Posts

ဝမ်းတူးသရီး

ပေါက်ခေါင်းသူက နှုတ်ခမ်းမလှဘူး ၊ ကျောက်မြောင်းသူက အရမ်းမ၀ဘူး တစ်ယောက်ပြောင်းကျူမှ စန်းထဖူး။ အရမ်းအလှထူးလည်း နားမလည်ရင်သွား။ ပန်းတမျှဖူးလည်း မယားတစ်ကယ်မထင်ထား။ အလွမ်းက မြူးလည်း အမှားရယ် မဆင်အား ဟင်…အနမ်းရယ် ခြင်အလားရှိသူနဲ့ ပျို ရင်…လမ်းဝယ် အစဉ်အနားရှိသူနဲ့ ချို တမင် ပန်းဖွယ်အဆင် အမှားကြည့်သူ နဲ့ ကိုယ်။ အမြဲကို တစ်ယောက်တစ်မျိုးလေ အသည်းဆို ခေါက်ရိုးကြေ။ မိန်းမ နောက်ပိုးတွေ လည်း ရှိခဲ့ ထိန်းမရ နှစ်ယောက်ကြိုးတွေလည်း ငြိခဲ့။ ဟဟ….ရှိခဲ့တဲ့ အစကတော့ သင်းတို့က မူယာမာယာနဲ့ အတင်းရှိုက်ရှိုက်ငို အဟတ်! ဘ၀က မလှပတော့ အလျဉ်းရို့ကြ ကလူအထာ ငါကပဲ အတင်းလိုက်ကြိုက်သလို.. Fuck ! အို…အခြွှေအရံတွေက တအားများစဉ် ချိုနေ - သံဝေဂစကား မကြားချင်။ အများအမြင်မှာ ကျားအသွင်ပမာ ပေါ်လည်း။ ခြားချင်စရာ အများကျဉ်စရာ ကျော်လည်း။ ထားခင်ကညာ အနားပင်သာ ပျော်ဆဲ။ အို..အရှုပ်အပွကြားမှာ မလို အနုတ်က မှားကာ အပိုအလုပ်ကများ။ အလို…ဗုဒ္ဓ ဘုရား ဆီဆုခြွေ ပျိုတရုတ်မ အနားအတည် ပြုလေ ဘယ်လိုလုပ်မှ မခြားပြီ ခု အခြေ။ ကျော်ညိုသွေး

တစ်ခြားကမ္ဘာက ဂြိုလ်သား များ

ပြောလိုက်ရင် အံတိုနေပြီ ဒီစကားနဲ့ပဲ ရန်လိုနေသည်။ အညှောင့်ထွက်တာနဲ့ပဲ အသီးကို အမြန်လိုနေသည်။ အစွန်းရောက်စကားတွေက ခြွှေ သည်ကွာ အသံပိုနေသည်။ အပင်ခြေရင်းမှာတော့ မြေဆီလွှာာ အမှန်လိုနေပြီ ငါ့ဘက်မလိုက်ရင်တော့ သေပြီဆရာ ရန်ဂြိုလ်တွေ စီ။ ကျော်ညိုသွေး

အို့ဝို့ ၀ို

နေ့လယ်တုန်းက ထမင်းကို အလောတကောစားရင်း.. “ငါ.. ထမင်းစားဖို့ အလုပ်လုပ်နေတာလား.. အလုပ်လုပ်ဖို့ ထမင်းစားနေတာလား” .. လို့ အလန့်တကြားတွေးမိလိုက်တယ်..။ အလောတကော စားတယ်ဆိုမှတော့ အလုပ်လုပ်ဖို့ ထမင်းစားတာနေမှာပေါ့လေ အလုပ်ကိုအလောတကောလုပ်ပြီး ထမင်းစားရင်တော့ ထမင်းစားဖို့ အလုပ်လုပ်တာနေမှာပေါ့။ အလုပ်လုပ်ဖို့ ထမင်းစားတာလား ၊ ထမင်းစားဖို့ အလုပ်လုပ်တာလား ဘာပဲဖြစ်ဖြစ်... အလုပ်ကောင်းကောင်းလုပ်ပြီး ၊ ထမင်းလည်းကောင်းကောင်းစားဖို့တော့ လိုလိမ့်မယ်။ ထမင်းစားစား ၊ အလုပ် လုပ်လုပ်လုပ်သမျှဟာ စားဖို့ နဲ့ စားသမျှဟာ လုပ်ဖို့ ဖြစ်တယ်။ ဒီထက်ပိုပြီး ၊ ထူးပြီး ၊ မူးပြီး ၊ ရူးပြီးနေဖို့မလို ယဉ်ကျေးမှု့တွေတိုးတက်လာတော့ ကမ္ဘာဦးကိုသင်ပုန်းချေချင် သင်ပုန်းမကျေသေးတာတွေကလည်း သင်ပုန်းမကျေ။ သင်ပုန်း မကျေ တကျေနဲ့ မို့ သင်ပုန်းတွေ ရိုက်ခွဲလိုက်စို့။ ကျော်ညိုသွေး

အဘွားကြီး

အနားလာပြီး အဘွားကညာကြီးက ပွားပါဘိကွယ်။ မယားဟာ မငြီးဖွယ်လို့ အရင်ကထင်သမျှ ရင်က အမြင်ကခုတလွဲ၊ ဘယ်သူ့ပဲပေးပေး။ ခုပဲပြေးကာ တွန့်တော့မယ်။ လွန့်တော့မယ်ဟေး။ အထွန့်တော့ တစ်ကယ်မသေးတယ်။ အငယ် သွေးတွေ တစ်အားကြွပြန်တော့။ ထပြန်ပေါ့စိတ်တွေ။ အိပ်နေချိန်ဘေးနားမှာ အသီးပုပ်ကြီးက တွတ်ထိုး။ ချွတ်ချိုးလို့မရတဲ့ဝဋ်ရယ်။ အသစ်တစ်ကယ်ပြန်လှန်ကာစလို့ရရင်။ အကြံသာက အရုပ်မပဲဖက်တွယ်။ အဟုတ်လှ ယမင်းကညာ ငယ်ကို။ ဘယ်တစ်ပွေ့ ညာတစ်ပိုက်ရယ်နှင့်။ ငါအကြိုက်မို့လှော်ချင်သော်လည်း။ အတော်မပျောက်တဲ့… အော်..ကြောက်စရာ ကားအိုစက်သံအနှောင့်ကြောင့်။ လန့်ကြောင့်ညပေါင်း။         ။  ကျော်ညိုသွေး

နောင်တချို

ဂျိုလီကြီးမလှတော့ဘူး ဆိုတဲ့ ကွန်မန့်လေးဖတ်လိုက်ရတော့ ငယ်ငယ်က ဖတ်ဖူးတဲ့ တစ်ကွက်ဟာသ ကာတွန်းလေး ပြန်ပြီးသတိရတယ်။ ဂျိုလီကြီး ဒီဇာတ်ကားမှာ တော်တော်ကြီးကို ရွဲသွားပြီးတဲ့ .. ….ပြောတယ်။ စာတစ်ပုဒ် ကဗျာတစ်ပုဒ်ဖြစ်ဖို့ စာရွက်ကလေးတွေ အိတ်မှာဆောင် ဒိုင်ယာရီလေး ဘေးမှာချ ဘောလ်ပင် မှင်မကုန်ဖို့ လည်း လိုသေးတယ်။ အခုတော့ ဇော်ဂျီဖောင့်နဲ့ Desktop နဲ့ Microsoft Word နဲ့ မြန်မာစာ ကီးဘုတ်နဲ့ အိုခေမှာ..စိုပြေလို့။ အရင်တုန်းက ခက်ခက်ခဲခဲ ကဗျာလေးတွေကို ပြန်လွမ်းတယ် အလျင်အမြန်ချမရေးနိုင်တော့လို့ စွန့်လွှတ့်လိုက်ရတဲ့ အတွေးလေးတွေ မှင်စာမပါပဲ လွှတ်တဲ့ စွန်လေးတွေလိုပါပဲလား။ ကော့…ပြန်…လန်…လို့ လယ်ကွင်းထဲကျသွားတာများ ရင်ထဲမှာ ဟာ…တာတာ။ အကောင်းလားအဆိုးလား ဘာဘာ ဘာမှ မကွဲပြား သူ့နေရာနဲ့သူ နေရာကျမှ ဖြေသာကြမယ်။ အခုတော့…ကဗျာတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ထွက်ထွက်ကျ ကိုယ့်ကိုယ်ကိုတောင် သိပ်ပြီး မင်္သကာတော့ဘူး ဖြစ်မိ။ ကိုယ့်အဖြစ်ကို ကိုယ်တွေးတိုင်း ရယ်မိတယ် ကိုယ့်စွန်ကလေးတွေ ပြတ်ပြတ်သွားတာပဲ ကောင်းတယ် ဂျိုလီကြီးမလှတော့ဘူးတဲ့…ဟုတ်သား..မလှတော့ဘူး ရေးလက်စ ကဗျာလေးကိုပဲ အဆုံးသတ်မိပါတယ်။ ကျော်ညိုသွေး

27

မန်ကျည်းရွက်သုပ်ရယ် ငပိရည်ရယ် နဲ့ ထမင်းစားရဖို့ တောင့်တတယ်။ ငယ်ငယ်တုန်းက… ကိုယ့်ကို သူများက အိုးခြမ်းပဲ့နဲ့ အပစ်ခံရတာမျိုး သူငယ်တန်းမှာ သူများက မုန့်လုစားခံရတာမျိုးတွေ ပြန်ပြီး သတိရမိနေတယ်…။ အခုတော့… ကိုယ်ဖျားနေပါတယ်။ အိပ်ရာ ထဲ လဲလို့။ သူတပါးကြောင့် လဲကျရတာထက် ကိုယ်စိတ်နဲ့ ကိုယ့်ကိုယ် လဲကျရတာက ပိုပြီးနာတယ်။ ကိုယ်ကိုယ်တိုင် အသက်ဆက်ခဲ့တဲ့ သစ်ပင်က သစ်ရွက်ကလေးတွေ နေပူလို့ မကြွေပဲ.. ကိုယ်ကိုယ်တိုင် ခြွေယူလို့ ကြွေကျရတယ်။ လေကောင်းလေသန့်ရအောင် အပြင်ထွက်လမ်းလျှောက်တော့ ကွမ်းယာဆိုင်က ကောင်လေးက “ နေမကောင်းဘူးလား ကိုကြီးလို့” မေးတယ် “ အေးကွာ” လို့ ဖြေတော့… “ဖျားနေတာလား ၊ ဆေးသောက်ပြီးပြီလား” လို့ ထပ်မေးတယ်။ အသက်ကြီးလာတော့… အရင်ကလို ၀ုန်းဒိုင်းကျဲ ဆူပွက်တာမျိုးတွေ နည်းလာတယ်။ ဆံပင်ကလည်း တဖြည်းဖြည်းနဲ့ ကတုံးနီးပါးအထိ တို..တိုလာတယ်။ Hip Hop တွေ နားထောင်ရာကနေ Pop တွေ ၊ Pop Rock တွေ ၊ Slow Rock တွေ ပြောင်းပြီး နားထောင်တတ်လာတယ်။ သိပ်တော့ မလိမ္မာသေးပါဘူး။ အရင်အတိုင်း ကဗျာတွေ ကြိတ်ပြီး ရေးနေတုန်းပဲ ရန်ကုန်မြို့လယ်ခေါင်မှာ တစ်ယောက်တည်း ရုပ်ရှင်တွေ ရိုက်နေတုန်းပဲ အပြင်က ပြန်လာ...

အိမ်ကလေး

Webpage တစ်ခုတည်ဆောက်တယ်ဆိုတာ နံရံမှာ လေးကွက်ကြား ဆွဲသလို မရဘူး ကိုယ်သိတယ်။ ကိုယ့် Site ကလေး စုတ်ချာနေတော့ ဘယ်သူငယ်ချင်းမှမလာဘူးလေ။ ဒါက သဘာဝကျပါရဲ့။ ချစ်ရေး၊ ကြိုက်ရေး၊ လက်တွဲဖို့အရေး လင်ခ့်ပေါင်းစုံချိတ်ဆက် အိပ်မက်ကို အကောင်အထည်ဖော်ဖို့ နားလည်မှု့ ကို high Light ပေးကြပါစို့ရယ်။ အိမ်ကလေး တစ်လုံးရဲ့အဓိပ္ပါယ်ပီပြင်ဖို့ ကိုယ့် Hosting ကိုယ်မပိုင်လည်း အငှား Hosting နဲ့ မယားပျိုခင် ယဉ်စစလေးကို မြင်သမျှ ဘ၀င်က အေးမြချင်ရဲ့ဟယ်။ ဘေးကအမြင်နဲ့ ရယ် လန်းဖို့ မြန်မကြာ ဘန်နာလှလှမှာ အမှန်သာကဗျာလှလှ ရေးချစို့ကွယ်။ ကျော်ညိုသွေး