Posts

Showing posts with the label ကဗျာ

ခရမ်းချဉ်သီးပန်ထွေဖျော်

  ခရမ်းချဉ်သီးပန်ထွေဖျော် _________________________ ခရမ်းချဉ်ပင်ကနေ သီးဝေတဲ့ ခရမ်းချဉ်သီးကလေးတွေအရွယ်ရောက်လာတဲ့အခါ သူတို့ထဲကတချို့ဟာ.. ခရမ်းချဉ်သီးပန်ထွေဖျော်ဟင်းလျာအတွက် သူတို့ကိုယ်သူတို့ ပေးဆပ်တာဝန်ကျေဖို့အသင့်ရှိနေကြလိမ့်မယ်။ မီးခိုးနံ့သင်းတဲ့ဟင်းလျာလေးတစ်ခုဟာ ခရမ်းချဉ်သီးပန်ထွေဖျော် ဖြစ်တယ်။ အနေတော်မီးဖုတ်ပြီးတဲ့ ခရမ်းချဉ်သီးကလေးတွေကို ငရုတ်ဆုံကျယ်ကျယ်ထဲ ထည့်ထောင်းပြီး.. မီးကင်ထားတဲ့ငါးပိအနည်းငယ်ရယ်၊ ကြက်သွန်ဖြူသုံးလေးတက်ရယ်၊ နုပ်နုပ်စဉ်းထားတဲ့ နံနံပင်နဲ့ ငရုတ်သီးစိမ်းကလေးတွေရောမွှေလိုက်တဲ့အခါ သုံးဆောင်ဖို့အသင့်ဖြစ်နေတဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်တစ်ခွက်ဖြစ်လာမယ်။ . မီးခိုးရနံ့သင်းနေတဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်ကို ထမင်းဖြူဖြူလေးတွေပေါ်ဆမ်းပြီး နယ်ဖတ်လို့စားကြည့်ပါ။ ခရမ်းချဉ်သီးပန်ထွေဖျော်ဟာ ပွဲဝင်တဲ့ဟင်းလျာတစ်မျိုးမဟုတ်ခဲ့ပေမဲ့.. ဆာလောင်နေတဲ့ဝမ်းအတွက်တော့ မြိန်စရာဟင်းတစ်မယ်အဖြစ် အသင့်ရှိနေလိမ့်မယ်။ အကြောင်းအမျိုးမျိုးကြောင့် တခါတလေမှာ မေ့ထားခံရကောင်း ခံရနိုင်ပေမယ့် လိုအပ်တဲ့အချိန်တိုင်းမှာ.. ခံစားချက်ရဲ့ကွက်လပ်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ခရမ်းချဉ်သီးပန်ထွေဖျော်ဟာ တနေရာမှာအသင့်ရှ...

လူပျိုရည်

လမ်းမပေါ်က ဒဗလျူဘောလုံးကို မက်မက်မောမော ကန်နေတဲ့ ကလေးတွေ က လူမှုရေး စက်ရုံက ဝင်ရိုးတွေ လည်နေသံကို ဘယ် ဖမ်းဆုပ်မိမလဲ။ အခြေခံကျကျ ပြုပြင်ပြောင်းလဲရေးကို စွမ်းနိုင်သူကို အာဂလူလို့ ယူကြမယ်။ ဒီလိုမျိုးတွေ အတွက်လည်း သစ်ပင်ပျိုးနေရင် ကိုယ်ဟာလည်း အခုတင် အိုမင်းနေအောင် တွေးမိပေါ့။ မလှပတဲ့ သီချင်းတွေ အတွက်တော့ ကိုယ့် လူပျိုရည် ရောင်းမယ်ကွယ်။ သံသရာအတွက်မတွေး မျက်စိရှေ့က ချွေးပေါက်လေးတွေ ခဏတာ တိတ်ဖို့ ၊ လူကုံတန် သီချင်းတွေ ပြီးရင် ညှိုးနွမ်းနေတဲ့ သစ်ရွက်ကလေးတွေ ရေစင်ဖြန်းဖို့ လူပျိုရည်ရောင်းမယ် ကွယ်။ လူပျိုရည် ရောင်းပါတယ်။ သန့်စင်ထားတဲ့ မူးယစ်ဆေးဝါးတွေလိုချိုမြ ၊ ပင်လယ်ကမ်းစပ်က သဲခုံတွေလို ဖြူဖွေး ၊ လေနုအေး တိုက်တဲ့ အရပ်က ပန်းသစ်ခွတို့ ရဲ့ အာရုံနှိုးတေးသွားလို လူပျိုရည် ကိုယ်ရောင်းမယ်။ ပြာသိုတဲ့ တပိုတွဲမှာ ပွင့်တဲ့ ပန်းတွေ ကောင်းချီးပေးပါစေ။ ဆက်ရက်တွေ တောင်ပံကျိုးတဲ့ အခါ ကြောင်တွေလည်း အလိုလို ခံတွင်းပျက် ရတော့မယ်။ ဒီလိုနဲ့ အေးစိမ့်တဲ့ တောင်ပေါ်ဒေသလေး တစ်မြို့ ကိုယ်ဖြစ်ချင်တယ်။ လတ်ဆတ်တဲ့ သစ်သီး ဝလံတွေ ကို ခူးဆွတ်တဲ့ အခါ မြည်တဲ့ အသံကိုက ချိုမြမြ ၊ အညှာကထွက်တဲ့ အစေး လည်း လောင်မယ်။ ငါက မ...

Beloved Day

Beloved Day ဒီလို Blog Day မျိုးမှာ  ကျွန်တော်ဟာ ခရမ်းရောင် ဂျင်းန်းအကျပ် တစ်ထည် ရဲ့  ချုပ်ရိုးကြောင်း ဖြူဖြူလေးတွေ ကို  စိမ်းလန်းစိုပြေ ဥယျာဉ်ထဲမှာ ငေးကြည့်နေခဲ့ဖူးတာပေါ့။ ကျွန်တော့် ကို အသိအမှတ်ပြုတဲ့ အနေနဲ့  သစ်ရွက်တွေ ကြွေပေးကြတယ်။ လေပြေတွေ ပိုလို့ အေးပေးကြတယ်။ ကောင်းကင်ဟာလည်း ကော်ဖီရောင်ပြောင်းပေး လိုက်တယ်။ သူ့ ကော်ဖီတွေ ဆို ကျွန်တော် အမြဲတမ်း ငြင်းတယ်။ တကယ်ဆို ကျွန်တော် ကော်ဖီသရဲ တစ်ယောက်သာပဲလေ။ ဘာလို့ ငြင်းဆိုမိမှန်း အဖြေမရဘူး။ သူ့လက်ချောင်း ဖောင်းဖောင်း သွယ်သွယ်လေးတွေ နဲ့ ဖျော်တဲ့ ကော်ဖီဟာ ကျွန်တော့် နှုတ်ခမ်း နဲ့ ထိုက်တန်ပါ့မလား တွေးမိလို့ ဖြစ်မှာပါလေ။ ၂၀၀၈ ခုနှစ်ဟာ ကျန်ခဲ့ပါပြီ။  August ရဲ့ Rhythm တွေ ဟာ စိမ်းလန်းစိုပြည် ရဲ့ ရေကန်စိမ်းစိမ်းတွေထဲမှာ စက္ကူလှေကလေး နဲ့ အပြည့် ဘယ်ဆီ ဘယ်ဝယ်မသိ မျောလွင့်သွားပေါ့။ လှော်ခတ်သူ မပါပဲ နဲ့။ ဝင်းဦး ရဲ့ မပြီးသေးသော ပန်းချီ ကား သီချင်း ကိုပဲ  ကျွန်တော်ဟာ နှလုံးသားဓါတ်ပြားပေါ် ကြိမ်ဖန်များစွာ အပ်ထောက်လို့ မြည်တမ်းစေခဲ့ပေါ့။ ကျော်ညိုသွေး

ဖြူဖြူ - ၄

ဖြူဖြူ - ၄ ချစ်လွန်းတဲ့ နင့်မျက်နှာလေး မကြည့်ရပင်မဲ့ စာကို ငါလွန်း လွန်းလို့ မိဥ ကို ထည့်လွှတ်လိုက်တယ်။ နင်ဖက်ဖို့။ နင့်ကိုငါ လွှတ်ကြိုက်တာပဲ မိဖြူရာ။ နင့်စကားပြောတာတွေ ၊ နင့် လမ်းလျှောက်ပုံတွေ မျက်လုံးထဲကဖြစ် မထွက်ဘူး။ ဦးတုတ်ကြီးတို့ ဆိုင်မှာ နင်ဆတ်ပြာဝယ်နေတုန်း ငါနောက်ကနေ ခိုးကြည့်နေခဲ့ရတာ။ နင့်ကိုမြင်တိုင်း ငါ့စိတ်ထဲမှာ ဘယ်လိုကြီးမှန်း မသိပါဘူးဟာ။ နင့်ကို ငါ့ မိန်းမဖြစ်စေချင်တာဘဲ ။ နင့်ကိုငါ လူကြီး နဲ့ ကန်တော့ပွဲ နဲ့ လာတောင်းချင်တာပဲဟယ်။ ဒီတခါ စပါးပေါ်ရင် နင့်ကိုငါ ငါ့အိမ်အပါ ခေါ်ထားချင်တော့တာပဲ မိဖြူရယ်။ ငါက ဒီတစ်ခါ လုပ်ရင် အပြီးလုပ်မှာ။ စိတ်သိတ်မရှည်ဘူး။ နင်သိပ်လှတာဘဲ မိဖြူ ။ ငါ့ နင့်အကြောင်းတွေးတိုင်း စိတ်ကူးထဲမှာ မီးခိုးအူနေရတယ်။ ဟဲဟဲ ငါ့ကို အဲဒါ ငစိုးသင်ပေးတာလေ။ သူလည်း ဝတ်ထုထဲက ကြက်ထားတာတဲ့။ နင်သိပ်လှတယ် မိဖြူ။ နင့်ကို အဟုတ်ကြီး ကြိုက်တာဟ ။ညည ငါ အိပ်မပျော်ဘူး နေတယ်။ တကယ်ကြိုက်တယ်။ နင့်ကို လွှတ်ကြိုက်ပဲ မိဖြူ။ ဒီရွာထဲ က မိန်းမတွေ အားလုံးထက် နင်က အလှကြီး လှတယ်။ ကွမ်းတောင်ကိုင်တဲ့ တင်တင် တို့များ ဖင်ကြီးတာပဲ ရှိတယ်။ မျက်နှာမှာ ဝက်ခြံတွေ ခုပေါက်နေပြီ။ နင် နဲ့ ငါ လင်မယား လုပ်ကြရင်...

မင်းနဲ့ကိုယ့်ရဲ့အကြောင်း

Image
Add caption

အာလူးကြော်

အာလူးကြော် အာလူးကြော်ရေ..နင့်ကိုငါမမေ့ဘူး။ ငါဟာသရဲဖြစ်သွားတောင် ငါဟာ အာလူးကြော်ကို တမ်းတနေဦးမှာ ငါတို့ဟာအာလူးကြော်တွေ စားခဲ့ကြနေ့တိုင်းမှာ ဘဝရဲ့အမှတ်တရ အာလူးကြော်များစွာ အာလူးကြော်ကိုငါတို့ဟာ ပုံသဏ္ဍန်အမျိုးမျိုး နဲ့ စားခဲ့ကြ စားခဲ့ပြီးစားနေဆဲ စားလတ္တံသော အာလူးကြော်များစွာဟာ ဘဝထဲမှာတိမ်မြုပ်ပျောက်ကွယ်မသွား သမိုင်းမှာအာလူးကြော်များစွာ ထင်ကျန်ရစ်ခဲ့ကြ အာလူးများရဲ့ ကောင်းချီးပေးရာ အာလူးကြော်များစွာ အာလူးကြော်ရေ.. ငါ့အသက်နဲ့ ထပ်တူ ချစ်ခဲ့ရသော အာလူးကြော်ရေ… နေ့တိုင်းအချိန်တိုင်း စားပွဲတွေပေါ်က အာလူးကြော်များဟာ ငါ့ကိုသူရဲကောင်းဆန်စေ ခဲ့ပြီ။ ဘဝရဲ့ အားမာန် အတွက် အာလူးကြော်များ ငါစားခဲ့ တချိန်ချိန်တော့ငါဟာ အာလူးကြော်စားသူဖြစ်ကြောင်း ရဲဝံ့စွာ ဝင့်ကြွား အာလူးကြော်များနဲ့ နွေဦးကို တန်ဆာဆင်မယ်။ အာလူးကြော်များအတွက် တေး တို့ကို သီကျူးရေးဖွဲ့မယ်။ အာလူးကြော်စားသူများကောင်းချီးပေးပါလေ။ အာလူးကြော်ရေ နင့်ကို ငါမမေ့ဘူး။ တောင်တန်းများဆီက လေပြေတွေ နိမ့်ဆင်းလာတဲ့အခါ ငါဟာအာလူးကြော် ကို စားဖြစ်ခဲ့ပြီ။ ဆောင်းနှင်းမိုး တို့ ကြေကွဲစွာ အော်ဟစ်လိုက်တဲ့ အခါ ငါဟာအာလူးကြော် စားခဲ့ပြီ။ စစ်ပွဲတွေရပ်ပြီးအာလူးကြော်များကို ...

ဈေးသည် အေးကြွယ်

ဈေးသည် အေးကြွယ် Online Shopping Site တွေ က ပေါ်လာကြပြီ မမ။ ဒီအချိန်မှာ ပြန်တွေးကြည့် ရင် အတိတ်က စကားတွေ ကို ကြားယောင်မိသေး သက်တန့်လို အပြုံးတွေစိန်လို မျက်လုံးတွေ အောက်မှာ ကျွန်တော့် ရင်ခုန်သံတွေ အိမ်ရာမဲ့ ဖြစ်ခဲ့ရ စီးကရက်မီးခိုးငွေ့ လို ကျွန်တော့် စကားလုံးတွေ အထည်ပျက်ခဲ့ရ ကျွန်တော့် စိတ်အထည်လေး ရွှဲသွားရ အခုတော့ မမရေ...Online Shopping Site တွေ ပိုပိုများလာကြ မမ ဟာ လှတယ်။ မမ မျက်လုံးတွေ ဟာ တောက်ပတယ်။ မမ အမျိုးသားဟာ ကံကောင်းတယ်။ မမ နှုတ်ခမ်းတွေဟာ ဖယောင်သားတွေ ကို ပြုစားနိုင်တယ်။ မမရေ... မာစရိုက်ပွင့်ရိုက် ထမီတွေ ရဲ့ သစ္စာ တေးမှာ စပိန် ဂစ်တာလေးတွေလည်း ကြိုးပြတ် ကုန်ကြလေတယ်။ အချိန်က စကားပြောပါလိမ့်မယ် မမရေ... ကုမ္ပဏီ ထောင်ထားတဲ့ သတင်းကို ဂျာနယ်မှာ တွေ့လိုက်တယ်။ ကျွန်တော်လည်း သစ်ရွက်ကလေးလို လွမ်းသွားပေါ့။ မမ ရင်ညွန့်ပေါ်က လော့ကတ်သီးဟာ သူရဲကောင်း တစ်ထောင် လို မာန်ဝင့်တယ်။ စွန်ပလွန်ပင်တွေ ရဲ့ တေးကို ဆိုတယ်။ သားပိုက်ကောင်တွေ မြင်ကွင်းထဲ ဖြတ်ပြေးတယ်။ ကျွန်တော်လည်း ယောင်နန နဲ့  ဓါတ်ပုံရိုက်တယ် သီချင်းဆိုတယ် ကဗျာရေးတယ် ဖရဲသီးတွေ ခွဲပြီး ဇွန်းနဲ့ ခပ်စားတယ်။ အိပ်မက်တွေ ကို ဆားခတ်တယ် ဂစ်တာကြိုး...

ချောကလက် လှိုဏ်ဂူထဲတွင် ဇာတ်မြုပ်နေထိုင်ရန် ဟမ်ဘာဂါ စိတ်ကူး

ချောကလက် လှိုဏ်ဂူထဲတွင် ဇာတ်မြုပ်နေထိုင်ရန် ဟမ်ဘာဂါ စိတ်ကူး   လမ်းမပေါ်တွင် ကြွက်များကို တွေ့သဖြင့် ဘတ်စ်ကားပေါ်သို့ အလျင်စလိုတက်လိုက်သည်။ ယခုတော့ မိုးများရွာနေလေပြီ။ ထို့ကြောင့် ဟမ်ဘာဂါလည်း သူဧ။်ထီးကို ဖွင့်၍ဆောင်းသောအခါ ဘတ်စ်ကား လက်ကိုင်တန်းများ နှင့် မလွတ်သဖြင့် ခပ်နိမ့်နိမ့်ဆောင်းမိသည်။ ဝတ်ထားသော ဂျင်းဘောင်းဘီ အနားစ များကို မိုးစက်များ ထိမှန်၍ စိုစွတ်နေလေပြီ။ ယနေ့ည မဖျားစေရန် ဆေးတစ်လုံးသောက်မိသည်။ ညစာ အတွက် ဟမ်ဘာဂါသည် ချိစ်တစ်ထုပ်နှင့် ဟမ်ဘာဂါ တစ်လုံး ကို လှမ်းဝယ်လိုက်သည်။ ဘတ်စ်ကား စပါယ်ရာသည် ဟမ်ဘာဂါ ကို ခပ်တည်တည်နှင့် ကြည့်နေသည်ကို သတိပြုလိုက်သည်။ ဟုတ်သည် မိုးများ တိတ်သွားပြီ။ ထို့ကြောင့် ဖွင့်ထားသော ထီးကို ပိတ်လိုက်သည်။ ကားပေါ်တွင် လူသိပ်မရှိ။ ထို့ကြောင့် နေရာလွတ်တွင် ဝင်ထိုင်လိုက်သည်။ ဝိုင်ပုလင်းများ တွေ့သော ကြောင့် ဖောက်၍ သောက်မိသည်။ ဝိုင်ပုလင်း တွင် touch screen နှင့်မို့ အဖုံးဖွင့်ရသည်မှာ လွယ်ကူလှသည်။ အခါတိုင်းဆို ဝိုင်ပုလင်းဖောက်တံ ရှာနေရသည်။ သို့မဟုတ်မူ ပုလင်းခွံဖွင့် သည့် အပြားလေး ကို ဆောင်ထားရသည် ကားပေါ်မှ ပင် မန္တလေးမြို့ကြီးကို လှမ်းမြင်ရသည်။ လမ်းပေါ်တွင် ဆိုင်ကယ်တ...

ခရီး

ခရီး  လူမှုဝန်းကျင် အသိုင်းအဝိုင်းကနေ ခွင့်ရက်ရှည်ယူလိုက်တယ်။ ချွေးစက်တွေကို အဖော်ပြုလို့ လေပြေတွေ နဲ့ စကားပြောတယ်။ မြေပြန့်ပြန့်မှာ ကလေးတွေ ဝင်စို့တစ်ခါ ထွက်စို့ တစ်လှည့် ဂျင်ပေါက်တမ်း ကစား နေလေရဲ့။ သစ်ရွက်တွေ ကို ကြယ်တွေ လို သဘောထားလို့ ငေးဖြစ်တယ်။ သဲမှုန်တွေ လွင့်လာလိုက်တာ စိတ်ထဲမှာတော့ ဆောင်းရက်တွေ အတိုင်းပဲ ဆံပင်ထဲ လက်ချောင်းတွေထိုးလို့ဖွ ဘယ်ကဗျာမှ အလွတ်မရတော့တဲ့အခါ နေရထိုင်ရတာ ကောင်းလာတယ်။ ကျော်ညိုသွေး

စကားမစပ်

စကားမစပ် အချစ်ကပြောတယ်... ကိုယ်က ဟစ်တလာ လိုပဲတဲ့။  ကိုယ်က ဟစ်တလာ ဆိုတာ နှုတ်ခမ်းမွှေး နဲ့လား ဘာနဲ့လား မသိပါဘူးကွယ်။ သေချာတာကတော့  ဟစ်တလာ လည်း သီချင်းတစ်ပုဒ်တော့ ဆိုဖူးပါလိမ့်မယ်။  ကျော်ညိုသွေး

ရယ်သွမ်းသွေး စတေးတပ်စ်

ရယ်သွမ်းသွေး စတေးတပ်စ် ပျော်မယ်ဆို ကြက်ဥပေါ်မှာ စာရေး လောကကြီး ထဲ လှမ်းပစ်လိုက်စမ်း။ အဲဒီမှာ ပန်းတွေ အသံမြည်အောင် ထပွင့်လာလိမ့်ကလေး။ ကိုယ့် အကြည့်တွေပါတဲ့ ဆပ်ပြာ ရှိတယ်။ ကိုယ့်နှုတ်ခမ်းတွေ ပါတဲ့ ရေမွှေးရှိတယ်။ မင်း ကြက်ဥ ကို မှန်ထဲကတစ်ဆင့်မြင်ရတယ်။ စမတ်ကားလေး တစ်စီးလို။ ကျော်ညိုသွေး

ဆန်းဆန်းပြားပြား ကျန်းမာရေး

ဆန်းဆန်းပြားပြား ကျန်းမာရေး အဆက်အသွယ်ပြုခလုတ်အစုအဝေးကို အားပြုမျှော်လင့်မိခြင်းမှာ စောင့်ဆိုင်းရန်အတွက်ထားရှိတဲ့သီချင်းဟာ "RunAway"  စံပြုရမယ့်အမှတ်အသားဟာ ဘောလုံးလေးကိုဆော့ကစားနေ ဘားတန်းများကိုကျော်ပြီး ဟိုးအဝေးမှာချယ်ရီကြွေများ။ ခရေကိုခြေနဲ့နင်း ဘတ်စ်ကားလာရာ ကို လည်ပင်းရှည်နေမိ။ ခေါက်ထားတဲ့ရှပ်အင်္ကျ ီလက်ထဲမှာ ဝှက်ထားတဲ့လိပ်စာကို ငါမရောက်ဖူး။ ရတနာခေါင်းဆောင်များ နောက်လိုက်ခွေးတွေနဲ့ တသီကြီး။ ကြောင်က တော့ ခံတွင်း ပျက်နေလို့ ဆက်ရက်က ပဲ တောင်ပံကျိုးပါတော့ကွယ်။ ကျော်ညိုသွေး

မြေပဲဆားလှော်နဲ့ လုပ်တဲ့ စက္ကူ

မြေပဲဆားလှော်နဲ့ လုပ်တဲ့ စက္ကူ ညတစ်ညအကြောင်းနဲ့ သက်ဆိုင်တာ ကို ညတစ်ညထဲမှာ ရှာ။ ငါတော့ ဒီညဖြစ်ဖြစ် ဟိုည ဖြစ်ဖြစ် ။ ဘယ်ညပဲဖြစ်ဖြစ်ပေါ့။တံဆိပ်ခေါင်းတွေ ရောင်းကောင်းတဲ့ ဈေးဆိုင်တန်းတွေထဲ လျှောက်ကြည့်မိတယ်။ ညီဇံလှ ၊ မင်းပြောတဲ့တရုတ်မ က မြန်မာလို ဟီးရိုးလို့ပြောရင် အင်္ဂလိပ်လို Hero လို့တောင် မပေါင်းတတ်။ ဒီလိုအချိန်မတိုင်ခင် ညဦးပိုင်းပဲ။ အရက်ဆိုင် တစ်ဆိုင်မှာ ထိုင်ပြီး မင်းနဲ့ငါ။ ခွေးတွေက ဟောင်လွန်းတယ် ကွာ။ ရင်တထိတ်ထိတ်နဲ့ သောက်နေရတာ ငါတို့ တွေ့ဆုံခြင်းတွေ ၊ ငါတို့ ငေးမောခြင်းတွေ၊မင်းလည်း ဇာတ်ကောင်မဟုတ်ဘူး ၊ ငါလည်း ဇာတ်ကြောင်းပြောသူမဟုတ်ဘူး။ သွားတဲ့သူက သွားပြီ။ကျန်နေခဲ့ ငါတို့ ကျန်နေခဲ့ ။ မင်းထွက်သွားတဲ့ အရပ်မှာ နတ်ဘုရားတွေ မိန့်မိန့်ကြီးပြုံးနေလိမ့်မယ်။ မင်းခြေထောက်ကို ရိုက်ချိုး ၊ မင်းအိမ်လွမ်းနာလည်း သစ်ရွက်ကလေး ကြွေတာတောင် မစောင့်နိုင်တော့အောင် ဆိုးနေတော့။ ငါတို့ဟာ လူပြိန်းတွေ ၊ ဟိုတစ်ယောက် ဒီတစ်ယောက် ပြန့်ကျဲနေ ၊ ငါတို့ဟာ တံဆိပ်ခေါင်း နောက်ကျော က ကပ်နေတဲ့ကော်တွေ ၊ လူပြိန်းတွေ မြို့ထဲမှာ မရှိသင့်တော့ဘူး။လူပြိန်းတွေ တောပြောင်းသင့်ပြီ။ ဒီမြို့ထဲက ထွက်သွားတော့ ငါဟာ ကျန်ခဲ့ပေါ့။ မင်မုန်းတဲ...