Posts

မိုဘိုင်းဖုန်း နှင့် တူသော မိန်းမများ

မိုဘိုင်းဖုန်း နှင့် တူသော မိန်းမများ အ၀င်ခေါ်ဆိုမှု နှင့် အထွက်ခေါ်ဆိုမှု သာ ပြုလုပ်၍ ရသော ဖုန်းကဲ့သို့ သော မိန်းမ အထက်ပါ ဖုန်းနဲ့ တူတဲ့ မိန်းမကတော့ ဖုန်းရဲ့ လုပ်ဆောင်ချက်အတိုင်း ပါပဲ။ ပြောတာ ။ ခိုင်းတာဆို လုပ်မယ် ခေါ်ရင်လာမယ်။ ထားရာနေ စေရာသွား ဒီလောက်ပါပဲ ၊ ဒီထက်ပိုပြီးတော့ သူက သင့်ကို ဘာမှ ပိုမိုစွမ်းဆောင်ပေးနိုင်မှာ မဟုတ်သလို ၊ ဘာမှလည်း စွမ်းဆောင်ပေးနိုင်တဲ့ အရည်အချင်းလည်း ရှိမှာ မဟုတ်ပါဘူး။ ပြောရရင်တော့ ပုံတုံးမိန်း မိန်းမပေါ့။ ဖုန်းပြောခြင်း နှင့် စာပို့ ခြင်းတို့ကို ပြုလုပ် နိုင်သည့် ဖုန်း ကဲ့သို့သော မိန်းမ ပြောတာ ၊ ခိုင်းတာ လေးတွေကို “ဟုတ်” တစ်လုံးနဲ့ ခိုင်းသမျှ လိုက်လုပ်ပေးမယ့် အပြင် အချို့သော အသေးအဖွဲ ကိစ္စလေးတွေကိုတော့ ကိုယ်စား ဆောင်ရွက်ပေးနိုင်ပါလိမ့်မယ်။ ဒီပြင် ကိစ္စတွေကိုတော့ စွမ်းဆောင်ပေးနိုင်မှာမဟုတ်ပါဘူး။ သိပ်ပြီး ကြီးကြီးကျယ်ကျယ်တွေ ခမ်းခမ်းနားနားတွေကို သိလည်း မသိ ၊ တတ်လည်း မတတ်လို့ တချို့ကိစ္စတွေမှာ ကိုယ်ကိုယ်တိုင်ပဲ နည်းလမ်းရှာ ဆောင်ရွက်ပေးရပါလိမ့်မယ်။ စပီကာသံ ကျယ်လွန်းသည့် ဖုန်းကဲ့သို့သော မိန်းမ ဒီလိုမျိုး ကျတော့လည်း ဖုန်းပြောတဲ့ အခါကျရင် တစ်ဖက်က ပြောတဲ့ အသံတေ...

ချစ်သော ဧရာဝတီ

ချစ်သော ဧရာဝတီ ဧရာဝတီတဲ့ နွေရာသီရဲ့ကဗျာ ဝေဒနာ မပေးကြပါနဲ့။ နွေအခါ.. လေအလာမှာ ဧရာရဲ့ ရနံ့ သင်းပျံပါစေ။ ရှင်းသန့်ကာ နေတဲ့ မြစ် လင်းဖန့်ဝါ ဝေတဲ့ အနှစ်မို့ ခေတ်အဆက်ဆက် ရှည်ပါစေ။ ကမ္ဘေ ကမ္ဘာ တွေတိုင် အမွေ မြန်မာတို့ ထိန်းဖို့ရာ ဧရာရဲ့ ရေစင်တေး နဲ့ နွေဝင်တေးဆိုခဲ့။ မေခင်လေးပျိုသဖွယ် အလို...ဘယ် အမြင်တွေလှစေဖို့ သင်္ကေတ ရင်နှစ်မွှာကို ဟင်..အသာမခွဲပါနဲ့။ အမြင်မှာ အစဉ်သာလှစေမယ့် အသွင်မှာ အကြင်နာက မသွေတဲ့ အနှစ်ကြာ ချစ်ဆုံစည်းရာကို အပြစ်ရှာ ထစ်ကာမခွဲပါနဲ့ သစ္စာလည်းထား။ ကျော်ညိုသွေး

ချက်ကျလက်ကျ ပြောချင်တာတွေ ပျောက်နေ

ချက်ကျလက်ကျ ပြောချင်တာတွေ ပျောက်နေ ကဗျာတစ်ပုဒ် ထိုင်ဖတ်နေတုန်း ကွန်ပြူတာရဲ့ ထောင့်က Avira Antivirus Auto Update Notification လေးတက်လာတယ်။ ဒီနေ့အတွက် Update လုပ်မလားပေါ့။ OK နဲ့ Later မှာ Later ကို ကိုယ်နှိပ်လိုက်တယ် ။ သေချာတယ် ဒီနေ့ အတွက်ကတော့ နောက်ထပ် ပေါ်လာလည်း Later ကိုပဲ နှိပ်မိဦးမှာပဲ ။ အခုတော့ ကိုယ်တွေးနေတယ်။ ကိုယ် Later လုပ်ရတဲ့ အကြောင်းအရင်းကို ပေါ့။ အကြောင်းအရင်း တစ်ခုပဲရှိတယ်။ လုပ်နေကြမို့လို့ပဲ ။ အခါတိုင်းဆို Auto Update ကို လုပ်ချင်မှလည်း လုပ်တာ။ စိတ်လိုလက်ရ ရှိချိန်မှာ လုပ်တယ်။ သတိမေ့ / စိတ်မပါ ခဲ့ရင် အခုလို Later ဆိုပြီး လျှော်ပစ်လိုက်တာပဲ ။ မလုပ်တာ သေချာတယ်။ ကိုယ်ကိုယ်တိုင် ပေါ့ပါးဖို့ ကိုယ့်အနားက တစ်စုံတစ်ရာကို တောင် လျှော်တတ်ခဲ့တယ်။ Auto Update Notification လေးကို Ok လုပ်လိုက်ရတာ ဘာများ ပင်ပန်း လို့တုန်း ကိုယ်တွေးကြည့်တယ်။ စက်က သူ့ဘာသာ လုပ်သွားမယ့် အရာ ကိုယ့်အတွက် ပင်ပန်းတာ တစ်ခုမှမရှိ။ ကိုယ့် လျှော်တတ်တဲ့ အကျင့်တွေ ပတ်ဝန်းကျင်ကို ပစ်ပေါက်နေမိ။ သေချာတယ် ကိုယ်တစ်ခုခုဖြစ်နေမိပြီထင်တာပဲ။ နောက်ထပ် ဖြစ်လာမယ့် အကျိုးဆက်တွေ တွေးကြည့်တော့ ပိုမို စိတ်လေးလံတယ်။ တော်ပြီ မစဉ်း...

ကျူပင်စု က ဆရာလေး

ကျူပင်စု က ဆရာလေး ၁၉၈၀ ခုနှစ် လောက်ကပေါ့…. ကျူပင်စု ကျေးရွာက အရေးကြီးတဲ့လူတွေထဲမှာ ဆရာလေး ကိုကြည်နိုင် တစ်ယောက် အပါအ၀င်။ မြို့အခေါ်အရဆို ဗွီအိုင်ပီပေါ့။ နာမည်နဲ့ လူနဲ့ ကတော့ တစ်စက်မှမလိုက်။ သူ့ကြည့်လိုက်ရင် အမြဲမှုန်ကုပ်ကုပ် ၊ မှုန်တေတေ ကြည်ကြည်လင်လင် ဘယ်တော့မှမရှိ။ ဆရာလေး ကိုကြည်နိုင်က ဟောဒီ ကျူပင်စု ကျေးရွာလေးမှာ ကျောင်းအုပ်ကလေးပေါ့။ ကျောင်းအုပ်ဆရာပီပီ ကျောင်းခန်းထဲမှာ တော့ မျက်နှာကြောက သိပ်တင်းတာ။ ကျောင်းသားတွေဆို သူ့ကို ကြောက်မှ ကြောက်။ ကြောက်သလားမမေးနဲ့ ။ ကျောင်းသားတွေ မဟုတ်တာ တစ်ခုခုလုပ်ထားမိပြီဆို ဆရာလေးကိုကြည်နိုင်ရဲ့ ကြိမ်လုံးကိုပဲ ကြည့်ကြည့်နေရတာ။ ဆရာလေးကိုကြည်နိုင်ရဲ့ လက်သံပြောင်ပုံတွေကို ကျောင်းသားတိုင်း မခံစားဖူးသူမရှိ၊ စည်းကမ်း စနစ်ကြီးပြီး ကျောင်းသားတွေကို သေချာထိန်းကျောင်း ညွှန်ပြ ပေးတာကြောင့်။ ဆရာလေး ဟေ့ ဆိုတာနဲ့ ကျောင်းသားတွေက ပြားပြားဝပ် ငြိမ်ကျပြီးသား။ ဒါကြောင့်လည်း ရွာလူကြီး မိဘတွေက ကလေးတွေ လေလွင့်မှာ ၊ စာမကျက်မှာကို မပူရ၊ ကျောင်းမှန်မှန်တက် စာမှန်မှန် ကျက်ဖို့ကတော့ စိတ်ချရတာပေါ့…။ မျက်နှာက အမြဲတမ်း မှုန်တေနေပြီး မျက်နှာကြောတင်းတဲ့ ဆရာလေးကတော့ တစ်ရွာလ...

အထီးကျန် (၂)

ရန်ကုန်မြို့ကြီးထဲ… လူတွေက ကိုယ့်အတွေးနဲ့ မျော ကိုယ့်အမောနဲ့ ပြေး ကိုယ့်အရေးနဲ့ လိမ့်။ နေမသာပဲ လေလာတဲ့နေ့တစ်နေ့ သူငယ်ချင်းတို့စုံတွဲနဲ့ ရုပ်ရှင်သွားကြည့်တယ်။ ဟာသကားက ကောင်းလိုက်တာ။ ပေါက်ပေါက်ပွင့်တွေ ၀ါးရင်း......                                                                       မျက်ဝန်းကမ်းပါးမှာ အနားသတ် ပုလဲလေးတွေ တွဲလဲခိုလို့ရယ်။ ကျော်ညိုသွေး (ညီငယ် သူရဿဝါ တို့ နဲ့ သူငယ်ချင်းယောက္ခမ ဇတ်ကား သွားကြည့်ကြတုန်းက အမှတ်တရ) 

မုန့်လင်မယား

အစီအစဉ်ကောင်းတုန်း ကြော်ငြာ ဖြတ်ဝင်လာသလို ပုရစ်ဖူး အပျော်တွေကြား ဒုက္ခက စာတမ်းလာထိုးတယ်။ အချစ်ရေ… ဘ၀က မပြီးသေးတဲ့ ဇတ်လမ်းတွဲပေါ့ ဘ၀ဇတ်လမ်းတွဲ စဆုံးကို စူပါမားကက်မှာ အခွေဝယ်ကြည့် သလို ကြည့်လို့ရရင်တော့… ဒုက္ခကနေ လွတ်/ကျွတ်မယ်။ ဟင်းဟင်း… စာရွက်ပေါ်မှာ လောကကြီးကို လှောင်ပြောင်နေရင်းကနေ ပြတင်းတံခါးက နေရောင်ခြည်က မျက်နှာကိုထိုးတယ်။ လောကဓံက ဘောကန်သလိုမျိုး ဟောဒီလို ရိုးရိုးလေးပါပဲ။ နှစ်ယောက်တည်းနဲ့ တစ်သင်းဖွဲ့ကြစို့ရဲ့ နားလည်မှု့ မလွဲကြေး။ ကျော်ညိုသွေး

အခိုးခံရတဲ့ ငါ

အခိုးခံရတဲ့ ကဗျာဆို အောင်မြင်တယ်လို့ ယူဆရမယ်။ အခိုးခံရတဲ့ ရိုးသားမှု့တွေကရော… အခိုးခံရတဲ့ စေတနာတွေကရော… အခိုးခံရတဲ့ အချစ်မေတ္တာတွေကရော…   အခု… ငါ့အတွေးက ငါကိုခိုးသွားရဲ့ အောင်မြင်ရဲ့လား။ ကျော်ညိုသွေး