ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ဒွေးကေညှပ်ခြင်း




ဒွေးကေညှပ်ခြင်း
------------------
ရန်ကုန်မှာနေထိုင်ရတာ အဆင်မပြေတာတွေကို အရင်ကလည်း ရေးဖူး ပြောဖူးပါရဲ့။ အစားအသောက်၊ အနေအထိုင် အပြောအဆို ကနေစပြီး ဝတ်စားဆင်ယင်မှုအထိ အဆင်မပြေတာတွေ တော်တော်များများကြုံရတဲ့အထဲမှာ အပါအဝင်ဖြစ်တဲ့ အဆင်မပြေမှုတစ်ခုကတော့ ဆံပင်ညှပ်တာပါပဲ။
.
ငယ်ငယ်ကဆိုရင် ဆံပင်အရှည်သိပ်ထားချင်ပေမယ် ကျောင်းတက်/ကျူရှင်တက်ချိန်တွေနဲ့မို့ ဆရာသမားတွေက ဆံပင်အရှည်မထားခိုင်းတာကြောင့် အတိုပဲထားရတယ်။ အဲဒီအခါ ဆံပင်အတိုဆိုရင်ပြီးရော ဆံပင်ညှပ်ဆိုင်သွားပြီး ပါးစပ်ထဲရှိရာ ဆံပင်ပုံစံတစ်ခုကိုပြောလို့ ညှပ်ခိုင်းလိုက်တာပါပဲ။ အဲဒီတုန်းကတော့ အာနိုးတို့ ဗန်ဒိန်းတို့ က ခေတ်စားနေတာဆိုတော့ သူတို့ဆံပင်ပုံစံညှပ်ပေးဆိုပြီး ညှပ်ခိုင်းရတာပေါ့။ အာနိုးကေတို့ ဗန်ဒိန်းကေတို့ဆိုတာ ပုံစံအတည်တကျသတ်မှတ်ထားတာမှမရှိတာ။ အဲဒီမင်းသားတွေကလည်း အားကစားသမားတွေဆိုတော့ အတိုပဲညှပ်ထားကြတာပါပဲ။
.
၇တန်း တန်းလောက်မှာ မင်းသားအသစ်တစ်ယောက် ပေါ်လာတယ်။ မင်းသားကြီး ဦးကျော်ဟိန်း ရဲ့ဒုက္ခကိုအရောင်ဆိုးတယ်” တဲ့ ဗီဒီယိုဇာတ်ကားတစ်ကားမှာ ဦးကျော်ဟိန်းနဲ့ အတူ သရုပ်ဆောင်တဲ့သူ။ သူ့နာမည်က “ဒွေး” တဲ့။ စစချင်းတော့ နာမည် ထူးထူးဆန်းဆန်းကြောင့်ဒွေး” ဆိုတာ မင်းသမီးလို့ ထင်ခဲ့သေးတယ်။ နောက်ကျမှဒွေး” ဆိုတာ ယောက်ျားမှန်း သိလိုက်ရတယ်။
.
အဲဒီဇာတ်ကားမှာတော့ဒွေး” က ဆံပင်အရှည်နဲ့ဗျ။ ဆံပင်အုံထူထူနဲ့ပဲ။ ဒါပေမယ့် နောက်ထပ်ထပ်ထွက်လာတဲ့ သူ့ဇာတ်ကားတွေမှာတော့ ဆံပင်က ထူးထူးခြားခြားပဲ တိုတိုကပ်ကပ်နဲ့ ဖြစ်သွားတယ်။ အဲဒီတုန်းက မင်းသားတွေက ဆံပင်အရှည်ထားကြတာ။ တွေ့ဖူးတဲ့ မင်းသားတွေ ထဲ ရဲအောင် ရန်အောင် ကျော်ရဲအောင် သီဟတင်စိုး စသည်ဖြင့်မင်းသားတွေ ကြည့်လိုက်ရင် ဆံပင်တွေ က အုံထူထူနဲ့ ချည်းပဲ။ဒွေး” စပြီး ထွက်လာတော့ သူ့ပုံစံက ထူးခြားနေတယ်။
.
မင်းသားတွေထဲမှာ ဆံပင်အတိုနဲ့ မင်းသား သူတစ်ယောက်တည်း ထူးထူးခြားခြားဖြစ်နေတာ ဆိုတော့သူ့ဆံပင်ပုံစံကလည်း ခေတ်စားလာတယ်။ လူကြီးတွေအကြိုက်ပေါ့။ လူကြီးတွေဆိုတာ ကလေးတွေ လူငယ်တွေ ဆံပင်ရှည်တာ တစ်စက်မှ ကြိုက်တာမဟုတ်ဘူး။ဒွေးကေ” လည်း ခေတ်စားလာရော လူကြီးတွေကဒွေးကေ” ပဲညှပ်ခိုင်းတယ်။ ဆရာတွေကလည်းဒွေးကေ” ပဲညှပ်ခိုင်းတယ်။
.
ဒွေးကိုကြိုက်တဲ့ ကလေး လူကြီး လူငယ်တွေ အကုန်လုံး အားလုံး ဒွေးကေ မှ ဒွေးကေ။ အဲဒီထဲမှာ ကိုယ်တွေလည်းပါတာပေါ့။ဆံပင်ညှပ်ဆိုင် ရောက်ပြီဆို ဒွေးကေပဲညှပ်တယ်။
နောက်ပိုင်း အတန်းကြီးလာတဲ့အခါ ဆံပင်အရှည်ထားချင်တဲ့ရောဂါက ထလာပြန်ရော။ အဲဒီအချိန်မှာ စည်သူလွင်ကေ ဆိုတာကလည်း ခေတ်စားလာပြီလေ။ ဒါပေမယ့် ဒွေးကေပဲ ညှပ်နေရတုန်းပါပဲ။ ကျောင်းမှမပြီးသေးတာ။ ကျောင်းပြီးတဲ့အခါကျမှ
ဒွေးကေကို စွန့်လွှတ်ပြီး စည်သူလွင်ကေကို ထားရတော့တယ်။ နောက်ပိုင်းမှာ ဟက်ကက် ပေါ်လာတော့လည်း သူ့လို ဆံပင်ကုပ်ဝဲထားချင်လာပြန်ရော။ အမျိုးမျိုးပေါ့လေ။ အလုပ်တွေဘာတွေ ၀င်တဲ့အခါကျတော့ ဆံပင်အရှည်နဲ့ မဖြစ်တော့ပြန်ဘူး။ ထိန်းသိမ်းရ ခက်လာတယ်။ အဲဒီအခါမျိုးမှာ ငယ်ငယ်က ထားခဲ့ဖူးတဲ့ ဒွေးကေကို ပြန်ညှပ်ရတာပေါ့။
ဒွေးကေကို ဆယ်တန်းလောက်အထိ ထားခဲ့တယ်။
.
အဲဒီတုန်းက ကျူရှင်တက်တဲ့အနီးအနားမှာ ဒွေးကေညှပ်တာကောင်းတဲ့ ဖိုးကဲလေးဆိုတဲ့ ဆံသဆရာရှိတယ်။ သူကဇိုးသမားပေမယ့် ဆံပင်ညှပ်တာ သပ်ရပ်တယ်။ အခုတော့ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းတောင်မသိတော့ဘူး။ အဲဒီတုန်းက ဖိုးကဲလေးမှာ ဒွေးကေညှပ်ပြီးရင်လူက သပ်ရပ်ပြီး ရှင်းသန့်နေတော့တယ်။
.
အဲဒီတုန်းက အချိန်လေးတွေကျော်လွန်ပြီးတဲ့နောက်ပိုင်း အခုအချိန်မှာ ဆံပင်အတိုညှပ်ဖို့ဖြစ်လာရင် ဒွေးကေပဲညှပ်ဖို့စိတ်ကူးမိတယ်။ ဒါပေမယ့် ဒွေးကေဆိုတာကို ဘယ်သူမှသေချာညှပ်မပေးတတ်တာက ပြဿနာတစ်ခုပဲ။ ဒွေးကေညှပ်တယ်ဆိုတာက ဆံပင်ကို တိုရုံတင်မကပါဘူး။ သူ့ရှိရမယ့်ပုံစံတစ်ခုကို ၀င်အောင်ညှပ်မှလည်း ဖြစ်တာပါ။ ဒွေးကေဆိုတဲ့ ရုပ်ရှင်မင်းသားဒွေးရဲ့ဆံပင်ဒေါက်ဟာ နားရွက်ပေါ်က နားကွင်းကနေ အောက်ကို လေးဆယ့်ငါးဒီဂရီ စောင်းပြီးကျလာတဲ့ပုံစံပါ။ ဒါပေမယ့် ဆံပင်ညှပ်တိုင်းအဲဒီဒေါက်ပုံစံလေးဖြစ်အောင် ဆံသဆရာကို မနည်းပြောတာတောင်မှ အဆင်မပြေလှပါဘူး။ အဲဒါအပြင် ဒွေးကေမှာ တခြားလိုက်နာရမယ့် အနေအထားတွေ ရှိပါသေးတယ်။ အဲဒါတွေ အားလုံးပြည့်စုံမှ
ဒွေးကေ ရဲ့ ပုံပေါ်တာဖြစ်ပါတယ်။
.
အခုလောလောဆယ်မှာ ကျွန်တော်ဒွေးကေညှပ်ထားပါတယ်။ ဒါပေမယ့် ဒွေးကေမဖြစ်ပါ။ ရိုးရိုးအတိုပုံစံသာ ဖြစ်ပါတယ်။ ကျွန်တော်သိထားတဲ့ ဒွေးကေပုံစံကို လွမ်းပြီး ပုံလေး () ပုံ ဆွဲထားတယ်။ တစ်ပုံက ဒွေးကေဖြစ်ပြီး တစ်ပုံက ရိုးရိုး အတိုပုံစံပါပဲ။
.
ပုံ () ကိုကြည့်မယ်ဆိုရင် အဲဒါဟာ ရိုးရိုးအတိုပုံစံဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယပုံကတော့ ဒွေးကေဖြစ်ပါတယ်။ ပုံ() နဲ့ ပုံ () က အများကြီးကွာခြားမှုရှိပါတယ် အဲဒါကတော့ ဆံပင်ပုံစံရဲ့ ထိပ်ပိုင်း နေရာ ဘေးဘက်နဲ့ ချိုစောင်းနေရာတွေပဲဖြစ်ပါတယ်။ ဒွေးကေဟာ အပေါ်က အပြားပုံစံဖြစ်ပါတယ်။ ၁၈၀ ဒီဂရီနဲ့ ရေပြင်ညီအနေအထားဖြစ်ပြီး ချိုစောင်းနေရာကလည်း မဆိုသလောက်လေးပဲ ညှိထားပါတယ်။ ပြီးတော့ ဘေးဘက်မှာလည်း အပေါ်ကိုတည့်တည့်ထောင်တက်နေတာဖြစ်ပါတယ်။
.
အဲဒီလို အပေါ်ကို တည့်တည့်ထောင်တက်ဖို့အတွက်ဆိုရင် ချိုစောင်းနေရာကို မလုံးလိုက်ဖို့လိုပါတယ်။ အဲဒါမှသာ ၉၀ ဒီဂရီတည့်တည့်မျဉ်းဖြောင့်အနေအထားရမှာပါ။ ဒါပေမယ့် ဆံပင်ညှပ်ဆရာတွေကတော့ အဲဒီအနေအထားကို ဘယ်လိုပြောပြောနားမလည်နိုင်ကြပါဘူး။ ပိုဆိုးတာက ဆံပင်ရဲ့ အပေါ်ငယ်ထိပ်နေရာမှာ အပြားပုံစံလို့ပြောတာကိုနားမလည်ဘဲ အပါးလို့ပဲထင်နေကြပါတော့တယ် တကယ်တမ်းက ပြားတာနဲ့ ပါးတာနဲ့ မတူပါဘူး။ အပေါ်ဘက် အညီကိုပြောတာသာဖြစ်ပါတယ်။
.
အဲဒီလိုမသိတဲ့အခါမှာ ဆံပင်ကို အပေါ်ပိုင်းတိုချလိုက်တယ်။ ပြီးတော့ မညီညီအောင်ညှိတဲ့အခါ အပေါ်ထိပ်ပိုင်းကနေ ဘေးနှစ်ဘက်ဆီကို လုံးချလိုက်ပါတော့တယ်။ ဘေးဘက်ကနေလည်း အပေါ်ကိုတက်လာတဲ့အခါ အပေါ်ကလုံးချတာနဲ့ ဆက်စပ်မိအောင် ထပ်ညှိပါတယ်။ အဲဒီအခါ ချိုစောင်းနေရာမှာ အလုံးအ၀ိုင်းဖြစ်နေတော့တယ်။ ဆံပင်ညှပ်လည်းပြီးရော ဆံပင်က ပေါ်ကို အလုံးအ၀ိုင်းဖြစ်နေပါရောလေ။ အဖြစ်ကတော့ အဲဒါပါပဲ။ တော်တော်များများသော ဆံပင်ညှပ်ဆရာတွေကို ဒွေးကေလို့ပြောရင် ဒွေးကမဖြစ်ဘဲ။ စစ်ကေသာဖြစ်နေပါတော့တယ်။
.
တကယ်တမ်းဒွေးကေပုံစံအစစ်က အပေါ်ဘက်က ၁၈၀ ဒီဂရီအပြားပုံစံ။ ဘေးဘက် ၉၀ ဒီဂရီအပြားပုံစံ ဖြစ်ပြီး အနောက်ဘက်ကလည်း ဂုတ်နေရာဆံပင်စပ်ကနေ အပေါ်အထိ ခေါင်းမော့ထားတဲ့အခါ ၉၀ ဒီဂရီအထောင်ပုံစံဖြစ်ပါတယ်။
ဒွေးကေအစစ်ကို ဘယ်လိုနေရာမှာသွားညှပ်ရပါ့မလဲလေ။ ဒွေးကေမှာလည်း သီအိုရီရှိတယ်။
.
ကျော်ညိုသွေး