Posts

Showing posts from 2010

အထီးကျန် (၂)

ရန်ကုန်မြို့ကြီးထဲ… လူတွေက ကိုယ့်အတွေးနဲ့ မျော ကိုယ့်အမောနဲ့ ပြေး ကိုယ့်အရေးနဲ့ လိမ့်။ နေမသာပဲ လေလာတဲ့နေ့တစ်နေ့ သူငယ်ချင်းတို့စုံတွဲနဲ့ ရုပ်ရှင်သွားကြည့်တယ်။ ဟာသကားက ကောင်းလိုက်တာ။ ပေါက်ပေါက်ပွင့်တွေ ၀ါးရင်း......                                                                       မျက်ဝန်းကမ်းပါးမှာ အနားသတ် ပုလဲလေးတွေ တွဲလဲခိုလို့ရယ်။ ကျော်ညိုသွေး (ညီငယ် သူရဿဝါ တို့ နဲ့ သူငယ်ချင်းယောက္ခမ ဇတ်ကား သွားကြည့်ကြတုန်းက အမှတ်တရ) 

မုန့်လင်မယား

အစီအစဉ်ကောင်းတုန်း ကြော်ငြာ ဖြတ်ဝင်လာသလို ပုရစ်ဖူး အပျော်တွေကြား ဒုက္ခက စာတမ်းလာထိုးတယ်။ အချစ်ရေ… ဘ၀က မပြီးသေးတဲ့ ဇတ်လမ်းတွဲပေါ့ ဘ၀ဇတ်လမ်းတွဲ စဆုံးကို စူပါမားကက်မှာ အခွေဝယ်ကြည့် သလို ကြည့်လို့ရရင်တော့… ဒုက္ခကနေ လွတ်/ကျွတ်မယ်။ ဟင်းဟင်း… စာရွက်ပေါ်မှာ လောကကြီးကို လှောင်ပြောင်နေရင်းကနေ ပြတင်းတံခါးက နေရောင်ခြည်က မျက်နှာကိုထိုးတယ်။ လောကဓံက ဘောကန်သလိုမျိုး ဟောဒီလို ရိုးရိုးလေးပါပဲ။ နှစ်ယောက်တည်းနဲ့ တစ်သင်းဖွဲ့ကြစို့ရဲ့ နားလည်မှု့ မလွဲကြေး။ ကျော်ညိုသွေး

အခိုးခံရတဲ့ ငါ

အခိုးခံရတဲ့ ကဗျာဆို အောင်မြင်တယ်လို့ ယူဆရမယ်။ အခိုးခံရတဲ့ ရိုးသားမှု့တွေကရော… အခိုးခံရတဲ့ စေတနာတွေကရော… အခိုးခံရတဲ့ အချစ်မေတ္တာတွေကရော…   အခု… ငါ့အတွေးက ငါကိုခိုးသွားရဲ့ အောင်မြင်ရဲ့လား။ ကျော်ညိုသွေး

ကွမ်းတစ်ရာ

မင်းမျက်နှာ မိတ်ကပ် အဖွေးသား သလို့ အကြောစိမ်းလေးတွေ ဖြာနေတဲ့မင်းကို တယုတယ အရသာခံလို့ ငုံထားမိတယ်။ စိတ်ဆန္ဒအာသာ ပြေစေဖို့ မာန်ပါပါ ၀ါးလိုက်မိတာလေးနဲ့ မင်းဘာလို့ သွေးတစ်စိုစို ဖြစ်ရတာလဲကွယ်။ ဖွာတော်ကလေး လစ်လျူပြုရအောင် မင်းမို့ပဲ စွမ်းလှတယ်။ ကျော်ညိုသွေး

မှန်မကြည့်တဲ့ငါ

အင်ဒီဝါးဟိုးလ်း ကတော့ပြောတယ် “အားလုံးလှနေရင် ဘယ်သူမှ မလှတော့ဘူး” တဲ့။ ဒါဆို … အားလုံး မလှရင်ကော အားလုံးလှနေမလား ဒါမှမဟုတ် မလှသေးဘူးလား။ အားလုံးလှသည်ဖြစ်စေ အားလုံးမလှဘူးဖြစ်စေ.. အားလုံးက လှဖို့ ကြိုးကြိုးစားစား။ အဆံမရှိလည်း မှန်ကြည့်လို့ တစ်ချို့က ပြင်နေကြ ဟန်မရှိလည်း အသံရှိလို့ တစ်ချို့က ယဉ်နေကြ မနက်မိုးလင်းတိုင်း မှန်ကြည့်နေကြရ အလှကြည့်ဖို့ပဲဖြစ်ဖြစ် ဘ၀သိဖို့ပဲဖြစ်ဖြစ်။ တစ်ချို့ကလည်း အထာရှိဖို့ ကြည့်ရ တစ်ချို့ကလည်း အနာသိဖို့ ကြည့်ရ ဇရာသိဖို့အတွက်ကတော့ ငါ့ကိုယ်ငါလည်းမသေချာ။ ကျော်ညိုသွေး

ညီမလေးရဲ့ USB Port

ဟို stick အထိုးခံလိုက် ၊ ဒီ stick အထိုးခံလိုက်ဆို ညီမလေး PC ကို Virus တွေ ကိုက်လိမ့်မယ်။ ကိုယ့် stick နဲ့ကိုယ်ထိုး ရင် ဘယ်လောက် ထိုးထိုး ညီမလေး ဟာက သန့်နေမှာ။ မှန်မှန် PC သန့်ရှင်းရေးလုပ်တာနဲ့တင် သက်တမ်းကုန်တဲ့အထိ ပစ္စည်းတွေ ကျန်းမာမယ်။ stick တွေက ကိုယ့်ဟာမဟုတ်ရင် ဘယ်သူ့ဟာမှ ယုံကြည်စိတ်ချရတာ မဟုတ်ဘူး။ မလွှဲသာလို့ တစ်ခြား stick ကိုထိုးရမယ်ဆိုရင်တောင်မှ အကာအကွယ်လေး ဘာလေး ထည့်ထားပါ။ အဲ့ဒါမှ စိတ်ချရမှာ။ မျက်စိကိုဖွင့်၊ နားကိုစွင့် စာလည်းများများဖတ်နော် အကာအကွယ်တွေ အတွက်ကတော့ ဈေးသိပ်မကြီးပါဘူးကွာ ညီမလေး USB အပေါက်ကလေးကို တစ်ခြား stick တွေ လာထိုးလို့ Virus တွေ ၀င်မှာကြောက်ရင် အဲဒီအကာအကွယ်တွေ လွယ်လွယ်ရနိုင်ပါတယ်။ တစ်ချို့ဆို အဲဒီအကာအကွယ် ပစ္စည်းတွေကို အလကားတောင် ပေးသေးတယ်။ ညီမလေး သုံးကြည့်နော်။ အကာအကွယ် မထည့်ထားပဲနဲ့တော့ မိုက်မိုက်မဲမဲနဲ့ stick တကာ လာလာထိုးတာကို လက်မခံပါနဲ့ကွယ်။ ကျော်ညိုသွေး

လူမိုက် လမ်းညွှန်

မကောင်းမှု့ဆောင်၊ ကောင်းမှု့ရှောင်၍၊ မောင်မေ့လျော့လျော့၊ ပေါ့ပေါ့တွေးပါ။ အရေးအရာ၊ အဘာကိုမျှ၊ ဘ၀မထင်၊ လှမဆင်နှင့်၊ ခဏပင်သာ၊ ကြင်နာမတွဲ၊ ရင်ထဲမထား၊ ချင်းစကားကို၊ မင်း ငါ တုပြိုင် ၊ တင်းနိုင်လုကာ၊ ခုခါကြွားကြွား၊ လူ့ကြားဂုဏ်မောက်၊ နှုတ်ဆောက်ကျယ်ကျယ်၊ ရောက်ရယ်အရပ် ၊ ထပ်ထပ်မောက်ကြွ၊ ပေါက်သမျှလမ်း၊ စောင်းငန်းလျှောက်လေ။ ဆွေသဘောက်များ၊ ခြေထောက်နားထင်၊ ခါးပင်မတ်မတ် ၊ လစ်လပ်ချေငံ၊ ဝေဖန်သမျှ ၊ ရန်ကမစဲ၊ အမြဲရန်စောင်။ အကြံအောင်ဖို့ ၊ ပြောင်လို့မျက်နှာ ၊ တစ်ချက်မခြား ၊ ပျက်ပြားကတိ၊ ရှက်မရှိချိုး၊ မသိကျိုးကျွန်၊ တိုးလွန်ဖယ်ခွာ ၊ တစ်ကယ် ငါဟု ၊ တုမရှိထုံး ၊ နှလုံးကိုမူ၊ ပျိုဖြူလှလှ ၊ မချစိတ်တွင်း ချဉ်ခြင်းကိုမက်၊ အပျိုတွက်တာ ၊ ဆက်ကာရေလောင်း ၊ ကြောင်းသာ ဖန်တီး၊ ရမ္မက်မီးဖြင့်၊ ဆက်ပြီးလောင်မြိုက်၊ အမှောင်တိုက်မှာ ၊ ကြိုက်ရာ ကြိုက်ကြောင်း ၊ အမိုက်စောင်းတီး ၊ လိုက်ပေါင်းပြီးလျှင်၊ မီးစင်ကြည့်က၊ ရှိက ပိုင်ရှင်၊ ပြိုင်ချင် ရဲရဲ ၊ အမြဲကြံဆ၊ လှံက သွေးသွေး ၊ နှမလေးလင်၊ ယခုပင်သတ် ၊ ရင်ဘတ်ဖေါက်ထွင်း၊ သဘောက်သင်းကို  ၊ မင်းယမထံ၊ မြန်အတင်းပို့ ၊ ယမင်းကိုယ့်တွက် ၊ မို့လျှက်ရင်လွှာ ၊ ကြင်နာစွာဖြင့်၊ အသာချင့်ချင့် ၊ ပင့်ကာ

ချစ်မိသွားပြီကွယ်…ဘာလို့များ

ချစ်မိသွားပြီကွယ်…ဘာလို့များ မင်း ဒီလိုပုံလေး နေတတ်လွန်းတယ်။ ဟော..ကြည့် မင်းကြည့်တာတွေ လူကိုညို့လွန်း ၊ ဟောဒီမှာငါ ကြည့်မ၀ ခါးလေးကော့လို့ ၊ ရင်ကလေးမော့လို့ ၊ မေးကလေးထောက်လို့ မင်းဝတ်တဲ့အဆင် မင်း ထိုင်တဲ့ဒီဇိုင်း Oh Guy!! Make Yourself “Stable” Yeah! မင်းလက်ကလေးက ကီးဘုတ်ကလေးနဲ့ ထိလိုက် ကော်ဖီခွက်ကလေး လှမ်းကိုင်လိုက် ဝေ့၀ဲကျလာတဲ့ ဆံနွယ် ပျော့အိလေးတွေ သပ်တင်လိုက် မျက်မှောင်ကျုံ့လိုက် ၊ မျက်လုံး ပြူးလိုက် ၊ နှုတ်ခမ်းစလေး တွန့်ပြုံးလိုက် ဘယ်ခြေလေး ထိုင်ခုံပေါ်ကွေးတင် ညာဘက်ပေါင်လေး အပေါ်ကထပ်တင်ပြီးခုံအောက်တွဲလောင်းချထား အို…ညောင်းသလားကွယ်…။ မင်းမျက်ဝန်းညိုညို ရဲ့ညာဘက်အောက်ထောင့်ကိုများ ငဲ့ကြည့်သလား မီးလင်းတဲ့မောက်စ်ကလေးကို ဆွဲကိုင် အဲဒီ စတိုင်လ်လေး မိုက်တယ်။ ညာပေါင်လေး အသာကြွ ၊ ဘယ်ခြေလေး အသာချ ပြီးမှ… ညာခြေကို ဘယ်ပေါင်ပေါ် ညာသလုံးသား ချိတ်လို့ ငါမျက်လုံးများ မှိတ်ဖို့တောင် မေ့သွားတယ်။ အဲဒီ့ကောက်ကြောင်းတွေ ဘယ်ပန်းချီဆရာများ တွေ့မလားပဲ တွေးပူမိတယ်။ ဒီလိုပုံစံက မင်းတစ်ကိုယ်လုံး သွေးလှည့်ပတ်မှု့ ကောင်းစေမယ် မင်းကျောရိုးတွေ ကော့ထားလို့ မင်းအာရုံတွေ အညောင်းပြေမယ်။ ကျော်ညိုသွေး

ရှက်ပါတယ် အမေကရော်

မရှက်ဘူးလားအမေရယ် တကယ် အမယ်…. အမေက ပြောထားတဲ့စကား သူ့သဘောမှာတော့ မခြား သားကတော့ လူချော… အနူတောမှာတော့ လူပြောသူ ပြောကများခဲ့တယ်။ ထားခဲ့တယ် .. အမေ့သားကို မေ့သွားသလို ဟန်ပန်နဲ့ နှံပြန်ခဲ့တာ အပြန်အလှန်ပဲ နာတယ်အမေရယ်။ ရှာတယ်လေ တစ်ကယ်အစစ်တွေကို အချစ်တွေကိုပေးလို့ အမြစ်တွေကိုအေးဖို့ အသစ်တွေကိုသွေးလို့ ရေးခဲ့တဲ့ မေတ္တာစာလည်း အချစ်မပါ ပါပဲ ပြဲလို့စုတ်ခဲ့တယ် အချစ်ဆိုတာ.. ကွဲဖို့လုပ်ခဲ့တဲ့ အိုးလားအမေရယ်… အခိုးများကြားမှာ ဖိုးသားတပါးက အကျိုးများမလားလို့ အတွေးကပ်ခဲ့လည်း ပေးဆပ်ခြင်းတွေ အဖိုးနည်းခဲ့လို့ သားအချစ်အိုးကလေးကွဲ ကြိုးလေးလည်းမမြဲခဲ့ဘူး ခက်ပါတယ်.. ရှက်ပါတယ်အမေရယ် ငွေရယ်ရှားတဲ့ သားအိတ်ကပ်က အနိပ်ဇာတ်လေးကဖို့ ခွင့်မပေး ဘ၀င်ကလေးတွေတောင် အဝေးရောက် အတွေးနဲ့တင် တံခါးခေါက်တုန်းမှာ သား အကြောက်ဆုံးအရှုံးတွေက မျက်လုံးမှိတ်ပြတယ် အိပ်မရတဲ့ ညတွေက ဆက်ကာရယ်လေ ရှက်ပါတယ် အမေရယ် ကရော်ကရော် အော်..မော်ကြွားတဲ့ သားအတွက် အမေလည်း အတော်ရှားတဲ့ သားအခက်တွေပဲ မသိလို့လား အကြည့်တို့မှားတဲ့ အမေ့ကိုအပြစ်မထိုးပါဘူး ချစ်စနိုးနဲ့ ကရော်လိုက်တယ်… ပျော်လိုက်ပါအမေ။   ကျော်ညိုသွေး

မင်းမကြိုက်တဲ့ ကဗျာ

ကိုယ်က ကဗျာရေးလိုက်တာ… သ၀န်တိုဆေးဖေါ်လိုက်တာမဟုတ်ဘူး နီကိုရဲအကြောင်း မကြည်ပြာကရေးလိုက်သလား အကြည်တော်အကြောင်း မြင့်စန်းရီက ရေးလိုက်သလား ဘာပဲဖြစ်ဖြစ်ဖတ်လို့ကောင်းတယ်။ ဘာပဲဖြစ်ဖြစ်ဖတ်လို့ကောင်းရင် ဖတ်လို့ကောင်းတယ်လို့မှတ်ပါ။ ကိုယ်ကကဗျာရေးလိုက်တာ သ၀န်တိုဆေးဖေါ်လိုက်တာမဟုတ်ဘူး။ အဲ့ဒီသရုပ်ဖော်ပုံလေးတွေက အလကားရတာမဟုတ်ဘူး ဘောလ်ပင်ထိပ်ဖူးတွေက နှလုံးသားကိုခြစ်ပြီးထွက်လာတာ။ မမြင်နိုင်တဲ့ လင်းလက်မှု့လေးတစ်ချက်မှာ ကိုယ့်အသက်ဓါတ်တွေထဲမှာ ထခုန်နေတဲ့ နန်းမျှင်လေးတွေပါ။ ကိုယ် Log ဖမ်းလိုက်တဲ့ အကြည်ဓါတ်ကလေးတွေက နေ့ရက်တွေရှည်ထွက်ဖို့ပါ။ ကိုယ်က ကဗျာရေးလိုက်တာ သ၀န်တိုဆေး ဖေါ်လိုက်တာမဟုတ်ဘူး။   ကျော်ညိုသွေး

အရွှေ့အလျှားရဲ့ အရသာ

ငယ်ငယ်တုန်းက သုံးခဲ့ရတဲ့ “ဖိုက်တာ” တံဆိပ် ဗလာစာအုပ်လေးက ဘယ်မှာလဲ။ မနေ့ကလည်း ဒီနေ့လို နေ့တစ်နေ့ပဲ ဒီနေ့လိုပဲ နေသာတယ် ငှက်တွေဟိုဟိုသည်သည်ပျံတယ် ပတ်ဝန်းကျင်တွေစိမ်းလန်းတယ် ဒီနေ့ဟာ မနေ့က မဟုတ်ဘူးလား မနေ့ကလည်း ဒီနေ့လိုနေ့တစ်နေ့ပါပဲ။ အနှစ်လေးဆယ် တုန်းကတော့ နှလုံးသွေးထဲက ပြဇတ်တစ်ပုဒ် အခုတော့ ဒစ်ဂျစ်တယ်နံရံတွေဆီက ကလစ်ခ်သံများ။ ကျော်ညိုသွေး

လူ့/တစ်စုံတစ်ရာ ဖြစ်စဉ် လက်ရှိ/လတ်တလော၏ ရှေ့ အတိုင်းအတာ တစ်ခု ထိ/သာ ဖမ်းယူနိုင်စွမ်းပဲ။

လူ့/တစ်စုံတစ်ရာ ဖြစ်စဉ် လက်ရှိ/လတ်တလော၏ ရှေ့ အတိုင်းအတာ တစ်ခု ထိ/သာ ဖမ်းယူနိုင်စွမ်းပဲ။   လာရောက်ထင်ဟပ်/ကပ်ငြိသော/တွယ်ကပ်လာသော အထိအတွေ့ အဆင်းအသံအနံ့အရသာ အနည်းဆုံးတစ်မျိုး/ တစ်မျိုးထက်ပိုသော အစုစု၊ အတွေး ၊ ပုံရိပ် ၊ အတွေးမှ ထပ်မံရိုက်ခတ်/ထိစပ်/ ရစ်ငင်သော အကြောင်းအရာ တစ်စုံ/တစ်ခု/အပိုင်းအစများ နောက်ထပ်ဖြစ်တည်လာမှု့(ရုပ်လုံးပေါ်နေ/ဆဲ သော ၊ မပေါ်သေးသော(ရုပ်လုံး)၊ မပီပြင်ဝိုးတ၀ါး(၀ါ) အားပြု ကြိုးစားနေမှု့ တစ်ခုခု(၀ါ)တစ်စုံတစ်ရာ)။ အသံ(ကိုယ်ကပြုသည်၊ သူကပြုသည်။ ကိုယ်ရောသူရောမဟုတ်၊ ပထမ နေရာမှ(သို့) ဒုတိယနေရာမှ (သို့ ) တတိယနေရာမှ (သို့) အခြားဖြစ်တည်ရာ/အားပြု ထုတ်လွှတ်ရာ) ကို Focus ပြုလုပ်ခြင်း။ ငေးမောမိပြီဆို မြန်မြန်ဖမ်းဆုပ် ၊ သရုပ်ခွဲ ၊ အရှိတရားကို အနည်းငယ်မွမ်းမံ သွတ်သွင်း။ အပြု ၊ အရုတ် ၊ အတည် ၊ (                                   ) ဒီတစ်ခုလုံးထဲမှာ သဘောတရားနဲ့ တရားသဘော ပါ/မပါ။ ထပ်မံစိတ်ဖြာ/ခွဲခြမ်း ၊ ခွဲခြမ်း ပြီးနောက် စိတ်ဖြာ အမျိုးအမည်က ဘာလဲမသိ။ အသိထဲမှာ မသိခြင်းရှိနေတာမျိုး လောလောလတ်လတ်ထဲ တို့ထိမိ။ ထိမိပြီ ဒါကိုသိနေပြီသားကို ထပ်မံသိရှိခြင်း ဒါက ဆင်ခြင်မှု့သဘော။ အစိတ်အပိုင်းတွေ ကွဲနေပြီဆို ပြန

Search Box မှာ အဲဒီနာမည်ချည်း ရိုက်ထည့်နေမိ ဟူးးးးး

လိုချင်တပ်မက်စိတ်ဆိုတာ ဆယ့်လေးလက်မ ပေတံရဲ့ အလယ်တစ်ဝက် ကိုကျော်တာနဲ့ မလိုလားအပ်တဲ့ တန်ဖိုးတွေ ဖြစ်သွားတတ်တယ်။ ဇာတ်ရှိန်အနိမ့်အမြင့်က ဖန်တီးသူရဲ့လက်ထဲမှာပေါ့ ကိုယ်ကြိုက်ရာကိုယ်ရွေး ကိုယ့် အတိုးအလျှော့မှာ ကိုယ်ကိုယ်တိုင်သာ ခံစားရော့။ လှန်လှောပါများလို့ ဒီစာရွက်ဟာ နွမ်းကြေနေမယ် စာရွက်အမျိုးအစားနဲ့ အထူအပါးအတိုင်း အချိန်တိုင်းမှာ စုတ်ပြဲဖို့ ၀ဋ်နာကံနာနဲ့ လိုက်ရောညီထွေ။ စိတ်အဆာမပြေခြင်းနဲ့ လွယ်လွယ်လက်လျော့ခြင်း တိုက်ရိုက် အချိုးကျသလား တွေးကြည့်တယ်။ တစ်ချို့အစားအစာက စားကောင်းတယ် ဆိုရုံမြည်းစမ်းစရာ တစ်ချို့အစားအစားက ခံတွင်းချဉ်လာရုံ တို့ထိစရာ တစ်ချို့အစားအစာက ပလုတ်ပလောင်း လွေးစရာပေါ့။ ကိုယ့်ရှေ့က စာအုပ်ထဲမှာ ဘယ်စာမျက်နှာဟာ ကိုယ့်အတွက်လဲ။ တစ်ယောက်က အထီးကျန်လို့ဆိုပြီး ကိုယ့်ဆီ ဖုန်းဆက်တယ် ကိုယ်က တီဗွီဖွင့်ထားဖို့ အကြံပေးလိုက်တယ်။ အဲဒီလို ကိုယ့်မသိစိတ်ကို ကိုယ်တိုင်လိမ်ညာနိုင်ဖို့ ကြိုးစားရင်း အတွေးဆိုတာ ပဲ့တင်ထပ် တတ်တယ်… ပဲ့တင်သံချင်းရိုက်ခတ်ပြီး အတွေးတွေ ဆင့်ပွား ကိုယ်တို့ သွားရာ လမ်းကြောင်း တွေ ဝေ့၀ိုက်ရှည်လျား ဒီမီးရထားကြီး လည်ပတ်လို့ မရပ်သေးဘူး လိုချင်တဲ့ အမှတ်ဆီ မရောက်သေးသရွှေ့။ ကိုယ့်လက်

Web To The Log

အလိုတော့်အတိုင်း ကိုယ်ဖော့သိုင်းနဲ့ လာခဲ့တယ်။ အို... အပျော့ တံတိုင်းခတ်ထားလည်း မလိုတော့... သိုင်းတတ်သားပဲ။ မဆိုင်းဖတ်ဖို့အရေး ပူစရာမလို အမူအယာပို လူစားထိုးသလို မတူတာလျှို U အားကိုးလို့ လာခဲ့တယ်။ ကျော်ညိုသွေး

ဝေဖန်ခြင်းလား ၊ ပိသာလေးနှင့် ဘေးပစ်ခြင်းလား

ဝေဖန်ခြင်းလား ၊ ပိသာလေးနှင့် ဘေးပစ်ခြင်းလား ကျွန်တော်အမြဲတမ်း ကြုံရတဲ့ ကိစ္စတစ်ခုရှိတယ်…။ ကျွန်တော်တင်မကလူအတော်များများ ကြုံတွေ့ရတဲ့ကိစ္စပေါ့။ ကိုယ်က တစ်ခုခုလုပ်လိုက်/ရေးလိုက်မိတဲ့အခါ။ ဝေဖန်တယ်ဆိုပြီး ပြောချင်ရာ အပြောခံရတဲ့ ကိစ္စပါ။ အွန်လိုင်းပေါ်မှာဆိုပိုဆိုးတာပေါ့။ လူလည်း မမြင်ရ တွယ်ချင်တဲ့လူက အသာလေးဝင်တွယ်သွား၊ ပြီးရင် သူ့အပြောအဆိုနဲ့ အရေးအသားတွေက တစ်စက်ကလေးမှ အဆင့်အတန်းမရှိတာလည်းပါရဲ့။ သူများကို ပြောချင်ဇောနဲ့ စာလုံးပေါင်းတွေကမှားလို့မှား။ တစ်ခါတစ်လေလည်း ပြုံးရုံကလေးသာဖြစ်ခဲ့ပေမယ့်။ တစ်ခါတစ်လေတော့လည်း စိတ်အနှောက်အယှက်တော်တော်လေး ဖြစ်ရတယ်။ ခက်တော့လည်း ခက်သားလားဗျ။ ကိုယ်ကိုယ်တိုင်ကလည်း အချိုးမပြေတာရှိရင် ပြောချင် ဆိုချင်တာမျိုး။ ကိုယ့်ကို မဟုတ်မမှန်တာလာပြောနေရင် သိပ်ပြီး သည်းခံတတ်တာမဟုတ်တော့ လည်းခက်တယ်။ တစ်ချို့လူတွေက ကိုယ်ရေးသမျှ ပြောသမျှ လုပ်သမျှတွေကို လိုက်ဝေဖန်တယ်။ အဲ့ဒီမှာ ပြောစရာတစ်ခုရှိတာက ဝေဖန်တယ်သာ ပြောတာ။ ဝေဖန်တယ်ဆိုတဲ့ အပြုအမူ လုပ်ဆောင်ချက်က ဘယ်လို မျိုးဆိုတာသိလည်းမသိသလို ၊ သိဖို့လည်း မကြိုးစားကြတဲ့ လူတွေက တစ်ပုံကြီး။ လုပ်ဆောင်ချက်တစ်ခု ၊ အကြောင်းအရာ တစ်ခု စာတစ်ပုဒ် ကို သေ

ပန်းကောဇောနှယ်

ညီကာအတူ အပျော်ဖက်ပါလို့၊ ပလီကာကျူ ပျော်လျှက်လန်းသူ မောင်တွေနှင့် ၊ ရောင်ရွှေဖွင့် အသင့်မဒီကညာ။ ပြည်မြန်မာ တ၀ှမ်းလုံးမှာလ ၊ ကြည်စရာအပြုံးပန်း ပဏ္ဍာရခဲ့ ၊ ကဗျာစလှစ်ခြွေ။ ဒီနေရာ အသစ်တွေမှာဖြင့်၊ အချစ်တွေသာရင့်ကျူးသီ၊ ပွင့်ထူးသည် တီတာမြစ် ပျိုတွေမှာက ၊ ချိုလေစွာလှစ်ကဲရာ။ ပြစ်မရဲစွာ လှထူးမော်တာကြောင့် ၊ အသစ်တွဲကာ ခဏမူးပျော်ရှာဖို့ ဖော်သဟာတို့ တွဲတူညီစွာ ၊ ဖြူနီဝါ လှယမင်းအဆင်ကို ခဏချင်း အတွေ့ရှုပ်ကာ၊ Facebook မှာကဲ။         ။ စာတော်ဘတ် ဦးကျော်ညိုသွေး

လက်ပြောင်း လက်လွှဲ

လက်ပြောင်းလက်လွှဲ ယခင် - လေထန်ကုန်း ရောက်ဖူးရန်လိုဧ။် ယခု    - ဖေ့စ်ဘုတ် တစ်ခုရှိရန်လိုဧ။် ကိုငှက်ကြီးကို ရူးသွပ်ရန်လို၏ ဂျော်ဒါးနိုးတီရှပ်နှင့် မိုးပြာဂျင်းန်လို၏ ထွိုင်ဦးထုပ်လိုဧ။် သရီးကွာတားလို၏ မြန်မာဘီယာ ကြိုက်တတ်ရန်လိုအပ်သည်။ မလုံလောက်ပါက ပေါက်စည် ကြိုက်တတ်ရန်လိုအပ်သည်။ နှုတ်ခမ်းထူရမည်။ နှုတ်ခမ်းမွှေးပေါက်ရန်မလိုအပ်/မလိုအပ် အချိန်တစ်ခုကိုစောင့်ဆိုင်းလျှက်ရှိ မုတ်ဆိတ်မွေး ရှိရန်လိုအပ်သည်။ ဥတုသုံးပါး ၌ လိုအပ်လျှင် လိုအပ်သလို အာဟာရသိဒ္ဓိပြီးမြောက်ရန် လိုအပ်သည်။ လီယိုနာဒို ဒါဗင်ချီအား သိရှိရန်လိုအပ်သည်။ (မနေ့တစ်နေ့ကမှ ငါလည်း သူ့ကိုသိတော့သကိုး) မွန်ရိုးအား သိရန်လိုအပ်သည်။ ရှယ်လီအား သိရန်လိုအပ်သည်။ ဒိုင်ယာနာရို့စ်အားသိရန်လိုအပ်သည်။ ၀ိုင် ၊ ပေါင်မုန့် ၊ ရမ် ၊ ဘလက်လေဘယ် တစ်ပက်နှင့် သိုးမည်းများ မမြင်ရသော တတိယ မျက်လုံး တိမ်တွေနှင့်တူသော အတွေးများ ၊ ချော့ကလက်များ ဇာတိရဲ့ကဗျာထဲက အားလုံးအားလုံး(စိတ်မရှည်တော့ဘူး) ပိုင်ဆိုင်ခြင်းမရှိသော လက်ဆုပ်လက်ကိုင်များ နိုင်းမြစ်ဝှမ်းက ရွံ့စေးများ ဓါတုဗေဒဆရာ ပြောတာတော့ ကလီယိုပါထရာက သူမျက်နှာကို ပေါင်းတင်တဲ့အခါ နိုင်းမြစ်ဝှမ်းက ရွံ့စေးတွေကို အသုံးပြုသတဲ့။

ငါ တစ်ကယ်ခင်ပါတယ်…..ဟယ်

သံယောဇဉ်တွယ်မိတော့ ကျုပ်က တန်းတန်းစွဲ ပြန်ပြောရင် တစ်ကယ် မချိပေါ့ အဟုတ်ပ ဗြန်းဗြန်းကွဲ။ ကျေးဇူးတော် အမေမှာမွေးတော့ ပွေးတဲ့လူရုပ် အသွေးထူးမပေါ် အသေအချာအရေးမတော့ အဆွေးနဲ့ လူလုပ်။ ကလေးနဲ့လည်းပေါင်းတယ် ချစ်စရာကောင်းပြီဆို အကြွေးနဲ့လည်းရောင်းတယ် မေတ္တာအပေါင်း ဒီလို။ မေတ္တာငတ်သူကို တစ်ချို့မှာလည်း တဏှာရူးထင်တယ် သစ္စာထပ်မထူလို ပျို့ကာလည်း ငါရူးချင်တယ်။ မောင်နှမစိတ်နဲ့ပဲ သူခင်မယ်ဆို ငါတွယ်ချင်ပါတယ်.. အယောင်ခဏမချိတ်ခဲ့ပဲ ဖြူစင်မယ်ဆို ငါတစ်ကယ်ခင်ပါတယ်…… ဟယ်…။ ကျော်ညိုသွေး

မျက်မှန်တပ်ထားတဲ့ သူ နှင့် မျက်မှန်မတပ်ထားတဲ့သူ

“မင်းဘာလို့ဒီလိုရှက်ကြောက်နေရတာလဲ ဘာမှလည်းဟုတ်တာလည်းမဟုတ်ပဲနဲ့ ငါလည်းငယ်ငယ်တုန်းက မင်းလိုရှက်ခဲ့ဖူးတာပဲ ဆင်းရဲတာကိုရှက်တာ နောက်တော့ငါ့ဘာသာစဉ်းစားမိတယ် လောကကြီးမှာ ငါတစ်ယောက်တည်း ဆင်းရဲတာလားလို့ပေါ့ ငါတစ်ယောက်တည်းမှမဟုတ်ပဲ” ကျွန်တော် အထက်တန်းကျောင်းသားဖြစ်ခါစ အဖေနဲ့ကျွန်တော် တစ်နေရာသို့အသွား လမ်းမှာ ကျွန်တော်က တစ်စုံတစ်ခုကို ရှက်နေမိသောကြောင့် အဖေက ကျွန်တော့်ကိုပြောတဲ့စကားပင်ဖြစ်သည်။ အကြောင်းမရှိအကြောင်းရှာရှက်တတ်သော ကျွန်တော့်ကို အဖေကလည်း အကြောင်းမရှိအကြောင်းရှာကာ မရှက်တတ်ဖို့ ပြောဆိုသည်မှာ အကြိမ်ကြိမ်ရှိပြီ။ ရုပ်ဆိုးတာကိုရှက်တာ။ မျက်လုံးပြူးတာကိုရှက်တာ။ ဆင်းရဲမှာကိုရှက်တာ။ စသည်ဖြင့် ရှက်နည်းပေါင်းစုံဖြင့် လူတကာတို့ရှက်ဖူးကြပါလိမ့်မည်။ ထို့ကြောင့် ကျွန်တော်လည်း ရှက်ခဲ့သည်။ ငယ်စဉ်က အကျင့်တစ်ခုကြောင့် လူပျိုပေါက်ရောက်သောအခါ ကျွန်တော့်အတွက် ရှက်ဖွယ်တစ်ခုကိုကြုံရလေသည်။ တစ်ခြားမဟုတ် သွားခေါနေခြင်းပင်။ ငယ်ငယ်က ဘယ်ဘက်လက်ညှိုးသိမ်သွားအောင် လက်စုပ်ခဲ့သောကြောင့် လူပျိုပေါက်အရွယ်တွင် သွားခေါကလေး တစ်ယောက်ဖြစ်ခဲ့လေပြီ။ တစ်ခါ…ကျွန်တော့်အဖေအလုပ်မသွားသည့်နေ့ ကျွန်တော်တို့ အိမ်ရှေ့ဈေးဆိုင်လေး ပေ

ရတနာအေး...သို့

ရတနာအေး…သို့ ပြန်မြင်နေ ဟိုတုန်းက မိုးပြာဂျင်းန်လေး ရင်ထဲမှာ အခုချိန်ဆို မိုးရွာရင်းလေ...။ အလွမ်းရဲ့အလင်းတွေက တိုးကာလင်းနေ။ ကိုယ့်ကဗျာမင်းလေး..... အခုတော့လည်း တို့နှစ်ယောက်ရဲ့ အိမ်မက် ယဉ်ပေါ်ကနေ ဆင်းပြေး ။ မင်းထားခဲ့တဲ့ အလင်းလေး..... ငါ့ကောင်းကင်အမှောင်ကြီးစိုးလို့ သေချာစွာတောင် မလင်းပေ။ ရင်ဘတ်ကို ပြန်စမ်းကြည့်တော့ ငါ့ရဲ့ကြိုးတွေတင်းနေ။ သီချင်းတွေကို နှုတ်ခမ်းဝက ဆိုညည်းလည်း အပိုပါပဲ အသည်းမရှိမှ အဲဒီမှာ မချိုသာခဲ့ ။ ကိုယ်ဟာလည်း… အခန်းထဲမှာ အပြီးသတ် ဆိုတဲ့သီချင်းဟာ အငိုပါပဲ။ အချိုရှာခဲ့ပြီး အချစ်မှာ ဘေးဖြစ်ဖို့ မရည်ရွယ်ခဲ့လည်း ချစ်တာလေး နှစ်လို့ သူလီစယ် ခဲ့တယ်… အတည်တကယ်ရေးခဲ့တဲ့ အချစ်ကဗျာလေးတွေတောင် ဖောက်ပြားလို့ သစ္စာကလေးတွေ ပျောက်သွား ၊ မေတ္တာအရေးတွေ ပျောက်ရှလို့ ပြေပြယ်.. အချစ်ဟာ ပြေးပစ်လို့ ဒီအရွယ်နဲ့လည်း ကံကြမ္မာက ကျီစယ်လို့ အနည်တွေထိုင်ခဲ့တယ်.. ဒါပေမယ့်… အရွယ်တွေ မတိုင်ခဲ့ပဲနဲ့ကွယ်…။ ထိုင်ခဲ့တဲ့ ထိုင်ခုံ အပြာလေးတွေ အခုတော့ ထားရစ်ခဲ့ အခုအချိန်ရက်တွေမှာ သူ့အိပ်မက်တွေဟာ တအားပဲသစ်တော့မှလည်း ဟိုအရင်က စိတ်ကူးရဲ့ ယဉ် ပျံတွေကလည်း နွားလှည်းဖြစ်တော့မယ်..။ ပြေလည်ရန်ပြေ

ကြောက်ပါတယ်

တစ်စင် ဆို တစ်စင် ဆောက်လည်း အရင်လိုအချဉ်ပေါက်ဆဲ ပင်ကို ယဉ်သလောက်လည်း မကြင်လိုချင် ဖေါက်လွှဲ။ ရင်ကိုပင် လျှောက်ခွဲ တစ်ပင်ဆိုတစ်ပင် ပေါက်လည်း သင်လို ခင်တစ်ယောက်ပဲ မမြင်လိုချင် ကြောက်ဆဲ။ ကျေးဇူးပြုပြီးသွေပါ အလေးအထူးပြုပြီးနေမှာ မအေးဘူး အတုမီးတွေပါ မပေးဘူး အတုချည်းတွေသာ။ အကြည့်တစ်သောင်းမကပင် အများကြီးရယ် အသိအပေါင်းကပင် တားဆီးတယ် မိကောင်းဖခင် သားသမီးရယ်။ ကျော်ညိုသွေး

ကမ္ဘာကျော်ရေမွှေး

တို့အမျိုးတွေ… World Wide မှာ။ ဟိုတစ်နေ့က… မမဆီက စာဝင်တယ်။ အပွေးတုံးလေး ပို့လိုက်ပါဦးတဲ့။ ကျော်ညိုသွေး

ကြည့်လို့မကောင်းတဲ့ပွဲ

ဒီမို အရူးငနဲတွေကြား အပီကို ဆူးလှည်းတွေများ။ အီသကို မူးလဲလေမလား။ ကိုကို ကြံစည် သူတွေးရင်း ဘယ်လို ဘယ်လို နှံမည် လူရွေးရင်း ဖိုတိုမန်နီပူလေးရှင်း။ လုပ်ဟ အနာအဆာ အကြံကြီးလျှက် ဖရုဿဝါစာ ဖန်တီးချက် ဗုဒ္ဓဘာသာ အမှန်ကြီးရဲ့။             ။ ကျော်ညိုသွေး

ဝမ်းတူးသရီး

ပေါက်ခေါင်းသူက နှုတ်ခမ်းမလှဘူး ၊ ကျောက်မြောင်းသူက အရမ်းမ၀ဘူး တစ်ယောက်ပြောင်းကျူမှ စန်းထဖူး။ အရမ်းအလှထူးလည်း နားမလည်ရင်သွား။ ပန်းတမျှဖူးလည်း မယားတစ်ကယ်မထင်ထား။ အလွမ်းက မြူးလည်း အမှားရယ် မဆင်အား ဟင်…အနမ်းရယ် ခြင်အလားရှိသူနဲ့ ပျို ရင်…လမ်းဝယ် အစဉ်အနားရှိသူနဲ့ ချို တမင် ပန်းဖွယ်အဆင် အမှားကြည့်သူ နဲ့ ကိုယ်။ အမြဲကို တစ်ယောက်တစ်မျိုးလေ အသည်းဆို ခေါက်ရိုးကြေ။ မိန်းမ နောက်ပိုးတွေ လည်း ရှိခဲ့ ထိန်းမရ နှစ်ယောက်ကြိုးတွေလည်း ငြိခဲ့။ ဟဟ….ရှိခဲ့တဲ့ အစကတော့ သင်းတို့က မူယာမာယာနဲ့ အတင်းရှိုက်ရှိုက်ငို အဟတ်! ဘ၀က မလှပတော့ အလျဉ်းရို့ကြ ကလူအထာ ငါကပဲ အတင်းလိုက်ကြိုက်သလို.. Fuck ! အို…အခြွှေအရံတွေက တအားများစဉ် ချိုနေ - သံဝေဂစကား မကြားချင်။ အများအမြင်မှာ ကျားအသွင်ပမာ ပေါ်လည်း။ ခြားချင်စရာ အများကျဉ်စရာ ကျော်လည်း။ ထားခင်ကညာ အနားပင်သာ ပျော်ဆဲ။ အို..အရှုပ်အပွကြားမှာ မလို အနုတ်က မှားကာ အပိုအလုပ်ကများ။ အလို…ဗုဒ္ဓ ဘုရား ဆီဆုခြွေ ပျိုတရုတ်မ အနားအတည် ပြုလေ ဘယ်လိုလုပ်မှ မခြားပြီ ခု အခြေ။ ကျော်ညိုသွေး

တစ်ခြားကမ္ဘာက ဂြိုလ်သား များ

ပြောလိုက်ရင် အံတိုနေပြီ ဒီစကားနဲ့ပဲ ရန်လိုနေသည်။ အညှောင့်ထွက်တာနဲ့ပဲ အသီးကို အမြန်လိုနေသည်။ အစွန်းရောက်စကားတွေက ခြွှေ သည်ကွာ အသံပိုနေသည်။ အပင်ခြေရင်းမှာတော့ မြေဆီလွှာာ အမှန်လိုနေပြီ ငါ့ဘက်မလိုက်ရင်တော့ သေပြီဆရာ ရန်ဂြိုလ်တွေ စီ။ ကျော်ညိုသွေး

အို့ဝို့ ၀ို

နေ့လယ်တုန်းက ထမင်းကို အလောတကောစားရင်း.. “ငါ.. ထမင်းစားဖို့ အလုပ်လုပ်နေတာလား.. အလုပ်လုပ်ဖို့ ထမင်းစားနေတာလား” .. လို့ အလန့်တကြားတွေးမိလိုက်တယ်..။ အလောတကော စားတယ်ဆိုမှတော့ အလုပ်လုပ်ဖို့ ထမင်းစားတာနေမှာပေါ့လေ အလုပ်ကိုအလောတကောလုပ်ပြီး ထမင်းစားရင်တော့ ထမင်းစားဖို့ အလုပ်လုပ်တာနေမှာပေါ့။ အလုပ်လုပ်ဖို့ ထမင်းစားတာလား ၊ ထမင်းစားဖို့ အလုပ်လုပ်တာလား ဘာပဲဖြစ်ဖြစ်... အလုပ်ကောင်းကောင်းလုပ်ပြီး ၊ ထမင်းလည်းကောင်းကောင်းစားဖို့တော့ လိုလိမ့်မယ်။ ထမင်းစားစား ၊ အလုပ် လုပ်လုပ်လုပ်သမျှဟာ စားဖို့ နဲ့ စားသမျှဟာ လုပ်ဖို့ ဖြစ်တယ်။ ဒီထက်ပိုပြီး ၊ ထူးပြီး ၊ မူးပြီး ၊ ရူးပြီးနေဖို့မလို ယဉ်ကျေးမှု့တွေတိုးတက်လာတော့ ကမ္ဘာဦးကိုသင်ပုန်းချေချင် သင်ပုန်းမကျေသေးတာတွေကလည်း သင်ပုန်းမကျေ။ သင်ပုန်း မကျေ တကျေနဲ့ မို့ သင်ပုန်းတွေ ရိုက်ခွဲလိုက်စို့။ ကျော်ညိုသွေး

အဘွားကြီး

အနားလာပြီး အဘွားကညာကြီးက ပွားပါဘိကွယ်။ မယားဟာ မငြီးဖွယ်လို့ အရင်ကထင်သမျှ ရင်က အမြင်ကခုတလွဲ၊ ဘယ်သူ့ပဲပေးပေး။ ခုပဲပြေးကာ တွန့်တော့မယ်။ လွန့်တော့မယ်ဟေး။ အထွန့်တော့ တစ်ကယ်မသေးတယ်။ အငယ် သွေးတွေ တစ်အားကြွပြန်တော့။ ထပြန်ပေါ့စိတ်တွေ။ အိပ်နေချိန်ဘေးနားမှာ အသီးပုပ်ကြီးက တွတ်ထိုး။ ချွတ်ချိုးလို့မရတဲ့ဝဋ်ရယ်။ အသစ်တစ်ကယ်ပြန်လှန်ကာစလို့ရရင်။ အကြံသာက အရုပ်မပဲဖက်တွယ်။ အဟုတ်လှ ယမင်းကညာ ငယ်ကို။ ဘယ်တစ်ပွေ့ ညာတစ်ပိုက်ရယ်နှင့်။ ငါအကြိုက်မို့လှော်ချင်သော်လည်း။ အတော်မပျောက်တဲ့… အော်..ကြောက်စရာ ကားအိုစက်သံအနှောင့်ကြောင့်။ လန့်ကြောင့်ညပေါင်း။         ။  ကျော်ညိုသွေး

နောင်တချို

ဂျိုလီကြီးမလှတော့ဘူး ဆိုတဲ့ ကွန်မန့်လေးဖတ်လိုက်ရတော့ ငယ်ငယ်က ဖတ်ဖူးတဲ့ တစ်ကွက်ဟာသ ကာတွန်းလေး ပြန်ပြီးသတိရတယ်။ ဂျိုလီကြီး ဒီဇာတ်ကားမှာ တော်တော်ကြီးကို ရွဲသွားပြီးတဲ့ .. ….ပြောတယ်။ စာတစ်ပုဒ် ကဗျာတစ်ပုဒ်ဖြစ်ဖို့ စာရွက်ကလေးတွေ အိတ်မှာဆောင် ဒိုင်ယာရီလေး ဘေးမှာချ ဘောလ်ပင် မှင်မကုန်ဖို့ လည်း လိုသေးတယ်။ အခုတော့ ဇော်ဂျီဖောင့်နဲ့ Desktop နဲ့ Microsoft Word နဲ့ မြန်မာစာ ကီးဘုတ်နဲ့ အိုခေမှာ..စိုပြေလို့။ အရင်တုန်းက ခက်ခက်ခဲခဲ ကဗျာလေးတွေကို ပြန်လွမ်းတယ် အလျင်အမြန်ချမရေးနိုင်တော့လို့ စွန့်လွှတ့်လိုက်ရတဲ့ အတွေးလေးတွေ မှင်စာမပါပဲ လွှတ်တဲ့ စွန်လေးတွေလိုပါပဲလား။ ကော့…ပြန်…လန်…လို့ လယ်ကွင်းထဲကျသွားတာများ ရင်ထဲမှာ ဟာ…တာတာ။ အကောင်းလားအဆိုးလား ဘာဘာ ဘာမှ မကွဲပြား သူ့နေရာနဲ့သူ နေရာကျမှ ဖြေသာကြမယ်။ အခုတော့…ကဗျာတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ထွက်ထွက်ကျ ကိုယ့်ကိုယ်ကိုတောင် သိပ်ပြီး မင်္သကာတော့ဘူး ဖြစ်မိ။ ကိုယ့်အဖြစ်ကို ကိုယ်တွေးတိုင်း ရယ်မိတယ် ကိုယ့်စွန်ကလေးတွေ ပြတ်ပြတ်သွားတာပဲ ကောင်းတယ် ဂျိုလီကြီးမလှတော့ဘူးတဲ့…ဟုတ်သား..မလှတော့ဘူး ရေးလက်စ ကဗျာလေးကိုပဲ အဆုံးသတ်မိပါတယ်။ ကျော်ညိုသွေး

27

မန်ကျည်းရွက်သုပ်ရယ် ငပိရည်ရယ် နဲ့ ထမင်းစားရဖို့ တောင့်တတယ်။ ငယ်ငယ်တုန်းက… ကိုယ့်ကို သူများက အိုးခြမ်းပဲ့နဲ့ အပစ်ခံရတာမျိုး သူငယ်တန်းမှာ သူများက မုန့်လုစားခံရတာမျိုးတွေ ပြန်ပြီး သတိရမိနေတယ်…။ အခုတော့… ကိုယ်ဖျားနေပါတယ်။ အိပ်ရာ ထဲ လဲလို့။ သူတပါးကြောင့် လဲကျရတာထက် ကိုယ်စိတ်နဲ့ ကိုယ့်ကိုယ် လဲကျရတာက ပိုပြီးနာတယ်။ ကိုယ်ကိုယ်တိုင် အသက်ဆက်ခဲ့တဲ့ သစ်ပင်က သစ်ရွက်ကလေးတွေ နေပူလို့ မကြွေပဲ.. ကိုယ်ကိုယ်တိုင် ခြွေယူလို့ ကြွေကျရတယ်။ လေကောင်းလေသန့်ရအောင် အပြင်ထွက်လမ်းလျှောက်တော့ ကွမ်းယာဆိုင်က ကောင်လေးက “ နေမကောင်းဘူးလား ကိုကြီးလို့” မေးတယ် “ အေးကွာ” လို့ ဖြေတော့… “ဖျားနေတာလား ၊ ဆေးသောက်ပြီးပြီလား” လို့ ထပ်မေးတယ်။ အသက်ကြီးလာတော့… အရင်ကလို ၀ုန်းဒိုင်းကျဲ ဆူပွက်တာမျိုးတွေ နည်းလာတယ်။ ဆံပင်ကလည်း တဖြည်းဖြည်းနဲ့ ကတုံးနီးပါးအထိ တို..တိုလာတယ်။ Hip Hop တွေ နားထောင်ရာကနေ Pop တွေ ၊ Pop Rock တွေ ၊ Slow Rock တွေ ပြောင်းပြီး နားထောင်တတ်လာတယ်။ သိပ်တော့ မလိမ္မာသေးပါဘူး။ အရင်အတိုင်း ကဗျာတွေ ကြိတ်ပြီး ရေးနေတုန်းပဲ ရန်ကုန်မြို့လယ်ခေါင်မှာ တစ်ယောက်တည်း ရုပ်ရှင်တွေ ရိုက်နေတုန်းပဲ အပြင်က ပြန်လာ

အိမ်ကလေး

Webpage တစ်ခုတည်ဆောက်တယ်ဆိုတာ နံရံမှာ လေးကွက်ကြား ဆွဲသလို မရဘူး ကိုယ်သိတယ်။ ကိုယ့် Site ကလေး စုတ်ချာနေတော့ ဘယ်သူငယ်ချင်းမှမလာဘူးလေ။ ဒါက သဘာဝကျပါရဲ့။ ချစ်ရေး၊ ကြိုက်ရေး၊ လက်တွဲဖို့အရေး လင်ခ့်ပေါင်းစုံချိတ်ဆက် အိပ်မက်ကို အကောင်အထည်ဖော်ဖို့ နားလည်မှု့ ကို high Light ပေးကြပါစို့ရယ်။ အိမ်ကလေး တစ်လုံးရဲ့အဓိပ္ပါယ်ပီပြင်ဖို့ ကိုယ့် Hosting ကိုယ်မပိုင်လည်း အငှား Hosting နဲ့ မယားပျိုခင် ယဉ်စစလေးကို မြင်သမျှ ဘ၀င်က အေးမြချင်ရဲ့ဟယ်။ ဘေးကအမြင်နဲ့ ရယ် လန်းဖို့ မြန်မကြာ ဘန်နာလှလှမှာ အမှန်သာကဗျာလှလှ ရေးချစို့ကွယ်။ ကျော်ညိုသွေး