Posts

Showing posts from May, 2010

peace and pretty

Image
My Creation Hand Drawing & Retouched By Using Photoshop CS3

ကိုယ့်ဘ၀နှင့်ကိုယ်

မနက်က အလုပ်သွားခါနီး အလျင်စလို အပြေးအလွှားစားထားလိုက်သည့် မုန့်ဟင်းခါးတစ်ပွဲက ဆယ့်နှစ်နာရီကျော်တော့ ဘယ်ချောင်ကို ကပ်သွားသည်မသိ အစာအိမ်က ဆန္ဒပြနေပေပြီ။ အလုပ်လုပ်တဲ့နေရာကနေ အောက်ထပ်ကိုဆင်း ပြီး မုန့်ဆိုင်တန်းများ ရှိရာဆီ လှမ်းသွားမိသည်။ သူများတွေကတော့ ထမင်းချိုင့်ကိုယ်စီနှင့် ထမင်းစားခန်းမှာပဲ စားသောက်ကြသော်လည်း ကျွန်တော်ကတော့ ထမင်းချိုင့် မယူဖြစ်တာကြာပြီ။ အလုပ်ကို လွတ်လွတ်လပ်လပ် လာချင်သောကြောင့် အပြင်မှာပဲဝယ်စားဖြစ်သည်။ အခုလည်း ထုံးစံအတိုင်း ဟာနေသော အစာအိမ်ကို ဖြည့်တင်းရန် မုန့်ဆိုင်တန်းဘက်ရောက်တော့ ရှမ်းစာ ရောင်းသည့် ဆိုင်ထဲမှာ လူက အပြည့် ဘေးနားလေးက နေရာလွတ်လေးတစ်ခု မှာနေရာဝင်ယူလိုက်ပြီး မြေအိုးမြီးရှည်တစ်ပွဲမှာလိုက်သည်။ နေရာက ပေါင်နှစ်ခုကို ကား၍ ထိုင်နေရသဖြင့် သိပ်အဆင်မပြေ။ ခဏနေတော့ ဟိုဘက်စားပွဲက တစ်ယောက်ထသွားတော့ အဲဒီ့စားပွဲက တစ်ဖက်နေရာက လွတ်သွားတာနဲ့ နေရာဝင်ယူလိုက်တယ်။ ကိုယ့်ရှေ့မှာတော့ အတွဲတစ်တွဲ စားသောက်နေကြတယ်။ မြေအိုးက ကြာဦးမှာမို့လို့ ကော်ပြန့်တစ်ပွဲမှာပြီးစားနေလိုက်တယ်။ အဆာပြေပေါ့။ ကော်ပြန့်စားလို့လည်းပြီးရော ရှေ့ကအတွဲလည်း စားသောက်ပြီးလို့ ငွေရှင်းပြီး ထပြန်သွားတယ်။ အဲဒီ့ အချ

မျက်နှာများတဲ့ စာအုပ်

ကဗျာတစ်ပုဒ်လောက် မရေးချင်ဘူးလားလို့မေးတော့ ကဗျာက အားတိုင်းရေးရတာလား လို့ပြန်မေးတယ်။ ဒါတွေ …ဒါတွေ ကျနော်မသိဘူး။ ဘာတွေ..ဘာတွေမှလည်း ကျနော် ရေရေလည်လည်မသိဘူး ဒါပေမယ့် ကျနော်သိတာ တစ်ခုရှိတယ်… သူဌေး 22 ယောက်ကန်တဲ့ဘောလုံးကို ဆင်းရဲသားတစ်သိုက် ထိုင်ကြည့်တဲ့အကြောင်း၊ မြန်မာဘီယာဈေးတက်တဲ့အကြောင်း နေပူလို့ တည်းခိုခန်းတွေ၊ shopping mall က fast food ဆိုင်တွေ အင်တာနက်ကဖေးတွေ ၊ Snack bar တွေမှာ… ရောင်းလိုအားထက် ၀ယ်လိုအားများနေတဲ့အကြောင်း လူကြီးတွေက လူကြီးလောက်ကျန်းမာပြီး ကလေးတွေက ကလေးလောက် ကျန်းမာတဲ့ အကြောင်း။ ပိုးလောက်လန်းတစ်ကောင်ကို တစ်ရာတန်တဲ့အကြောင်း T.V ပေါ်က မျက်လုံးတွေပေါ်မှာ တစ်ထောင်တန်တွေ ပလူပျံနေတယ်ဆိုတဲ့အကြောင်း ဒီမှာHit Counter အတက်ဆုံးက AsianBookie.com ဖြစ်တဲ့အကြောင်း Interviewer ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတဲ့ နာမည်ကျ မင်းသမီးအကြောင်း ဟစ်ပ်ဟော့ပ်ဆိုတာ ဟစ်ဟစ်ပြီးဟော့တာဆိုတဲ့ အဆိုတော်ပေါက်စအကြောင်း နာမည်ကို အပေါ်မတင်ပေးလို့ဆိုပြီး ကားမရိုက်တော့တဲ့ မင်းသားတစ်ယောက်အကြောင်း တယူသန်တဲ့ကဗျာဆရာတွေအကြောင်း ၀ါဝါကျော်ကို ဘဲတစ်ပွေနဲ့ စိုမိုးကြေးအိုးဆိုင်မှာ တွေ့လိုက်တဲ့

ဓါတ်ကြမ်း

အချဉ်ဆဲစရာ မကျွတ်တဲ့မီးတွေနဲ့ ရင်ထဲမှာ cookie တွေများနေလား။ ဆယ်ခါ မက တစ်ကယ် အနာရလို့ ကယ်ရာမရ Error က များနေလား။ အပေါင်းအနုတ်ထဲမှာ ဖြေရာမရလို့ Download ဆွဲတာ ကြွေကာကျနေလား။ Sign in မှာကြာသွားတာမို့ ပြိုင်းချင်စရာကွာ ခါးနာလို့နေလား။ စိတ်တွေ ထွေပြားလို့ အအိပ်အနေ တွေခြားနေလား။ အရူးဖြစ်ချင်ရင်လေ ဦးချစ်တင် ရွှေဆေးသောက်ပြီးဖြေ။ မူးယစ်စရာ ရမ္မက်ပိုလိုရင်တော့ ဘီလူးဖြစ်ကာ အသက်တို အသွင်ကြမ်းမယ့် ဂက်စ်ချိုချို အရက်ကိုသောက်။ ကျော်ညိုသွေး

သစ္စာစကား

ချိုရှိတဲ့ သတ္တ၀ါက ချိုကိုအားကိုးတယ် ခွာရှိတဲ့ သတ္တ၀ါက ခွာကိုအားကိုးတယ် အစွယ်ရှိတဲ့သတ္တ၀ါက အစွယ်ကိုအားကိုးတယ်။ ငွေကြေးဂုဏ်ပကာသန နဲ့ ပညာအရည်အချင်းနဲ့ သူငယ်ချင်း ငယ်သံယောဇဉ်နဲ့ စကားပြောကောင်းခြင်းနဲ့ ဘယ်လိုပဲဖြစ်စေ… ကိုယ့်စွမ်းရာ ကိုယ်ရည်ကိုယ်သွေးနဲ့ အချစ်ကိုတောင်းခံ၊ ကိုယ်လုပ်တာ ကိုယ်မှန်တယ်။ ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာလို့ ကိုယ်တန်သလောက် ကိုယ်ရတဲ့ လောကမှာ သဘောကျစရာ ပကာသနတွေကြားက ဟော…ငါ့မှာ ထာဝရစကားလေးတစ်ခွန်းနဲ့ ရိုးရိုးလေး မင်းအချစ်ကို တောင်းတယ်။ အရောင်းအ၀ယ် သဘောမပါတဲ့ အချစ်နဲ့ အဖန်ဖန် မပြောင်းမပြယ်သောငါရဲ့ မှန်ကန်တဲ့ သစ္စာစကားကြောင့် ပကာသနာပစ်ကာ အချစ်မှာ အကာဖယ်ချ လို့ ထာဝရအချစ်မှာ မေတ္တာ နှစ်လွှာရယ် တစ်ဘ၀ ဖြစ်ပါရစေ…။ ။ ကျော်ညိုသွေး

ခိုးထုပ်ကိုမြင် ခိုးလို့မှမပြီးခင်မှာပဲ ချစ်ဖွယ်သော

ရရာနေရာတခုမှာကြည့် နာရီများဆီ အေးအေးလူလူကို သွားရောက်ရင်း ချစ်စရာများသည် လှပနေ။ ကိုယ်တွေးနေတာအရောင်တွေများချစ်စရာလေး ဆုံးမစကားက ချက်ချင်းကို မင်းဆီရောက်ခဲ့ပါလား တစ်ကယ်ကွယ်။ မျှော်လိုက်တိုင်းမှာ လင့်စင်တွေချည်း နေရောင်ကိုလည်း မယ်မယ်ရရမမြင်။ ကျော်ညိုသွေး

တိတ်တခိုး

ချစ်ကြင်ခင်တွယ် ၊ရင်ဝယ်လှိုင်းခတ် ပါစပ်ဖျားမှ၊ တတ်အားမနိုင် ချစ်ပွင့်ခိုင်ကို၊ ချူနိုင်မတတ် လှိုင်ကြူခတ်ပန်း၊ လန်းဆန်းသူပိုင် ယူနိုင်မလား၊ တအားခြေငယ် မေရယ်ထိတ်ထိတ်၊ တိတ်တဆိတ်နှင့် ကြိတ်မှိတ်ကြေကွဲ၊ ဖြေလည်းမတတ် ရေငတ်သည့်သား၊ အားနွမ်းသူနှယ် လူရယ်မသိ၊ ချိသည်ရင်သည် မြင်ကြည်လန်းရ၊ သူ့အလှအား နားစက်ချိန်တိုင်း၊ တိမ်လှိုင်းပမာ လွန့်လူးလာသည်၊ နာရီကျိန်းစက် အိပ်မက်ရုံလွှာ၊ ကမ္ဘာငယ်ထဲ တစ်ဝဲလည်ဖြင့်၊ ၀င့်ကာဝဲ၀ဲ သည်းသည်းလှုပ်လှုပ်၊ ဖြုတ်မရအား သူ့မျှားချက်သည်၊ ဒီရင်သည်းစိုင် မြဲနိုင်စွဲစွဲ ၊ တည်း၍နှောင်သည် ဂီတညည်းသံ၊ စိတ်ပျံလွင်ထွက် ကြင်သက်တွက်တာ၊ ကဗျာသီထုံး ပွင့်ကုံးချည်ရာ၊ စကားလွှာတွင် နာကျင်သည်ဟု ၊ ခုမကြားစေ ဝေသည့်ချစ်ပန်း ၊ နမ်းမထိုက်လည်း ပန်းစိုက်သမား ၊ ပန်းများသစ္စာ ချစ်ကဗျာ၌ ၊ အနာအခိုက် စိတ်အမိုက်ကို၊ တိုက်ဖြိုထိန်းကြောင်း သိန်းသောင်းမက၊ တောင်းတစိတ်လည်း ကြိတ်လည်းဖြေဖြ၊ နွေထဲနေသို့ ဖြေဖို့စိတ်တင်း၊ ပိတ်ကျင်းမှောင်မိုက် ခိုက်သည့်ရင်သည်၊ မြင်သည်သမျှ စိတ်ကသူ့ထင်၊ ပြင်ဆင်မရ တသသနှင့် ၊ ညည့်နက်အလွမ်း ပန်းများကြေမွ၊ လှသည့်ကြယ်စင် အရင်ကြွေနှင့်၊ နင့်နောက်တခေါ် အဖော်အဖြစ်၊ ငါသော်

ညီမလေး

စိမ်းရက်စက်သူက စိမ်းရက်စက်တာကို ဘိန်းလက်နက်ဖြူမှ မတိမ်းဆက်မက်သူလို မလုပ်နဲ့တော့ ညီမလေး။ တွေးတတ်သင့်သလောက်လည်း တွေးတတ်ခဲ့ပြီးပြီ။ ပေးဆပ်သင့်သလောက်လည်း ပေးဆပ်ခဲ့ပြီးပြီ ရွေးတတ်အောင် ရွေးပေတော့ကွယ်။ အချစ်ပြိုင်မယ်ဆို မင်းနိုင်ခဲ့တယ် မစစ်နိုင်တဲ့ အချစ်တိုင်တွေကို ချိုးခဲ့တော့ နောက်ထပ်လည်း မဆိုးနဲ့တော့ ညီမလေး။ မင်းအလှ နဲ့ မင်းပညာ မင်းဘ၀ နဲ့ မင်းကြင်ရာ မင်းထင်တာတွေထက် မင်းမြင်လာတဲ့အခါ… အဲဒီ့အစစ်တွေကို ပစ်ကာ မငြင်းချင်ပါနဲ့။ တွေးတတ်သင့်သလောက်လည်း တွေးတတ်ခဲ့ပြီးပြီ။ ပေးဆပ်သင့်သလောက်လည်း ပေးဆပ်ခဲ့ပြီးပြီ ရွေးတတ်အောင် ရွေးပေတော့ ညီမလေး ကျော်ညိုသွေး

မိုးဦးလေပြည် ကဗျာစာအုပ် (ဒုတိယအကြိမ်)

Image
Click here To Download From Mediafire

အန်းတစ်ခ်

တစ်ခါတစ်လေ အပျော်ကဗျာလည်း ရေးလို့ရေး ငါလေ အဖော်သဟာလည်း တွေးလို့တွေး မကြာပေ ကြော်ငြာလည်းပေးလို့ပေး။ မလာပေ မတော်တာလည်း ဝေးလို့ဝေး အ၀ါရည် ဖျော်ကာလည်း တေးတို့သွေး ဗလာအခြေ တော်ရာပဲ ဆွေးလို့ဆွေး။ အနာတွေ အညှော်မှာလည်း မှေးလို့မှေး ခွာလေ…အပျော်ဟာလည်း ပြေးလို့ပြေး ငါခွေ…အတော်သာပဲ သွေးတို့အေး။ လာသလေ…ဘော်ဒါလည်း ကလေးတို့မွေး ကဗျာတွေ ပေါ်လာလည်း အဆွေးတို့ရေး ကြာနေ အဖော်ကညာလည်း မွေးဖို့ဝေး။ ကျော်ညိုသွေး