Posts

Rabindranath Thakur's letter (ရာဘင်ဒြာ နတ်သ်တဂိုးရဲ့ ပေးစာ)

. Friday, 29 August 1890 Bhai Chhoto Bou ဒီနေ့တော့ ကိုယ်တို့တစ်တွေ Aden လို့ခေါ်တဲ့ ကမ်းခြေကို ရောက်လိမ့်မယ်။ အချိန်အကြာကြီး ပင်လယ်ထဲမှာရှိနေခဲ့ပြီးနောက် ကုန်းပေါ်တစ်ခါထပ်ရောက် ရပြန်ပေဦးတော့မပေါ့ကွယ်။ဒါပေမယ့်လေ ကူးစက်ရောဂါတစ်ခုခုရမယ်ဆိုရင်တော့ ကိုယ်တို့သင်္ဘောပေါ်က ဆင်းနိုင်မှာမဟုတ်ဘူးကွယ်။ Aden ကိုကိုယ်တို့ရောက်တဲ့အခါ အခြားသင်္ဘောပေါ်ကို ပြောင်းရလိမ့်မယ်။ အဲ့ဒါက ပိုပြီးစိတ်ညစ်စရာပေါ့ကွယ်။ အဲ့ဒီ့အချိန်သုံးရက်တာအတွင်းမှာ ကိုယ်ဘယ်လောက် ပင်လယ်နာကျ နေရတယ်ဆိုတာ ပြောပြဖို့ရာတောင် မတတ်နိုင်ပါဘူးကွာ။ ကိုယ်ဖြစ်နေတာလေ....စားသမျှ၊သောက်သမျှ မျိုချသမျှတွေက ပြန်ပြန်ပြီး ပျို့တက်လာကြတယ်ကွယ်။ ခေါင်းတွေကလည်း မူးနောက်နေလိုက်တာ... ကိုယ်ကလွဲရင် သင်္ဘောတစ်ခုလုံးက လူတွေ ပစ္စည်းတွေလည်း ယောက်ယက်ခတ်နေတာပဲလေ။ လှိုင်းဒါဏ်ကြောင့်ပေါ့။ ကိုယ်တစ်ယောက်တည်း ဘာကိုများ ဆွဲကိုင်ထားရပါ့မလဲတောင် တွေးနေမိတာ..။ မင်းသိရဲ့လား။ တနင်္ဂနွေနေ့ညမှာလေ...။ အဲ့ဒီ့ညမှာ ကိုယ်ဟာ ကိုယ်ခန္ဓာကိုယ်ကို ချန်ထားခဲ့ပြီး။ ၀ိညဉ်ကတော့ Jorsanko ကို ထွက်သွားခဲ့တယ်လို့ ကိုယ်သေသေချာချာ ခံစားရတယ်ကွယ်။ မင်းတို့ဆီကိုရောက်တဲ့အခါမှာလေ မင်းကတော့ အိပ်ယာထက်မှာ လဲလှောင်းေ...

ဟုတ်ကဲ့….ငါလှည့်ပြန်ပါ့မယ်

. ယုံချင်စရာတွေ တစ်ပုံတစ်ပင်ပေး မျှော်လင့်ချက်လေးတွေကို ဟိုးအဝေးအမြင့်အထိ တစ်တိတိဆွဲခေါ်ခဲ့ပြီးမှ ရိုက်ချခဲ့သလားကွယ်။ ကြိုက်သွားတယ် မင်းကစားကွက်တွေကို အရှက်တွေလည်းမငဲ့တော့ပဲ ဆက်နေဆဲ အိပ်မက်တွေမင်းသိမလား။ အရှိန်ပျက်လေပြီ သိမ်ငယ်တဲ့စိတ်နဲ့ အချိန်ရယ်တဲ့ကြာခဲ့လို့ ငါပဲမို့နင့်ကိုချစ်လိုက်တာ မိုက်လွန်းပါတယ်။ ကြိုက်လွန်းတာရယ်ကြောင့် အငိုက်မွန်း တဏှာမှောင်လို့ ဒိုက်ထဲကိုကျွမ်းပစ်ကျခဲ့တယ် ချစ်ရတာလည်းဟယ် မလွယ်ပါဘူး။ တစ်ကယ်ငါရူးရင် နင်လည်းသိမယ်မဟုတ်ပေဘူး ပေတလူးအချစ်ကို နင်ပစ်ချင်လည်းပစ် နင်နှစ်လို့နစ်ခဲ့ရတော့ ချစ်ခဲ့ကြ နေ့တာလေးတွေ မေ့ပါသေး ယခုတိုင်။ သူ့အနိုင်တွေကို ယခုတိုင်ကျေနပ်ဆဲ အသေသတ်လည်းသတ်ပါလေ မမှတ်တာတွေကြောင့် အခုထိခံနေရဆဲ သူ့အကြည့်ဒါဏ်တွေကလည်း မပြယ်ပေ။ တစ်ကယ်အကြွေတွေနဲ့ မပြယ်လေတဲ့သစ္စာ အချစ်မှာဒါဏ်ရာရ မှန်တာတွေကလည်း အမြဲပဲ တန်ဖိုးကျ။ ငါမှမလိမ်တတ်ဘဲကွယ်။ အမြဲရယ် နင်ငါ့ကိုအနိုင်ယူခဲ့တယ် လူပဲကွယ်...မာနနဲ့ အတ္တ ဖြတ်မရသမို့ တို့ကိုမင်း သတ်ချင်လည်းသတ် အမြဲမပြတ် မင်းကောင်းဖို့ ဆုတောင်းတွေနဲ့ ငါ့ခေါင်းတွေချာချာလည် မင်းအပေါ်ငါ အညှာလွယ်ခဲ့တာလည်း မင်းသိပါတယ်။ မညာတမ်း ပွင့်လန်းစွာနဲ့ ငါအနမ်းတွေ မခြွေခဲ့...

ကျွန်တော်၊ နာမည်များ နှင့် ဖြတ်သန်းခဲ့သောခရီးများ

နာမည်။ လူတစ်ယောက်စဖြစ်လာပြီးဆိုကတည်းက နာမည်တစ်ခုကတော့ အနည်းဆုံးရှိလာရတယ်။ အနည်းဆုံး လို့ပြောတာက ဒီထက်မကလည်း လူတစ်ယောက်မှာ နာမည်တွေရှိနိုင်တာမို့ပါ။ မွေးမွေးချင်းမှာ ပုံစံလေးက တုတ်တုတ်ကလေးမို့လို့ တုတ်တုတ်ရေလို့ ခေါ်ရင်းနဲ့ တုတ်တုတ်လို့လဲ နာမည်ကတွင်သွားတာမျိုးကရှိသေးတယ်။ ဒါက ချစ်စနိုးပေးတဲ့နာမည်၊ ချစ်စနိုးနာမည်မှာတောင်မှ အသက်အရွယ်နဲ့လိုက်ပြီး ပြောင်းလဲသွားတာမျိုးကရှိသေးတယ်…။ မွေးစကနေ အသက်လေးနည်းနည်းရလာလို့ ကစားတတ်တဲ့အရွယ်ရောက်ပြီဆို ရှိနေတဲ့ အသက်အရွယ်အရ နေထိုင်ပြုမူပုံတွေပေါ်မူတည်ပြီး။ နာမည်က ထပ်တိုးရင်တိုးလာနိုင်သေးတာ..။ ကျနော့်ကိုမွေးတော့ Delhi မှာမွေးတာ။ အဲ့ဒါကြောင့် ကျွန်တော် တစ်နှစ်ပြည့်မွေးနေ့မှာအဖေအမေတွေက သတင်းစာထဲမှာ မွေးနေ့ဆုတောင်း ထည့်ပေးကြတော့ ဒေလီ ကိုရှေ့ကနေတပ်ပြီး ထည့်တယ်။ ဒါက နာမည်တစ်ခုပေါ့ နော။ ကျွန်တော်ငယ်ငယ်ကဆို နာမည်တွေကအများသားရယ် ။ ငယ်ငယ်ကဆို အသားဟင်းမစားဘူး။ ငါးဟင်းဆိုကျွန်တော်အကြောက်ဆုံးပဲ။ အဲ့ဒီ့အနံကြီးကိုမကြိုက်တာ။ အဲ့ဒီ့လို အသားမစား၊ငါးမစား တော့ အိမ်ကိုလာလည်လေ့ရှိတဲ့ ဦးသန်းတင်ဆိုတဲ့ လူကြီးက ကျွန်တော့်ကို ဆာဒူးကြီးလို့ ခေါ်တယ်ဗျ။ ဒါကိုလည်း နာမည်တွေထဲမှာ ထည့်တွက်...

သူနှင့်ကျွန်တော်

. ၁၉၉၀ ခုနှစ်အကုန် ကျွန်တော် သူငယ်တန်းအောင်ပြီး ပထမတန်းစတင် တက်ရောက်လောက်သော အချိန်တွင် သူ့ကိုမွေးဖွားခဲ့မည်ဟု ခန့်မှန်းရပါသည်။ သူနှင့်ကျွန်တော်ဧ။်အသက်အရွယ်ကွာခြားမှု့မှာ (၇) နှစ်ခန့်ရှိပါသည်။ သူဆိုသည်မှာ ကျွန်တော်ဧ။် ချစ်လှစွာသော ချစ်သူပင်ဖြစ်တော့သည်။ သူနှင့် ကျွန်တော်သည် ယနေ့ခေတ် ကမ္ဘာကြီးဧ။် တိုးတက်ပြောင်းလဲမှု့အရ ကျယ်ပြန့်သော အင်တာနက်ကမ္ဘာထဲတွင် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထူးခြားဆန်းကျယ်သော ကံကြမ္မာမျက်လှည့်ဆရာက ဆန်းကျယ်စွာ ကျွန်တော်တို့နှစ်ယောက်ကို ငြိတွယ်စေခဲ့သည်။ ထိုသို့ငြိတွယ်ခြင်း ထဲတွင် ကျွန်တော်ဧ။်နှလုံးသား နံရံပဲ့တင်ထပ်သံများသည် သူဧ။်နာမည်များထဲမှ ရုန်းမထွက်နိုင်အောင်ပင်ဖြစ်ခဲ့ဧ။်။ သူနှင့်ကျွန်တော် စတင်တွေ့ဆုံသည်မှ အစပြုရ်ျ စွဲလန်းမိခဲ့ရသော အစွဲအလန်းမှာ တစ်သက်တာအတွက် လုံလောက်သော အချစ်မေတ္တာ တံတိုင်းကြီးကို အလိုအလျှောက်တည်ဆောက်ပြီးစီးခဲ့ခြင်းပင်။ သူနှင့်ကျွန်တော်သည် အင်တာနက်ပေါ်တွင် တွေ့ဆုံချစ်ကြိုက်ခဲ့သော်လည်း ပြင်ပကမ္ဘာတွင်တွေ့ဆုံဖူးခြင်းမရှိကြသေးပါ။ ထိုသို့ပင်လင့်ကစား သူ့စကားလုံးကလေးများနှင့် ကျွန်တော်ပျော်မွေ့ဧ။် ။ ကျွန်တော်ဧ။်ခံစားချက်များနည်းတူ သူဧ။်နှလုံးသားတွင်လည်း ထိုသို့...

မီဒီယာ သမား

. ပလီပလာ တီတာကာချွဲ အပီပါပဲ တော်ကီရယ်...။ အတော်အီတယ် ဘီယာပဲသောက်ထားသလို။ G ပါပဲ။ အီစီကလီကလည်းကြွယ် အီ တာကလည်းအမြဲမပြတ် ဒီကလည်းချွဲကျပ်တယ်။ ။

နိုင်ငံထူထောင်ခြင်း

. 1814 ခုနှစ်ရဲ့ ဆောင်းတွင်းမှာ အမေရိကန် နဲ့ ဗြိတိန်နှစ်နိုင်ငံဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို ဂျန့် မြို့မှာ ဖွင့်လှစ်ကျင်းပခဲ့တယ်။ သို့သော်လည်း ဗြိတိန်နိုင်ငံက ငြိမ်းချမ်းရေး စာချုပ်ကို သဘောတူချုပ်ဆိုဖို့ကို အလျှင်တလိုတော့မရှိခဲ့ဘူး။ ……………………………………………. အင်္ဂလိပ်စစ်တပ်ဟာ များစွာသော စစ်ရေးအစီအစဉ်တွေ အတွက် နှစ်ကုန်ပိုင်းမှာ အစီတွေရေးဆွဲခဲ့တယ်။ အောင်မြင်တဲ့ စစ်ရေးအစီအစဉ်တွေက ဗြိတိန်တို့အလိုရှိတဲ့ စာချုပ်မျိုးချုပ်ဆိုနိုင်ဖို့အတွက် အမေရိကန်တို့အပေါ်ကျရောက်စေမယ့် ဖိအားတစ်ခု ဖြစ်စေနိုင်ခဲပလိမ့်မယ်။ ဆွေးနွေးပွဲမှာအင်္ဂလိပ်ကိုယ်စားလှယ်တွေက အမေရိကန်အနေနဲ့ သူတို့ ပိုင်ဆိုင်တဲ့ အနောက်မြောက်ဘက်ပိုင်း နယ်မြေကို အန္ဒိယသားတွေကိုပေးအပ်ဖို့တောင်းဆိုခဲ့တယ်။ Maine ပြည်နယ်ရဲ့တစ်စိတ်တစ်ပိုင်းကိုလည်း ကနေဒါကိုလွှဲပြောင်းပေးအပ်ဖို့နဲ့ အခြားသော ပြောင်းလဲမှု့တွေကိုလည်း အကန့်အသတ်ဘောင်အတွင်းက ပြုလုပ်ဖို့ တောင်းဆိုခဲ့တယ်။ အမေရိကန်ကိုယ်စားလှယ်တွေကိုတော့ သမ္မတဟောင်း John Admn ရဲ့သားဖြစ်သူ Quincy Admn ကဦးဆောင်ခဲ့တယ်။ အမေရိကန် ကိုယ်စားလှယ်တွေအနေနဲ့ ပြင်းထန်တဲ့ တောင်းဆိုမှု့တွေကို အညီအမျှတောင်းဆိ...

ဟိုက္ကူကဗျာ

. ဖားကလေး ခုန်သွား ရေ ပလုံ အသံကြားတယ် ဒါ ဂီတတစ်ပါး။ PS- ကိုကြီး ဟန်သစ်ငြိမ် ဘလော့ဂ်ကို သွားတုန်း သူရေးထားတဲ့ ဟိုက္ကူကဗျာလေးတွေတွေ့လို့ အားကျပြီးရေးမိတာပါ။ဘယ်လိုနေမလဲမသိဘူး။ခေါင်းစဉ်တော့မပါဘူး။ ဟိုက္ကူကဗျာက ခေါင်းစဉ်မပါဘူးကြာဖူးလို့း) ဟုတ်လားဟင်?