သင်္ကြန်ကဗျာ


သင်္ကြန်မှာ အဖြုန်းကောင်း ဖို့
ဖန်စရာ သုံးသောင်းလောက်တောင်မရှိ။

ပျိုတရုတ်မကလည်း
အကို ကျုပ်ကို ချန်ခဏထားပြီး
ဟို...အုတ်ဖို ပြန်ကြွသွား။

ဒီမှာတော့ ဖုန်းခေါ်သံတွေ ကြားတိုင်း
ကုန်းပေါ်ကျန်နေတဲ့ ငါးလို
နှုန်းတော်မြန် စည်းချက်နဲ့
အသုံးတော်ခံ Feel တက်လို့ ထွန့်ထွန့်လူး။

ဟော့..ဒီ့သင်္ကြန်မှာ
ဘ၀သမားတွေကလည်း ရက်တိုမှာ ပုလင်းကောက်။
ပကာသန ကျားတွေကလည်း ရမ္မက်ပိုကာ ကင်းထောက်။
အထာ အပြ များတွေနဲ့ အရှက်ဆိုတာ အလျဉ်းပျောက်။

အိမ်ထဲကနေ လောကကြီး ငါကြည့်
ဇိမ်လည်းမကျပေ သဘောကျ ပြီးစရာမရှိ။

ဟိုချောင်ဒီချောင်တွေက လည်း ကောင်းမှု့အစာကျွေး
ဟိုကောင်ဒီကောင်တွေကလည်း Foul ထုကာ ပွေး
ဟိုယောင်ဒီယောင်တွေကတာ့ ခေါင်းပုကာ ပြေး။

အကြံပေါ်ပြီး အလန်းဓါတ်စာနဲ့ ဘီယာဆိုင်မှာ တိုးလို့တိုး
ကန်တော်ကြီး ကမ်းစပ်မှာတဲ့ အတည်လာထိုင်ကာ ရှိုးလို့ရှိုး
အဖန်တော်ပြီး ဖလန်းထပ်ခါတဲ့ အီအထာပြိုင်ကာ ဒိုးလို့ဒိုး။

အပြန်ဆိုအလွမ်းဖြတ်ပြီး ရယ်စရာလေးပြောင်
မပြန်လို စမ်းသပ်ပြီး ဘီယာလေးဆောင်
အမှန်ကို ဖလန်းထပ်ပြီး ဂီတာထွေးမောင်။

မြို့တွင်းမှာတော့ ကာရန်တွေ အဲ့လိုဆိုးတယ်
ကိုယ်အချင်းမှာတော့ နာခံနေ တစ်ကယ့်ကိုရိုးတယ်။
မင်းမသောက်ခိုင်းလို့ ...
အသောက်အစားလည်း မလုပ်ပါဘူး
အတင်းလျှောက်ရိုင်းလို့…
လျှောက်သွားလည်း မရှုပ်ပါဘူး၊
ဒီနွေမှာ...
ပူတဲ့ ခဏထဲ
လေစရာ..ဘယ်သူနဲ့မှလည်း မကဲပါဘူး။



ကျော်ညိုသွေး


Comments

ဟော့..ဒီ့သင်္ကြန်မှာ
ဘ၀သမားတွေကလည်း ရက်တိုမှာ ပုလင်းကောက်။
ပကာသန ကျားတွေကလည်း ရမ္မက်ပိုကာ ကင်းထောက်။
အထာ အပြ များတွေနဲ့ အရှက်ဆိုတာ အလျဉ်းပျောက်။

-----

အဲဒီအပိုဒ်ကတော့ အထာကျတယ် ဘကြီးညိုရယ်။ မှန်တာတွေသိပ်မရေးနဲ့။ လူပျိုကြီးဖြစ်တတ်တယ်။
ကဗျာလေးကို ခံစားမိသွားတယ်.......။
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ......
ခင်မင်တဲ့
ဏီလင်းညို
sta said…
တကယ်လေးစားသွားပြီဗျို့၊ အသိနောက်ကျလိုက်တာဗျာ... ကျနော်တို့က ဒီလိုကဗျာမှ ကဗျာထင်တာဗျို့.... နောက်လည်းလာဖတ်မယ်ဗျာ.... ကျေးဇူးတကယ်တင်ပါတယ်ဗျာ.... တကယ်လည်းလေးစားပါတယ်...