မျှော့



မျှော့


မိုနာလီဇာ လို လှဖို့ 
နိုင်းမြစ်ဝှမ်းက ရွံ့စေးတွေ နဲ့ 
မင်းကို သုတ်လိမ်းပေးချင်။
နိုင်းမြစ်ဝှမ်းမှာ 
ဒီရေတွေ  တိုးဖို့ ပဲလိုတယ်။
ဒီရေတွေ ကျမှ 
မင်း အလှကို ကမ္ဘာလုံးဆိုင်ရာ အတင်အဆက်မှာ
ခင်းကျင်းပြသ နိုင်မယ်။
အခုတော့
ပန်းကလေးတွေ ကြိုးစား ပွင့်ဦး
အင်းဆက်တွေ မှန်မှန် မွေးဖွားနှုန်း မြင့်တက်စေဦး
မင်းလည်းပဲ ကြိုးခုန်ကစားနေဦး
ကလင် ကလောင် ကလက် ကို
ချဉ်ပေါင်ရွက်လို့ ယူဆမယ်ဆိုရင်လည်း
ကောင်းရဲ့။


ကျော်ညိုသွေး

Comments