Posts

Once Upon A Time

Image
My Own Creation! by using adobe photoshop cs3.

မှားတဲ့ဘက်မှာ

ဟန်ဆောင်မှု့တွေနဲ့ ငါနှစ်ပါးသွားလန်းရတော့ အမှန်အောင် သမှု့တွေနဲ့ မြန်မာစာ/စကားလည်း ကျွမ်းလှတယ်။ အရမ်းလှတယ်ကို အကွေ့အ၀ိုက်တွေ အရောင်စုံလင်းလို့ ၀မ်းဝမယ်ဆို မေ့လိုက်လေ မောင်ထုံခြင်းတို့။ အကုန်အရှင်းပျောက် သီလနဲ့ ဒီဘ၀လည်း ဒိဌိ စုန်ဆင်းမကြောက် ဗီဇရဲ့ ဖြည်သမျှလည်း အိတ်အပြည့်။ စိတ်၏အင်အားတွေကို မာယာတွေနဲ့ခြုံလွှမ်း အတိတ်၏အယဉ် တရားတွေကို ခါ ကာလေပဲ ကုန်စမ်း။ ဂုဏ်အတန်းတွေကို လှမ်းကိုင်ဖို့ ယုံတမ်းတွေကို ဖမ်းကိုင်လို့။ အသစ်ကမ္ဘာပန်းတိုင်ကို အရောက်သွားဖို့ မေတ္တာပန်းခိုင်ကို ဖျောက်ထားလို့။ ကျော်ညိုသွေး (နေ့စဉ်ဘ၀မှာ အစစ်တွေကိုပေးလည်း အတုတွေပဲပြန်ရချင်ရတာ။ အစစ်ကိုပေးလည်း ယုံရဲတဲ့သူနည်းတာ၊ ကိုယ့်ဘက်က စေတနာတွေ တစ်ခါတစ်လေကျဝေဒနာတွေဖြစ်တတ်တာ။ ဟန်ဆောင်နေကြတဲ့ ပတ်ဝန်းကျင်မှာ တစ်ခါတစ်လေ ရှင်သန်ရတဲ့အခါ ကိုယ်ပါကူးစက်ပြီး ဟန်ဆောင်မှု့တွေနဲ့အသားကျဖြစ်ခဲ့တာတွေကို တွေးမိတာတွေ နဲ့ ကိုယ့်အတွက်၊ ကိုယ့်အတ္တအတွက်ဆို ဘာကိုမှငဲ့မကြည့်ပဲ လုပ်တတ်တဲ့ လူတွေနဲ့ ပေါင်းမိပြီး မှားတဲ့ဘက်မှာရောက်နေမိတဲ့ အဖြစ်တွေအကြောင်းကို တွေးမိလို့ရေးလိုက်မိတာပါ။)

နိစ္စဒူဝ

မနက်မျက်နှာသစ်ရင် ရေနွေးနဲ့ပေါင်းတင် ဖြစ်နိုင်ရင် မေတ္တာအစစ်ကိုလည်း အခြေဈေးနဲ့ရောင်းချင် မကောင်းရင်လည်း ဒို ရှိရင် သစ္စာတွေ အိုခေ မောင်းတင်လည်း အလိုပြည့်ရင် ချစ်တာတွေ ချိုနေ။ စိတ်ကောင်းလည်း ကိုယ်မလှရင် မဖြစ်ဘူး အတိတ်မကောင်းလည်း ဒို ကျရင် မပြစ်ဘူး ဖြစ်နိုင်ရင် မာန်တက်နေတဲ့ အကောင်တွေနဲ့လည်းမတွေ့ချင်ဘူး ဖြစ်နိုင်ရင် အဆံပျက်ပြီး ချောင်နေတဲ့ အကောင်တွေနဲ့လည်းမတွေ့ချင်ဘူး ဖြစ်နိုင်ရင် အတုအယောင်တွေနဲ့လည်း လူဘောင်မှာ မကချင်ဘူး ဖြစ်နိုင်ရင် သူ့မောင်တွေနဲ့လည်း ဖု၊ယောင်စရာ မချချင်ဘူး။ ဆရာတွေက ဆရာလုပ်တာ ခံချင်ပေမယ့် အာပလာတွေက လာရှုပ်တာ မခံချင်ဘူး ဖြစ်နိုင်ရင် အရေးမပါတာ အရာပေးနေတဲ့ ဆူးလှည်းတွေနဲ့လည်းမတွေ့ချင်ဘူး ဖြစ်နိုင်ရင် ကလေးသာသာ အထာပေးနေတဲ့ အရူးငနဲတွေနဲ့လည်းမတွေ့ချင်ဘူး ဈေးချိုအောင် လျှော့ပြီးရောင်းတော့ အစစ်ကို အတုထင်တယ် ကလေးမငိုအောင် ဖော့ပြီးပေါင်းတော့ အပြစ်ကိုပြုချင်တယ်။ တစ်ချို့တွေက အလုပ်ကိုသေချာလုပ်တယ် တစ်ချို့တွေက အရှုပ်ဆို အဖြေရှာထုတ်တယ် တစ်ချို့တွေက စကားကို တစ်အားချစ်အောင်ပြော တစ်ချို့တွေက ဖားကို ကျားဖြစ်အောင်ပြော ခလုတ်တိုက်တာကိုလည်း ဖားပြုတ်ကိုက်သလိုပြော ဖားပြုတ်ကိုက်တာကိုလည်း တရုတ်ရိုက်သ...

အလွင့်အမျော

ထားလိုက်တော့ဟေ့ စိတ်နဲ့အစေးမကပ်တဲ့လှိုက်မောမှု့တွေ ဦးတည့်ရာပြေးလိုက်တော့ဟေ့ ခြေဖနောင့်က ကမ္ဘာမြေကြီးကိုတွန်းနိုင်သမျှ လူဘ၀မှာ နောက်ကလိုက်ရတဲ့ အဖြစ်ရယ် စိုးရွံ့စွာ ရှေ့ကပြေးရတဲ့ အဖြစ်ရယ်…။ အခုတစ်ခါတော့ စိတ်လိုလက်ရ ပျော်သလောက်သာပြေးနေတော့လေ…။ ဘေးနားမှာတစ်ရိပ်ရိပ် သစ်ပင်တွေ၊ မြင်ကွင်းတွေ၊ ဓါတ်တိုင်တွေ၊ ခြံစည်းရိုးတွေ မောလာရင်ပစ်လှဲကာချလိုက်တော့။ ထားလိုက်တော့ဟေ့..။ အလိုရှိတာ လုပ်ယူလို့ရချင်မှရတဲ့ လောကကြီးမှာ ထားခဲ့တော့ဟေ့…။ ငါ့မျက်နှာငါမြင်ရဖို့ ပြဒါးချပ်တွေကို မရှာတော့ဘူး အနားမသတ်တဲ့လောကကြီးလို ငါ့အတ္တကလုံးတီးချော်။ စိတ်လွတ်ကိုယ်လွတ် လက်ကိုမြှောက် စိတ်ရှိတိုင်းအော်… စည်ဝါးမကိုက်လည်း ငါ့ကိုငါလည်းအပြစ်တင်ဖို့မလိုတော့ မြင်သမျှတွေက အတွေ့ခဏပဲ စိတ်ထဲမထားနဲ့ လွှတ်လို့ချ ပြန်စရာမရှိတော့တဲ့ခဏ ပြင်စရာမရှိတော့တဲ့ခဏ နေစရာမရှိသလို သေစရာမသိသလို ဝေဒနာအသိကို ရေထဲမျောလိုက်တော့။ နာသည်မရှိ၊ သာသည်မရှိ ဝေဒနာမရှိ၊ ဖြေစရာမရှိ ဘယ်အရာကိုမှလည်း အသေအချာမကြည့်။ ကာလသုံးပါးနဲ့ ဝေးကွာစွာပဲ မျောလွင်နေသော မြူလိုအခိုး။ စိတ်တိုင်းကျခြင်းမကျခြင်းတွေလည်း လက်ထဲကလွှတ် ကပ်ငြိခြင်းတွေအားလုံးကလည်း စွန်ကြိုးပြတ်လို လွတ်။ မဲ့ခြင်း၊ မမ...

Curve In The Lake

Image
My Own Creation. I Have Designed All Of Creations By Using Adobe Photoshop CS3. Don't Allowed To Use It Any Other Media.

ရွှေဘ

နားသယ်ကဆံပင်ကိုဆွဲ ရင်ခွင်ထဲခြေထောက်ဝင် လက်ပြင်ထဲဒူးချ နဖူးက လက်သီးဝင် ချက်အနီးဗိုက်ကို ထိုး ခြေဖမိုးထက်နင်းတက် လို့အမှန်ထောင်း နံစောင်းကို ညိုသကြီးပါ ပြီးကာမှ နှာနုရိုး သွင်သွင်ချိုး အရိုးကြေအောင် အမျိုးတွေစာရင်း အပျောက် နောက်စေ့ကိုခွဲ။ လက်ဝါးလည်းမနေတယ် ဘယ်ပါးနဲ့ညာတစ်ဖက် ခါပျက်ကာ လျှာတွေထွက်မှာ အနာတွေ ကွဲထွက်စမ်း နှုတ်းခမ်းက မွနေသေး သွေးစက်စက်ကျ။ ကျော်ညိုသွေး

မိုးရာသီအက်ဆေး

မိုးရာသီသို့ ရောက်ပြီဟု ပြောစရာမလိုအောင်ပင် လမ်းမတစ်လျှောက်တွင် မှိုပွင့်ရောင်စုံများ ပေါက်နေသည့်နှယ် ထီးရောင်စုံတို့ဖြင့် သြဂုတ်လ ရောက်ကာစ အချိန်သမယတွင် လူအမျိုးမျိုး တို့နေစဉ် ၀တ္တရားအဖုံဖုံတို့ဖြင့် သွားလာ လှုပ်ရှား လျှက်ရှိနေကြသည်ကိုး။ လူအမျိုးမျိုးတို့တို့သည် ရာသီအမျိုးမျိုးတို့တွင် မွေးဖွားရခဲ့ကြရကား ကျွန်တော်သည်လည်း မိုးရာသီ၏ မိုးများသည်းထန်စွာ ရွာသွန်းလျှက် ရှိခြေသော ညနေပိုင်းတွင် မွေးဖွားလာခဲ့ရသည်ဖြစ်သောကြောင့် မိုးနှင့် ကျွန်တော် ကျွန်တော်နှင့် မိုးသည် မစိမ်းလှပေ။ သို့သော် ကျွန်တော်သည် မိုးရာသီကို မကြိုက်။ နွေရာသီနှင့် ဆောင်းရာသီ တို့ကိုပင် သာ၍နှစ်ခြိုက်လေသည်။ နွေရာသီကား ကျောင်းနေစဉ် အရွယ် တွင် နှစ်တစ်နှစ်၏အဆုံးသတ် အားလပ်ရက်များဖြစ်သော ကြောင့် လွတ်လပ်ခြင်းအတိဖြင့် ဖြစ်နေသောကြောင့်ပင်။ ထိုအချိန် ၌ ဟိုဟိုဒီဒီခရီးတိုလေးများလည်း ထွက်နိုင်သေးသလို။ သူငယ်ချင်းအပေါင်းအသင်းများနှင့်လည်း လွတ်လပ်ပျော်ရွှင်စွာ ကစားခုန်စားလည်းပြုလုပ်နိုင်ပေသေးသည်။ ဆောင်းတွင်းမှာကား ပို၍ နှစ်သက်သော ရာသီဥတုပင်ဖြစ်လေတော့သည်။ စိုစိုစွတ်စွတ်လည်းမရှိ။ ဗွက်လည်းမထ။ နွေရာသီကဲ့သို့ မပူလောင်ပဲ အေးအေးချမ်းချမ်းလည်းရှိေ...