နောင်တချို


ဂျိုလီကြီးမလှတော့ဘူး ဆိုတဲ့ ကွန်မန့်လေးဖတ်လိုက်ရတော့
ငယ်ငယ်က ဖတ်ဖူးတဲ့ တစ်ကွက်ဟာသ ကာတွန်းလေး ပြန်ပြီးသတိရတယ်။
ဂျိုလီကြီး ဒီဇာတ်ကားမှာ တော်တော်ကြီးကို ရွဲသွားပြီးတဲ့ ..
….ပြောတယ်။
စာတစ်ပုဒ် ကဗျာတစ်ပုဒ်ဖြစ်ဖို့
စာရွက်ကလေးတွေ အိတ်မှာဆောင်
ဒိုင်ယာရီလေး ဘေးမှာချ
ဘောလ်ပင် မှင်မကုန်ဖို့ လည်း လိုသေးတယ်။
အခုတော့ ဇော်ဂျီဖောင့်နဲ့ Desktop နဲ့
Microsoft Word နဲ့ မြန်မာစာ ကီးဘုတ်နဲ့ အိုခေမှာ..စိုပြေလို့။
အရင်တုန်းက ခက်ခက်ခဲခဲ ကဗျာလေးတွေကို ပြန်လွမ်းတယ်
အလျင်အမြန်ချမရေးနိုင်တော့လို့ စွန့်လွှတ့်လိုက်ရတဲ့ အတွေးလေးတွေ
မှင်စာမပါပဲ လွှတ်တဲ့ စွန်လေးတွေလိုပါပဲလား။
ကော့…ပြန်…လန်…လို့ လယ်ကွင်းထဲကျသွားတာများ
ရင်ထဲမှာ ဟာ…တာတာ။
အကောင်းလားအဆိုးလား ဘာဘာ ဘာမှ မကွဲပြား
သူ့နေရာနဲ့သူ နေရာကျမှ ဖြေသာကြမယ်။
အခုတော့…ကဗျာတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ထွက်ထွက်ကျ
ကိုယ့်ကိုယ်ကိုတောင် သိပ်ပြီး မင်္သကာတော့ဘူး ဖြစ်မိ။
ကိုယ့်အဖြစ်ကို ကိုယ်တွေးတိုင်း ရယ်မိတယ်
ကိုယ့်စွန်ကလေးတွေ ပြတ်ပြတ်သွားတာပဲ ကောင်းတယ်
ဂျိုလီကြီးမလှတော့ဘူးတဲ့…ဟုတ်သား..မလှတော့ဘူး
ရေးလက်စ ကဗျာလေးကိုပဲ အဆုံးသတ်မိပါတယ်။

ကျော်ညိုသွေး

Comments

Anonymous said…
နောင်တချို ထူးဆန်းလို့ လာဖတ်ပါ၏
အော်နောင်တက ဒါကြေင့်ချိုးp

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး