Posts

ချောကလက် လှိုဏ်ဂူထဲတွင် ဇာတ်မြုပ်နေထိုင်ရန် ဟမ်ဘာဂါ စိတ်ကူး

ချောကလက် လှိုဏ်ဂူထဲတွင် ဇာတ်မြုပ်နေထိုင်ရန် ဟမ်ဘာဂါ စိတ်ကူး   လမ်းမပေါ်တွင် ကြွက်များကို တွေ့သဖြင့် ဘတ်စ်ကားပေါ်သို့ အလျင်စလိုတက်လိုက်သည်။ ယခုတော့ မိုးများရွာနေလေပြီ။ ထို့ကြောင့် ဟမ်ဘာဂါလည်း သူဧ။်ထီးကို ဖွင့်၍ဆောင်းသောအခါ ဘတ်စ်ကား လက်ကိုင်တန်းများ နှင့် မလွတ်သဖြင့် ခပ်နိမ့်နိမ့်ဆောင်းမိသည်။ ဝတ်ထားသော ဂျင်းဘောင်းဘီ အနားစ များကို မိုးစက်များ ထိမှန်၍ စိုစွတ်နေလေပြီ။ ယနေ့ည မဖျားစေရန် ဆေးတစ်လုံးသောက်မိသည်။ ညစာ အတွက် ဟမ်ဘာဂါသည် ချိစ်တစ်ထုပ်နှင့် ဟမ်ဘာဂါ တစ်လုံး ကို လှမ်းဝယ်လိုက်သည်။ ဘတ်စ်ကား စပါယ်ရာသည် ဟမ်ဘာဂါ ကို ခပ်တည်တည်နှင့် ကြည့်နေသည်ကို သတိပြုလိုက်သည်။ ဟုတ်သည် မိုးများ တိတ်သွားပြီ။ ထို့ကြောင့် ဖွင့်ထားသော ထီးကို ပိတ်လိုက်သည်။ ကားပေါ်တွင် လူသိပ်မရှိ။ ထို့ကြောင့် နေရာလွတ်တွင် ဝင်ထိုင်လိုက်သည်။ ဝိုင်ပုလင်းများ တွေ့သော ကြောင့် ဖောက်၍ သောက်မိသည်။ ဝိုင်ပုလင်း တွင် touch screen နှင့်မို့ အဖုံးဖွင့်ရသည်မှာ လွယ်ကူလှသည်။ အခါတိုင်းဆို ဝိုင်ပုလင်းဖောက်တံ ရှာနေရသည်။ သို့မဟုတ်မူ ပုလင်းခွံဖွင့် သည့် အပြားလေး ကို ဆောင်ထားရသည် ကားပေါ်မှ ပင် မန္တလေးမြို့ကြီးကို လှမ်းမြင်ရသည်။ လမ်းပေါ်တွင် ဆိုင်ကယ်တ...

ခရီး

ခရီး  လူမှုဝန်းကျင် အသိုင်းအဝိုင်းကနေ ခွင့်ရက်ရှည်ယူလိုက်တယ်။ ချွေးစက်တွေကို အဖော်ပြုလို့ လေပြေတွေ နဲ့ စကားပြောတယ်။ မြေပြန့်ပြန့်မှာ ကလေးတွေ ဝင်စို့တစ်ခါ ထွက်စို့ တစ်လှည့် ဂျင်ပေါက်တမ်း ကစား နေလေရဲ့။ သစ်ရွက်တွေ ကို ကြယ်တွေ လို သဘောထားလို့ ငေးဖြစ်တယ်။ သဲမှုန်တွေ လွင့်လာလိုက်တာ စိတ်ထဲမှာတော့ ဆောင်းရက်တွေ အတိုင်းပဲ ဆံပင်ထဲ လက်ချောင်းတွေထိုးလို့ဖွ ဘယ်ကဗျာမှ အလွတ်မရတော့တဲ့အခါ နေရထိုင်ရတာ ကောင်းလာတယ်။ ကျော်ညိုသွေး

စကားမစပ်

စကားမစပ် အချစ်ကပြောတယ်... ကိုယ်က ဟစ်တလာ လိုပဲတဲ့။  ကိုယ်က ဟစ်တလာ ဆိုတာ နှုတ်ခမ်းမွှေး နဲ့လား ဘာနဲ့လား မသိပါဘူးကွယ်။ သေချာတာကတော့  ဟစ်တလာ လည်း သီချင်းတစ်ပုဒ်တော့ ဆိုဖူးပါလိမ့်မယ်။  ကျော်ညိုသွေး

ရယ်သွမ်းသွေး စတေးတပ်စ်

ရယ်သွမ်းသွေး စတေးတပ်စ် ပျော်မယ်ဆို ကြက်ဥပေါ်မှာ စာရေး လောကကြီး ထဲ လှမ်းပစ်လိုက်စမ်း။ အဲဒီမှာ ပန်းတွေ အသံမြည်အောင် ထပွင့်လာလိမ့်ကလေး။ ကိုယ့် အကြည့်တွေပါတဲ့ ဆပ်ပြာ ရှိတယ်။ ကိုယ့်နှုတ်ခမ်းတွေ ပါတဲ့ ရေမွှေးရှိတယ်။ မင်း ကြက်ဥ ကို မှန်ထဲကတစ်ဆင့်မြင်ရတယ်။ စမတ်ကားလေး တစ်စီးလို။ ကျော်ညိုသွေး

သူငယ်ချင်း ကြည့်ခဲ့တဲ့ ရုပ်ရှင်

သူငယ်ချင်း ကြည့်ခဲ့တဲ့ ရုပ်ရှင် ကွန်ဒုံးရှိလားဆိုတော့ "ခြောက်မိနစ်တစ်ခါ ကြောက်လန့်နေရတဲ့ နိုင်ငံမှာ ခြောက်နှစ်လောက်နေမှ သေမယ့် ရောဂါကို တွေးပူနေတာက ကဗျာမဆန်လိုက်တာ" တဲ့ ။ ကျော်ညိုသွေး

ဘာဂါ

ဘာဂါ တစ်စချင်းစီ ဆွဲဆွဲထုတ် အဲဒီ အစလေးတွေ နဲ့ တစ်ခုခုလုပ်။ အဲဒီ တစ်ခုချင်းစီ ကို ပြန်ပေါင်း ၊ မော်ဒယ်လ် ထုတ် ။ ကြာတော့လည်း အဲဒီမော်ဒယ်လ် ဟာ အတည်။ ကျော်ညိုသွေး

မျှော့

မျှော့ မိုနာလီဇာ လို လှဖို့  နိုင်းမြစ်ဝှမ်းက ရွံ့စေးတွေ နဲ့  မင်းကို သုတ်လိမ်းပေးချင်။ နိုင်းမြစ်ဝှမ်းမှာ  ဒီရေတွေ  တိုးဖို့ ပဲလိုတယ်။ ဒီရေတွေ ကျမှ  မင်း အလှကို ကမ္ဘာလုံးဆိုင်ရာ အတင်အဆက်မှာ ခင်းကျင်းပြသ နိုင်မယ်။ အခုတော့ ပန်းကလေးတွေ ကြိုးစား ပွင့်ဦး အင်းဆက်တွေ မှန်မှန် မွေးဖွားနှုန်း မြင့်တက်စေဦး မင်းလည်းပဲ ကြိုးခုန်ကစားနေဦး ကလင် ကလောင် ကလက် ကို ချဉ်ပေါင်ရွက်လို့ ယူဆမယ်ဆိုရင်လည်း ကောင်းရဲ့။ ကျော်ညိုသွေး