တစ်ကမ္ဘာလုံး အနှစ်သက်ဆုံး ကဗျာ ၂


တစ်ကမ္ဘာလုံး အနှစ်သက်ဆုံး ကဗျာ ၂


မပြည့်တဲ့ အိုး မို့လို့
ဘောင်ဘင်ခတ်တာတွေ ရွှန်းပ
ပြည့်တဲ့ အိုးတွေ များ
ညောင်းညာ။
ဆိုလက်စ သီချင်း တွေ ရပ်ရပ်ရပ်
အချစ်ဆိုရင်
ထောင့်ငါးရာက ပူလောင်တယ်။
ငါးရာနှစ်ဆယ့် ရှစ်မှာ ဘတ်စ်ကားစောင့်စီးတယ်။
ရေသည်သာ အကောင်းဆုံး သောက်စရာ
သနပ်ခါးရေကျဲ က
အသားအရည်လှပစေ တဲ့ ကဗျာ
သစ်ပင်တွေ ကို ကယ်လိုရီ လျှော့စေချင်
ဒိုခရုမန်ထရီ တစ်ပုဒ်ထဲ
ဆံပင်တွေ ရှည်နေတဲ့ ကဗျာ
အမ်မ်စီတွေ နှုတ်ခွန်းဆက်လိုက်တဲ့ နံရံများ
တစ်ကမ္ဘာလုံးမှာ
အိပ်မက်များ ထဲ ကော်ဖီများ အမွှေးဆုံး အပိုင်းအခြား
ဖော်ပြရန်ခက်ခဲ သလေ။


ကျော်ညိုသွေး

Comments

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ဘီယာကို ဘာကြောင့် ဖန်ခွက်နဲ့ထည့်ပြီး သောက်သင့်တာလဲ?