Posts

Showing posts from November, 2011

သက်သက်ခိုင်

သက်သက်ခိုင်       တစ်ခုတည်းရှိတဲ့ သဘာဝတရာကြီးရဲ့… အောက်မှာ ကောင်းကင်နဲ့ မြေပြင် ရေပြင်နဲ့ ကုန်းမြေတွေ အကြောင်း အတ္တတွေ ကြောင့်လည်း စာလုံးပေါင်း မမှားချင်ဘူး။ ဖွင့်ထားတဲ့ တံခါးပေါက်တွေနဲ့ ပိတ်ထားတဲ့ တံခါးပေါက်တွေကြားက စကားဝှက် ဟာလည်း တစ်ခုတည်းရှိရဲ့။ သစ်ပင်တွေရဲ့ တွေးခေါ်မှုဟာ ဘယ်လိုမျိုးပါလဲ… ချိုမြိန်အရသာ ပေးစွမ်းတဲ့ သစ်သီးဝလံတွေရဲ့ အတွေးအခေါ်ဟာ ဘယ်လိုမျိုးပါလဲ…။ ၀ါဂွမ်းတွေကြောင့် ကိုယ်တို့ အရှက်ကြီးခဲ့ ရတာလည်း တစ်မိုးအောက်က အလှပဆုံး တေးကဗျာပါပဲ။ နှင်းဆီပန်းတို့ ပွင့်ဖူးကြတာနဲ့ ကျေးငှက်တို့ တေးသီကျူး ကြတာလည်း ဒီထက်ပို အဖြေရှာဖို့ မလိုတော့… ကိုယ်တို့ရဲ့ လက်နဲ့ပဲ မြေဆီလွှာတွေ တူးဆွ ကြပါစို့။                      ။   ကျော်ညိုသွေး

ကျူပင်များ

ကျူပင်များ ဖန်ခွက်ထဲ ရေတစ်ဝက် တည်း ရှိတယ်ဆိုတော့ ဖန်ခွက်ထဲ ရေတစ်ဝက်ပဲ ရှိတာပေါ့။ မိန်းမတင်မဟုတ် ယောက်ျားများလည်း ငွေကြိုက်တယ်။ အချစ် နဲ့ ပေါင်မုန့် နဲ့ ဆိုရင် ခေတ်မှာ အချစ်လည်း ဈေးကြီးတယ်။ ပေါင်မုန့်လည်း ဈေးကြီးတယ်။ ကျော်ညိုသွေး