Posts

Showing posts from March, 2013

သရဲကြီးပုံပြင်

သရဲကြီးပုံပြင် သရဲကြီး ဟာတစ်ခါတုန်း က ကျွန်တော်တို့ ကြားမှာ ရှိခဲ့တယ်။ ဟုတ်တယ် သရဲကြီးပါပဲ။ သရဲကြီး ဆိုရင် ကလေးတွေ က ကြောက်ပေမယ့် ကျွန်တော်တို့ ကတော့ သရဲ ကြီး မကြောက်တတ်ကြပါဘူး။ တကယ်တော့ သရဲကြီး ဟာ ဒဏ္ဍာရီ ဆန်ဆန်ပေါ်ထွန်းလာတယ်။ သရဲကြီး အကြောင်း ကို ဘယ်သူတွေ က ပြောနေမလဲ သရဲကြီး ဟာ ဟောဒီ့ ရန်ကုန် မြို့  ထဲမှာ လျှောက်သွားလို့ ကဗျာတွေ ဟာ သူ့ကို ပြုစားထားတယ်လို့ အထင်နဲ့ လမ်းဘေးဓါတ်တိုင်တွေ အောက်မှာ အခုတော့ မိုဘိုင်းဖုန်း တစ်လုံးနဲ့ ဝေးဝေးက လှမ်းမြင်နေရတဲ့ ခိုပြာငှက်တွေ ကို အဆက်အသွယ်လုပ်လို့။ ကျွန်တော်တို့ ရဲ့  စိတ်ထဲမှာ ရှိနေတဲ့ သရဲတွေ အကြောင်းကို သရဲကြီးက မသိတော့ပေမယ့်။ သရဲ အသစ်တွေ ကတော့ သရဲ ကြီး ကို သိကြတယ်။ တချို့လည်း ကာလ ကွာဝေးလွန်းတဲ့ အနာဂတ်က သရဲ ကြီး ရဲ့  ပုံပြင် ကို စုပ်သပ်ရင်း အငွေ့ရုပ်ရှင်ကို ငေးမောလို့။ ဒါကိုလည်း သရဲကြီး က မသိ။ သရဲကြီး အိမ် ၊ သရဲကြီး ရဲ့  စိတ်တိမ်လွှာတွေ ဟာ ရန်ကုန်မြို့  ဒီလောက ရပ်ဝန်းထဲမှာ လူးနေတဲ့ လှေလို တရွေ့ ရွေ့ ပြေးနေတော့တယ်။ သရဲ ကြီး ရဲ့  အရေးအသားတွေဟာ သိပ်ကို ပြောင်မြောက်ခဲ့လေသလား သရဲကြီး ဟာ ရိုးသားစွာ ဖြစ်တည်လာရင်း ကြိုးလွတ်သွားတဲ့ အ

မျှော့တစ်ကောင်ရဲ့  ရေညှိရောင် ပုံပြင်

မျှော့တစ်ကောင်ရဲ့  ရေညှိရောင် ပုံပြင် အသက် မာနကြီးတယ် အသက်ကြီး ပြီး အိုမင်းနေချိန်ထိ ကျော့် ကို  ပြန်မချစ်တော့ဘူး တဲ့ ပြောခဲ့ပေါ့။ အသက်ဟာ တောင်းစုတ် ပလုံးစုတ်လို ရွတ်တွ ပြီး ရွဲနေလည်း ကျော့် အတွက်တော့ ငေးကြည့်ရတဲ့ ပတ်သက်မှုသာ။ ကျော် ဟာ သူ့အတွက်တော့ ရွှေလင်ဗန်းနဲ့ အချင်းဆေးတဲ့ ခွေးတွေ မစားတဲ့ ပန်းသီးပုပ် လို။ သူမ ကိုက်နေတဲ့ အရိုးကို လှမ်းမျှော်နေတဲ့ ခွေးတစ်ကောင်လို။ ခရက်တုန်းတွေ နဲ့ အိမ်ရှေ့ လမ်းဟာ ကျောက်ထုသံတွေကြားက နေ့စား အလုပ်သမားတွေ ရဲ့  ချွေးစက်တွေ သောက်သုံးနေပေါ့။ ငါ့ဓါးက ကျပ်နေတယ်။ ဓါးအိမ်ထဲက အထုတ်အသွင်း မလုပ်တာကြာပြီ သံချေးလည်း တက်နေပေါ့။ ငှက်ပျောပင်တွေ ကို ခုတ်ပါများတော့ကွယ်။ ကျော်ညိုသွေး

ခွင့်ရက်ရှည် ယူဖြစ်သော အကြောင်း အရင်း

ခွင့်ရက်ရှည် ယူဖြစ်သော အကြောင်း အရင်း အိမ်ပြန်လာတော့ ဆူညံသံတွေ မကြားချင်တော့ဘူး ကိုယ်ကိုဖော့လို့ ဂွမ်းစလေးတစ်စလို တစ်နေရာမှာ ကပ်ငြိနေမယ်။ ဆိုက်ဘာဟာ သစ်ပင်တွေကို ညှိုးနွမ်းစေတော့လည်း ငါဆိုတာ ဝေးလွင့်ပျောက်ကွယ်သွားရင်ကောင်းမယ်။ သံသယဆိုတာ ကျောမှာထမ်း လမ်းတွေဆိုတာ ရော့ခ်သီချင်းတွေကို တုန်ခါစေခဲ့တယ်။ အက္ခရာတွေ ဟာ အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ကို သပ်လျှိုသွေးခွဲနေ တဲ့ အခိုက်မှာ ငါဟာ အရာရာ ကို လစ်လျူရှု လို့ ဖိနပ်တွေ ကို ငါ ဖိအားပေးနေမိတယ်။ ပူလွန်းတယ်။ အသံတွေဆိုတာ ပူလွန်းတယ်။ အရာရာဟာ ထိတ်လန့်ဖွယ်။ တရားနဲ့ မဖြေနိုင်တာ အဆန်းလားကွယ်။ ခေတ်ကြီးထဲ လှမ်းမျှော်ကြည့်မှ ပေတရာပေါ် စီးဆင်းနေတဲ့ သရုပ်သကန် မကွဲတဲ့ ခေတ်ရဲ့ ဇာတ်ခုံ မှာ စီးမျော ခံစားကြည့်မှ လျှပ်စီးလက်သလို ရင်ထဲ နှလုံးထဲ ၀င်ရောက် တိုက်ခတ်နေတဲ့ ရောင်စဉ်ရောင်တန်းတွေ ထိုးနှက်ကြပုံ မြင်မယ်။ ဘာပဲဖြစ်ဖြစ် ခဏထားလိုက်ကြပါ။ အရာရာကို သည်းမခံချင်တော့တာ အခု ငါဆိုနေတဲ့ သီချင်း ၀တ်လက်စ အ၀တ်အစားတွေဟာ ဒီလို အမျောတွေထဲမှာ လျော့ရဲ ကျကုန်မတတ်တောင် ဖြစ်ရဲ့ အိမ်ပြန်ရောက်တိုင်း မမြဲတော့တဲ့ ခါးဝတ်ဟာ ကိုယ် ထွေးပိုက်ထားရတဲ့ သမာဓိပဲ တင်း

လူပြောသူပြော များတဲ့ သတင်း ၂

လူပြောသူပြော များတဲ့ သတင်း ၂ ရန်ကုန် မင်းက မှောင်နေတော့.. ငါတို့လည်း မိုက်တော့မယ်။ ဘုရားသခင်က သက်သက်မဲ့ညစ်တာပါကွာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး။ ဘုရားသခင်ကြောင့် ဂီတယှဉ်ပြိုင်ပွဲ နဲ့ သတင်းပလင်း တွေလည်း တိမ်တွေထဲ မှာ အသက်ရှုပ် ကျပ်နေတော့တယ်။ ဘုရားသခင်ကြောင့်ပါကွာ မင်းကြောင့်မဟုတ်ဘူး ရန်ကုန်။ မင်းရင်ထဲက သီချင်း မင်းရင်ထဲက ကဗျာ မင်းရင်ထဲက အာဟာရ အခုတော့ အားလုံး မှောင်မိုက်နေတယ်။ အခုတော့... မင်းတစ်ယောက်တည်း ညည်းတွားနေဦး ရန်ကုန်။ မီဒီယာ ကို မီဒီယာ နဲ့ တိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ရန်ကုန်ရေ... အခုတော့ မင်း ဘယ်ချောင်မှာ ကန်းထရီး ဂိုက် ဖမ်းနေမလဲ။ တစ်ကယ်တော့ မင်းက ဆယ့်ရှစ်နှစ်ပြည့်ပြီလား ကိုယ့်ကိုယ်ကိုယ်တောင် မသိခဲ့။ မင်းရဲ့ ကြေညာချက်တွေ မင်းရဲ့ ဘရုတ်ကတ်စ်စတင်းတွေဟာ လေထဲမှာ တင်ပဲ ပျောက်ဆုံးကုန်တယ်။ ဖယောင်းတိုင်ထွန်းပြီး ရုပ်သံလွှင့်ချက် ပေါ်လစီ တွေကို ခံယူကြရပေဦးမယ်။ ပညာများ နဲ့ မင်းကြားထဲမှာလည်း ခြားနားမှု မရှိ အလှတရား နဲ့ မင်း ကြားထဲမှာလည်း ခြားနားမှု မရှိ ကမ္ဘာကြီး နဲ့ မင်းကြားထဲမှာလည်း ခြားနားမှု မရှိ ဖယောင်းတိုင် မီးလေး

ကူးချ တဲ့ အိုင်ဒီယာများ

ကူးချ တဲ့ အိုင်ဒီယာများ မြန်မာ တွေ အနေနဲ့ သူများ နိုင်ငံက အနုပညာ ပစ္စည်းတွေကို ကော်ပီ ကူးလာခဲ့ကြတာ နှစ်ပေါင်း ရာနဲ့ ချီနေပါပြီ။ အခုဆိုရင်ကမ္ဘာတစ်ဘက်ခြမ်းမှာ ဘာဖြစ်နေတယ်ဆိုတာ သိနိုင်တဲ့ ခေတ်မှာ ကော်ပီ ဆိုတာတွေက လုပ်ဖို့တောင် မကောင်းတော့ပါဘူး။ နှစ်ပေါင်း များစွာကြာမြင့်အောင်ပဲ သူများနိုင်ငံတွေက အနုပညာ ပစ္စည်းတွေ ဖြစ်တဲ့ သီချင်း ၊ ရုပ်ရှင် စတာတွေကို စု ၊ တု ၊ ပြုခဲ့ပြီး ပါပြီ။ အခုလို တိုးတက်တဲ့ ခေတ်ကြီးမှာ စု ၊ တု ၊ တွေ လုပ်တာ တော်လောက်ပြီလို့ ထင်ပါတယ်။ အခုအချိန်မှာ ပြုရမယ့် ၊ တီထွင်ဖန်တီး ကြရမယ့် ခေတ်အခါကို ရောက်နေပါပြီ။ ရှေးတုန်းက သီချင်းကြီးတွေ တင်မက အခု ခေတ်ပေါ် သီချင်းတွေမှာလည်း သူများ နိုင်ငံက တိုင်းတပါးသားတွေ ရှာဖွေထားတဲ့ သံစဉ် ဂီတတွေကို အသင့်ယူပြီး စာသားသွတ်သွင်းတာတွေ အခုထိရှိနေတာ ရှက်သင့်နေပြီလို့ ထင်ပါတယ်။ ဘယ်လောက်ထိ သူများနိုင်ငံက သီချင်းတွေကို ကြိုက်နှစ်သက်သည်ဖြစ်စေဦးတော့ ကိုယ့် အသက်အရွယ်တွေ ကို ကိုယ့်ဘာသာ ကိုယ် သတိထားပြီး ကော်ပီ မလုပ်သင့်တော့ ပါဘူး ။ ဘာကြောင့် ဒီလို ပြောနေရသလဲ ဆို ရင် ၊ နိုင်ငံခြား တေးသီချင်းတွေ ကို ကော်ပီ လုပ်ရာမှာ နိုင်ငံခြားက

ဟယ်လ်ပင်

ဟယ်လ်ပင် မနော်ဟရီ လမ်းထိပ်က အဖန်ရည်ဆိုင် ယဲ့ယဲ့လေးမှာ ဘယ်သူတွေ ထိုင်နေတယ်။ ဟော်တယ်ကြီး ရဲ့  အနောက်ခြမ်းဟာ နွေသစ်ရွက်တွေ ရဲ့  ကစားကွင်းလည်း ဖြစ်ရဲ့  ငိုက်မြည်းနေတဲ့ သစ်ပင်တွေ ကြောင်တစ်ကောင်လို အညောင်းဆန့်လိုက်တိုင်း မြေမျက်နှာပြင်ပေါ် တိုးလျညင်သာစွာ ကျလာတတ်သော မလေးရှားပိတောက် ၀ါ တွေလား ၊ ကုက္ကိုရွက်ဝါတွေလားကွယ်။ အထက်လမ်း အထိ ကိုယ်မလျှောက်ဘူး။ ခြေလှမ်းတွေကို တန်ဖိုးထားလို့ တိတ်ခွေတွေ လည်နေတဲ့ ကက်ဆက်အိုကလေးဆီက ကန်းထရီးသီချင်းသံလို တယုတယ ကုန်လွန်သွားမှာ စိုးမိတဲ့ သံစဉ်များ သာ။ ဟယ်လ်ပင်... ဘယ်တော့မှ မရောက်ခဲ့ဘူး ဟယ်လ်ပင်... အမြန်ယာဉ်တွေ ပေါ်က စိတ္တဇတွေ ပုံရိပ် အမြန်ဖမ်း မျက်တောင်တစ်ခတ် များများ ရွက်ကြွေတွေ လှဲကျင်းရာ သန့်ရှင်းရေး လုပ်သား တစ်ဦးတစ်လေ တွေ့ တယ်လေ။ ဒီလမ်းကလေး လျှောက်မယ် စိတ်ကူးတိုင်း အားနာလို့ ကိုယ်ကို ဖော့လို့ နေမိတယ် စိတ္တဇ နဲ့ ဖျားနာနေသူပါ ဟယ်လ်ပင် မနက်ဖြန်မှာ ဖြစ်သင့်ရဲ့  မဖြစ်သင့် ရဲ့  ဘာမှ မတွေးပဲ အားလုံးဖြစ်ချင်နေ တဲ့ ပူဖောင်း အလွတ်တစ်လုံး ရယ်ပါ။ မနော်ဟရီ လမ်း ကို မင်း ဒီအတိုင်းသာ မျက်နှာချင်းဆိုင်နေဦးတော့...။ နှပ်ဖျော် လက်ဖက်ရည် တစ်ခွက် တစ်လေ

အ ခေတ်အကြိုက် ခေတ်အလိုက် ။ ခေတ်ပေါ်လို ငါးမျှားတာ ငါးစာဟာ ပေါ့ပေါ့ပါးပါး။ ပေါ့ပ်ကွန်း တွေလို ချိုမြမြ။ ရှော်တီ မဖြစ်ပဲ ရှစ်တီ ဖြစ်သွားခဲ့ရင် ကြည့်ကောင်းဦးမယ်။ ကြည့်ကြက်ပြီး လုပ်ကြပါ။ တော်ကြာနေ စပျစ်သီးမှည့်တွေလည်း ဘယ်လောက်ချိုချို ချဉ်သွားမယ်။ ချဉ်ရာကနေ ချို ၊ ချိုရာကနေချဉ် ။ ချဉ်တူးနေတာ တင်မက ချိုတူးနေတာလည်း ရှိ။ ဦးလေး တစ်ယောက် နာမည်က ချိုတူးတဲ့။ ချဉ်တူး တာရဲ့ ပြောင်း ပြန် ချိုတူးလား။ ချို တာတွေ နှစ်ယောက်မရှိဘူးလား။ သူ့အဖေနာမည် ကတော့ ဦးချို။ ဦးချို ၊ ဦးချို(ဂျို) မဟုတ်။ သူကလည်း သမင်မဟုတ် ၊ ကျားလည်း မဟုတ်။ ကျားမဟုတ်တာက မလည်း မဟုတ် ။ ဒါပေမယ့် ယောက်ျား။ ရောက်လာပြီး ကျားဖြစ်တာလည်းမဟုတ်။ မရောက်ခင် ကျားဖြစ်တာလည်း မဟုတ်။ ဘာမှကို မဟုတ် ။ ဘာမှကို မဟုတ်တာက နတ်သင်း။ ကဗျာဆရာတွေနာမည်တွေထဲ နတ်တွေ တော်တော်များပေါ့။ သုံးဆယ့်ခုနှစ်မင်းလည်း မကတော့။ သုံးဆယ့်ခုနှစ်မင်း မကတာ ။ နတ်ကနားပွဲ မရှိတဲ့အခါ ခဏနားနေတာပေါ့။ ဒါမှမဟုတ် သုံးဆယ့်ခုနှစ်မင်းမက တာ သုံးဆယ့်ရှစ်မင်း သို့မဟုတ် ပမာဏ တစ်ခုခု။ ဒါမှမဟုတ် သုံးဆယ့်ခုနှစ်မင်းမကတာ ဆိုင်းမတီးလို့ မကဖြစ်တဲ့အကြောင်းအရင်း ၊ ဆိုင်းမတီးဖြစ်တဲ့ ပမာ

တစ်ကိုယ်ရည် အက်ဆေး

တစ်ကိုယ်ရည် အက်ဆေး   ဆိုရှယ် နက်ဝဒ် ထဲက အညိုရောင် စမတ်ဖုန်းလေး ငါ လိုချင်တယ်။ လိုင်းဆွဲအား မကောင်းတဲ့ ငါ့ဖုန်းကနေ လိုင်းဆွဲအား များတဲ့ နင့်ဖုန်း အထိ ဟာ... နင်က စမတ်ဖုန်းလေးပဲကွာ... ဘာလို့... ငါဟာ သစ်ရွက်တွေ ထဲမှာ ချော်လဲတယ်။ ပြန်မထဖြစ်ဘူး။ အညိုရောင် ကဒ်ထူကို ဖြန့်ရန့်လို့ ကြည့်။ ဟူး.... ရင်ထဲက လေတိုက်တယ် ငါ့နှုတ်ခမ်းတွေ ပေါ်ထိပဲ။ အား။ ရိုးရိုးသားသား ရေးတာ ဒါ ကဗျာမဖြစ်ဘူးတဲ့ ဘာအရေးလဲ။ ငါ သီချင်း လုပ်ပစ်မှာပေါ့ ဒါ...မင်း အတွက်လေ။ နင် ငါ့ကို ကြိုက်သလို ငြူစူ အဲဒါ ငါကြိုက်တဲ့ ရော့ခ်သီချင်း တစ်ခွက်ပါပဲ။ နင့်ကို လွမ်းတော့ ငါ နားထောင်တာ သီ ရီ ဆွေ။ ရာသီထဲ နောက်ကျတတ်တဲ့ နာရီပျက်ကြီးပိုက်လို့ ငါ ယိုတဲ့ မျက်ရည် ငါ ငို တဲ့ ရက်တွေ ဘာလိုလို နဲ့ ခြေရာများများနဲ့ ချန်ရစ်ခဲ့ တဲ့ အသက်တွေ။ နှမျောတယ်။ မဟုတ်ဘူး။ ဘာလို့ သိပ်မြန်ရတာလဲ။ နင့်ရဲ့ အကွဲကြောင်းလေးကိုသဘောကျတယ်။ ငါ့လက်ညှိုးလေးနဲ့ ဖိကာ ဖိကာ ကြင်နာမလို့ရယ်။ နင့်မေးစေ့လေး လှပုံများ ငါ့ရေတံခွန်တွေ ခဏ ရပ်ထားရ။ ရက်ပ် သီချင်းတွေထဲကလို အာဟ အာဟာ။ နင်က ဘန်းမုန့်လေးလို နူးညံ့တယ်။ နင့်ရင်ထဲ ငါရောက်ရင

တို့မြို့ 

တို့မြို့  တို့မြို့  ကို ပြောလိုက်ပါ။ မင်းဟာ လူလား မြောက်ပြီလို့ ငြိမ်နေတဲ့ ချိန်ခွင်လျှာတွေလည်း လှုပ် လှုပ် လှုပ် လှုပ် လှုပ် ကာ ရမ်း။ ငါတို့ မြို့  ကို ပြောလိုက်ပါ သူငယ်ချင်း ငါတို့ မြို့  မှာ လေတိုက်သံ သီချင်းတွေ မတိုက်ခတ်တာ ကြာတော့လည်း မပြန်ဖြစ်တဲ့ ငါတို့ မြို့  ဟာ ငါတို့ ကို ချောင်းကြည့်နေမလား။ ငါတို့ ဟာ ငါတို့မြိုမှာ ငါတို့ မြို့  ကို ချောင်းကြည့်တာ ဘယ်သူတွေ က ချောင်းကြည့်။ ဘယ်လိုကြည့် ကြည့် ငါတို့ဟာ ချောင်းလို့ ကြည့်။ ငါတို့မြို့  ဟာ သတင်းစာ ထဲမှာ ပါလာတယ်။ ငါတို့ မြို့ ကို ငါတို့ဟာ သတင်းစာထဲမှာ ချောင်းကြည့် ငါတို့ဟာ ငါတို့ အိမ်ပြန်ချိန်ကို ချောင်းကြည့် ငါတို့မြို့  ကို ချောင်း ကြည့် ရင်း မင်း နဲ့ ငါနဲ့ ငါတို့ မြို့  ကို ချောင်းကြည့်။ ငါ က တို့မြို့  ကနေ တို့မြို့  ကို ချောင်းကြည့် မင်းက တို့မြို့  ကို လက်ကိုင်ဖုန်းလေးထဲက ချောင်းကြည့် ငါက တို့ မြို့  ကို အလုပ်ခွင် ကွန်ပျူတာကနေ ချောင်းကြည့် မင်း က ငါ့ဆီက နေ ငါတို့ မြို့  ကို ချောင်းကြည့် ငါက မင်း အားလပ်ရပ်တွေ ကနေ ငါတို့ မြို့  ကို ချောင်းကြည့် မင်းက ငါ့ အိမ်ပြန်ချိန်တွေကနေ ငါတို့ မြို့  ကိုချောင်း ကြည့်။ လ

မူလအရည်အသွေး ဒီဇိုင်းပုံစံအသစ်

မူလအရည်အသွေး ဒီဇိုင်းပုံစံအသစ် ချေမွလိုက်ပါတော့ ရီဝေနေတဲ့ စက္ကူ ငှက်တွေကို အချင်းချင်းဟာ တစ်ယောက်ကိုတစ်ယောက် ဖြန့်ခင်းလို့ ဟောဒီအချိန်ဆို အပြင်မှာ ညမွှေးပန်းရနံ့တွေလည်း သုခုမ ကုန်စည်တွေ ဖြန့်ချိရေး နဲ့ သင်းထုံနေလောက်ပြီ မင့် လယ်ကွင်းထဲ ကျဲ ချင်သလို ဖြန့်ကျဲလိုက်… မင်းမျိုးစေ့တွေ မြက်ပန်းဖြူတွေလို လှိုင်လှိုင်ပွင့်စေတော့။ ကမ္ဘာပေါ်မှာ အပြောင်မြောက်ဆုံး တေးသွား ဘယ်သူတွေ  ရေးဖွဲ့ ပြီးလို့ ငိုက်မြည်းနေကြဆဲ။ အပြင်မှာ ကလေးငယ်တွေ လရောင်ကို ငတ်မွတ် တမ်းတစွာ ပျော်မြူးသလို ကိုယ်တို့ ချွေးစက်တွေနဲ့ရင်းလို့ အလှပဆုံး ယိမ်းနွဲ့စို့လေ… ကိုယ်တို့ ဘယ်လောက် ထုပ်ပိုးထားရသလဲ ဟောဒီမှာ… ဇီးရိုးရော ၊ ၀မ်း ရော အနီရော ၊ အနက်ရော ပလပ်စ် ရော ၊ မိုင်းနပ်စ်ရော ဒီ အခန်းငယ်ရော နာရီသံတွေကို မျက်ကွယ်ပြုလို့ အချိန်ယန္တရားကြီးဟာ တဒုတ်ဒုတ် နဲ့။ ပြောင်းဖူးတွေ သီးတဲ့ အချိန်။ ကိုယ့်တို့ လင်းလက်သင့်ပြီကွယ့်။ ကိုယ်ဟာ ပြောင်လက်စွာ တိုက်ချွတ်ထားတဲ့ ကြေးရုပ်လိုပဲ နွားနို့တွေရဲ့ သခင်မ ဟာ ဒီညမှာ ဘယ်လောက်များ မှောင် လို့ မည်းသလဲ။ စမ်းတ၀ါးဝါး နဲ့ တွားသွား သတ္တ၀ါ တွေ နဲ့ တိုးတိတ်တဲ့ ရုပ်ရှင်ဖလင်တွေ ရွေ့လျားတယ