ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

စုနိုင်ဌေး



စုနိုင်ဌေး
.
နင့်နဲ့ပတ်သက်နေရတုန်းက
နင့်ကိုငါ
နုံချာချာအောက်တန်းစာရေးလေးက
အထက်တန်စားဖာကြီးကို မော်မကြည့်ဝံ့သလိုမျိုး
နင့်အပြုံး၊ နင့်အကြည်တွေဆိုတာ
ငါ့မှာ ဖဲနိုင်၊ ချဲနိုင်သလို ပျော်မောခဲ့ရ။
.
ပြောင်းလဲချိန်တန်ခဲ့ပြီ။
မှိုစွဲနေတဲ့အနာကို ကုရခက်သလိုမျိုး
မျက်ရည်ခံမှဲ့ကိုမှငါက မက်မောနေခဲ့တော့
ဘဝဟာ အသေလိုရှင်သန်ရတဲ့အဖြစ်နဲ့။
.
စံပယ်တင်မှဲ့ဆိုတာ
ဓူဝံကြယ်မှမဟုတ်ဘဲ။
လမ်းပျောက်ခဲ့တဲ့ ညတိုင်းဟာ
ရင်ကွဲနေတဲ့ ပုစဉ်းတွေ ရဲ့အော်သံမြောင်းမြောင်းထလို့။
ငါ့မှာ။
.
မိန်းမမမြင်ဘူးတော့
အပျက်မကိုပဲ တမ်းတမ်းစွဲစိတ်မျိုးနဲ့
အချစ်မှာ ရိုးဂုဏ်တွေမြဲလို့။
တခဏတာသီချင်းကို
တစ်ဘဝစာလင်းချင်တဲ့စိတ်နဲ့
နင့်ကို ယမင်းရုပ်လို့လည်း သိက္ခာတင်ဖူးခဲ့။
.
ဝတ္တရားကိစ္စပြီးလို့
လှလှပပထွက်ခွာသွားတဲ့ ကြေးစားမိန်းမလို
မင်းဟာအခုတော့ ငါ့ကိုပစ်ချလို့ထားခဲ့ပြီပဲ။
နံနက်ခင်းနေရောင်ခြည်တွေလည်း အလကား
အလုပ်သဘော ဆန်လွန်းတယ်။
.
ကျော်ညိုသွေး