ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ယောက်ျား/မိန်းမ၀ါဒီ နှင့် ယောက်ျား၊မိန်းမအခွင့်အရေး လိုလားသူ လူ့အဖွဲ့အစည်း



ယောက်ျား/မိန်းမ၀ါဒီ နှင့် ယောက်ျား၊မိန်းမအခွင့်အရေး လိုလားသူ လူ့အဖွဲ့အစည်း

.

ယောက်ျားဝါဒီ ၊ မိန်းမဝါဒီ လို့သုံးနှုန်းရင် အဲဒီအဓိပ္ပာယ်ရဲ့ အရိပ်အောက်မှာ နေရင် ဆန့်ကျင်ဘက်ကို မလိုလားဘူး၊ ဆန့်ကျင်တယ်၊ တိုက်ခိုက်တယ်၊ ယောက်ျားက အရေအတွက် အင်အားများရင် ယောက်ျားတွေက မိန်းမတွေကို ဖိနှိပ်မယ် ချိုးနှိမ်မယ်၊ စကားလုံးအချွန်အတက်တွေနဲ့ ဝိုင်းထိုးမယ်။ လူညီရင် အသက်အန္တရာယ်/လိင် အန္တရာယ်တောင် တစ်ဖက်နဲ့ တစ်ဘက် ပေးနိုင်တယ်။ သူတို့တွေမှာ ယောက်ျားဖြစ်ခွင့်ရလို့ မာန်မာန ၊ မိန်းမဖြစ်တဲ့အတွက် ကာယအား ကြီးမားတဲ့ယောက်ျားတွေက မိန်းမတွေအတွက် အန္တရာယ်ကောင် ဆိုတာမျိုးတွေးပြီး အငုံ့ ရန်လိုစိတ်တွေ ရှိနေတယ်။ . ယောက်ျားအခွင့်အရေးလိုလားသူ ၊ မိန်းမအခွင့်အရေးလိုလားသူတွေမှာကျတော့ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် လေးစားမှုရှိတယ်။ ယောက်ျားသား တွေကလည်း မိန်းမသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို လေးစားလိုက်နာကြတယ်။ . ယောက်ျားတွေရဲ့ လွတ်လပ်ခွင့်အတွက် ယောက်ျားသားတွေ လှုပ်ရှားမှုပြုတာကို မိန်းမသားတွေက ကူညီပေးတာမျိုးရှိသလို ၊ အမျိုးသမီး အခွင့်အရေးအတွက်လည်း ယောက်ျားသားတွေက ပူးပေါင်းပါဝင် လှုပ်ရှားကြတယ်။ . ပြောရရင် အမျိုးသမီးအခွင့်အရေး ကို အမျိုးသမီးတွေတင် တောင်းဆိုမှု၊ အခွင့်အရေးအတွက် လှုပ်ရှားမှု ပြုကြတာမဟုတ်ဘူး။ တနည်းအားဖြင့် အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူဆိုတာအမျိုးသမီးမှ မဟုတ်ဘူး။ အမျိုးသားတစ်ယောက်လည်း ဖြစ်နေနိုင်တယ်။ ဒါ့အပြင် အမျိုးသားတွေရဲ့အခွင့်အရေးကို လိုလားသူဟာလည်း အမျိုးသမီးတစ်ယောက် ဖြစ်နေနိုင်တယ်။ . ဒီလိုမျိုး ဆန့်ကျင်ဘက် လိင်တစ်ဦးက သူနဲ့ဆန့်ကျင်ဘက် လိင်ဖြစ်တဲ့ အဖွဲ့အစည်းရဲ့ အခွင့်အရေးကိုလိုလားတယ်၊ ကူညီတယ်၊ ဆောင်ရွက်တယ်၊ ထောက်ပံ့တယ်ဆိုတာ လူသားချင်းစာနာစိတ် ၊ လူသားချင်း ရိုင်းပင်းစိတ်နဲ့ လေးစားစိတ်ပဲ ဖြစ်ပါတယ်။ . လူ့အခွင့်အရေးတကယ်တမ်း လိုလားတယ် ဆိုတဲ့လူတွေ စိတ်ထဲမှာတော့ ယောက်ျား၊ မိန်းမ စသည်ဖြင့် ခွဲခြားမှုမရှိဘဲ ယောက်ျား ၊ မိန်းမကိုယ်စီ ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုပဲ ရှေးရှုတာဖြစ်ပါတယ်။ . ယောက်ျားဝါဒီ ၊ မိန်းမဝါဒီ လို့ ဆိုလိုက်တာ နဲ့ ဒါဟာ အကြမ်းဖက်တဲ့စိတ်ရှိကြောင်း ဖော်ပြတာ ဖြစ်ပြီး၊ ယောက်ျားအခွင့်အရေးလိုလားသူ ၊ မိန်းမအခွင့်အရေး လိုလားသူ လို့ ဆိုမှသာ နည်းလမ်းကျပါလိမ့်မယ်။

.

အမျိုးသမီးတွေ ရဲ့ အခွင့်အရေးကို လေးစာတဲ့သူတွေ ဟာ အမျိုးသမီးအခွင့်အရေးလိုလားသူ ဖြစ်ပြီး ၄င်းတို့ဟာ ယောက်ျားသားများလည်း ဖြစ်နိုင်တယ် ဆိုတဲ့ နေရာမှာ တော့ အမေရိကန်ကဗျာဆရာ James Oppenheim ဟာ အမျိုးသမီးရေးရာ ၊ အမျိုးသမီး အခွင့်အရေးကို တန်ဖိုးထားသူအဖြစ်တွေ့မြင်ရမှာ ဖြစ်ပြီးတော့ သူရဲ့ Bread and Roses - ပေါင်မုန့် နဲ့ နှင်းဆီပန်းများ ကဗျာကသက်သေထူပါလိမ့်မယ်။










Bread and Roses


As we come marching, marching, in the beauty of the day,
A million darkened kitchens, a thousand mill-lofts gray

Are touched with all the radiance that a sudden sun discloses,

For the people hear us singing, "Bread and Roses, Bread and Roses."



As we come marching, marching, we battle, too, for men--

For they are women's children and we mother them again.

Our lives shall not be sweated from birth until life closes--

Hearts starve as well as bodies: Give us Bread, but give us Roses!



As we come marching, marching, unnumbered women dead

Go crying through our singing their ancient song of Bread;

Small art and love and beauty their drudging spirits knew--

Yes, bread we fight for--but we fight for Roses, too.



As we come marching, marching, we bring the Greater Days--

The rising of the women means the rising of the race--

No more the drudge and idler--ten that toil where one reposes--

But sharing of life's glories: Bread and Roses, Bread and Roses!



James Oppenheim



=========================================================================



.

ပေါင်မုန့် နဲ့ နှင်းဆီပန်းများ .

.

တို့တတွေ ရဲ့ တစ်နေ့တာထဲ လှပခြင်းဟာ တဖြည်းဖြည်း

ရုပ်လုံးပေါ်လာပါပြီကွာ မည်းသည်းညစ်ပေ မှောင်မိုက် မီးဖိုဆောင်ဟာ မြောက်များစွာသော မီးခိုးမှိုင်းတွေ ကပ်ငြိနေတာ အဲဒီမှာ နေအလင်းရောင်ထိတွေ့မှုနဲ့ ရုတ်တရက် ဝေးလို့ကွာ လူအများ ခံစားကြားနာနိုင်မှာက “ပေါင်မုန့် နဲ့ နှင်းဆီများ” သီချင်းသံပဲမို့ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာ ယောက်ျားသားများကို ယှဉ်ပြိုင်တွန်းလှန်တူညီဖို့ မိန်းမသားများရဲ့ ရင်သွေးများအတွက်ငှာ ပြီး…ငါတို့-(အမေများ) အတွက်ထပ်ပြီးတော့ကွာ တို့ဘ၀တွေ စိုးရိမ်ပူပန်စရာမရှိတော့ပါ မွေးဖွားကနေ သေဆုံးခါနီးအထိပါ။ အစားအစာ ပေါင်မုန့်တွေ ငတ်မွတ်ကာ နှလုံးသားတွေ ကြွေကျ သေရတာ ဘ၀ပန်းတွေ ကြွေရတာ ရှေ့ အလား အလာတွေဟာ ရုပ်လုံးကြွလာပြီလေကွာ ရှေးက အစားအစာပေါင်မုန့်အတွက် မရေမတွက်နိုင်သော မိန်းမသားများ သေကြေခဲ့တာ။ ငါတို့သီဆိုနေတဲ့ သီချင်းသံပေါ် သူတို့ရဲ့ ငိုကြွေးမှုတွေ စီးဆင်းနေတော့တာ။ နုနယ်တဲ့ အနုပညာ ၊ ချစ်ခြင်းမေတ္တာ ၊ အလှအပ ၊ သူတို့ရဲ စိတ်ဝိဥာဉ် ကို ရိုက်နှက်ခံနေရတဲ့ အသိ ဟုတ်တယ်။ ပေါင်မုန့်။ တွန်းလှန်တော်လှန်စို့။ ဒါတင်မဟုတ် တို့တွေ တွန်းထိုးတော်လှန် နှင်းဆီပန်းတွေ အတွက်တာ အထိ ရုပ်လုံးတွေ ပေါ်လာပြီ ပေါ်လာပြီ လှပတဲ့ သာလွန်ကောင်းမွန်တဲ့ နေ့ရက်များ ငါတို့ယူဆောင်လာပြီ မိန်းမသားများရဲ့ အဓိပ္ပါယ်ထွန်းလင်း မြင့်တက်လာပြီ မမျိုးနွယ်စု ရဲ့ဘ၀ မြင့်တက်လာပြီ တစ်ယောက်သောသူက အေးဆေး ငြိမ့်နေလည်း တို့ မိန်းမသား ဆယ်ယောက်မှာ အခိုင်းအစေခံ အနှိမ်ခံဘ၀များ ရှိပါဘိ အခုတော့လည်း အဲဒီလို ဘ၀များ ဒီထက်ပို ငေးငိုင်ပြီး အချိန်ဖြုန်းနေဖို့လည်း မရှိ ခေါင်းငုံ့ခံ သိမ်ငယ်နေစရာ သူတွေ အဖြစ် ဖြစ်တည်နေစရာလည်း မရှိ ဒါပေသည့် ဖူးပွင့်လာတဲ့ဘ၀များ ကို ဝေမျှခံစားဝံ့ကြွားပါလေ။ အို..ပေါင်မုန့်နဲ့ နှင်းဆီပန်းတွေ။

.

.

ဂျိမ်း(စ်) အိုးပန်းဟမ်း

.

.

.

ဒီကဗျာကို ရေးသားသူ James Oppenheim ဟာ အမျိုးသားဖြစ်ပေမယ့်လည်း သူဟာ အဖိနှိပ်ခံအမျိုးသမီးတွေရဲ့ ဘ၀ကို စာနာခြင်းအားဖြင့် Bread & Roses ကဗျာကို ရေးသားခဲ့သူဖြစ်တယ်။ သူဟာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ တစ်ဦးလို့ ခေါ်ဆိုနိုင်တယ်။ ဒါ့ကြောင့်လည်း အမျိုးသမီးအခွင့်အရေးလိုလားသူတွေဟာ အမျိုးသမီးများသာမကဘဲ အမျိုးသားများလည်း ပါဝင်နေတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။

.

ဒီလိုပဲ ယောက်ျားအခွင့်အရေးလိုလားသူ တွေ ၊ ယောက်ျားသားများရဲ့ ဖြစ်တည်မှု ၊ တန်ဖိုးစတာတွေ ကို အလေးထားတဲ့သူတွေ ဟာလည်း ယောက်ျားသားများသာမက ၊ မိန်းမသားများလည်း ရှိချင်ရှိနေမှာပဲဖြစ်ပါတယ်။

.

ယျေဘုယျအားဖြင့်တော့ ယောက်ျားကို တန်ဖိုးထားတာ ၊ မိန်းမကို တန်ဖိုးထားတယ်လို့ ဆိုလိုက်ရင် တစ်ဘက်ဘက်က သူတို့ ဘက်ကို မလိုက်ဘဲ သက်သက် မိမိတို့ရဲ့ ဂုဏ်တန်ဖိုးကို ချပစ်တယ် လို့ ဆိုချင်ကြပါတယ်။ ဒါဟာ လုံးဝမမှန်တဲ့ အချက်ပဲဖြစ်ပါတယ်။ လူသားတစ်ဦးဟာ အခြားလူသားတစ်ဦးကို တန်ဖိုးထားပိုင်ခွင့် ၊ သူ့ရဲ့ အခွင့်အရေး လိုပဲ အခြားတစ်ဦး မှာလည်း ရှိစေဖို့ အတွက် ဆောင်ရွက်ခြင်း ၊ ကြိုးပမ်းခြင်း အပြင် သူ့ရဲ့ အခွင့်အရေးကို မြှင့်တင်ခြင်း ပြုလုပ်တာဟာ ပုံမှန်ပဲဖြစ်ပါတယ်။

.

ယောက်ျားဝါဒီ ၊ မိန်းမ ၀ါဒီ တွေ အနေနဲ့ ကတော့ မိမိနဲ့ မတူတဲ့ ဆန့်ကျင်ဘက် လိင်အပေါ် မလိုမုန်းထားစိတ်တွေ ၊ အဆိပ်အတောက်လို့ ထင်မြင်ချင်စိတ်တွေ ကိန်းဝပ်နေမှာ မလွဲပါဘူး။ ယောက်ျားဝါဒီ ၊ မိန်းမ၀ါဒီ ဖြစ်နေကတည်းကိုက ဆန့်ကျင့်ဘက် ယောက်ျား/မိန်းမ ဟာ သူတို့ထက် သာတယ် ဆိုတာမရှိဘူးဆိုတဲ့ မာန်ရှိနေလို့ဖြစ်ပါတယ်။ အမှန်တော့ ယောက်ျားမှာလည်း ယောက်ျားရဲ့ ဖြစ်တည်မှု ၊ တန်ဖိုး ၊ အခွင့်အရေးဆိုတာတွေ ရှိပြီး ၊ မိန်းမ မှာလည်း မိန်းမရဲ့ ဖြစ်တည်မှု ၊ တန်ဖိုး ၊ အခွင့်အရေး ဆိုတာတွေလည်း ကိုယ်စီကိုယ်ငှရှိကြပါတယ်။







Intersection သဘောတရားအရဆိုရင် တစ်ဘက်က စက်ဝိုင်းမှာ ယောက်ျား အခွင့်အရေး ရှိမယ်။ နောက်တစ်ဘက်က စက်ဝိုင်းမှာ မိန်းမအခွင့်အရေးရှိမယ်။ သူတို့ အ၀န်းအ၀ိုင်းထိစပ်နေတဲ့ အစိတ်အပိုင်းကတော့ လူ့အခွင့်အရေး ဆိုတဲ့ တူညီစွာပိုင်ဆိုင် ၊ သက်ဆိုင်တဲ့ အပိုင်းလို့ ဆိုနိုင်မှာလည်းဖြစ်တယ်။ တနည်းအားဖြင့် ထပ်နေတဲ့ အပိုင်းမှာ နှစ်ဦးနှစ်ဘက် ညီညွတ်မျှတမှုတွေ ပါဝင်နေတယ်။ ယောက်ျားအခွင့်အရေးနဲ့ တန်ဖိုးကိုလေးစားတဲ့ အမျိုးသမီးတွေ ပါဝင်နေနိုင်သလို ၊ မိန်းမ ရဲ့ တန်ဖိုး နဲ့ အခွင့်အရေးကို လိုလားသူ ၊ တန်ဖိုးထားသူ ယောက်ျားသားတွေလည်း ပါဝင်နေနိုင်မှာပဲဖြစ်ပါတယ်။
 .
ကျော်ညိုသွေး