ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ဘာဂျာသံတွေ ဆူညံနေတဲ့ကဗျာ

ဘာဂျာသံတွေ ဆူညံနေတဲ့ကဗျာ
.
မြင်းကောင်ရေတစ်ထောင်အား
ငါ့အချစ်တွေက
နင့်နှလုံးသား တံခါးဖွင့်မယ့် အချိန်ကို
စောင့်စားနေရတာ ညောင်းညာကိုက်ခဲလို့။
.
ကိုယ့်သစ္စာတရားနဲ့လေ..
နင့်စွန်ကလေး ကိုင်းကန်သွားတဲ့အထိ
ချစ်မယ်စိတ်ကူးတယ်။
.
ဘယ်လောက်ထိလွမ်းသလဲမမေးနဲ့
စကားတွေကြမ်းသွားခဲ့ရင်တောင်းပန်တယ်
ယောက်ျားနဲ့ မိန်းမ သဘာဝက ပြောင်းပြန်ပဲ။
.
နင်သိလား အလွမ်းက ချိုလို့ဖြစ်မယ်
ငါ့အခန်းထောင့်တွေမှာ ပုရွက်တွေ အုံဖွဲ့တယ်။

အချစ်မရှိတဲ့ဘဝက
ဈေးဦးမပေါက်တဲ့ ဖာသည်မလိုပဲ
သိပ် သိမ်ငယ်တယ်။
.
အချစ်မရှိတဲ့ဘဝဟာ
စတိုးဆိုင်ရှေ့က
လိင်တံမရှိတဲ့ ယောက်ျားပုံ ပလပ်စတစ်ရုပ်လိုပဲ။
.
ရာသီချိန်မှာ အရွယ်ရောက်လာတဲ့
ခွေးတစ်ကောင်ရဲ့စိတ်မျိုးနဲ့
မင်းအချစ်ကို ရူးရူးမူးမူးမျှော်လင့်တယ်။
.
ငါ့ကိုပြန်ချစ်ပါကွယ်
ဂျင်ပျိုမလေးကို ဖင်နုတ်အောင်ထိုးဖို့
ငါ့အချစ်တွေကို ချွန်မြအောင်သွေးထားပါရဲ့။
.
မင့်တစ်ဘဝလုံးသောက်ရမယ့်
သက္ကရာဇ်ဖျော်ရည်တွေထဲ
ငါ့ မြင်းရိုင်းတွေမောင်းသွင်းလို့။
ငါ့အပြုံးအက္ခရာတွေနဲ့
မင့်သိမှုကိုချိုးဖျက်ဖို့လာပြီ။
နောက်ခံတီးလုံးက...
ကမ္ဘာကျော်တဲ့ ဒန် ဒန့် ဒန်။
.
ကျော်ညိုသွေး