Posts

Showing posts from February, 2010

ဝဲ

အနိစ္စ၊ဒုက္ခ၊အနတ္တ ဘေးချ နိပ်ဟ၊ အဟုတ်လှ၊ ဖြတ်မရ စွဲ ပါးစပ်ကလည်း တတ်သမျှပဲကုန်အောင်ရွတ်တယ် အလွတ် မွှတ်တာပဲ။ ပလွတ်ပလွတ် အာနဲ့ ဒရွတ်ဒရွတ်ကဆွဲ တွတ်တွတ်တာနဲ့ မလွတ်မကျွတ်တာလည်းမပြောနဲ့။ ကျော်ညိုသွေး

အမှားကျင့် ကျင့်

တက္ကလာသူ၊ မူပိုပိုနွဲ့၊ ခါးလှည့်ကစား ကျိုးများထင့်မိ၊ အိသည့်အသား၊ ပါးဝင်ဝင်းမွတ် တွတ်တာတီမြွက်၊ ဆက်ရက်စကား၊ သက်ပင့်မှားပြန်။ ဟန်များပွေလျှက်၊ ထက်မာန်ပြင်းရှ၊ ဘ၀မှားနေ စကားကြမ်းရ၊ တက္ကသီလာ၊ ဤကမ္ဘာမင့်။ ပြာရင့်ဖြူတွဲ၊ လူလည်းလှလှ၊ ခဏတာဝယ် သူငယ်ဖော်နှင့်၊ အတင့်အရဲ၊ သည်းထက်ချီလျှက် လက်မခြားချိတ်၊ အိပ်လျှက်လက်ရုံး၊ အုံးစက်ကာထား မယားနှင့်လင်၊ ကြင်ဘိလျှင်သို့၊ ပညာသင်ဖို့ ကိုယ့်အိမ်မှထွက်၊ အပျက်သိက္ခာ၊ စိတ်မာယာနှင့် ဆိပ်သင့်လေပြီ၊ မပီမပြင်၊ ပညာသင်သား လင်းမယားသွင်။ ကျော်ညိုသွေး

လေထဲကသူငယ်ချင်း

Phyu12@168city.com တဲ့ ငါ့ဒိုင်ယာရီစာအုပ်အဟောင်းလေးထဲမှာ 2005ခုနှစ်တုန်းက လက်ရေးလေးမှင်ပြယ်လို့ရယ်…….။ ငါမရောက်ဖူးတဲ့ အရပ်ဒေသက ငါမကြားဖူးတဲ့ အသံကို စိတ်ကူးလို့ရယ်။ အဲ့ဒီတုန်းက ဒီဇင်ဘာရက်တွေလွမ်းတယ်…….။ စာပို့တိုင်း ငါ့ဆီပြန်ရောက်လာတဲ့ မေးလ်တွေထဲမှာ ပိုင်ရှင်က ပစ်ပယ်သွားလို့ ထွက်ကျလာတဲ့ မေးလ်လေးရဲ့ ခံစားချက် ကဗျာတစ်ပုဒ်လည်း ပါမယ်………။ လေထဲက သူငယ်ချင်းရေ… ဒီဇင်ဘာရောက်တိုင်း အဲ့ဒီကဖေးရဲ့ နံပါတ် 28 မှာ ငါထိုင်နေမိတယ်။ ဆုံနေကြ ချက်ရွန်းလေးထဲ မင်း နစ်ခ် ကို ငါရှာရင်းနဲ့ပေါ့။ Online Village ထဲမှာ တစ်ကယ်တော့ ငါ အပ်ကလေးတစ်ချောင်း ကျပျောက်ခြင်းသာ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ငါ့အရင်နေရာမှာ စောင့်နေဆဲပဲ နာရီပေါင်း သုံးသောင်းနီးပါး။ ကျော်ညိုသွေး

ကိုယ့်အကြိုက်တွေ

Blogger မောင်မိုး က Tag လာတဲ့ အကြိုက်ဆုံးတွေ ကို ရေးရရင် တော်တော်နဲ့ ကုန်မယ်မထင်ဘူး ။ သူ့အကြိုက်ကတော့ ဒစ်ဂျစ်တယ် ပစ္စည်းတွေချည်း။ အကြိုက်ဆိုတာ ကိုယ့်နှစ်သက်သဘောကျပြီး ထပ်ခါတလဲလဲ လိုချင်တပ်မက် ပတ်သက်လိုတာကို ဆိုလိုတယ်လို့ ကိုယ်ကတော့ ထင်တာပဲ။ အဲ့ဒါကြောင့် အကြိုက်တွေကို အပိုင်းခွဲပြီး ပြချင်ပါတယ်။ <၀ါသနာ အကြိုက်> ၀ါသနာပါတာတွေ ရေးပြီးပြီမို့ ၀ါသနာတွေ အကြောင်းကို ထပ်အကျယ်ပြောစရာမလိုတော့ပါဘူး။ အခုက ၀ါသနာပါရာနဲ့ ဆက်စပ်မိတဲ့ အကြိုက်တွေပေါ့။ Music ကိုဝါသနာပါတယ်။ အဲ့ဒါကြောင့် ဂစ်တာ ကို ကြိုက်တယ်။ အတီးသမားဖြစ်ချင်လို့တော့မဟုတ်ဘူး။ အဆိုသမားဖြစ်ချင်လို့ မရှိမဖြစ်မို့ ဂစ်တာကို တီးတတ်ထားမှဖြစ်မယ်ထင်လို့ ကြိုက်တာ။ Music ကိုဝါသနာ ပါတယ်လို့ဆိုမှတော့ သီချင်းဆိုရတာ လည်း ကြိုက်တာပေါ့။ သီချင်းနားထောင်ရင် Hip Hop Music ကိုနားထောင်လေ့ရှိတယ်။ ဒါပေမယ့် ကောင်းမှနားထောင်တာနော် ။ ခံစားလို့ မကောင်းရင် အမ်မီနမ် ပဲဖြစ်နေပါစေ လုံးဝနားမထောင်ဘူး။ ရှင်းတယ်မလား။ တစ်ချို့များ မကောင်းတဲ့ ဂီတကြီးကို ကြိုက်လှပါပြီ ဆိုပြီး ရူးချင်ယောင်ဆောင်ပြီး တော့ ကြိုက်မနေဘူး။ Music ဆိုရင် Classic Music ကနေ အခုခေတ်ပေါ် Hip Hip အထိ

ဟိုက္ကူကဗျာ ( ၂ )

အိုင်ထဲမှာကျွဲများ၊ နေပူ နွံအိုင်လယ်တွင် လူး၊ အချင်းချင်းထပ်လျှက်။ (ဟိုက္ကူကဗျာပုံစံလေးပါ။ ရေးကြည့်တာ အရင်တုန်းက တစ်ပုဒ်ရေးဖူးသေးတယ် နှစ်နှစ်လောက်တော့ကြာသွားပြီ။ သူက ခေါင်းစဉ်မတပ်ရဘူး၊ သုံးကြောင်းကဗျာအမျိုးအစား၊ သဘာဝကိုဦးစားပေးပြီး ရေးဖွဲ့လေ့ရှိကြတယ်လို့ အစွန်အဖျားကြားဖူးတာပဲ။ အပြုသဘောဆောင်ရမယ်။ ဖျက်လို့ဖျက်စီးသဘော၊ အဆိုးမြင်မှု့မပါရဘူး။ ကာရံ မပါရဘူး လို့ဆိုတယ်။ ကဗျာကို ပထမအကြောင်းမှာ စာလုံးငါးလုံး ၊ ဒုတိယအကြောင်းမှာ စာလုံးခုနှစ်လုံး၊ တတိယအကြောင်းမှာကျတော့ ငါးလုံးပြန်ပြီးရေးရတယ်။ ၅-၇-၅ ပုံစံပါ။ ကိုယ့်အယူအဆ ကိုထည့်ပြောရရင် ကဗျာတစ်ပုဒ်လုံးကို ခြုံကြည့်ပြီးသဘာဝကျတဲ့မြင်ကွင်းတစ်ခုကို ပန်းချီဆွဲထားသလို မျက်လုံးထဲမှာပေါ်လာစေရမယ်။ ကဗျာက ပေးထားတဲ့ မက်ဆေ့ခ်ျ့ကိုလည်း ပန်းချီတစ်ခုအဖြစ် ပြန်လည်ဖန်တီးဖို့ အဆင်ပြေစေရမယ်။ ဟိုက္ကူကဗျာကောင်းတစ်ပုဒ် ဖြစ်ဖို့ရာကတော့ ကဗျာရေးတဲ့သူရဲ့ စိတ်အာရုံစုစည်း နိုင်မှု့အပေါ်မှာ အများကြီး မူတည်နေမယ်လို့ထင်ပါတယ်။) ကျော်ညိုသွေး

ကြည်ဖြူပါ

တရားတော့ မဟောပါနဲ့ စကားနဲ့ပြောတဲ့ အချစ်ကို ခါးတဲ့သဘောနဲ့ ပစ်မှာလား။ ချစ်တာများ သစ္စာစကားမဆိုချင်ဘူး အနှစ်အကာ ခြားလို့သိရင် မေတ္တာတံခါး ဖွင့်ပါလား။ ကျော်ညိုသွေး