Posts

ခရမ်းချဉ်သီးပန်ထွေဖျော်

  ခရမ်းချဉ်သီးပန်ထွေဖျော် _________________________ ခရမ်းချဉ်ပင်ကနေ သီးဝေတဲ့ ခရမ်းချဉ်သီးကလေးတွေအရွယ်ရောက်လာတဲ့အခါ သူတို့ထဲကတချို့ဟာ.. ခရမ်းချဉ်သီးပန်ထွေဖျော်ဟင်းလျာအတွက် သူတို့ကိုယ်သူတို့ ပေးဆပ်တာဝန်ကျေဖို့အသင့်ရှိနေကြလိမ့်မယ်။ မီးခိုးနံ့သင်းတဲ့ဟင်းလျာလေးတစ်ခုဟာ ခရမ်းချဉ်သီးပန်ထွေဖျော် ဖြစ်တယ်။ အနေတော်မီးဖုတ်ပြီးတဲ့ ခရမ်းချဉ်သီးကလေးတွေကို ငရုတ်ဆုံကျယ်ကျယ်ထဲ ထည့်ထောင်းပြီး.. မီးကင်ထားတဲ့ငါးပိအနည်းငယ်ရယ်၊ ကြက်သွန်ဖြူသုံးလေးတက်ရယ်၊ နုပ်နုပ်စဉ်းထားတဲ့ နံနံပင်နဲ့ ငရုတ်သီးစိမ်းကလေးတွေရောမွှေလိုက်တဲ့အခါ သုံးဆောင်ဖို့အသင့်ဖြစ်နေတဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်တစ်ခွက်ဖြစ်လာမယ်။ . မီးခိုးရနံ့သင်းနေတဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်ကို ထမင်းဖြူဖြူလေးတွေပေါ်ဆမ်းပြီး နယ်ဖတ်လို့စားကြည့်ပါ။ ခရမ်းချဉ်သီးပန်ထွေဖျော်ဟာ ပွဲဝင်တဲ့ဟင်းလျာတစ်မျိုးမဟုတ်ခဲ့ပေမဲ့.. ဆာလောင်နေတဲ့ဝမ်းအတွက်တော့ မြိန်စရာဟင်းတစ်မယ်အဖြစ် အသင့်ရှိနေလိမ့်မယ်။ အကြောင်းအမျိုးမျိုးကြောင့် တခါတလေမှာ မေ့ထားခံရကောင်း ခံရနိုင်ပေမယ့် လိုအပ်တဲ့အချိန်တိုင်းမှာ.. ခံစားချက်ရဲ့ကွက်လပ်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ခရမ်းချဉ်သီးပန်ထွေဖျော်ဟာ တနေရာမှာအသင့်ရှ...

ရှင်သန်စိတ်

ရှင်သန်စိတ်ဆိုတာဟာ ဘာလဲလို့ မေးရင် ရုတ်တရက်တော့ ဖြေရခက်ပါလိမ့်မယ်။ ရှင်သန်စိတ်ဆိုတာ ဘာပါလဲ။ ရှင်သန်စိတ်ဆိုတာ ကိုယ်ကိုယ်တိုင်ရှင်သန်ဖို့ အတွက် လုံလောက်တဲ့ အကြောင်းအရင်းပါ။ အဲဒီအကြောင်းအရင်းဆိုတာဟာလည်း လောကကြီးမှာ ကိုယ့်ဟာ နေရာတစ်ခုအတွက် ၊ တစ်စုံတစ်ယောက်အတွက် လိုအပ်တယ်ဆိုတဲ့ အခြေခံစိတ်ကစပါတယ်။ တစ်ခါတလေမှာ လူတွေဟာ ရှင်သန်စိတ်ပျောက်ကြပါတယ်။ လောကကြီးမှာ ငြီးငွေ့စိတ်ဝင်တတ်ပါတယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘဲ လေလွင့်ပေတေနေတတ်ကြပါတယ်။ ဒါဟာ ဘာကြောင့်များလဲ။ လောကကြီးမှာ ကိုယ်ဟာ အသုံးမဝင်ဘူးလို့ ကိုယ့်ကိုယ်ကိုယူဆတယ်။ ကိုယ့်ကို ဘယ်သူကမှ မလိုအပ်ဘူးဆိုတဲ့ စိတ်မျိုးဝင်လာတယ်။ အဲဒီလိုစိတ်အခြေအနေတွေကြောင့်ပဲ ရှင်သန်စိတ်ဟာ ပျောက်ဆုံးရပါတော့တယ်။  အထူးသဖြင့် တစ်စုံတစ်ယောက်ရဲ့ ပစ်ပယ်ခြင်းကို ခံလိုက်ရတာမျိုး၊ နေရာတစ်ခုကနေ ဖယ်ထုတ်ခံလိုက်ရတာမျိုးစတဲ့ လောကဓံ (၈) ပါးထဲက တစ်ပါးပါးရဲ့ တိုက်ခိုက်မှုကို စိတ်နှလုံးက နာကျင်စွာခံစားရတဲ့ အခါမျိုးတွေမှာပေါ့။ အဲဒီအတွက် နာကျင်စိတ်နဲ့အတူ သိမ်ငယ်စိတ်ဝင်လာတယ်။ ဘဝလမ်းကြောင်းပေါ်တည့်မတ်စွာလျှောက်နေကြတာကနေ လေလွင့်မှုလမ်းသွယ်တွေထဲဝင်ပြီး စိတ်ဟာ မှောင်ရိပ်မှာခိုနားတတ်ကြတ...

Blog ကို ပစ်ထားခဲ့တာကြာပြီ

 Blog ကို ပစ်ထားခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ သေချာတွက်ကြည့်တော့ ဆယ်စုနှစ်တစ်ခုဝန်းကျင်ရှိတော့မယ်။ Social Media ကို စွဲလမ်းပြီး Facebook ပေါ်မှာ လွင့်နေ၊ မျောနေခဲ့တာ ဒီလောက်ထိတောင်ကြာခဲ့တာလား။ ဒီကြားထဲ Blog ပေါ်ကို Post တွေ တင်ဖြစ်ပေမယ့်လည်း အကြာကြီးကြာပြီးမှ တစ်ခါ၊ နှစ်ခါလောက်ပဲရှိခဲ့တယ်။ အခုတော့ Social Media ကို သုံးချင်စိတ်က ကုန်သလောက်နီးပါးဖြစ်သွားခဲ့ပြီး Blog ကို ပြန်သတိရလာမိတယ်။ Blog ဖတ်သူတွေရော ရှိသေးရဲ့လားတော့မသိပေမဲ့ ကိုယ်ရေးဖြစ်တာလေးတွေ ဒီမှာ ပြန်တင်ရင်ကောင်းမလားလို့တော့ စဉ်းစားမိတာပါပဲ။ ဘာပဲဖြစ်ဖြစ် တိုက်ဆိုင်ပြီး မျက်စိလည်လမ်းမှားရောက်ခဲ့သူ တစ်ယောက်တလေဖြစ်ဖြစ် ရှိခဲ့ရင်တော့ ရေးတာတွေ မြင်ပါစေပေါ့။ 

ဘီယာကို ဘာကြောင့် ဖန်ခွက်နဲ့ထည့်ပြီး သောက်သင့်တာလဲ?

Image
ဘီယာကို ဘာကြောင့် ဖန်ခွက်နဲ့ထည့်ပြီး သောက်သင့်တာလဲ?       ဒီခေတ်မှာတော့ ဘီယာဟာ သတ္တုဘူး (သို့) ပုလင်းနဲ့ ရောင်းချတဲ့ ဘီယာရှိသလို ၊ စည်ထဲကနေ ခွက်ခြင်နဲ့ရောင်းတဲ့ ဘီယာလည်း ရှိပါတယ်။ ဆိုင်မှာ ခွက်နဲ့ဝယ်သောက်တဲ့အခါ ဖန်ခွက်နဲ့ ထည့်ပေးပေမယ့် ကိုယ့်ဘာသာကိုယ် စတိုးဆိုင်ကနေ ဝယ်ရင်တော့ သတ္တုဘူး(သို့) ပုလင်းနဲ့ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်စေ ဘီယာကိုသောက်တဲ့ အခါ ဖန်ခွက်နဲ့ ထည့်ပြီး သောက်ဖို့ အတွက် လေ့လာသူတစ်ချို့က အကြံပေးထားတာရှိပါတယ်။  . ဘီယာကို ဘာကြောင့်ဖန်ခွက်နဲ့ထည့်ပြီး သောက်သင့်သလဲဆိုတဲ့ အကြောင်းအရင်း (၃) ချက်ရှိနေပါတယ်။ အဲဒါတွေကတော့… - အနံ့ နဲ့ အရသာ ကို ကောင်းစွာခံစားနိုင်ဖို့ - အမြင်ကြောင့်သောက်ချင်စိတ်ဖြစ်မှုကို အထောက်အပံ့ဖြစ်စေဖို့။ - အမြုပ်ရဲ့အထောက်အပံ့ တို့ပဲဖြစ်ပါတယ်။ . [အနံ့ နဲ့ အရသာ ကို ကောင်းစွာခံစားနိုင်ဖို့] ---------------------------------------------- Taste ဆိုတဲ့အရသာကိုခံစားမှုဟာ အနံပါဝင်မှပဲ ပြီးပြည့်စုံမှာပဲဖြစ်ပါတယ်။ အစားအသောက်တွေကို အရသာခံတဲ့အခါ နှာခေါင်းသာပိတ်နေမယ်ဆိုရင် ပြီးပြည့်စုံတဲ့ အရသာခံစားမှုကိုဖြစ်ပေါ်စေမှာမဟုတ်ပါဘူး။ ဒါကြောင့် အနံ့ဟ...

အရှောင်အတိမ်းကောင်းကောင်းနဲ့ ဝေဖန်မယ်

အရှောင်အတိမ်းကောင်းကောင်းနဲ့ ဝေဖန်မယ် ========================= လူတွေအမြဲတမ်းပြောတတ်ကြတယ်။ ဝေဖန်တာမခံနိုင်ရင် မတိုးတက်ဘူးဆိုတာမျိုးပေါ့။  တကယ်တမ်း သူတို့ကို စိတ်ရင်းအတိုင်းဝေဖန်လိုက်လို့ မခေါ်နိုင်၊ မပြောနိုင် ဖြစ်သွားကြတာလည်း အများကြီးပါပဲ။ . တကယ်တမ်းတော့ လူဆိုတာ အဝေဖန်မခံနိုင်ဆုံး၊ ထောက်ပြတာ မခံနိုင်ဆုံး သတ္တဝါပဲ။  ဒါကြောင့် ဝေဖန်တာတွေ ၊ ထောက်ပြတာတွေ လုပ်တဲ့အခါ လူတွေရဲ့စိတ်မှာ ဝေဖန်လို့ ဝေဖန်မှန်းမသိအောင် တစေ့တစောင်းနဲ့ ဝေဖန်တာမျိုးကို လုပ်ကြတာပေါ့။ . အဲဒီတော့.. ဘဝမှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ အဆင်မပြေဘူးဆိုခဲ့ရင် ကိုယ်ကိုယ့်ကို ပြင်ဆင်လိုက်ဖို့က လူတွေကို မဝေဖန်ပါနဲ့။ လူတွေဟာ ဝေဖန်တာမကြိုက်ပါဘူး ဆိုတာကို အမြဲတမ်း သတိရှိရှိနဲ့ ပြုမူဖို့ပါပဲ။ . ဝေဖန်တာနဲ့ ပတ်သက်ပြီး တခါတလေမှာ အကျဉ်းအကျပ်ဖြစ်ရတဲ့ ကိစ္စတွေလည်းရှိတတ်တယ်။  ဒါကတော့ သူတို့ လုပ်သမျှကို အမြင်သုံးသပ်ဝေဖန်တာမျိုး လုပ်စေချင်တဲ့သူတွေနဲ့ တွေ့ရတဲ့အခါမျိုးမှာပေါ့။ . အဲဒီလို မဝေဖန်ရင်လည်း လူတွေက မကြိုက်ကြပြန်ဘူး။  လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာဟာ သိပ်ကို ခက်ခဲပါတယ်။  စိတ်ရင်းအတိုင်းဝေဖန်လည်း မကြိုက်တဲ့သူရှိသလို၊...

လမ်းကြောင်းမတူတဲ့ အောင်မြင်မှုအပေါ် အားကျစိတ်မဖြစ်ပါနဲ့။

လမ်းကြောင်းမတူတဲ့ အောင်မြင်မှုအပေါ် အားကျစိတ်မဖြစ်ပါနဲ့။ =================================  လူတွေဟာ ဘဝဖြစ်လာကတည်းက ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့ ဗီဇစိတ်အခြေအနေနဲ့ သက်ဆိုင်တဲ့ ဘဝနေထိုင်မှုလမ်းကြောင်းဆိုတာရှိပါတယ်။ ဘဝမှာဖြစ်လာတဲ့ ရည်ရွယ်ချက်တွေ ၊ ရည်မှန်းချက်တွေဟာလည်း အဲဒီလို ဘဝအခြေအနေနဲ့ ဗီဇစိတ်အခြေအနေပေါ်မှာမူတည်ပြီး ဖြစ်ပေါ်လာခဲ့ကြတာပါပဲ။ . ရည်ရွယ်ချက်ရှိတဲ့လူတိုင်းမှာ ကိုယ်သွားရမယ့်လမ်းကြောင်းဆိုတာရှိပါတယ်။ အဲဒီလမ်းကြောင်းကို ဖြောင့်ဖြောင့်တန်းတန်းလျှောက်ဖို့ဆိုရင် ကိုယ့်ရည်မှန်းချက်လမ်းကြောင်းတူ ပေါ်မှာ လျှောက်လှမ်းနေတာ မဟုတ်တဲ့လူတွေ ရဲ့ တိုးတက်မှုကိုကြည့်ပြီး သိမ်ငယ်စိတ်ကို ဖျောက်ထားမှရပါလိမ့်မယ်။ . ကိုယ်ကဖြစ်ချင်တာကတမျိုး၊ လုပ်နေရတာတမျိုးဆိုတာမျိုး ဘဝမှာ တခါတလေကြုံရတတ်ပါတယ်။ ကိုယ်ရဲ့ရည်မှန်းချက်ကို အကောင်အထည်မဖော်နိုင်သေးခင်မှာ လှေကားထစ်အနေနဲ့ ကိုယ့်ရပ်တည်မှုကို ယိုင်နဲ့မသွားအောင်ဆိုတဲ့ အနေနဲ့ တခြားနယ်ပယ်တစ်ခုခုမှာ လုပ်ကိုင်နေရတာမျိုး ရှိနေတဲ့အခါ အဲဒီနယ်ပယ်မှာရှိတဲ့ သူတွေရဲ့ အောင်မြင်မရရလာဒ်တွေကို အားကျပြီး ကိုယ့်ရဲ့ရည်မှန်းချက်အတွက် ကြိုးစားမှုအပေါ် လျော့တိလျော့ရဲစိတ်ဖြစ်လာတတ်တာဟာ သ...

ဟယ်လင်ရဲ့ကမ္ဘာ

ဟယ်လင်ရဲ့ကမ္ဘာ . အနက်ရောင်ပန်းတွေကြားထဲကလှမ်းမြင်ရတဲ့ ဟယ်လင်ရဲ့ နိုင်ငံတော်ဟာ ဖြူလွလွ အဝတ်စတွေ တလွင့်လွင့်နဲ့။ . အလွမ်းဆိုတာ.. နှစ်ပါးသွားပြဇာတ်ကိုကြည့်လို့ရတဲ့.. ကြည်နူးမှုမျိုးလိုမဟုတ်ဘူးဆိုတာ  မင်းသိလောက်ရဲ့။ . အကြွေစေ့တွေ ပစ်မြှောက်လိုက်တိုင်း ပြန်ကျလာတာက.. တကူးတက မိုးရေတွေပဲ လက်ဖဝါးထဲမှာ မီးတောင်တွေထည့်သိမ်းထားတယ်။ . ကြမ်းတမ်းပါစေ သည်းခံမယ် လူဖြစ်ရတဲ့ ဘဝထဲက ခက်ခဲမှုတစ်ခုပဲ ဝင်္ကပါတွေထဲက.. နှင်းဆီပန်းအကြွေတွေမြင်တိုင်း ငတ်မွတ်နေတဲ့ အပြုံးကို  ဘယ်လိုအငွေ့ပျံပစ်စေခဲ့ရသလဲ မင်းသိတယ်။  မင်းသိမယ်။  မင်းလည်း သိလောက်ရဲ့။ . ငါ့ကိုယ်ငါလည်း ခွင့်မလွှတ်ဘူး။ ညတွေအပေါက်ပေါက်အပြဲပြဲဖြစ်နေခဲ့ရတာလည်း  ခွင့်မလွှတ်ဘူး။ လမ်းဆုံးပြီ။ ဘူတာရုံအိုလေးထဲ ကျန်နေခဲ့ပြီ။ ကြယ်ကြွေနေတဲ့.. အိပ်မက်တွေထဲက မင်းနှုတ်ခမ်းပင်လယ်ကို လက်ပစ်ကူးရင်း ငါကျရှုံးခဲ့ပြီ။ . ရင်ကွဲပက်လက်နွေထဲက ငါ့အော်ဟစ်သံတွေတဆုံးမှာ စပါးနှံတွေရင့်မှည့်ကုန်ကြပြီ။ . မိုင်များစွာအဝေးဆီ.. တေးသံတွေ ခရီးထွက်သွားကြ ဟန်းနီးမွန်းဆိုတဲ့ စကားလုံးကို  ငါ့အဘိဓါန်ထဲက စာမျက်နှာတွေထဲ  စုတ်ဖြဲလို့ထားခဲ့မယ်။ . နှစ်ပါးသွားပြဇာတ်ဆိ...

အရေးအသားပြုလုပ်ခြင်းနှင့် အနှောက်အယှက်ကင်းတဲ့ဝန်းကျင်

အရေးအသားပြုလုပ်ခြင်းနှင့် အနှောက်အယှက်ကင်းတဲ့ဝန်းကျင် နေ့တိုင်းလိုလို စာရေးနေရတဲ့ စာရေးသူတစ်ယောက်နေရာမှာရောက်နေပြီဆိုရင် သူ့ရဲ့ အဓိကလုပ်ဆောင်ချက်က စာရေးတာပဲ။ စာဖတ်တာက ဒုတိယနေရာမှာ ရောက်သွားပြီ။ စာရေးနိုင်ဖို့ ကြိုးစားလေ့ကျင့်နေတုန်းကတော့ စာဖတ်တာဟာ ပထမနေရာမှာပဲ။ စာတွေကို ကြိုးစားဖတ်မယ်။ စာအစုံဖတ်မယ်။ လေ့လာ စုဆောင်းမယ်။ စာကိုမဖြစ်မနေရေးနေရပြီဆိုရင် စာဖတ်တာနည်းသွားမယ်။ မနည်းလို့လည်းမရဘူး။ စာကို အဓိကရေးနေရပြီကိုး။ အဲဒီတော့ စာဖတ်ချိန်မှာ ဘယ်စာဖတ်မယ်၊ ဘယ်လိုဖတ်မယ် ဆိုတာနဲ့ ဖတ်သမျှစာထဲက ရနိုင်သလောက် စုပ်ယူနိုင်စွမ်းအားမြှင့်နိုင်သလောက် မြှင့်ပြီး ဖတ်ကြရတော့တယ်။ . စာရေးသူတစ်ယောက်အတွက် စာရေးဖို့အထောက်အပံ့ဆိုတာ စာအုပ်တွေရှိတာ ၊ စာဖတ်တာကိုပြောတာမဟုတ်ဘူး။ Accessories တွေကိုပြောတာလည်း မဟုတ်ဘူး။ စာရေးဖို့အတွက် အထောက်အပံ့က အာရုံစုစည်းနိုင်မှု အထောက်အပံ့ပဲ။ စာရေးတာဟာ ဘာသာစကားကိုကြားခံထားပြီး ဖန်တီးမှုပြုလုပ်တာပဲ။ အဲဒီအတွက် ဖန်တီးမှုကို အထောက်အကူပြုနိုင်မယ့် စိတ်အခြေအနေ၊ အသိုင်းအဝိုင်း နဲ့ ပတ်ဝန်းကျင်ကောင်းလိုအပ်တယ်။ . အနည်းဆုံးတော့ ဓမ္မာရုံကနေ မနောသီချင်းကို loop လုပ်ပြီးဖွင့်ထားရင် စာရေးဖို့ စိတ်အ...

Fuck You

Fuck You Fuck You လို့အမည်ရတဲ့ စာပေလုံးဝအထူးပြုတဲ့မဂ္ဂဇင်းတစ်ခု ကို 1962 ခုနှစ် မှာ ကဗျာဆရာ Ed Sanders က New York မြို့ကြီးထဲက Manhattan မြို့လေးရဲ့ အရှေတောင်ဘက်ပိုင်းမှာ စတင်တည်ထောင်ခဲ့တယ်။ ကဗျာဆရာ Ed Sanders ဟာ နောက်ပိုင်းမှာ The Fugs ဂီတအဖွဲ့ရဲ့  ဘယ်သူ့မှ စောက်ဂရုမစိုက်တဲ့အထာနဲ့ ထုတ်ဝေခဲ့ပြီး ၊ ဖော်ပြချင်ရာ ဖော်ပြတဲ့ Fuck You ကို ရောင်စုံခြယ် Construction Paper တွေပေါ်မှာရိုက်နှိပ်ထုတ်ဝေခဲ့ပြီး Mimeograph Machine နဲ့ ရိုက်နှိပ်ခဲ့တာပဲဖြစ်တယ်။ mimeograph machine ဆိုတာက stencil လို့ခေါ်တဲ့ သတ္တုပြားပေါ်မှာ ရိုက်နှိပ်ချင်တဲ့ စာ/ပုံတွေ ကို ပုံဖော်ထားပြီး မှင်သုတ်လို့ စာရွက်ပေါ်မှာ ရိုက်နှိပ်တဲ့ စက်တစ်မျိုးပဲဖြစ်တယ်။ သေချာတာကတော့ Fuck You ကို အဲဒီလိုမျိုး တန်ဖိုးနည်းပုံနှိပ်နည်းနဲ့ ပြုလုပ်ခြင်းဟာ Mimeo Revolution အဖြစ် Publication လုပ်ငန်းတွေရဲ့ ဈေးကြီးမှုကို ရွဲ့ပဲ့ပြီး အပေါ်ယံစာရွက်ထက် အနုပညာသာ အဓိကဖြစ်တယ်ဆိုတဲ့မာန်ကိုချီပြီး လုပ်တာပဲဖြစ်တယ်။  Fuck You – A Magazine Of The Arts လို့ Slogan ဖော်ပြထားတဲ့ Fuck You Magazine ဟာ သက်တမ်း (၃) နှစ်သာ ကြာမြင့်ခဲ့တယ်။ Fuck You ကို 1962 ခု...

World Photo Day - ကမ္ဘာ့ဓါတ်ပုံနေ့

World Photo Day - ကမ္ဘာ့ဓါတ်ပုံနေ့ နှစ်စဉ်နှစ်တိုင်းဆိုသလိုပဲ နိုင်ငံတကာမှာရှိတဲ့ ဓါတ်ပုံရိုက်ကူးခြင်းအနုပညာအပေါ် တပ်မက်စွဲလမ်းတဲ့ သူတွေဟာ သြဂုတ်လ ၁၉ ရက်နေ့ရောက်တိုင်းမှာ World Photo Day အထိမ်းအမှတ်အနေနဲ့ International Photography Event ကိုပြုလုပ်ကျင်းပကြလေ့ရှိပါတယ်။ World Photo Day Event ကို စတင်တည်ထောင်တဲ့သူကတော့ ဓါတ်ပုံပညာရှင် ၊ Storyteller တစ်ဦးဖြစ်သူ Korske Ara ဆိုသူပဲဖြစ်ပါတယ်။ . World Photo Day ကို 1839 ခုနှစ်မှာစတင်ခဲ့ပြီး အခုအချိန်မှာဆိုရင်တော့ World Photo Day ရဲ့ သက်တမ်းဟာ ၁၇၇ နှစ်တောင်မှပဲရှိခဲ့ပြီဖြစ်ပါတယ်။ World Photo Day ကို သြဂုတ်လ ၁၉ ရက်နေ့အဖြစ်သတ်မှတ်ခြင်းအကြောင်းအရင်း မူလဇစ်မြစ်ကတော့ ကမ္ဘာ့သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ပြင်သစ်သိပ္ပံပညာသင်ကျောင်းမှ ကျောင်းသားနှစ်ဦးဖြစ်တဲ့ Nicèphore Nièpce နဲ့ Louis Daguerre တို့ဟာ ၁၈၃၇ ခုနှစ်မှာ Daguerreotype လို့ အမည်ရတဲ့ ဓါတ်ပုံရိုက်ကူးခြင်းနည်းပညာတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး၊ Daguerreotype ဟာ ပထမဆုံးသော ဓါတ်ပုံရိုက်ကူးခြင်းဆိုင်ရာ တရားဝင်အသိအမှတ်ပြု နည်းပညာတစ်ခုဖြစ်လာခြင်းနဲ့ ၊ ပြင်သစ်အစိုးရက အဲဒီ Daguerreotype နည်းပညာကို မူပိုင...

နိုင်တီးဂွမ်တီးက ဆယ်လ်ဖီ (သို့) 1920 က Selfie

Image
နိုင်တီးဂွမ်တီးက ဆယ်လ်ဖီ (သို့) 1920 က Selfie      အရမ်းရှေးကျတာကို နိုင်တီးဂွမ်တီး လို့ ပြောကြပါတယ်။  ဟုတ်ကဲ့ ။ အခုမြင်ရတဲ့ပုံကတော့နိုင်တီးဂွမ်တီးကဓါတ်ပုံဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့  Byron Company က ထူထောင်ထားတဲ့ Marceau’s Studio ရဲ့ အမြင့်တနေရာမှာ ချိတ်ဆွဲဖို့အတွက် ပုံထဲမှာမြင်ရတဲ့ဓါတ်ပုံဆရာတွေက အတူတွဲပြီး ရိုက်ကူးခဲ့ကြတဲ့ Selfie ပုံပဲဖြစ်ပါတယ်။ ဒီပုံ ၂ ပုံ ကို အခုတော့ New York Museum မှာ ပြသထားပါတယ်။ တစ်ပုံကတော့ သူတို့ကိုယ်တိုင်ရိုက်ကူးပြီး ရလာတဲ့ Selfie ဖြစ်ပြီးတော့ ၊ နောက်တစ်ပုံကတော့ အဲဒီလို Selfie ရိုက်ကူးနေကြပုံကို မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။ . Selfie ရိုက်ကူးကြတာဘယ်တုန်းကစပြီးရှိခဲ့တယ်ဆိုတာ ကတော့ မသေချာပေမယ့်လည်း သေချာတာကတော့ အရင့်အရင်နှစ်တွေထဲက Selfie ရိုက်ကူးတာနဲ့ပတ်သက်ပြီးပြန်ပြောင်းလေ့လာကြည့် သလောက်တော့ ၁၉၂၀ ခုနှစ်များထဲမှာ ခေတ်စားခဲ့တယ်ဆိုတာ သိရတယ်။ . ဖော်ပြပါ ဓါတ်ပုံနှစ်ပုံကလည်း 1920 ခုနှစ်ရဲ့ ဒီဇင်ဘာလထဲမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ၊ ပြောရရင် ယနေ့ Modern Selfie တွေရဲ့ ရှေ့ဆောင်ပုံတစ်ပုံလို့လည်း ပြောလို့ရနိုင်မယ်လို့ အထောက်အထား အချက်အလ...