နှင်းကဗျာ
.
နှင်းတွေဝေလွှမ်း၊ နှင်းလမ်းမမှာ
နှင်းပန်းပွင့်ခိုက်၊ နှင်းလှိုက်မောဖွယ်
နှင်းတောလျှောက်စဉ်၊ နှင်းချင်ဘဝ
နှင်းလ၀ယ်ဖွား၊ နှင်းကညာအား
နှင်းကဗျာငယ်၊ နှင်းချင်သော်ငြား
နှင်းပြင်ကြားမှာ၊ နှင်းသာတိုးဝေ
နှင်းလေတိုးတိုက်၊ နှင်းများခိုက်ကာ
နှင်းခိုက်တုန်ချမ်း၊ နှင်းလမ်းကလည်း
နှင်းထဲလွမ်းဖို့၊ နှင်းကြမ်းခဲ့သည်
နှင်းလွမ်းပန်းချီ၊ နှင်းပန်ချီတည့်။ ။
နှင်းတွေဝေလွှမ်း၊ နှင်းလမ်းမမှာ
နှင်းပန်းပွင့်ခိုက်၊ နှင်းလှိုက်မောဖွယ်
နှင်းတောလျှောက်စဉ်၊ နှင်းချင်ဘဝ
နှင်းလ၀ယ်ဖွား၊ နှင်းကညာအား
နှင်းကဗျာငယ်၊ နှင်းချင်သော်ငြား
နှင်းပြင်ကြားမှာ၊ နှင်းသာတိုးဝေ
နှင်းလေတိုးတိုက်၊ နှင်းများခိုက်ကာ
နှင်းခိုက်တုန်ချမ်း၊ နှင်းလမ်းကလည်း
နှင်းထဲလွမ်းဖို့၊ နှင်းကြမ်းခဲ့သည်
နှင်းလွမ်းပန်းချီ၊ နှင်းပန်ချီတည့်။ ။
ကိုဂစ်တာ
Comments
ချမ်းချမ်းနဲ့ စာလိုက်ဖတ်နေတာ ပိုချမ်းသွားသလိုပဲ.း)
မ၀ါ
ရှင်းရှင်းလေးလေး..အေးအေးလေးလေး..
ရေးချသွားတယ်..
လေးလုံးစပ်ကလေး..
ရေးထားတာများ တယ်လည်းပြောင်မြောက်တယ်ဗျာ***
ကဗျာလေးကြိုက်တယ်ဗျို့***
အကြိုက်တူတွေဗျို့။
winwinlay1
http://we-angelladies.blogspot.com