ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အရောင်ပြောင်းလာတဲ့ ကမ္ဘာ

အရောင်ပြောင်းလာတဲ့ ကမ္ဘာ
====================
.
- “အဲဒါ..က ဘယ်သူလဲ”

- “မိုက်ကယ်ဂျက်ဆင်လေ..မင်းကမသိဘူးလား။
အေးလေ..မင်းတို့က ငယ်သေးတာကိုး ငါတို့ငယ်ငယ်တုန်းကတော့ မိုက်ကယ်ဂျက်ဆင်ကို အရမ်းကြိုက်ခဲ့တာ”
.
- “ခုနက တစ်ယောက်ကရော..”
.
- “အဲဒါလည်း မိုက်ကယ်ဂျက်ဆင်ပဲလေ..”
.
- “ဟာ..ဟုတ်လို့လားဗျာ..ခုနက အသားဖြူဖြူနဲ့လေ.. ဒီတစ်ယောက်က အသားမည်းမည်းနဲ့ ကပ္ပလီကြီးပါ”
.
- “ဟားဟား..ဒီကောင်နဲ့တော့ ခက်တာပဲ.. အဲဒါတစ်ယောက်တည်းကွ..အသားဖြူအောင် လုပ်လိုက်တာ။ သူက အသားမည်းလို့ဆိုပြီး အဆိုတော်ဖြစ်တော့ တစ်ကိုယ်လုံးကို ပလပ်စတစ်ဆာဂျရီနည်းနဲ့ ပြုပြင်လိုက်တာလေ..”
.
- “ဟာ..ဟုတ်လား”
.
ဘေးနားကစားပွဲမှာ ထိုင်နေတဲ့ တစ်ယောက်တစ်ခွန်းပြောသံတွေကြောင့် သေချာလှည့်ကြည့်မိတော့ အသက် ၃၅ ၊ ၄၀ အရွယ် လူလတ်ပိုင်း ၂ ယောက်ရယ်.. အခုမှ အသက် ၁၇ ၊ ၁၈ လောက်ရှိမယ့် လူငယ်တစ်ယောက်ရယ် ထိုင်နတာကို သိလိုက်ရတယ်။ ဆိုင်ထဲမှာ ဖွင့်ထားတဲ့ မိုက်ကယ်ဂျက်ဆင်သီချင်း MTV ကို အကြောင်းပြုလို့ အမေးအဖြေဖြစ်နေတဲ့ သူတို့ Conversation ကို သတိပြုမိမှ ဖွင့်ထားတဲ့ မိုက်ကယ်ဂျက်ဆင်သီချင်း ကို မော့ကြည့်မိတယ်။ ဟုတ်သားပဲ ၊ သီချင်းထဲမှာ မိုက်ကယ်ဂျက်ဆင် ပလပ်စတစ်ဆာဂျရီ မလုပ်ခင်က အသားအရည်နဲ့ သီချင်းတစ်ပုဒ်လာနေတာလေ။ ခုနတုန်းက တော့ Black Or White ဆိုတဲ့ သီချင်းလာနေတာ။ အဲဒီတုန်းကတော့ လက်ဖက်ရည်သောက်ရင်း Facebook ကို သဲကြီးမဲကြီး ထိုင်သုံးနေတာဆိုတော့ မော့မကြည့်ဖြစ်ဘဲ သီချင်းကိုသာ သူလိုက်ညည်းနေမိတာ။
.
ဘေးနားက လူတွေ စကားသံကြောင့် မိုက်ကယ်ဂျက်ဆင်သီချင်းဖွင့်ထားတာကို သူ သေချာကြည့်မိတော့တယ်။ ဘေးနားစားပွဲက လူလတ်ပိုင်းဆိုရင် သူနဲ့ အသက်မတိမ်မယိမ်းပေါ့။ အဲဒီလူပြောသလိုပဲ ငယ်ငယ်တုန်းကတော့ မိုက်ကယ်ဂျက်ဆင်ကို သိပ်အားကျခဲ့ရတာမဟုတ်လား။ ကျောင်းသားဘ၀တုန်းက မက်မက်မောမောကြည့်ခဲ့ရတဲ့ မိုက်ကယ်ဂျက်ဆင်သီချင်းဗီဒီယိုတွေ ဟာ အခုတော့ မကြည့်ဖြစ်ခဲ့တာတောင်ကြာခဲ့ပြီ။ အဲဒီတုန်းကလည်း မိုက်ကယ်ဂျက်ဆင်ကို ကြိုက်လွန်းလို့ သူ့အကြောင်းတွေ ကိုလည်း ရှာဖတ်ဖြစ်ခဲ့တယ်။ ငယ်စဉ်က လူမည်းတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ပေမယ့်လည်း သူ့အနေနဲ့ လူဖြူတွေရဲ့ အသားအရည်မျိုးဖြစ်အောင် အဆိုတော်ဘ၀အစမှာပဲ ပလပ်စတစ်ဆာဂျရီနည်း နဲ့ သူ့တစ်ကိုယ်လုံးရဲ့ အသားအရည်ကို ပြောင်းလဲပစ်ခဲ့တယ်။ အဲဒီသတင်းဟာလည်း ကမ္ဘာကျော်သတင်းတစ်ရပ်ဖြစ်ခဲ့တယ်ဆိုတာ ဖတ်ဖူးခဲ့တယ်လေ။
.
ဘေးနားထိုင်ခုံက လူငယ်လေး အံ့သြသလိုပဲ။ ငယ်ငယ်တုန်းကလည်း မိုက်ကယ်ဂျက်ဆင်ရဲ့ အကြောင်းကို သိရတော့ တော်တော်လေးအံ့သြနေခဲ့သလို ၊ သူ့ MTV တွေထဲမှာ လူမည်းပုံစံနဲ့ တစ်ပုဒ် ၊ လူဖြူပုံစံနဲ့ တစ်ပုဒ် တစ်လှည့်စီ ကြည့်ခဲ့ရတုန်းကလည်း အံ့သြမိခဲ့တာပဲပေါ့။ အဲဒီ အခြေအနေတွေတုန်းကတော့ ပလပ်စတစ်ဆာဂျရီ နည်းပညာဆိုတာ ခေတ်အမီဆုံး နည်းပညာတစ်ခု။ တော်တန်ရုံ လူတွေတောင် အသားအရည်ပြုပြင်ဖို့ ၊ မျက်နှာအစိတ်အပိုင်း တွေ ပြုပြင်ဖို့ ဆိုတာ မတတ်နိုင်သေးတဲ့အခြေအနေ။ ဒီလိုအခြေအနေမှာ မိုက်ကယ်ဟာ သူ့အသားအရည်ကို တစ်ကိုယ်လုံး လူဖြူလိုမျိုး ဖြစ်အောင်လုပ်ပစ်ခဲ့တယ်လေ။
.
အခုတော့ ကမ္ဘာမှာ နည်းပညာတွေ ၊ ဆေးပညာတွေက တိုးတက်လာခဲ့ပြီ။ နာမည်ကြီး မင်းသားမင်းသမီးတွေဟာ ပြည်တွင်း ၊ ပြည်ပ ဘယ်နေရာမှာမဆို ကိုယ့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မနှစ်သက်တဲ့နေရာကို ပြုပြင်လာတာမျိုးတွေ ကြားသိ ၊ ဖတ်ရှုနေခဲ့ရပြီလေ။
.
မိုက်ကယ်ဟာ သူ့အသားအရည်ကို လူမည်းအသားအရည်ကနေ လူဖြူအသားအရည်အဖြစ်ကိုရအောင်လုပ်ဖို့အတွက် ငွေမြောက်များစွာအကုန်ခံလို့ Risk ယူပြီးတော့ ပြုပြင်ခဲ့တယ်။ အဲဒီတုန်းကတော့ မဟာစွန့်စားခန်းကြီး တစ်ခု ဖြစ်ချင်ဖြစ်နေလိမ့်မယ်လေ..။ ဒီဘက်ခေတ်မှာတော့ ဒီလောက်အထိ စွန့်စားစရာမလိုတော့ဘူး။ အသားဖြူချင်သူတွေ အတွက် အသားဖြူဆေးတွေလည်းပဲ ရှိလာခဲ့ပြီ။ ပင်ကိုယ်အသားအရည်ညိုတဲ့သူတွေ အနေနဲ့ ကိုယ့်ရဲ့အသားအရည်အရောင်ကို မကြိုက်လို့ ဖြူချင်တယ်ဆိုရင် ပြည်ပက တင်သွင်းတဲ့ အသားဖြူဆေးတွေကို ၀ယ်ယူပြီး ဆေးသွင်းလို့ အသားဖြူအောင် လုပ်လို့ရနေခဲ့ပြီ။
.
ဒီဘက်ခေတ်မှာ နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်တွေ ၊ အဆိုတော်တွေ ၊ မော်ဒယ်လ်တွေ စသည်ဖြင့် ဆယ်လီဘရစ်တီတွေ က ကိုယ့်ရဲ့အသားအရည် ၊ မျက်နှာအစိတ်အပိုင်း ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို နဂိုရှိရင်းစွဲထက် သာပြီး လှပအောင်လို့ ပြုပြင်တာတွေ ဟာ ပိုလို့များလာခဲ့ပြီဖြစ်တယ်
အဲဒီလိုအသားဖြူဆေးထိုးပြီး အသားဖြူလာအောင်ပြုလုပ်တာဟာ တကယ်တော့ ပလပ်စတစ်ဆာဂျရီ နည်းနဲ့ အသားဖြူအောင်လုပ်တာမျိုးထက်တော့ ပိုပြီး စွန့်စားမှုလျော့နည်းတယ်လို့ ပြောနိုင်မှာပါ။ တရားဝင်ရောင်းချနေတဲ့ ဆေးကိုဝယ်လို့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးသွင်း ၊ ဆေးထိုးလို့ရသလို ၊ အပြင်ဆရာဝန်တွေ ၊ ဆေးခန်းတွေမှာလည်း အဲဒီဝန်ဆောင်မှုကို ရယူနိုင်မှာလည်းဖြစ်ပါတယ်။
.
အခုအချိန်မှာတော့ အသားဖြူဆေး ကို အွန်လိုင်းဘလောဂ်တွေ ၊ Facebook Page တွေမှာ ကြော်ငြာတာကို မကြာခဏတွေ့လာရတယ်။ အဲဒီဆေးကတော့ မူလအသားအရည်ကနေ ဖြူလာအောင် စွမ်းဆောင်နိုင်ပြီးတော့ အသားဖြူလာရာကနေ ပြန်ပြီး ညိုသွားခြင်း မဲသွားခြင်းမရှိဘူးလို့ဆိုတယ်။ တချို့သော အွန်လိုင်းရှော့ပင်း ၀က်ဘ်ဆိုက်တွေမှ အဲဒီနာမည်နဲ့ အသားဖြူဆေးကို အိမ်တိုင်ရာရောက် ၀န်ဆောင်မှုနဲ့ ရောင်းချပေးနေတာကိုတွေ့ရတယ်
.
ပြောရရင်တော့ အသားဖြူဆေးမှာ ပါဝင်တာက Vitamin C နဲ့ Glutathione တွေပါဝင်တာကြောင့် နောက်ထပ်ကိုယ်ခံအားတိုးပွားလာစေတယ်။ အသားဖြူစေတဲ့ အဓိက အချက်ကတော့ ဗီတာမင် စီကြောင့်လို့ပြောလို့ရတယ်။ Glutathione က တော့ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ဓါတ်တစ်မျိုးပဲ။ အဲဒီလိုပါဝင်တဲ့ အသားဖြူဆေးကို သွေးပြန့်ကြောထဲ ထိုးသွင်းခြင်းအားဖြင့် အသားဖြူလာရုံမက ၊ကိုယ်ခံအားလည်းကောင်းလာမယ်။ အမာရွတ်တွေ ၊ အစွန်းအထင်းတွေကိုလည်း ပြေပျောက်စေနိုင်တယ်လို့ ဆိုကြတယ်။ ဆေးသွင်းချိန်ကတော့ နည်းနည်းကြာတယ်။ အနည်းဆုံး ၁နာရီကနေ ၄ နာရီအထိကြာတတ်တယ်တဲ့လေ။ ဆေးပညာဘလော့ဂ်တွေ နဲ့ ဆရာဝန်တွေရဲ့မှတ်ချက်အရတော့ အသည်း နဲ့ ကျောက်ကပ်ရောဂါရှိသူတွေတော့ မထိုးသင့်ဘူးလို့ ဆိုကြရဲ့။
.
ဒီလို အသားဖြူထိုးဆေး ထိုးဖိုးကို ဆယ်လီဘရစ်တီတွေက တဖြည်းဖြည်းစိတ်ဝင်စားလာကြတယ်။ တီဗွီကြည့်ရင်း အဆိုပြိုင်ပွဲတစ်ခုမှာ ပြိုင်ပွဲဝင်တစ်ယောက်က သူ့အသားအရည်ညိုတဲ့ အတွက် အသားဖြူဆေးထိုးမယ် ဆိုတာမျိုး ပြောလာတာပါ တွေ့ရတော့ အခုအချိန်မှာအသားဖြူဆေးထိုးထားတဲ့ ဆယ်လီဘရစ်တီတွေ လည်း ရှိနေပြီလို့ ဆိုလို့ရမယ် ထင်ရဲ့လေ။
.
အသားဖြူထိုးဆေးတွေရဲ့ အစွမ်းသတ္တိတွေ က အသားဖြူလာမယ် ၊ အမာရွတ်တွေ မှိန်ဖျော့စေမယ်။ ကိုယ်ခံအားကောင်းလာမယ် ဆိုတာတွေအပြင် တချို့ အသားဖြူထိုးဆေးတွေ ကတော့ အမျိုးသားတွေ ပန်းသေ ၊ ပန်းညှိုးရောဂါတွေကိုပါ သက်သာပျောက်ကင်းပြီး မူလအတိုင်းဖြစ်လာစေတယ်လို့ ဆိုကြရဲ့။
.
ဘေးစားပွဲက လူလတ်ပိုင်းနှစ်ဦးနဲ့ ထိုင်နေတဲ့ လူငယ်ကတော့ မိုက်ကယ်ဂျက်ဆင် MTV ကို တမေ့တမောငေးနေလေရဲ့။ သီချင်းတွေက လူဖြူပုံစံနဲ့ တစ်မျိုး ၊ လူမည်းပုံစံနဲ့ တစ်ဖုံ အမျိုးမျိုးဆိုတော့ ယနေ့ခေတ် လူငယ်ပိုင်းကတော့ မသိရင် မျက်စိလည်လောက်စရာ မိုက်ကယ်ဂျက်ဆင်ရဲ့ ဘ၀ပုံစံအထွေထွေပါပဲလေ။ ဟိုတုန်းက လူမည်းအဖြစ်မွေးဖွားလာခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်တစ်ယောက် လူဖြူဘ၀ကို ရောက်ဖို့ ပလပ်စတစ်ဆာဂျရီ နဲ့ ငွေပေါင်းမြောက်များစွာသုံးပြီး ပြုပြင်ခဲ့ပေမယ့်လည်း သူ့အနေနဲ့ အသားဖြူရုံသက်သက်ပဲပေါ့။ ယနေ့ခေတ်မှာတော့ အသားဖြူစေဖို့ အတွက်သာမကဘဲ ကိုယ်ခံစွမ်းအားတွေပါ မြင့်တက်စေတဲ့အပြင် ယောက်ျားပီသစေတဲ့ အသားဖြူထိုးဆေးတွေလည်းပေါ်ထွန်းလာခဲ့ပြီမဟုတ်လား။
.
မိုက်ကယ်သာ ယနေ့ခေတ်မှာမွေးဖွားလာခဲ့တဲ့ ခေတ်သစ်လူမည်း တစ်ဦးသာဆိုရင် တိုးတက်လာတဲ့ ဆေးပညာခေတ်ကြီးထဲမှာ အသားဖြူချင်တဲ့သူ တစ်ယောက်ဖြစ်ဦးမလား။ ဖြစ်ချင်တယ်ဆိုရင်လည်း ပလပ်စတစ်ဆာဂျရီ ကို စိတ်ဝင်စားဦးမလား။ အတွေးနယ်ချဲ့နေမိတယ်။ လောလောလတ်လတ်မှာတော့ လက်ဖက်ရည်ဆိုင်ထဲမှာ မိုက်ကယ်ဂျက်ဆင်ရဲ့ မြူးမြူးကြွကြွ ကကွက်တွေနဲ့ တေးသံတွေ ပျံ့လွင်လို့။
.
.
ကျော်ညိုသွေး