Posts

Showing posts from August, 2016

Fuck You

Fuck You Fuck You လို့အမည်ရတဲ့ စာပေလုံးဝအထူးပြုတဲ့မဂ္ဂဇင်းတစ်ခု ကို 1962 ခုနှစ် မှာ ကဗျာဆရာ Ed Sanders က New York မြို့ကြီးထဲက Manhattan မြို့လေးရဲ့ အရှေတောင်ဘက်ပိုင်းမှာ စတင်တည်ထောင်ခဲ့တယ်။ ကဗျာဆရာ Ed Sanders ဟာ နောက်ပိုင်းမှာ The Fugs ဂီတအဖွဲ့ရဲ့  ဘယ်သူ့မှ စောက်ဂရုမစိုက်တဲ့အထာနဲ့ ထုတ်ဝေခဲ့ပြီး ၊ ဖော်ပြချင်ရာ ဖော်ပြတဲ့ Fuck You ကို ရောင်စုံခြယ် Construction Paper တွေပေါ်မှာရိုက်နှိပ်ထုတ်ဝေခဲ့ပြီး Mimeograph Machine နဲ့ ရိုက်နှိပ်ခဲ့တာပဲဖြစ်တယ်။ mimeograph machine ဆိုတာက stencil လို့ခေါ်တဲ့ သတ္တုပြားပေါ်မှာ ရိုက်နှိပ်ချင်တဲ့ စာ/ပုံတွေ ကို ပုံဖော်ထားပြီး မှင်သုတ်လို့ စာရွက်ပေါ်မှာ ရိုက်နှိပ်တဲ့ စက်တစ်မျိုးပဲဖြစ်တယ်။ သေချာတာကတော့ Fuck You ကို အဲဒီလိုမျိုး တန်ဖိုးနည်းပုံနှိပ်နည်းနဲ့ ပြုလုပ်ခြင်းဟာ Mimeo Revolution အဖြစ် Publication လုပ်ငန်းတွေရဲ့ ဈေးကြီးမှုကို ရွဲ့ပဲ့ပြီး အပေါ်ယံစာရွက်ထက် အနုပညာသာ အဓိကဖြစ်တယ်ဆိုတဲ့မာန်ကိုချီပြီး လုပ်တာပဲဖြစ်တယ်။  Fuck You – A Magazine Of The Arts လို့ Slogan ဖော်ပြထားတဲ့ Fuck You Magazine ဟာ သက်တမ်း (၃) နှစ်သာ ကြာမြင့်ခဲ့တယ်။ Fuck You ကို 1962 ခုနှစ်ကနေ စ

World Photo Day - ကမ္ဘာ့ဓါတ်ပုံနေ့

World Photo Day - ကမ္ဘာ့ဓါတ်ပုံနေ့ နှစ်စဉ်နှစ်တိုင်းဆိုသလိုပဲ နိုင်ငံတကာမှာရှိတဲ့ ဓါတ်ပုံရိုက်ကူးခြင်းအနုပညာအပေါ် တပ်မက်စွဲလမ်းတဲ့ သူတွေဟာ သြဂုတ်လ ၁၉ ရက်နေ့ရောက်တိုင်းမှာ World Photo Day အထိမ်းအမှတ်အနေနဲ့ International Photography Event ကိုပြုလုပ်ကျင်းပကြလေ့ရှိပါတယ်။ World Photo Day Event ကို စတင်တည်ထောင်တဲ့သူကတော့ ဓါတ်ပုံပညာရှင် ၊ Storyteller တစ်ဦးဖြစ်သူ Korske Ara ဆိုသူပဲဖြစ်ပါတယ်။ . World Photo Day ကို 1839 ခုနှစ်မှာစတင်ခဲ့ပြီး အခုအချိန်မှာဆိုရင်တော့ World Photo Day ရဲ့ သက်တမ်းဟာ ၁၇၇ နှစ်တောင်မှပဲရှိခဲ့ပြီဖြစ်ပါတယ်။ World Photo Day ကို သြဂုတ်လ ၁၉ ရက်နေ့အဖြစ်သတ်မှတ်ခြင်းအကြောင်းအရင်း မူလဇစ်မြစ်ကတော့ ကမ္ဘာ့သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ပြင်သစ်သိပ္ပံပညာသင်ကျောင်းမှ ကျောင်းသားနှစ်ဦးဖြစ်တဲ့ Nicèphore Nièpce နဲ့ Louis Daguerre တို့ဟာ ၁၈၃၇ ခုနှစ်မှာ Daguerreotype လို့ အမည်ရတဲ့ ဓါတ်ပုံရိုက်ကူးခြင်းနည်းပညာတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး၊ Daguerreotype ဟာ ပထမဆုံးသော ဓါတ်ပုံရိုက်ကူးခြင်းဆိုင်ရာ တရားဝင်အသိအမှတ်ပြု နည်းပညာတစ်ခုဖြစ်လာခြင်းနဲ့ ၊ ပြင်သစ်အစိုးရက အဲဒီ Daguerreotype နည်းပညာကို မူပိုင