Posts

နိုင်တီးဂွမ်တီးက ဆယ်လ်ဖီ (သို့) 1920 က Selfie

Image
နိုင်တီးဂွမ်တီးက ဆယ်လ်ဖီ (သို့) 1920 က Selfie      အရမ်းရှေးကျတာကို နိုင်တီးဂွမ်တီး လို့ ပြောကြပါတယ်။  ဟုတ်ကဲ့ ။ အခုမြင်ရတဲ့ပုံကတော့နိုင်တီးဂွမ်တီးကဓါတ်ပုံဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့  Byron Company က ထူထောင်ထားတဲ့ Marceau’s Studio ရဲ့ အမြင့်တနေရာမှာ ချိတ်ဆွဲဖို့အတွက် ပုံထဲမှာမြင်ရတဲ့ဓါတ်ပုံဆရာတွေက အတူတွဲပြီး ရိုက်ကူးခဲ့ကြတဲ့ Selfie ပုံပဲဖြစ်ပါတယ်။ ဒီပုံ ၂ ပုံ ကို အခုတော့ New York Museum မှာ ပြသထားပါတယ်။ တစ်ပုံကတော့ သူတို့ကိုယ်တိုင်ရိုက်ကူးပြီး ရလာတဲ့ Selfie ဖြစ်ပြီးတော့ ၊ နောက်တစ်ပုံကတော့ အဲဒီလို Selfie ရိုက်ကူးနေကြပုံကို မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။ . Selfie ရိုက်ကူးကြတာဘယ်တုန်းကစပြီးရှိခဲ့တယ်ဆိုတာ ကတော့ မသေချာပေမယ့်လည်း သေချာတာကတော့ အရင့်အရင်နှစ်တွေထဲက Selfie ရိုက်ကူးတာနဲ့ပတ်သက်ပြီးပြန်ပြောင်းလေ့လာကြည့် သလောက်တော့ ၁၉၂၀ ခုနှစ်များထဲမှာ ခေတ်စားခဲ့တယ်ဆိုတာ သိရတယ်။ . ဖော်ပြပါ ဓါတ်ပုံနှစ်ပုံကလည်း 1920 ခုနှစ်ရဲ့ ဒီဇင်ဘာလထဲမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ၊ ပြောရရင် ယနေ့ Modern Selfie တွေရဲ့ ရှေ့ဆောင်ပုံတစ်ပုံလို့လည်း ပြောလို့ရနိုင်မယ်လို့ အထောက်အထား အချက်အလ...

ကမ္ဘာ့ပထမဆုံးဘီယာ ကုမ္ပဏီ

Image
ကမ္ဘာ့ပထမဆုံးဘီယာ ကုမ္ပဏီ ဘီယာဆိုတာ ယနေ့ခေတ်မှာ  လူကြီး ၊ လူငယ်မရွေး သောက်သုံးနေကြပြီဖြစ်တဲ့ အယ်လ်ကိုဟော အနည်းငယ်ပါဝင်တဲ့ အဖျော်ယမကာအမျိုးအနွယ်ဝင်ပဲဖြစ်ပါတယ်။ ပထမဆုံးဘီယာကို ဘယ်သူတွေစပြီး သောာက်သုံးခဲ့တယ်ဆိုတာကိုတော့ သမိုင်းမှတ်တမ်းတွေရေရေရာရာမရှိခဲ့ပါဘူး။ ဘီယာ ကို အကြမ်းအဖျဉ်းအားဖြင့် နှံစားပင်ဖြစ်တဲ့ ဂျုံ ၊ စပါး စတဲ့ သီးနှံပင်တွေက ရတဲ့ အစေ့အဆံတွေနဲ့ ရေကို အခြေခံပြီး ထုတ်လုပ်ကြတာပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ပေါင်မုန့်ကို  ဂျုံကနေထုတ်လုပ်ဖို့ လူတွေ မစဉ်းစားမိခင်အချိန်ကတည်းက ဂျုံကနေ ဘီယာကို ထုတ်လုပ်လာကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့်  ဘီယာကို ချက်လုပ်ရာမှာ အသုံးပြုတဲ့ အခြေခံကုန်ကြမ်းပစ္စည်း ကွဲပြားမှုပေါ်မူတည်ပြီးတော့ ချက်လုပ်တဲ့ နည်းစနစ်တွေလည်း ကွဲပြားကြပါတယ်။ ဘီယာချက်လုပ်ရာမှာ တစ်နေရာနဲ့ တစ်နေရာ အသုံးပြုတဲ့ နည်းစနစ် မတူညီကြသလို၊ အသုံးပြုတဲ့ အခြေခံကုန်ကြမ်းတွေဟာလည်း မတူညီကြပါဘူး။ ဘီယာချက်လုပ်တဲ့ နေရာအလိုက် အသုံးပြုတဲ့ ကုန်ကြမ်းတွေမတူညီတဲ့နေရာမှာ ဘီယာချက်လုပ်ဖို့ အတွက် အာဖရိက လူမျိုးများက လူး၊ ဆပ် ၊ နှံစားပြောင်း ၊ ပီလောပီနံ စတာတွေကို အသုံးပြုကြပြီးတော့ ၊ တရုတ်လူမျိုးမ...

စိတ်ဒဏ်ရာ

စိတ်ဒဏ်ရာ ဖြစ်တယ်။ စိတ်ဒဏ်ရာ ဖြစ်တဲ့ အခါ လွယ်လွယ်နဲ့ပျောက်တာ ရှိသလို ၊ ဘယ်တော့မှ မပျောက်နိုင်တာမျိုးတွေလည်းရှိတတ်တယ်။ စိတ်ဒဏ်ရာက ခန္ဓာကိုယ် ဒဏ်ရာနဲ့မတူဘူး။ ခန္ဓာကိုယ်ဒဏ်ရာက ကြီးမှ ဖြစ်ရင် မကောင်းဘူး။ စိတ်ဒဏ်ရာကတော့ ငယ်စဉ်မှာ ဖြစ်ရင် ဆိုးတတ်တာမျိုး။ ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာဖြစ်ရင် ဆေးမင်ကြောင်စွဲသလို တသက်လုံးစွဲသွားရော။ အသက်အရွယ်ကြီးလို့ ပျောက်သွားပြီလို့ ထင်ရတတ်ပေမယ့်လည်း စိတ်ရဲ့အတွင်းပိုင်းတနေရာမှာအငုံ့စိတ်ကလေးအဖြစ်နဲ့ ကျန်နေခဲ့တတ်တာမျိုး။ . စိတ်ဒဏ်ရာဆိုတာ အသက်ကြီးလည်းဖြစ်တတ်တာမျိုးပဲလေ။ နေ့တိုင်းလည်း စိတ်ဒဏ်ရာ ရစရာတွေ ဖြစ်လာတတ်၊ ပေါ်လာတတ်တယ်။ အရွယ်ရောက်ခိုက်မှာ ရတတ်တဲ့ စိတ်ဒဏ်ရာတွေကတော့ ငယ်ငယ်တုန်းကလို စိတ်ဓာတ်ရာအနေနဲ့ ဖြစ်လာတာမျိုးမဟုတ်ဘဲ အများစုက စိတ်ဖိစီးမှုအနေနဲ့ ကျပ်ခဲလာတတ်တာမျိုး။ တချို့တလေကျတော့လည်း အမှတ်အတေးသဘောမျိုးဖြစ်သွားတတ်တော့တယ်။ အဲဒီအမှတ်အတေးတွေများပြီး ကြီးမားလာရင်တော့ လူ့ပတ်ဝန်းကျင်ကို ထိခိုက်အောင် လုပ်ချင်တဲ့ စိတ်ကြမ်းကြီးတွေဖြစ်ပေါ်လာပါလေရော။ ဒါကြောင့်လည်း Stress တွေကို လျှော့ချဖို့နည်းလမ်းတွေကိုရှာဖွေ ဆောင်ရွက်ရတော့တာပေါ့။ ဒါကြောင့်လည်း ဘဝထဲမှာ stress ကျစေတဲ့ဆေးဝါးတ...

သက်မွန်မြင့် ပိုစတာ

သက်မွန်မြင့် ပိုစတာ ဟိုတုန်းက သက်မွန်မြင့် ပိုစတာ ဟာ အိမ်နံရံပေါ်မှာ အရင်အတိုင်း အိမ်မြှောင်လေးတွေဟာ စက္ကူချပ်ပေါ် တက်ရပ်လို့ အမြီးကို တဖျပ်ဖျပ် လှုပ်တယ်။ ဒီလိုနဲ့ ကြောင်ကလေးဟာ လန့်နှိုးလာ။ အိမ်မြှောင်စုတ်တွေ ထိုးတယ် ထရံပေါက် က ချောင်းကြည့်တော့ လမင်းကြီး သာဆဲပဲ။ အဲဒီခဏမှာ ထိုးတဲ့ စုတ်ဟာ ကိုးချက် အိမ်မြှောင်စုတ်ထိုးတာဟာ ကိုးချက်ဖြစ်တယ်။ သက်မွန်မြင့် ပုံ အသစ်လေးလိုချင်တယ် စိတ်ထဲဆုတောင်း။ သစ်ရွက်တွေ ကြွေကျပြီးတော့ နံရံမှာ သက်မွန်မြင့် ပိုစတာဟာ ရောက်လို့လာခဲ့တယ်။ သက်မွန်မြင့် ပုံဟာ အိမ်နံရံမှာ အရင်အတိုင်း။ ကျော်ညိုသွေး

မြသားရောင်လမ်းကလေး

ကန်ထဲက ရေတွေဟာ ခွက်နဲ့ ခပ်ယူခြင်း ခံရပြီးတဲ့နောက်။ တစ်ကိုယ်လုံး ကို ရွှဲစိုသွားစေတော့တယ်။ ဆိုလိုတာကတော့ ရေကန်ထဲက ရေတစ်ခွက်ကို ယူပြီး ခေါင်းပေါ်က လောင်းလို့ ချိုးလိုက်တယ်ပေါ့။ ဟုတ်ပါတယ်။ ချွေးစက်တွေဟာ နွမ်းနယ်မှု ရဲ့ ပြယုဂ် ပဲ ဖြစ်ပါတယ်။ လူတွေ ရဲ့ အတွေးဟာ ရေချိုးခြင်း ၊ အညစ်အကြေးစွန့်ခြင်း နဲ့ ဘတ်စ်ကားစီးခြင်း တို့ ပြုလုပ်တဲ့ အခါမှာ ကွန့်မြူးတယ်လို့ သိထားဖူးတာပဲ။ ဒါပေမယ့်လေ အခုလောလောဆယ်မှာတော့ အတွေးတွေဟာ နောက်ပြန်လည်ရုံကလွဲပြီး ဘာမှမကွန့်မြူးဘူး။ ညနေဟာ စောင်းပြီး ခဲ့ပြီ ။ ညဘက်ဟာ ဝင်ရောက်ခဲ့ပြီ။ ပူအိုက်စေးထန်းနေတဲ့ ခန္ဓာကိုယ်ကို ရေလောင်းချလိုက်တဲ့ အခါ အရေပြားဟာ ဆပ်ပြာကို တောင့်တတော့တယ်။ ရေချိုးချိန်မကြာစေဖို့ ကိုယ့်ကိုယ်ကို သတိပေး ရတာလည်း ချိုပါတယ်ကွယ်။ ချိုပါတယ်။ +++++++++++++++++++++++++++++++++++++++++++++++++++  လမ်းတွေကို အိပ်မက်မက် ရင် ဘယ်လို ခံစားရမလဲ။ ပျော်လား ၊ ကြည်နူးလား ၊ တစ်ခုခုကို လွမ်းဆွတ်တမ်းတ တာမျိုး ဖြစ်ပေါ်ခံစားရလား။ အိပ်မက်ထဲမှာ လျှောက်တဲ့ လမ်းဟာ ဖြောင့်ဖြူးလား ၊ အနိမ့် အမြင့်တွေ နဲ့လား ၊ ဘေးနားမှာ ကွန်ကရစ်တုံးလေးတွေ စီထားလား။ ယာဉ်အသွားအလာရှင်းလား။ အလုပ်ပြန် ခြေလှမ...

လူပျိုရည်

လမ်းမပေါ်က ဒဗလျူဘောလုံးကို မက်မက်မောမော ကန်နေတဲ့ ကလေးတွေ က လူမှုရေး စက်ရုံက ဝင်ရိုးတွေ လည်နေသံကို ဘယ် ဖမ်းဆုပ်မိမလဲ။ အခြေခံကျကျ ပြုပြင်ပြောင်းလဲရေးကို စွမ်းနိုင်သူကို အာဂလူလို့ ယူကြမယ်။ ဒီလိုမျိုးတွေ အတွက်လည်း သစ်ပင်ပျိုးနေရင် ကိုယ်ဟာလည်း အခုတင် အိုမင်းနေအောင် တွေးမိပေါ့။ မလှပတဲ့ သီချင်းတွေ အတွက်တော့ ကိုယ့် လူပျိုရည် ရောင်းမယ်ကွယ်။ သံသရာအတွက်မတွေး မျက်စိရှေ့က ချွေးပေါက်လေးတွေ ခဏတာ တိတ်ဖို့ ၊ လူကုံတန် သီချင်းတွေ ပြီးရင် ညှိုးနွမ်းနေတဲ့ သစ်ရွက်ကလေးတွေ ရေစင်ဖြန်းဖို့ လူပျိုရည်ရောင်းမယ် ကွယ်။ လူပျိုရည် ရောင်းပါတယ်။ သန့်စင်ထားတဲ့ မူးယစ်ဆေးဝါးတွေလိုချိုမြ ၊ ပင်လယ်ကမ်းစပ်က သဲခုံတွေလို ဖြူဖွေး ၊ လေနုအေး တိုက်တဲ့ အရပ်က ပန်းသစ်ခွတို့ ရဲ့ အာရုံနှိုးတေးသွားလို လူပျိုရည် ကိုယ်ရောင်းမယ်။ ပြာသိုတဲ့ တပိုတွဲမှာ ပွင့်တဲ့ ပန်းတွေ ကောင်းချီးပေးပါစေ။ ဆက်ရက်တွေ တောင်ပံကျိုးတဲ့ အခါ ကြောင်တွေလည်း အလိုလို ခံတွင်းပျက် ရတော့မယ်။ ဒီလိုနဲ့ အေးစိမ့်တဲ့ တောင်ပေါ်ဒေသလေး တစ်မြို့ ကိုယ်ဖြစ်ချင်တယ်။ လတ်ဆတ်တဲ့ သစ်သီး ဝလံတွေ ကို ခူးဆွတ်တဲ့ အခါ မြည်တဲ့ အသံကိုက ချိုမြမြ ၊ အညှာကထွက်တဲ့ အစေး လည်း လောင်မယ်။ ငါက မ...

ချစ်ရသောကြောင်ကလေး

ကျွန်တော်တို့ငယ်စဉ်အခါက ကျောင်းတွင် စာစီစာကုံးများ ရေးသော အခါ အကြောင်းအရာတစ်ခုကို ရိုးရိုးကြီး ရေးလေ့ရှိကြသည်။ ထိုစဉ်က ကျောင်း စာသင်စနစ်များ မှားယွင်းမှု ကြောင့် စာဖတ်အား အပေါ်မူတည်ကာ ဉာဏ်ကွန့်မြူးမှု၌ တည်မှီကာ ချဲ့ထွင် ရေးသားရမည့် မြန်မာစာ ကို ကျွမ်းကျင်မှု မရရှိခဲ့ပဲ ၊ နှုတ်တိုက် ကျက်မှတ်သည့် အကျင့် သာ ရရှိခဲ့ခြင်းကြောင့် ကိုယ်ကိုယ်တိုင် အကြောင်းအရာ တစ်ခုခုအား ရေးသားရမည် ဆိုပါက တောင်တောင်အီအီ စဉ်းစားကာ တည့်မတ်စွာ ချရေးခြင်း ကိုသာ ပြုလုပ်ခဲ့ကြသည်။ ထိုစဉ်က သွယ်ဝိုက်၍ ရေးသားခြင်း အမှု ၊ စာ တန်ဆာဆင်မှု တို့ကို မပြုလုပ်တတ်ခဲ့ပေ။ များသော အားဖြင့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှ သူငယ်ချင်းအများ စု တွင် ထိုကဲ့သို့သော အဖြစ်များ နှင့် ရင်ဆိုင် ကြုံတွေ့ ခဲ့ကြရသည်။ ကျွန်တော်တို့ နေထိုင်သော ရပ်ကွက် ၊ ပတ်ဝန်းကျင် ၊ လူမှု စရိုက် အခြေအနေ မှာ လည်း ပညာရေးကို အလေးထားသော ပတ်ဝန်းကျင်မျိုးကလည်း မဟုတ် ၊ ပေါင်သင်းမိသော အပေါင်းအသင်း များမှာလည်း ပညာရေး ကို အလေးပေးသော အခြေအနေ မှ လာသည်မဟုတ်ခြင်း ကြောင့် စသော အကြောင်းအချက်များ ပေါင်းစည်းကာဖြင့် ကျွန်တော်တို့ ဧ။် ငယ်စဉ်ဘဝတွင် ကျောင်းတွင်း မြန်မာစာ ရေးသားမှု သ...