The Manager Of The Poem Get link Facebook X Pinterest Email Other Apps March 29, 2010 Here You Go ! " A Poem"produced by someone. He gave up the poemto produce another Poem. He is gonna be Given up the current poem to catchnext. There is no Poemtogether with Poet. Kyaw Nyo Thway Get link Facebook X Pinterest Email Other Apps Comments သွယ်လင်းဆက် said… So..... Where they go? :P မမသီရိ said… It's still a poem of the Poet... :)...Keep it up!I will take your link.
ညီမလေးနှင့် ကျွန်တော် August 10, 2010 အိမ်တွင်ညီမလေးနှင့် စကားများရသည်မှာအကြိမ်ကြိမ်။ ကျွန်တော့် ဂစ်တာကိုယူယူကိုင်သောကြောင့် ကျွန်တော်နှင့် ကတောက်ကဆဖြစ်ရတိုင်း အဖေနှင့်အမေက ကျွန်တော့်ကိုချည်းဆူလေတော့သည်။ အငယ်ဖြစ်သူ ကိုယ့်ညီမလေးအား မညှာဘူးဟူ၍ပြောသော်လည်းမရ ကျွန်တော့်ပစ္စည်း၊ ပစ္စယများကိုယူကိုင်သည်ကိုမကြိုက်။ ထို့ကြောင့်ကျွန်တော့်ညီမလေးက ကျွန်တော့်ကို “ကပ်စီးနည်းကြီး” ဟုအမြဲတမ်းပြောလေ့ရှိသည်။ ကျွန်တော်တို့မောင်နှမ နှစ်ယောက်ငယ်ငယ်က ကျောင်းတက်စဉ်က ကျွန်တော်သည်မုန့်ဖိုးများကိုမစားဘဲ စုစုထားကာ ကျွန်တော်ကြိုက်သည့် ပစ္စည်းများကို ၀ယ်လေ့ရှိသည်။ ညီမလေးကတော့ စားသင့်တာစား၊ စုသင့်တာစုနှင့် ညီညီမျှမျှရှိခဲ့သည်။ အမေပေးသောမုန့်ဖိုးများကို ကုန်သွားမှာကြောက်သဖြင့်စုစုထားပြီး မုန့်မစားဘဲ ညီမလေးဆီကသာ ကပ်ရပ်လျှက်စားခဲ့သည်ချည်း။ မကောင်းတတ်၍ညီမလေးအား ၀ယ်ကျွေးရလျှင်လည်း။ ဈေးပေါသောမုန့်များကိုသာဝယ်ကျွေးလေ့ရှိခဲ့သည်။ တစ်ခါတစ်ခါ ကျွန်တော့်ညီမလေးဝယ် ကျွေးသော မုန့်များမှာကျွန်တော်ပင်ကိုယ်တိုင်ပင် ၀ယ်၍မစားဖူးသော မုန့်များပါလေသည်။ မြိန်ရည်ယှက်ရည်စားနေသော ကျွန်တော့်ကိုကြည့်နေသည့် ညီမလေးမျက်လုံးများကိုကျွန်တော်အဓိပ္ပါယ်မဖော်တတ်ခဲ့။ သို့သော်ကျွန်တော့်ညီမေ... Read more
ပျစ်ပျစ်နှစ်နှစ် November 26, 2008 ဒီမှာဂစ်တာ မင်းအကြောင်းပြောရမှာ ငါသိပ်ရှက်တယ်။ မင်းလိုပိန်းတိန်းတိန်း ဖြစ်နေတဲ့ကောင်မျိုးကတော့ ဒီလောကမှာတော်တော်ရှားမှရှားလို့ပြောလို့ရတယ်။ မင်းပြောလိုက်ရင်လည်း အရည်မရအဖတ်မရနဲ့၊ လုပ်လိုက်တော့လည်းသောက်တစ်လွဲ ပေါတောတောအလုပ်တွေချည်းပဲ။ တစ်ခုခုဆိုရင် အူတူတူနဲ့ ဘာမှကို အက်တစ်ဖ် မဖြစ်ဘူး။ ဘာသိလဲဆိုတော့လည်းဘာမှသိတာမဟုတ်ဘူး။ ဒါတောင်မှ တစ်ခါတစ်ခါ ထပြီး ကြောင်တောင်တောင်လုပ်သေးတယ်။ တစ်ကယ်တော့ မင်းက ဘာမှအနာဂတ်ရှိမယ့်ကောင်မဟုတ်ဘူး။ မင်းကိုယ်မင်းစဉ်းစားဟေ့ကောင် မင်းကိုယ်မင်းသိဖို့လိုပြီ။ မင်းမှာဘာအစွမ်းအစရှိလဲ၊ပြောလေ။ ဘာမှကြီးကြီးကျယ်ကျယ်မလုပ်နဲ့ဦး။ မင်းကိုယ်မင်းပဲ၊ လူရည်လည်အောင်လုပ်ပါဦး။အထာနပ်အောင်လုပ်ပါဦး မောင်ဂစ်တာရယ်။ မင်းကမင်းကိုယ်မင်းသိပ်ဟုတ်လှပြီထင်နေလား။ ဟားဟား..ရယ်ရတယ် ဂစ်တာ။အနည်းဆုံးမင်းက သူများနဲ့ရန်ဖြစ်တာတောင် အမြဲခံနေရတဲ့ကောင်။ အဲ့ဒါနဲ့များမင်းဘယ်သူ့ကို စိုးမိုးနိုင်လိမ့်မလဲ။ မင်းသိဖို့က မင်းကိုယ်မင်းဝမ်းစာပြည့်အောင်မလုပ်ရင် မင်းဘ၀က ဒေါင်းမှာပဲ။ အဲ့ဒါမသေမချင်းမှတ်ထား။ မင်းကတော့လေ တစ်ကယ့်ကို ငပေါပဲ။ မင်းကဘာသိသေးလို့လဲ အချစ်ဆိုတာကိုမင်းက ကိုးကွယ်ချင်လို့လား။ နိုးပဲ။ တစ်ကယ်တော့ ဘယ်သူမှအ... Read more
အိုး ဋီကာ November 15, 2008 . အိုးဆရာတဲ့ဗျ အိုးတစ်ကာကို မရိုးသာအောင် သတယ် အိုးတွေက လှတယ်လေ နှမငယ်ရေ ပြချင်တယ် ဟ…ဘ၀င်မယ်ကျစေမှာပဲ…။ မလှချင်လည်း လှရမှာပဲပေါ့ ဘ၀အစဉ်သာ အိုးတွေကြားထဲ ရိုးလေမသွားပဲ အိုးတွေများ အမြဲထိုင် သလို့ရယ် ဆွဲကိုင်ထား ရွှံ့စေးရယ်နဲ့ မတွန့်သေးပါ တောင်မြေ ကို စပ်ပါလို့ ပါးစပ်က တေးကိုနှော့ ပျော့ပါတဲ့ အိုးလည်း မာရမယ်။ ချော့ကာတဲ့ သတယ် မမှားရအောင် လက်ဝါးလေး ဆ” ကာ ဆ” ကာနဲ့ လှလာတဲ့ အိုးကလေးက အသက်ဝင်တယ် လက်ဝင်တယ် အမျိုးမျိုးနဲ့ အိုးဒီဇိုင်း မဆိုင်းပဲထုတ်ပါတယ်။ အဟုတ်ပါကွယ် အိုးအစိုလေးကို လ နေရောင်မခံမိစေရ တဲ့ သဘာဝအတိုင်း ခြောက်စေတယ် နောက်..လေကွယ် အိုးအရိုင်းကို တစ်မျိုးတစ်ဆိုင်း ထပ်တိုးကာ မညှိုးပါ အိုးမှာနီစွေးလို့ အဟုတ်လှအောင် ဖုတ်ရတယ်ကို။ ဟုတ်ပါ့ကွယ်…အဖုတ်ကောင်းလှချည်ရဲ့ တုတ်ချောင်းများ ထည့်ကာခေါက်ရင် လွင်ပါတဲ့ အသံချိုလေးဆောင်တယ်…. အို… ဒေါင်ဒေါင် ရယ်မြည်။ Ps- ညဖက်အလုပ်ကအပြန် MRTV4 ကြည့်နေရင်း အိုးလုပ်ငန်းအကြောင်း အစီအစဉ်လာတာနဲ့ ရေးဖြစ်သွားတာလေးပါ။ Read more
Comments
Keep it up!
I will take your link.