Posts

သ တ င်းေ ထာ က် မ လု ပ် ချ င်ေ တာ့  ဘူး မာ မီ ။

သ တ င်းေ ထာ က် မ လု ပ် ချ င်ေ တာ့  ဘူး  မာ မီ  ။ ဗန္ဓုလ တံတားအောက်က ကားဂိတ်ဘက်ထွက်ခဲ့တယ်။ ဗန္ဓုလ တံတားအောက်မှာ တတွတ်တွတ်နဲ့ ဘာတွေ ပြောနေခဲ့သလဲ တွေးကြည့်ပေါ့။ သစ်ပင်တွေ အခေါက်ထူခဲ့ပေမယ့် လည်း ပုတ်သင်ညိုတွေ အရောင်ပြောင်းတတ်ပေမယ့်လည်း တတွတ်တွတ်နဲ့ ဘာတွေ ပြောနေခဲ့သလဲ။ ဒီအချိန်ဆို ဟို ဗာဒံပင်ရိပ်မှာ ဆိုက်ကားသမားတွေ လည်း ကျား ထိုးနေတော့မယ်။ ဒီအချိန်ဆို ဟို မြစ်ကမ်းနားမှာ သမ္ဗာန်သမားတွေလည်း မွေးဌာနီ ကို သီချင်းလုပ်ဆို နေတော့မယ်။ ကိုယ်တိုင်မသိလိုက်ပဲ။ ကိုယ်တိုင် သိနေတဲ့ အသိတွေ လွှင့်ပစ်လိုက်ရရော ဒါကြောင့် ကပ်ငြိပေကျံနေတဲ့ အစေးတွေက ကပ်ချင်သလို မကပ်ချင်သလို ဒီလိုနဲ့ ဟိုလိုနဲ့ ဟိုလိုလို ဒီလိုလို မိုးတိမ်တွေ ရေသန့်ဗူးထဲထည့်ပြီး မိုးအတုတွေ ဖန်တီးနေခဲ့တာပဲ။ ဗန္ဓုလ တံတားအောက်မှာ တတွတ်တွတ်နဲ့ ဘာတွေ ပြောနေခဲ့သလဲ တွေးကြည့်ပေါ့။ ကြားနေ၀ါဒ မကောင်းဘူး ၊ ဝေးဝေးနေ၀ါဒ ပဲကောင်းတယ်။ အရူးကို သူမသိအောင် ဓါတ်ပုံရိုက်လိုက်ရင် ကိုယ့်အနားက ထွက်သွားရော။ ဒီလိုနဲ့ ကိုယ့် အရူးစိတ်ကို ကိုယ်ပြန် ဓါတ်ပုံရိုက်လိုက်မိတယ် မာမီ မသိစိတ်က အလိုလို ဂစ်တာကြိုးကို နဂါးပျံလုပ်ပြီး တိမ်တွေဆီကိ...

တစ်ကမ္ဘာလုံး အနှစ်သက်ဆုံး ကဗျာ ၂

တစ်ကမ္ဘာလုံး အနှစ်သက်ဆုံး ကဗျာ ၂ မပြည့်တဲ့ အိုး မို့လို့ ဘောင်ဘင်ခတ်တာတွေ ရွှန်းပ ပြည့်တဲ့ အိုးတွေ များ ညောင်းညာ။ ဆိုလက်စ သီချင်း တွေ ရပ်ရပ်ရပ် အချစ်ဆိုရင် ထောင့်ငါးရာက ပူလောင်တယ်။ ငါးရာနှစ်ဆယ့် ရှစ်မှာ ဘတ်စ်ကားစောင့်စီးတယ်။ ရေသည်သာ အကောင်းဆုံး သောက်စရာ သနပ်ခါးရေကျဲ က အသားအရည်လှပစေ တဲ့ ကဗျာ သစ်ပင်တွေ ကို ကယ်လိုရီ လျှော့စေချင် ဒိုခရုမန်ထရီ တစ်ပုဒ်ထဲ ဆံပင်တွေ ရှည်နေတဲ့ ကဗျာ အမ်မ်စီတွေ နှုတ်ခွန်းဆက်လိုက်တဲ့ နံရံများ တစ်ကမ္ဘာလုံးမှာ အိပ်မက်များ ထဲ ကော်ဖီများ အမွှေးဆုံး အပိုင်းအခြား ဖော်ပြရန်ခက်ခဲ သလေ။ ကျော်ညိုသွေး

ချန်နယ်ဇီးရိုး မှာ လွှင့်နေတဲ့ သီချင်း

ချန်နယ်ဇီးရိုး မှာ လွှင့်နေတဲ့ သီချင်း ပေးမယ် ယူမလား၊ ယူချင်တယ်။ မပေးဘူး။ ဒါဆိုလည်းနေ သုညကနေ တစ်ကမ္ဘာလောက် အဲဒီ အစွန်း နှစ်ဘက်ကြားက တန်ဖိုးတွေ သူ့အလိုလို မြေကြီးထဲက ၊ လေထဲမှာ ဖြစ်ပေါ်လာခဲ့ သူ့အလိုလို။ ယူမလို ပေးမလို ၊ ယူချင်ယူလိုက် ၊ ပေးချင်လည်း မပေးချင်သလို ၊ ပေးချင်ရင်ပေးလေ။ တစ်ကမ္ဘာလုံးမှာ အရောင်တစ်ရောင်တည်း သိမ်းပိုက် မယ်လား ဒါဆိုရင် ပုံပြင်တွေ မီးလောင်သွားမယ်။ အဓိပ္ပါယ်တစ်ခုတည်းက သီချင်းတွေ အားလုံးကို ပိုင်စိုးမလား။ အေးကွာ။ စိတ်ချ။ မှားတဲ့ ပုစ္ဆာတွေ အောင်မှတ်မရဘူးဆိုတာ မမှားသေးဘူး မဟုတ်လား။ ခွင့်တောင်းတာတောင် မရဘူး ဟုတ်စ။ အဲဒီဘ၀ ၊ ဟိုဘ၀ ၊ သည်ဘ၀ ဘ၀အားလုံး မြေကြီးထဲက လာတာပဲမို့လား။ ကျောက်ကျောတွေလည်း တစ်လွှာပြီး တစ်လွှာ ။ အလှကြည့်နေရုံနဲ့ ဘာမှ ဖြစ်မလာနိုင်တာ အသိပဲ ၊ အသိပဲ။ ကလေးပျော်အောင် ကျောင်းထား။ အဆာပြေအောင် ကော်ဖီသောက်တာလောက်တော့ အီကြာကွေး မပါလည်းရတယ် နော့ ပေးမယ်ယူမလား ။ မယူချင် သွား ။ ယူချင်တာ မယူချင်တာ အသာထား။ ပတ္တမြားက ပတ္တမြား ၊ ဟာသကို ဟာသလို မြင်ရင် ဟားဟားဟား ကြားသလား။ ကြားသလား ရှားပါးပြီးရှားပါး။ တစ်နေ့တခြား အားနည်းလာတဲ့ စာအုပ်တွေထဲ ဦးထုပ်ဆောင်းပုံ ၊ အင်္ကျ ...

ကျနော့်ရဲ့ ရင်ဘတ်နဲ့တော့ ကွက်တိပဲ

ကျနော့်ရဲ့ ရင်ဘတ်နဲ့တော့ ကွက်တိပဲ ဘုန်းသန့်ကျော်တစ်ယောက် ည ခုနှစ်နာရီ လောက်ရောက်ပြီဆို စိတ်ညစ်ရပြီ ၊ အိမ်မှာ ရှိသမျှ လူတွေ အကုန် ၊ မိန်းမအပြင် သားသမီးတွေက အိမ်က တီဗွီကို အပိုင်စီးထား လိုက်ကြပြီလေ။ အဲဒီအချိန်ဆို အိမ်က တီဗွီကို သူမပိုင်တော့ ၊ မိန်းမ နဲ့ သားသမီးတွေပဲ ပိုင်တော့တယ်။ သူကြည့်ချင်သည့် တခြားလိုင်းတွေကို ဘယ်လိုမှ ကြည့်မရ ၊ မိန်းမနှင့် ကလေးတွေ က ခုနှစ်နာရီ ကိုရီးယားကား ကို မျက်တောင် မခတ်တမ်း ငေးနေကြတာ သူကတော့ ကိုရီးယားကား မကြိုက်။ ဒါနဲ့ပဲ သူလည်း အပြင်ထွက် လက်ဖက်ရည်ဆိုင်ကို အသာကြွရတော့တာပဲ။ အပြင်က လက်ဖက်ရည်ဆိုင် မှာ အဲဒီအချိန်ကတည်းက သောင်တင်နေလိုက်တာ ညဘက် ဆယ်နာရီ ၊ ဆယ့်တစ်နာရီလောက်မှ ပြန်ရောက်တတ်တယ်။           အခုလည်းကြည့် ဘုန်းသန့်ကျော် တစ်ယောက် တီဗွီရှေ့မှာ ထိုင်မယ် ကြံရုံ ရှိသေး ၊ ကိုရီးယားကား လာတာနဲ့ ကြုံတော့ မိန်းမနဲ့ သားသမီးတွေ လုပ်လက်စ အလုပ်တွေ ပစ်ချထားလိုက်ကြပြီး ၊ တီဗွီရှေ့ ကို လွှားခနဲ ရောက်လာပြီး၊ တီဗွီ ရီမုတ်ကွန်ထရိုးကို အပိုင်သိမ်းပစ်လိုက်ကြတော့တယ်။ ဒါနဲ့ ပဲ ထုံးစံအတိုင်း စိတ်ပျက် ၊ လက်ပျက်နဲ့ အိမ်အပြင်ထွ...

Slow Rock

Slow Rock နင့်ကို ငါမုန်းတယ်။ ဘယ်လောက်ထိ မုန်းသလဲသိလား တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ ရင်ထဲက တဆစ်ဆစ်ဖြစ်ပြီး ဓါတ်အားမျှင်းမျှင်းလေးတွေ ဖြတ်စီးနေသလို။ သွေးသားထဲက ကျင်နေတဲ့ ခံစားမှုနဲ့ အရမ်းလေးနက်စူးရှတဲ့ ဂီတသံကို တီးခတ်ရတဲ့အခါ ခံစားမှု မြင့်လာတဲ့ ဂစ်တာသမားတစ်ယောက်ရဲ့ ရှုံ့မဲ့နေတဲ့ မျက်နှာထားက ဂီတ ရဲ့ သွေးသားထဲ ပြုစားထားခံထားရတဲ့ ခံစားမှု လို။ အဲဒီလို တစ်ကိုယ်လုံး ကို ဂီတ တစ်ခုက လှည့်ပတ်မွှေနှောက်နေတဲ့ ခံစားမှုအရှိန်နဲ့ စီးဝင်ပူးကပ်ပြီး သွေးတွေထဲ စီးဆင်းနေသလို နင့်ကိုငါမုန်းတယ်။ အဓိက က မုန်းတယ် မုန်းတယ်။ ရိုးရိုးသားသားတောင် မဟုတ်ဘူး ဆန်းဆန်းပြားပြားကို မုန်းတယ်။ အဲဒီလောက်တောင် ဖွဲ့ နွဲ့  ပြီး မုန်းတယ်။ အချစ်တွေကို ကျူးရင့် သီဆိုနေသလို ငါကလည်း နင့်ကို အနုပညာမှော်ဆန်စွာနဲ့ မုန်းတယ်။ အမုန်းကိုစာဖွဲ့ပြီးတော့တောင် မုန်းတယ်။ ငါ က ဂီတ ကို ဆာလောင်လာတဲ့အခါ နင့်ကို မုန်းတဲ့ အမုန်းတွေကို ဖလက်တံရဲ့  တက်ပ် တွေထဲ မြုပ် လို့ တဒုတ်ဒုတ်ခုန်နေတဲ့ ရင်ခုန်သံနဲ့ ရစ်သမ် ကိုက်ပြီး စိုက်လိုက် မတ်တပ် မုန်းတယ်။ သိလား ချစ်တတ်တဲ့ သူက ကိုယ်ချစ်တဲ့ သူဆီက အချစ်တွေ ...

မျက်နှာစာများ - ၂

မျက်နှာစာများ - ၂ ဈေးကွက်ပျက်နေလည်း လောကတစ်ခုထဲ တိုးဝင်လာမယ့် ဖားသူငယ်တွေ။ ရေခံနေရတဲ့ မိုးတွေ ထဲ ရွာချ လိုက်တဲ့ အသင့်သောက် ရေပုလင်းတွေ။ ဖွံ့ဖြိုးဆဲနိုင်ငံပေါ့ ကောင်းကင်ဓါတ်ကြိုးတွေ အတွက် သစ်ပင်တွေ အနစ်နာခံ အိုဇုန်းလွှာကြီး အပေါက်ပိုကျယ်လာ။ ကမ္ဘာကြီးထဲ(In The World) ငြိမ်းချမ်းရေး နိုဘယ်ဆုတွေ တစ်ယောက်ပြီး တစ်ယောက် ဆွတ်ခူးသွားကြ ကောင်းပါတယ်။ ဒီကမ္ဘာကြီးထဲက လူသားတစ်ယောက်ချင်းစီတိုင်း ငြိမ်းချမ်းရေး နိုဘယ်ဆု ရကြပါစေ။ ဒီလိုတွေးပြီး မင်းအပြောမှာ မင့် ဘော့စ် သောက်တဲ့ အပြာရောင် ယစ်ရွှေရည်ကြောင့် ငါဒီည အတော်မူးခဲ့ပြီ။ စိတ်ကျ တတ်တဲ့ သူငယ်ချင်း သောက်တဲ့ ဗီတာမင်က ဖိုထိုးတဲ့ သီချင်းတဲ့ ခဏခဏ ပြော ဟောဒီ တွင်းထဲက အဖြူတစ်လှည့် အမည်း တစ်လှည့် နှိုက်ထုတ် ရတာလည်း ဟောဒီ သမိုင်းထဲ ငါတို့ တင်ကျန်ခဲ့တဲ့ နှစ်ကာလ များတဲ့ ကွယ်။ ကျော်ညိုသွေး

ပြည်သူတွေ အကျိုးအတွက် မျှော်ကိုးပြီး ရေးတဲ့ ကဗျာ

ပြည်သူတွေ အကျိုးအတွက် မျှော်ကိုးပြီး ရေးတဲ့ ကဗျာ ကျွန်တော် ရေးသမျှ စာတွေ ၊ ကဗျာတွေ ၊ ဆောင်းပါးတွေ အက်ဆေးတွေက ပြည်သူ တွေ အတွက် ရည်ရွယ်ပါတယ်။ ကျွန်တော့် စိတ်အတွေး ဟာ ပြည်သူ့ အကျိုးအတွက် အသုံးချခံ ကိရိယာပဲပေါ့။ ပြည်သူတွေ တစ်ရပ်လုံးအတွက် ကျွန်တော့် အတ္တတွေကို မျှော်လင့်ခြင်းကွင်ပြင်ရဲ့ အဆုံးမှာ မြုပ်နှံထားတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ကျွန်တော်ရေးသားခဲ့သမျှတွေ နဲ့ ကျွန်တော်  ဖန်တီးခဲ့တဲ့ အနုပညာတွေ  အားလုံးဟာလည်း ပြည်သူတွေ အကျိုးကို မျှော်ကိုးပြီး ရေးတဲ့စာတွေ နဲ့ ပြည်သူတွေ အတွက် အနုပညာတွေ  ပဲဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ပြည်သူ တွေကို အမြဲအာရုံစိုက်လျှက်ရှိပါတယ်။ ပြည်သူတွေ ကြားထဲမှာပဲ ကျွန်တော့် ဘ၀ကို ထားရှိပါတယ်။ ကျွန်တော့် နှလုံးသားထဲမှာ ပြည်သူတွေ ကို မေတ္တာအပြည့်နဲ့ ပေးဆပ်ချင်နေပါတယ်။ ပြည်သူ တွေကို စေတနာ ထားပြီး ကျွန်တော် အလေးထားလျှက်ရှိပါတယ်။ ပြည်သူတွေ ကို ကျွန်တော် ချစ်ပါတယ်။ ပြည်သူတွေ နဲ့ ကျွန်တော် ရင်ဘတ်ထပ်တူ ကျချင်တယ်ဗျာ ဘာလို့ဆို ပြည်သူတွေ အတွက်ဆိုရင် ကျွန်တော် ပေးဆပ်ချင်စိတ်နဲ့ ရင်တွေ ခုန်ခုန်လာတယ်။ ကြည့်လိုက်ပါ။ ကျွန်တော့် ကဗျာတွေဟာ ပြည်သူတေ...