Posts

Showing posts from October, 2009

Once Upon A Time

Image
My Own Creation! by using adobe photoshop cs3.

မှားတဲ့ဘက်မှာ

ဟန်ဆောင်မှု့တွေနဲ့ ငါနှစ်ပါးသွားလန်းရတော့ အမှန်အောင် သမှု့တွေနဲ့ မြန်မာစာ/စကားလည်း ကျွမ်းလှတယ်။ အရမ်းလှတယ်ကို အကွေ့အ၀ိုက်တွေ အရောင်စုံလင်းလို့ ၀မ်းဝမယ်ဆို မေ့လိုက်လေ မောင်ထုံခြင်းတို့။ အကုန်အရှင်းပျောက် သီလနဲ့ ဒီဘ၀လည်း ဒိဌိ စုန်ဆင်းမကြောက် ဗီဇရဲ့ ဖြည်သမျှလည်း အိတ်အပြည့်။ စိတ်၏အင်အားတွေကို မာယာတွေနဲ့ခြုံလွှမ်း အတိတ်၏အယဉ် တရားတွေကို ခါ ကာလေပဲ ကုန်စမ်း။ ဂုဏ်အတန်းတွေကို လှမ်းကိုင်ဖို့ ယုံတမ်းတွေကို ဖမ်းကိုင်လို့။ အသစ်ကမ္ဘာပန်းတိုင်ကို အရောက်သွားဖို့ မေတ္တာပန်းခိုင်ကို ဖျောက်ထားလို့။ ကျော်ညိုသွေး (နေ့စဉ်ဘ၀မှာ အစစ်တွေကိုပေးလည်း အတုတွေပဲပြန်ရချင်ရတာ။ အစစ်ကိုပေးလည်း ယုံရဲတဲ့သူနည်းတာ၊ ကိုယ့်ဘက်က စေတနာတွေ တစ်ခါတစ်လေကျဝေဒနာတွေဖြစ်တတ်တာ။ ဟန်ဆောင်နေကြတဲ့ ပတ်ဝန်းကျင်မှာ တစ်ခါတစ်လေ ရှင်သန်ရတဲ့အခါ ကိုယ်ပါကူးစက်ပြီး ဟန်ဆောင်မှု့တွေနဲ့အသားကျဖြစ်ခဲ့တာတွေကို တွေးမိတာတွေ နဲ့ ကိုယ့်အတွက်၊ ကိုယ့်အတ္တအတွက်ဆို ဘာကိုမှငဲ့မကြည့်ပဲ လုပ်တတ်တဲ့ လူတွေနဲ့ ပေါင်းမိပြီး မှားတဲ့ဘက်မှာရောက်နေမိတဲ့ အဖြစ်တွေအကြောင်းကို တွေးမိလို့ရေးလိုက်မိတာပါ။)

နိစ္စဒူဝ

မနက်မျက်နှာသစ်ရင် ရေနွေးနဲ့ပေါင်းတင် ဖြစ်နိုင်ရင် မေတ္တာအစစ်ကိုလည်း အခြေဈေးနဲ့ရောင်းချင် မကောင်းရင်လည်း ဒို ရှိရင် သစ္စာတွေ အိုခေ မောင်းတင်လည်း အလိုပြည့်ရင် ချစ်တာတွေ ချိုနေ။ စိတ်ကောင်းလည်း ကိုယ်မလှရင် မဖြစ်ဘူး အတိတ်မကောင်းလည်း ဒို ကျရင် မပြစ်ဘူး ဖြစ်နိုင်ရင် မာန်တက်နေတဲ့ အကောင်တွေနဲ့လည်းမတွေ့ချင်ဘူး ဖြစ်နိုင်ရင် အဆံပျက်ပြီး ချောင်နေတဲ့ အကောင်တွေနဲ့လည်းမတွေ့ချင်ဘူး ဖြစ်နိုင်ရင် အတုအယောင်တွေနဲ့လည်း လူဘောင်မှာ မကချင်ဘူး ဖြစ်နိုင်ရင် သူ့မောင်တွေနဲ့လည်း ဖု၊ယောင်စရာ မချချင်ဘူး။ ဆရာတွေက ဆရာလုပ်တာ ခံချင်ပေမယ့် အာပလာတွေက လာရှုပ်တာ မခံချင်ဘူး ဖြစ်နိုင်ရင် အရေးမပါတာ အရာပေးနေတဲ့ ဆူးလှည်းတွေနဲ့လည်းမတွေ့ချင်ဘူး ဖြစ်နိုင်ရင် ကလေးသာသာ အထာပေးနေတဲ့ အရူးငနဲတွေနဲ့လည်းမတွေ့ချင်ဘူး ဈေးချိုအောင် လျှော့ပြီးရောင်းတော့ အစစ်ကို အတုထင်တယ် ကလေးမငိုအောင် ဖော့ပြီးပေါင်းတော့ အပြစ်ကိုပြုချင်တယ်။ တစ်ချို့တွေက အလုပ်ကိုသေချာလုပ်တယ် တစ်ချို့တွေက အရှုပ်ဆို အဖြေရှာထုတ်တယ် တစ်ချို့တွေက စကားကို တစ်အားချစ်အောင်ပြော တစ်ချို့တွေက ဖားကို ကျားဖြစ်အောင်ပြော ခလုတ်တိုက်တာကိုလည်း ဖားပြုတ်ကိုက်သလိုပြော ဖားပြုတ်ကိုက်တာကိုလည်း တရုတ်ရိုက်သ