Posts

သက်မွန်မြင့် ပိုစတာ

သက်မွန်မြင့် ပိုစတာ ဟိုတုန်းက သက်မွန်မြင့် ပိုစတာ ဟာ အိမ်နံရံပေါ်မှာ အရင်အတိုင်း အိမ်မြှောင်လေးတွေဟာ စက္ကူချပ်ပေါ် တက်ရပ်လို့ အမြီးကို တဖျပ်ဖျပ် လှုပ်တယ်။ ဒီလိုနဲ့ ကြောင်ကလေးဟာ လန့်နှိုးလာ။ အိမ်မြှောင်စုတ်တွေ ထိုးတယ် ထရံပေါက် က ချောင်းကြည့်တော့ လမင်းကြီး သာဆဲပဲ။ အဲဒီခဏမှာ ထိုးတဲ့ စုတ်ဟာ ကိုးချက် အိမ်မြှောင်စုတ်ထိုးတာဟာ ကိုးချက်ဖြစ်တယ်။ သက်မွန်မြင့် ပုံ အသစ်လေးလိုချင်တယ် စိတ်ထဲဆုတောင်း။ သစ်ရွက်တွေ ကြွေကျပြီးတော့ နံရံမှာ သက်မွန်မြင့် ပိုစတာဟာ ရောက်လို့လာခဲ့တယ်။ သက်မွန်မြင့် ပုံဟာ အိမ်နံရံမှာ အရင်အတိုင်း။ ကျော်ညိုသွေး

မြသားရောင်လမ်းကလေး

ကန်ထဲက ရေတွေဟာ ခွက်နဲ့ ခပ်ယူခြင်း ခံရပြီးတဲ့နောက်။ တစ်ကိုယ်လုံး ကို ရွှဲစိုသွားစေတော့တယ်။ ဆိုလိုတာကတော့ ရေကန်ထဲက ရေတစ်ခွက်ကို ယူပြီး ခေါင်းပေါ်က လောင်းလို့ ချိုးလိုက်တယ်ပေါ့။ ဟုတ်ပါတယ်။ ချွေးစက်တွေဟာ နွမ်းနယ်မှု ရဲ့ ပြယုဂ် ပဲ ဖြစ်ပါတယ်။ လူတွေ ရဲ့ အတွေးဟာ ရေချိုးခြင်း ၊ အညစ်အကြေးစွန့်ခြင်း နဲ့ ဘတ်စ်ကားစီးခြင်း တို့ ပြုလုပ်တဲ့ အခါမှာ ကွန့်မြူးတယ်လို့ သိထားဖူးတာပဲ။ ဒါပေမယ့်လေ အခုလောလောဆယ်မှာတော့ အတွေးတွေဟာ နောက်ပြန်လည်ရုံကလွဲပြီး ဘာမှမကွန့်မြူးဘူး။ ညနေဟာ စောင်းပြီး ခဲ့ပြီ ။ ညဘက်ဟာ ဝင်ရောက်ခဲ့ပြီ။ ပူအိုက်စေးထန်းနေတဲ့ ခန္ဓာကိုယ်ကို ရေလောင်းချလိုက်တဲ့ အခါ အရေပြားဟာ ဆပ်ပြာကို တောင့်တတော့တယ်။ ရေချိုးချိန်မကြာစေဖို့ ကိုယ့်ကိုယ်ကို သတိပေး ရတာလည်း ချိုပါတယ်ကွယ်။ ချိုပါတယ်။ +++++++++++++++++++++++++++++++++++++++++++++++++++  လမ်းတွေကို အိပ်မက်မက် ရင် ဘယ်လို ခံစားရမလဲ။ ပျော်လား ၊ ကြည်နူးလား ၊ တစ်ခုခုကို လွမ်းဆွတ်တမ်းတ တာမျိုး ဖြစ်ပေါ်ခံစားရလား။ အိပ်မက်ထဲမှာ လျှောက်တဲ့ လမ်းဟာ ဖြောင့်ဖြူးလား ၊ အနိမ့် အမြင့်တွေ နဲ့လား ၊ ဘေးနားမှာ ကွန်ကရစ်တုံးလေးတွေ စီထားလား။ ယာဉ်အသွားအလာရှင်းလား။ အလုပ်ပြန် ခြေလှမ...

လူပျိုရည်

လမ်းမပေါ်က ဒဗလျူဘောလုံးကို မက်မက်မောမော ကန်နေတဲ့ ကလေးတွေ က လူမှုရေး စက်ရုံက ဝင်ရိုးတွေ လည်နေသံကို ဘယ် ဖမ်းဆုပ်မိမလဲ။ အခြေခံကျကျ ပြုပြင်ပြောင်းလဲရေးကို စွမ်းနိုင်သူကို အာဂလူလို့ ယူကြမယ်။ ဒီလိုမျိုးတွေ အတွက်လည်း သစ်ပင်ပျိုးနေရင် ကိုယ်ဟာလည်း အခုတင် အိုမင်းနေအောင် တွေးမိပေါ့။ မလှပတဲ့ သီချင်းတွေ အတွက်တော့ ကိုယ့် လူပျိုရည် ရောင်းမယ်ကွယ်။ သံသရာအတွက်မတွေး မျက်စိရှေ့က ချွေးပေါက်လေးတွေ ခဏတာ တိတ်ဖို့ ၊ လူကုံတန် သီချင်းတွေ ပြီးရင် ညှိုးနွမ်းနေတဲ့ သစ်ရွက်ကလေးတွေ ရေစင်ဖြန်းဖို့ လူပျိုရည်ရောင်းမယ် ကွယ်။ လူပျိုရည် ရောင်းပါတယ်။ သန့်စင်ထားတဲ့ မူးယစ်ဆေးဝါးတွေလိုချိုမြ ၊ ပင်လယ်ကမ်းစပ်က သဲခုံတွေလို ဖြူဖွေး ၊ လေနုအေး တိုက်တဲ့ အရပ်က ပန်းသစ်ခွတို့ ရဲ့ အာရုံနှိုးတေးသွားလို လူပျိုရည် ကိုယ်ရောင်းမယ်။ ပြာသိုတဲ့ တပိုတွဲမှာ ပွင့်တဲ့ ပန်းတွေ ကောင်းချီးပေးပါစေ။ ဆက်ရက်တွေ တောင်ပံကျိုးတဲ့ အခါ ကြောင်တွေလည်း အလိုလို ခံတွင်းပျက် ရတော့မယ်။ ဒီလိုနဲ့ အေးစိမ့်တဲ့ တောင်ပေါ်ဒေသလေး တစ်မြို့ ကိုယ်ဖြစ်ချင်တယ်။ လတ်ဆတ်တဲ့ သစ်သီး ဝလံတွေ ကို ခူးဆွတ်တဲ့ အခါ မြည်တဲ့ အသံကိုက ချိုမြမြ ၊ အညှာကထွက်တဲ့ အစေး လည်း လောင်မယ်။ ငါက မ...

ချစ်ရသောကြောင်ကလေး

ကျွန်တော်တို့ငယ်စဉ်အခါက ကျောင်းတွင် စာစီစာကုံးများ ရေးသော အခါ အကြောင်းအရာတစ်ခုကို ရိုးရိုးကြီး ရေးလေ့ရှိကြသည်။ ထိုစဉ်က ကျောင်း စာသင်စနစ်များ မှားယွင်းမှု ကြောင့် စာဖတ်အား အပေါ်မူတည်ကာ ဉာဏ်ကွန့်မြူးမှု၌ တည်မှီကာ ချဲ့ထွင် ရေးသားရမည့် မြန်မာစာ ကို ကျွမ်းကျင်မှု မရရှိခဲ့ပဲ ၊ နှုတ်တိုက် ကျက်မှတ်သည့် အကျင့် သာ ရရှိခဲ့ခြင်းကြောင့် ကိုယ်ကိုယ်တိုင် အကြောင်းအရာ တစ်ခုခုအား ရေးသားရမည် ဆိုပါက တောင်တောင်အီအီ စဉ်းစားကာ တည့်မတ်စွာ ချရေးခြင်း ကိုသာ ပြုလုပ်ခဲ့ကြသည်။ ထိုစဉ်က သွယ်ဝိုက်၍ ရေးသားခြင်း အမှု ၊ စာ တန်ဆာဆင်မှု တို့ကို မပြုလုပ်တတ်ခဲ့ပေ။ များသော အားဖြင့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှ သူငယ်ချင်းအများ စု တွင် ထိုကဲ့သို့သော အဖြစ်များ နှင့် ရင်ဆိုင် ကြုံတွေ့ ခဲ့ကြရသည်။ ကျွန်တော်တို့ နေထိုင်သော ရပ်ကွက် ၊ ပတ်ဝန်းကျင် ၊ လူမှု စရိုက် အခြေအနေ မှာ လည်း ပညာရေးကို အလေးထားသော ပတ်ဝန်းကျင်မျိုးကလည်း မဟုတ် ၊ ပေါင်သင်းမိသော အပေါင်းအသင်း များမှာလည်း ပညာရေး ကို အလေးပေးသော အခြေအနေ မှ လာသည်မဟုတ်ခြင်း ကြောင့် စသော အကြောင်းအချက်များ ပေါင်းစည်းကာဖြင့် ကျွန်တော်တို့ ဧ။် ငယ်စဉ်ဘဝတွင် ကျောင်းတွင်း မြန်မာစာ ရေးသားမှု သ...

ကျနော်တို့ မြင်ဖူး/မမြင်ဖူးတဲ့ သိုးများ

ကျနော်တို့ မြင်ဖူး/မမြင်ဖူးတဲ့ သိုးများ တစ်ခါက ဟော်တယ်တစ်ခုက ပြင်ထိန်းစတို တစ်ခုမှာ အလုပ်လုပ်တယ်။ ညဆိုင်းကျတဲ့ အခါ ကိုယ့်ထက်ငယ်တဲ့ ကောင်လေး တစ်ယောက်နဲ့ တစ်ဆိုင်းတည်း ကျတယ်။ အဲဒါနဲ့ အိပ်မပျော်ရင် သူနဲ့ စကားတွေ ပြောပေါ့။ တစ်နေ့တော့ သူပြောတဲ့ အကြောင်းအရာ တစ်ခု ကို ကိုယ်က ပြန်ရှင်းပြနေတာ သူက အဲဒါကို နားကို မလည်နိုင်ဘူး။ ကိုယ်လည်း နည်းလမ်းပေါင်းစုံ သုံးပြီး ရှင်းပြလည်း သူ့မှာ လည်နေတယ်။ ကြာလာတော့ စိတ်က “ဖု” လာတယ်။ အဲဒါနဲ့ ပဲ သူ့ကိုပြောလိုက်တယ်။ "လူတစ်ယောက်ကို အကြောင်းအရာတစ်ခုကို ရှင်းပြလို့ သူက နားမလည်ဘူး ဆိုရင် အခါခါရှင်းပြလို့ရတယ်။ ဒါပေမယ့် ရှင်းပြရင် နားလည်ရမယ့် အချိန်ကာလ တစ်ခု နဲ့ အတိုင်းအတာတစ်ခုလည်း ရှိတယ်။ နားလည် သဘောပေါက်ရမယ့် အခြေအနေတစ်ခုမှာ နားကို နားလည်ရမယ်။ ဘယ်လို ရှင်းပြပြ နားမလည် ဘူးဆိုရင် နားမလည်တဲ့ သူက တစ်ခုခု မှားနေလို့ပဲ" လို့ သူလည်း ဒါကို နားလည်မယ်ထင်ပါတယ်။ ကျွန်တော် ကိုကြီး ရှင်းပြတာကို နားလည်ပါတယ်။ တစ်ခါတစ်လေကျရင် ကျွန်တော်က နားလည်ရဲ့သားနဲ့ နားမလည်ချင်ယောင်ဆောင်နေတာလို့လည်းပြောပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ တချို့ လူတွေမှာ ဘယ်လောက် ရှင်းပြပြ နားကို မလည်နိုင်တာမျိုး သူတ...

Journey To Design My Heart By Samsung Galaxy Note 3 , Driving My Feeling By Galaxy Gear

Image
Journey To Design My Heart By Samsung Galaxy Note 3 , Driving My Feeling By Galaxy Gear   Journey To Design My Heart By Samsung Galaxy Note 3 , Driving My Feeling By Galaxy Gear ချက်ချင်းဆိုသလို အိပ်ရာက ထလိုက်တယ်။ ဒီမနက် ပဲခူးကို သွားရမယ် ဆိုတာ စိတ်ထဲကနေ မှတ်ပြီး အိပ်ရာဝင် ခဲ့တာကြောင့် နိုးလာတဲ့ အခါမှာလည်း စိတ်က ဒါကိုပဲ တန်းသတိရတယ် တော်သေးတာက ညကလည်း စောစော အိပ်ရာဝင်မိတယ်။ ဒါကြောင့် အခုမနက်လင်းတော့ သိပ်ပြီး အိပ်ချင်မူးတူး ဖြစ်မနေပဲ လန်းဆန်းလို့နေသည်။ ညတုန်းက ဝတ်မယ့် အဝတ်အစားကို ရွေးထားပေမယ့် အဆင်မပြေတာနဲ့ ချောင်ချောင် ချိချိဖြစ်မယ့် အဝတ်အစားကို ပြန်ပြီး ရွေးရသေးတယ်။ သန့်ရှင်းရေးလုပ် အဝတ်လဲပြီး အိမ်က ထွက်တော့ မနက် ခုနှစ်နာရီ ထိုးခါနီးပြီ။ ကားဂိတ်ရောက်တော့လည်း ၁၂၄ ကားက အသင့်မို့ စုရပ်ရှိရာကို သွားဖို့ ဘတ်စ်ကားစီးပြီး လာခဲ့တယ်။ မိုးတွေကလည်း မနက်စောစော စီးစီး ရွာလိုက်တာ။ ၁၂၄ ကားကြီးက မိုးရေစိုစို လမ်းမတလျှောက်မှာ ပြေးလွှားလို့။ ကျွန်တော်ကလည်း စိတ်ထဲက နေ ပဲခူးတိုင်းရဲ့ မြင်ကွင်းတွေကို စိတ်ကူးနဲ့ ပုံဖော်ကြည့်နေမ...

Beloved Day

Beloved Day ဒီလို Blog Day မျိုးမှာ  ကျွန်တော်ဟာ ခရမ်းရောင် ဂျင်းန်းအကျပ် တစ်ထည် ရဲ့  ချုပ်ရိုးကြောင်း ဖြူဖြူလေးတွေ ကို  စိမ်းလန်းစိုပြေ ဥယျာဉ်ထဲမှာ ငေးကြည့်နေခဲ့ဖူးတာပေါ့။ ကျွန်တော့် ကို အသိအမှတ်ပြုတဲ့ အနေနဲ့  သစ်ရွက်တွေ ကြွေပေးကြတယ်။ လေပြေတွေ ပိုလို့ အေးပေးကြတယ်။ ကောင်းကင်ဟာလည်း ကော်ဖီရောင်ပြောင်းပေး လိုက်တယ်။ သူ့ ကော်ဖီတွေ ဆို ကျွန်တော် အမြဲတမ်း ငြင်းတယ်။ တကယ်ဆို ကျွန်တော် ကော်ဖီသရဲ တစ်ယောက်သာပဲလေ။ ဘာလို့ ငြင်းဆိုမိမှန်း အဖြေမရဘူး။ သူ့လက်ချောင်း ဖောင်းဖောင်း သွယ်သွယ်လေးတွေ နဲ့ ဖျော်တဲ့ ကော်ဖီဟာ ကျွန်တော့် နှုတ်ခမ်း နဲ့ ထိုက်တန်ပါ့မလား တွေးမိလို့ ဖြစ်မှာပါလေ။ ၂၀၀၈ ခုနှစ်ဟာ ကျန်ခဲ့ပါပြီ။  August ရဲ့ Rhythm တွေ ဟာ စိမ်းလန်းစိုပြည် ရဲ့ ရေကန်စိမ်းစိမ်းတွေထဲမှာ စက္ကူလှေကလေး နဲ့ အပြည့် ဘယ်ဆီ ဘယ်ဝယ်မသိ မျောလွင့်သွားပေါ့။ လှော်ခတ်သူ မပါပဲ နဲ့။ ဝင်းဦး ရဲ့ မပြီးသေးသော ပန်းချီ ကား သီချင်း ကိုပဲ  ကျွန်တော်ဟာ နှလုံးသားဓါတ်ပြားပေါ် ကြိမ်ဖန်များစွာ အပ်ထောက်လို့ မြည်တမ်းစေခဲ့ပေါ့။ ကျော်ညိုသွေး