ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

မင်းရဲ့ အလျှင်မှာ ယဉ်ပါးနေတဲ့ ငါ

မင်းရဲ့ အလျှင်မှာ ယဉ်ပါးနေတဲ့ ငါ
.
ပါးကွက်ကြားလေးနဲ့ လှလိုက်စမ်းပါ အချစ်ရယ်
လေပြည်ညင်းလေး ငါဖြစ်ချင်လို့ပါ။
မင်းဆံနွယ်တွေက ရှန်ပူနံ့ သင်းတဲ့အခါ
ကိုယ့်ဝိညဉ်ဟာ လေပြည်ကြားက မြူခိုးလိုပါပဲကွယ်။
မင့် ဘောလုံးကေ မှာ လက်ချောင်းတွေ ထိုးသွင်းချိန်
ကင်းဗတ်စ နဲ့ စုတ်တံတွေပဲ လွမ်းသလိုလို။
.
မြွေလို မျက်လုံးမျိုး ပိုင်ဆိုင်ထားလို့
အလှဆုံးကို ပြုံးထားလိုက်စမ်းပါ အချစ်ရယ်
ဒါ…သဘာဝက ပေးတဲ့ ဓါတ်ပုံတစ်ပုံပေါ့။
.
ငှက်ပျောရွက်လို ထိရှလွယ်တာရယ်
အိပ်မက်မှာတောင် နှုတ်ခမ်းစူတာရယ်က
မမြင်ရတဲ့ ၀ါကျနဲ့ နင့်ကိုငါ ညွတ်ကိုင်းစေပြီပေါ့
ဝိုင်မသောက်ပဲ မူးရီ တတ်တဲ့ အကျင့်ကလည်း
မင်းမျက်ရည်တွေ မြင်မိကတည်း က ပါပဲကွယ်။
.
ကျော်ညိုသွေး
.
===================================================
- ဒီကဗျာရေးဖြစ်တာ ပထမနှစ်ကျပြီး ၊ ပြန်တက်တဲ့ အချိန် (အသက် ၂၀ ၀န်းကျင်) ပေါ့။ ကဗျာရေးတာဝါသနာပါပြီး ဘာသာပြန်ကဗျာတွေ ဖတ်ဖူးကာစ အချိန်မှာ ရေးဖြစ်ခဲ့တာ။ိတ်အထင် နိုင်ငံခြားကဗျာတစ်ပုဒ်ဘာသာပြန်
ထားတာကို ဖတ်ဖြစ်ပြီး အဲဒီလိုပုံစံကို တု ပြီးရေးဖြစ်ခဲ့တာထင်တယ်။
==============================
=====================