Posts

Showing posts from July, 2009

ဗစ်တိုးရီးယားသူ အလှဖွဲ့

ဆရာတွေ များလွန်းပေါ့ ငါလေ တစ်အားမွန်းတယ်ဟေ့ တစ်ခါတစ်လေ သွားတွန်းမယ်ဟေ့ ရွှန်းတယ်လေ့ ဆော်တွေရယ်။ အတော်လေတယ် ဂေါ်နေတယ် တစ်အား အော်…အမေရယ် ကယ်ပါဗျား တစ်ကယ်ပါလား ပဲများလိုက်တာ ဟယ်…ငါများ အသဲမှားခိုက်စရာ အယ်…ခါသွား ဘဲသွား ဆိုဒ်ပါ။ ကဲ…သွားလိုက်ပါ ၀င်နှောလို့ ရင်ရော…တင်ရော..အပြင်သဘောအမိုက် ဂေါ် ပြင်ပြောလိုက်နော် သဘောခွေ့အောင် ချောပေ့ တောင်ဖျား။ ဟော…တွေ့အောင်လား အဟိ ပြောဓလေ့ဆောင်မလား မသိ ဟော…ဟေ့ကောင်များ အပီကပ်သွားကြည့် တီရှပ်အနား လိပ်တင်လို့ ရှိတ်ရင်…ပြချင်တဲ့သူဟုမှတ်။ ဂလု..အဟတ်…အတော်လှတယ် ဂျပု့ အထပ်ကဆော်တွေလည်း အတော်လေ ရွဲကြတာပေါ့ အော်လေ..ချွဲပွစရာကောင်းပါ့ ဘယ်ဘဲမှ လာမချောင်းပါလေ ဟယ်။ မဖယ်တမ်းပြောမှ တစ်ကယ်တမ်း တစ်ကယ်တမ်းသဘောကျ အထည်တန်း ချောနှမတွေက လန်းတယ် အရမ်းအရမ်းရယ် ဖလန်းဖလန်း ထ ကမန်းကတန်း ထပြေးရအောင် လှသွေး မောက်ကြွှတာပေါ့ ညကလေး တစ်ညမှာ ခဏလောက် လကလေး ပျောက်ရင် လှမယ်။ ဟ..ကွယ်…အရမ်းလန်းတယ်ဟေး အဆန်းပလန်းရယ် တွေးမိမှ ပြေးကြည့်မှ ငေးစရာလေး အတင်းဖြစ် အပျင်းစစ်တမ်း ကောက်ရမဲ့ စာရင်းစစ်ခန်း အပေါက်ဝက ငဲ့လိုက်တော့ အင်း ရှိုက်ပလား (ရှား) ပုလင်းဆိုဒ်များ ကလည်း မောဖွယ်တစ်အား။ ချောတယ်..အဟား ..အကုန်ချော ပါဘိ

"နံပြား"

အမှန်စားမယ်ဆို နံပြားသာကမှ အာဟာရပြည့်ဝတယ်လေ ငါကမေ့မရ မပယ်ထား ပကာသန မတွေ့ရ တစ်ကယ်ရှား တစ်ကယ်စားမယ်ဆို အလွယ်သားမခက်လှ မက်စရာ့နံပြား။ မနက်အလှအမှန်စားဖွယ် ခံစားဖွယ်တစ်ပါး သန်လှမယ်အားရှိတယ်မို့ အများသိတယ် တို့ဆီမှာ။ ဗျို့မအီပါ အဆီမပါတဲ့ နံပြားရယ် တစ်အားရယ်ကို မမှားတယ်ဆို အိုအဟုတ် မစောင့်ရတဲ့အစား ဗိုလ်ချုပ် တောင့်တတဲ့ နံပြား ။ ။ ကျော်ညိုသွေး

အပေါစား ပေါင်မုန့်

Image
ကိုယ်ပြောချင်တာ ပြောခဲ့ပြီးမှတော့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ် လို့… မပြောတော့ပါဘူး။ ဘာပဲပြောပြော… ကိုယ်ဖုတ်တဲ့ ပေါင်မုန့် ကို ကိုယ်စားချင်စိတ်ရှိဖို့ပဲလိုတယ်။ ပြောင်းဖူးဆိုပြီးတာပဲလေ။ အဖုတ်ပဲဖြစ်ဖြစ် အပြုတ်ပဲဖြစ်ဖြစ် နုရင်…၊ လတ်ရင်ချိုမှာပဲ။ ငိုပြရင် ငွေရတဲ့ခေတ်မဟုတ်တော့ သူတောင်းစားတွေတောင် ဟစ်ပ်ဟောပ့်နဲ့ က။ ငါချက်တဲ့ဟင်းကိုတော့... ငါကိုယ်တိုင်စားလို့ မြိန်ခဲ့တယ်။ ကျော်ညိုသွေး

To the Chopstick Leg

Image
Your legs look like a pair of chopsticks. Will you being suffered pain? I don’t think so. Not it is. Here! Certain Musician said “Be Cry just a day”. Yes. Will you be got what we wish? Anyway, for you, your hard feeling on the world was already zipped. By Kyaw Nyo Thway

ကော်နက်ရှင်တွေကောင်းတဲ့နေ့

ကော်နက်ရှင်တွေကောင်းတဲ့နေ့ပေါ့ ငါ့ Freelance အလုပ်လေးတွေပြန်လုပ်မယ် မပြီးသေးတဲ့ ဒီဇိုင်းလေးအတွက် ငါ့ကိုပံ့ပိုးမယ့် ဆရာတစ်ယောက်ဆီလည်လည်သွားမယ် ငါ့ညီမလေး လိုချင်တဲ့ ဆွယ်တာ ဒီဇိုင်းတွေနဲ့ ချစ်စရာ့ ပူစီ ပုံလေးတွေ ဒေါင်းလုတ်ဆွဲမယ်။ မီးငယ်ပေးထားတဲ့ လင့်ကလေးလည်း သွားကြည့်ရမယ် မြန်တဲ့လ်ဒေါ့နက်ဒေါ့အမ်မ်အမ်မ် က အလုပ်အကိုင်ကြော်ငြာလေးတွေလည်း အပလိုင်းလုပ်ရတာ အိုကေ နေမယ်။ အွန်ဝမ်းကလစ်ခ် မှာ အလွန်အရမ်းအဖြစ်တွေက မြန်နေမယ်မို့ မှန်းထားတဲ့ အသစ်တွေကလည်း ဟန်နေမယ်။ ပုံပြင်ထဲက ယူကျူ့ဘ် ဟာ ဘယ်လိုများလဲ ပုံပြင်ထဲက ရာဟူးဟာ သိပ်ကိုစွဲလန်းတယ် ပုံပြင်ထဲက ဖေ့စ်ဘုတ်ဟာ သိပ်ကို ခန်းနားတယ် ပုံပြင်ထဲက တွဒ်တာ ဟာ တစ်ကယ်ပါ ငါ့ကို အိပ်ရာဝင် မောစေတဲ့ အရာပါ။ အိပ်မက်ထဲမှာ အကြည့်တစ်ချက်နဲ့တင် အရာရာဟာပွင့်လန်းလာသတဲ့ကွယ် ပန်းတွေက လက်ညိုးတစ်ချက်အ၀င့်မှာ ပွင့်လာကြသတဲ့ ငါပျော်နေပါတယ် သူငယ်ချင်း မင်းတို့ ပျောက်ဆုံးနေတဲ့ ချွေးစက်တွေကို ငါ့နဖူးမှာမြင်ရမယ်။ မင်းသိလား ငါနေမကောင်းတုန်းက အိပ်မက်တွေကယောင်ကတမ်း မက်တယ် အရမ်းချမ်းတဲ့ဆောင်းညမှာ ငါ့အိပ်မက်တွေဖမ်းဆုပ်မရ….ဖမ်းဆုပ်မရ….ဖမ်းဆုပ်မရ။ ငယ်ငယ်တ

ချစ်တယ်

မင်းဗိုက်ထဲကနေ ထွက်လာပြီး မင်းကို "မေမေ" လို့ခေါ်ချင်တယ်။ ကျော်ညိုသွေး

ကမ္ဘာရေးတဲ့ ကဗျာလေး

ကဗျာလေးက ကမ္ဘာနဲ့ချီပြီးပြောတယ်။ ကမ္ဘာကြီးကတော့ ကဗျာတွေမရွတ်တတ်။ ဇီးရိုးနဲ့ဝမ်းကြားမှာ ကမ္ဘာက ခေါင်းပြားလို့ထွက်လာတယ် CMYK များနဲ့။ ကျော်ညိုသွေး