလာကျင်းပစ် လိုက်ကြတာပဲ ဖြစ်ပါတယ်။ အဲဒီလို ဘောင်းဘီ မ၀တ်ရနေ့ လို့ ခေါ်တဲ့ No Pants Day က တော့ May လ ရဲ့ ပထမဆုံး သောကြာနေ့ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာတော့ No Pants Day ကို No Trouser Day လို့ ဆိုပါတယ်။ အင်္ဂလန် မှတော့ Pants ဆိုတာဟာ Underwear လို့ ဆိုလိုတာ ဖြစ်လို့ပါ။ ဘယ်လိုပဲ ခေါ်ခေါ် အဲဒီနေ့ဟာ ဘောင်းဘီချွတ်တဲ့ နေ့သာ ဖြစ်ပါတယ်။ No Pants Day အကြောင်း ဖတ်ချင်တယ်ဆိုရင်တော့ http://en.wikipedia.org/wiki/No_Pants_Day မှာ ဖတ်လို့ရပါတယ်။ No Panty Day 2015 အတွက် Tim Tate ဆိုတဲ့ Facebook User တစ်ဦး ထောင်ထား တဲ့ Event ဖြစ်တဲ့ https://www.facebook.com/events/259650764227363/ ကို ညွှန်းချင်ပါတယ်။
.
တချို့သော Youtube User တွေ အနေနဲ့ ကတော့ No Panty Day အားပေးအားမြှောက်ပြုလုပ်တဲ့ Video တွေ ၊ Picture တွေ ကို ရည်ညွှန်းပြောဆို မှု အနေနဲ့ ဒီလိုမျိုး Event တွေ ကမ္ဘာအနှံ့မှာ တကယ်တမ်း တွင်ကျယ်လာမှာ ကို မလိုလားကြပေမယ့်လည်း တချို့သော Internet User တွေကတော့ တည်ငြိမ်ရဲရင့်စွာနဲ့ ပဲ အဲဒီနေ့ ကို ထောက်ခံသလို သူတို့ ကိုယ်တိုင် အတွင်းခံဘောင်းဘီ ၀တ်တာကို အဲဒီနေ့မှာ ရှောင်ရှားကြတယ်လို့ ဆိုပါတယ်။
.
အမျိုးသမီးတွေ အနေနဲ့ အဲဒီနေ့ မှာ အတွင်းခံဘောင်းဘီ ၀တ်သည်ဖြစ်စေ ၊ မ၀တ်သည် ဖြစ်စေ ဒါဟာ သူတို့ ရဲ့ ကိုယ်ပိုင် အခွင့်အရေး နဲ့ ကိုယ်ပိုင် အမြင် ရှိကြမှာပဲ ဖြစ်ပါတယ်။ ဒီလို မျိုး နေ့တစ်နေ့ ကို ဖြစ်ပေါ်လာစေဖို့ အတွက် လှုံ့ဆော်တဲ့ Social Media တွေ နဲ့ Blog တွေ ရဲ့ Post တွေ ၊ Picture တွေ ရဲ့ အနောက်မှာတော့ ဘယ်လိုမျိုး လူတွေ က ဘယ်လို ရည်ရွယ်ချက် နဲ့ ရှိနေတယ်ဆိုတာ ကို မသိနိုင်ပါဘူး လို့ No Panty Day အကြောင်း ပြောဆိုသုံးသပ် တဲ့ Post ရေးသူတွေ က ဆိုပါတယ်။
.
ဖိလစ်ပိုင် နိုင်ငံ မနီလာ မြို့က Internet User တွေ အနေနဲ့လည်း အဲဒီနေ့မှာ မွေးရာပစ္စည်းတွေကို လွတ်လပ်စွာ ထားရှိဖို့ အတွက် ထောက်ခံသူတွေ ရှိတယ်လို့ သိရတယ်။ ပြောရရင် အရှိအတိုင်း ဖြစ်ဖို့ ၊ လူမှုကျင့်ဝတ်တွေ ကနေ ချုပ်ချယ်ထားမှု တွေကနေ ကင်းလွတ်ဖို့ ပေါ့။
.
No Panty Day တဲ့။ ဟုတ်ပါတယ်။ အခုဖတ်ခဲ့ရတဲ့ အတိုင်းပါပဲ။ ဟာသ အနေနဲ့ လား ဘာလား မသိဘ နဲ့ ဖြစ်လာတဲ့ No Panty Day ဆိုတာ ရဲ့ နောက်မှာတော့ ဒီလို နှစ် အနည်းငယ်အတွင်း အဲဒီ ကိစ္စ ဟာ Popular ဖြစ်လာခဲ့ပါပြီ။ ကိုယ်တိုင်အနေနဲ့ အဲဒီ ကိစ္စ မှာ ပါဝင် ဖို့ မဖြစ်နိုင်တာတောင်မှပဲ အခြားသူတွေ က ဒီ No Panty Day ဆိုတာ ကို စိတ်ဝင်တစားရှိနေခဲ့တာတော့ အမှန်ပဲဖြစ်ပါတယ်။
.

လာမယ့် ၂၀၁၅ ခုနှစ်ရဲ့ June 22 ရက်နေ့ကတော့ Monday ဖြစ်ပါတယ်။ ကဲ..။ ကိုယ့်သဘောနဲ့ ကိုယ် ချွတ်ချင်ချွတ် ၀တ်ချင်ဝတ်။ သဘောပါပဲ။ တကယ်လို့ Monday မှာ အားလပ်ရက်ရတဲ့ လုပ်ငန်းခွင်ဝင် အမျိုးသမီးတွေ အနေနဲ့ ကတော့ ဘယ်ကိုမှလည်း သွားစရာမရှိဘူး။ ဘယ်သူနဲ့ မှလည်း ချိန်းတွေ့စရာမရှိဘူး။ ဘယ်သူမှလည်း အိမ်လာလည်ဖို့ မရှိဘူးဆိုရင် အိမ်တံခါးပိတ် Lock နှိပ် ပြီး လွတ်လပ်မှု ကို ခံစားဖို့ အခွင့်အရေး ရနိုင်ပါတယ်။
.
ကျော်ညိုသွေး