မြို့သူလေးရဲ့ တောနာမည်
ရိုးရှင်းသောတွေ့ဆုံမှု့တစ်ခုဖြင့် သူမနှင့် ကျွန်တော် တွေ့ဆုံခဲ့ကြသည်။ ကမ္ဘာပေါ်ရှိ ဆန်းကျယ်သော တွေ့ဆုံမှု့များကို သူမနှင့် ကျွန်တော်၏ တွေ့ဆုံမှု့များက လိုက်၍မမှီခဲ့ပါ။ သို့သော် ကျွန်တော့် Text Messenger လေး၏ ထိပ်ဆုံးတွင် Invited ဖြစ်နေသော Request လေးမှ Yes Button လေးကို Click လုပ်လိုက်ပြီးချိန်မှ စ၍ ကျွန်တော့်ဘ၀၏ မြက်ခင်းစိမ်းများကို လှမ်းမျှော်နိုင်သော ပြတင်းပေါက်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဟု ထင်မြင်မိသည်။ သူမက ကျွန်တော့်ကို “အကို” ဟု ခေါ်၍ ၊ သူမကို ကျွန်တော်က “လင်း” ဟု ခေါ်ဝေါ်သုံးနှုန်းကြပါသည်။ သူမ၏နာမည်မှာ တစ်ကယ်တမ်း ဆိုရလျှင် တောဆန်သည့်နာမည်မျိုးဖြစ်၏။ ခေတ်ပေါ်မိန်းကလေးများ၏ နာမည်မျိုး မဟုတ်ချေ။ ကျွန်တော့် အသိမိန်းကလေးများထဲတွင် လှပသော နာမည်များနှင့် မိန်းကလေးများရှိ၏။ တစ်ချို့နာမည်များမှာ ဗမာဆန်သော်လည်း ခေတ်မီသည်၊ တစ်ချို့မှာ ခေတ်လည်းမီ ၊ ဘိုလည်းဆန်လေသည်။ ဥပမာ ။ ။ တင်မြတ်မြတ်ထက်၊ သွန်းမီမီခိုင်၊ သီရိယုမြတ်နိုး၊ အိမွန်ဖြိုး၊ အိမွန်တာ၊ ခင်မြတ်မြတ်နိုင်၊ မီမီသော်၊ ဧပရယ်စော၊ အိမ့်ဖူးငယ်…စသည်ဖြင့်ရှိကြသည်။ ဤနာမည်များသည် တစ်ချို့ကရှည်သည်၊ တစ်ချို့က တိုသည်၊ ဗမာလည်းဆန်သလို၊ ဘိုဆန်ပြီး ကနွဲ့