ကမ္ဘာကျော်ရေမွှေး Get link Facebook X Pinterest Email Other Apps September 04, 2010 တို့အမျိုးတွေ…World Wide မှာ။ ဟိုတစ်နေ့က…မမဆီက စာဝင်တယ်။အပွေးတုံးလေး ပို့လိုက်ပါဦးတဲ့။ ကျော်ညိုသွေး Get link Facebook X Pinterest Email Other Apps Comments လင်းဒီပ said… မနေ့ကထဲက ဖတ်မိတယ် ။ခိုက်တယ် ဒီကဗျာ..။ khine wai zan said… i like it.. really really like it.
ညီမလေးနှင့် ကျွန်တော် August 10, 2010 အိမ်တွင်ညီမလေးနှင့် စကားများရသည်မှာအကြိမ်ကြိမ်။ ကျွန်တော့် ဂစ်တာကိုယူယူကိုင်သောကြောင့် ကျွန်တော်နှင့် ကတောက်ကဆဖြစ်ရတိုင်း အဖေနှင့်အမေက ကျွန်တော့်ကိုချည်းဆူလေတော့သည်။ အငယ်ဖြစ်သူ ကိုယ့်ညီမလေးအား မညှာဘူးဟူ၍ပြောသော်လည်းမရ ကျွန်တော့်ပစ္စည်း၊ ပစ္စယများကိုယူကိုင်သည်ကိုမကြိုက်။ ထို့ကြောင့်ကျွန်တော့်ညီမလေးက ကျွန်တော့်ကို “ကပ်စီးနည်းကြီး” ဟုအမြဲတမ်းပြောလေ့ရှိသည်။ ကျွန်တော်တို့မောင်နှမ နှစ်ယောက်ငယ်ငယ်က ကျောင်းတက်စဉ်က ကျွန်တော်သည်မုန့်ဖိုးများကိုမစားဘဲ စုစုထားကာ ကျွန်တော်ကြိုက်သည့် ပစ္စည်းများကို ၀ယ်လေ့ရှိသည်။ ညီမလေးကတော့ စားသင့်တာစား၊ စုသင့်တာစုနှင့် ညီညီမျှမျှရှိခဲ့သည်။ အမေပေးသောမုန့်ဖိုးများကို ကုန်သွားမှာကြောက်သဖြင့်စုစုထားပြီး မုန့်မစားဘဲ ညီမလေးဆီကသာ ကပ်ရပ်လျှက်စားခဲ့သည်ချည်း။ မကောင်းတတ်၍ညီမလေးအား ၀ယ်ကျွေးရလျှင်လည်း။ ဈေးပေါသောမုန့်များကိုသာဝယ်ကျွေးလေ့ရှိခဲ့သည်။ တစ်ခါတစ်ခါ ကျွန်တော့်ညီမလေးဝယ် ကျွေးသော မုန့်များမှာကျွန်တော်ပင်ကိုယ်တိုင်ပင် ၀ယ်၍မစားဖူးသော မုန့်များပါလေသည်။ မြိန်ရည်ယှက်ရည်စားနေသော ကျွန်တော့်ကိုကြည့်နေသည့် ညီမလေးမျက်လုံးများကိုကျွန်တော်အဓိပ္ပါယ်မဖော်တတ်ခဲ့။ သို့သော်ကျွန်တော့်ညီမေ... Read more
ဘီယာကို ဘာကြောင့် ဖန်ခွက်နဲ့ထည့်ပြီး သောက်သင့်တာလဲ? March 14, 2017 ဘီယာကို ဘာကြောင့် ဖန်ခွက်နဲ့ထည့်ပြီး သောက်သင့်တာလဲ? ဒီခေတ်မှာတော့ ဘီယာဟာ သတ္တုဘူး (သို့) ပုလင်းနဲ့ ရောင်းချတဲ့ ဘီယာရှိသလို ၊ စည်ထဲကနေ ခွက်ခြင်နဲ့ရောင်းတဲ့ ဘီယာလည်း ရှိပါတယ်။ ဆိုင်မှာ ခွက်နဲ့ဝယ်သောက်တဲ့အခါ ဖန်ခွက်နဲ့ ထည့်ပေးပေမယ့် ကိုယ့်ဘာသာကိုယ် စတိုးဆိုင်ကနေ ဝယ်ရင်တော့ သတ္တုဘူး(သို့) ပုလင်းနဲ့ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်စေ ဘီယာကိုသောက်တဲ့ အခါ ဖန်ခွက်နဲ့ ထည့်ပြီး သောက်ဖို့ အတွက် လေ့လာသူတစ်ချို့က အကြံပေးထားတာရှိပါတယ်။ . ဘီယာကို ဘာကြောင့်ဖန်ခွက်နဲ့ထည့်ပြီး သောက်သင့်သလဲဆိုတဲ့ အကြောင်းအရင်း (၃) ချက်ရှိနေပါတယ်။ အဲဒါတွေကတော့… - အနံ့ နဲ့ အရသာ ကို ကောင်းစွာခံစားနိုင်ဖို့ - အမြင်ကြောင့်သောက်ချင်စိတ်ဖြစ်မှုကို အထောက်အပံ့ဖြစ်စေဖို့။ - အမြုပ်ရဲ့အထောက်အပံ့ တို့ပဲဖြစ်ပါတယ်။ . [အနံ့ နဲ့ အရသာ ကို ကောင်းစွာခံစားနိုင်ဖို့] ---------------------------------------------- Taste ဆိုတဲ့အရသာကိုခံစားမှုဟာ အနံပါဝင်မှပဲ ပြီးပြည့်စုံမှာပဲဖြစ်ပါတယ်။ အစားအသောက်တွေကို အရသာခံတဲ့အခါ နှာခေါင်းသာပိတ်နေမယ်ဆိုရင် ပြီးပြည့်စုံတဲ့ အရသာခံစားမှုကိုဖြစ်ပေါ်စေမှာမဟုတ်ပါဘူး။ ဒါကြောင့် အနံ့ဟ... Read more
ခရမ်းချဉ်သီးပန်ထွေဖျော် February 06, 2022 ခရမ်းချဉ်သီးပန်ထွေဖျော် _________________________ ခရမ်းချဉ်ပင်ကနေ သီးဝေတဲ့ ခရမ်းချဉ်သီးကလေးတွေအရွယ်ရောက်လာတဲ့အခါ သူတို့ထဲကတချို့ဟာ.. ခရမ်းချဉ်သီးပန်ထွေဖျော်ဟင်းလျာအတွက် သူတို့ကိုယ်သူတို့ ပေးဆပ်တာဝန်ကျေဖို့အသင့်ရှိနေကြလိမ့်မယ်။ မီးခိုးနံ့သင်းတဲ့ဟင်းလျာလေးတစ်ခုဟာ ခရမ်းချဉ်သီးပန်ထွေဖျော် ဖြစ်တယ်။ အနေတော်မီးဖုတ်ပြီးတဲ့ ခရမ်းချဉ်သီးကလေးတွေကို ငရုတ်ဆုံကျယ်ကျယ်ထဲ ထည့်ထောင်းပြီး.. မီးကင်ထားတဲ့ငါးပိအနည်းငယ်ရယ်၊ ကြက်သွန်ဖြူသုံးလေးတက်ရယ်၊ နုပ်နုပ်စဉ်းထားတဲ့ နံနံပင်နဲ့ ငရုတ်သီးစိမ်းကလေးတွေရောမွှေလိုက်တဲ့အခါ သုံးဆောင်ဖို့အသင့်ဖြစ်နေတဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်တစ်ခွက်ဖြစ်လာမယ်။ . မီးခိုးရနံ့သင်းနေတဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်ကို ထမင်းဖြူဖြူလေးတွေပေါ်ဆမ်းပြီး နယ်ဖတ်လို့စားကြည့်ပါ။ ခရမ်းချဉ်သီးပန်ထွေဖျော်ဟာ ပွဲဝင်တဲ့ဟင်းလျာတစ်မျိုးမဟုတ်ခဲ့ပေမဲ့.. ဆာလောင်နေတဲ့ဝမ်းအတွက်တော့ မြိန်စရာဟင်းတစ်မယ်အဖြစ် အသင့်ရှိနေလိမ့်မယ်။ အကြောင်းအမျိုးမျိုးကြောင့် တခါတလေမှာ မေ့ထားခံရကောင်း ခံရနိုင်ပေမယ့် လိုအပ်တဲ့အချိန်တိုင်းမှာ.. ခံစားချက်ရဲ့ကွက်လပ်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ခရမ်းချဉ်သီးပန်ထွေဖျော်ဟာ တနေရာမှာအသင့်ရှ... Read more
Comments
ခိုက္တယ္ ဒီကဗ်ာ..။