Posts

Showing posts from June, 2015

စိတ်ဒဏ်ရာ

စိတ်ဒဏ်ရာ ဖြစ်တယ်။ စိတ်ဒဏ်ရာ ဖြစ်တဲ့ အခါ လွယ်လွယ်နဲ့ပျောက်တာ ရှိသလို ၊ ဘယ်တော့မှ မပျောက်နိုင်တာမျိုးတွေလည်းရှိတတ်တယ်။ စိတ်ဒဏ်ရာက ခန္ဓာကိုယ် ဒဏ်ရာနဲ့မတူဘူး။ ခန္ဓာကိုယ်ဒဏ်ရာက ကြီးမှ ဖြစ်ရင် မကောင်းဘူး။ စိတ်ဒဏ်ရာကတော့ ငယ်စဉ်မှာ ဖြစ်ရင် ဆိုးတတ်တာမျိုး။ ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာဖြစ်ရင် ဆေးမင်ကြောင်စွဲသလို တသက်လုံးစွဲသွားရော။ အသက်အရွယ်ကြီးလို့ ပျောက်သွားပြီလို့ ထင်ရတတ်ပေမယ့်လည်း စိတ်ရဲ့အတွင်းပိုင်းတနေရာမှာအငုံ့စိတ်ကလေးအဖြစ်နဲ့ ကျန်နေခဲ့တတ်တာမျိုး။ . စိတ်ဒဏ်ရာဆိုတာ အသက်ကြီးလည်းဖြစ်တတ်တာမျိုးပဲလေ။ နေ့တိုင်းလည်း စိတ်ဒဏ်ရာ ရစရာတွေ ဖြစ်လာတတ်၊ ပေါ်လာတတ်တယ်။ အရွယ်ရောက်ခိုက်မှာ ရတတ်တဲ့ စိတ်ဒဏ်ရာတွေကတော့ ငယ်ငယ်တုန်းကလို စိတ်ဓာတ်ရာအနေနဲ့ ဖြစ်လာတာမျိုးမဟုတ်ဘဲ အများစုက စိတ်ဖိစီးမှုအနေနဲ့ ကျပ်ခဲလာတတ်တာမျိုး။ တချို့တလေကျတော့လည်း အမှတ်အတေးသဘောမျိုးဖြစ်သွားတတ်တော့တယ်။ အဲဒီအမှတ်အတေးတွေများပြီး ကြီးမားလာရင်တော့ လူ့ပတ်ဝန်းကျင်ကို ထိခိုက်အောင် လုပ်ချင်တဲ့ စိတ်ကြမ်းကြီးတွေဖြစ်ပေါ်လာပါလေရော။ ဒါကြောင့်လည်း Stress တွေကို လျှော့ချဖို့နည်းလမ်းတွေကိုရှာဖွေ ဆောင်ရွက်ရတော့တာပေါ့။ ဒါကြောင့်လည်း ဘဝထဲမှာ stress ကျစေတဲ့ဆေးဝါးတ