Posts

Showing posts from June, 2009

Sketch Of Roi (2)

Image
Hand Drawing And Photoshop retouching. Model : Roi Roi

ကဗျာနဲ့ ငါနဲ့ ကဗျာနဲ့ ငါနဲ့ ငါ

ငါ့ကဗျာဟာ တန်းဝင်ဝင် မ၀င်ဝင် ငါ့စာဟာ လမ်းအပြင်တွင် ကျဉ် … ကျဉ်။ မြင်ရာထင်ရာကို တင်သာ တင်ကာ မပြင်ပါ မဆင်ပါ မြင်သာလာအောင် တွေးပြမယ် ရင်မှာနာအောင် ရေးချတယ်။ ဒီမှာငါ့ကဗျာမှာ… တစ်ခါတစ်လေ အမှန်နည်း ညာချင်ညာမယ် တစ်ခါတစ်လေ အသံလည်းမာချင်မာမယ်။ ဒါပေမယ့် တုပလို့လည်းမရေးဘူး အနုအရွတို့ လည်းမရေးဘူး အင်း…. ဆုရဖို့လည်း မရေးချင်ဘူး။ အချစ်ကဗျာဆိုတိုင်းလည်း ကျူးမြောက်ချင်မှ ကျူးမြောက်မယ် ဒူးထောက်ချင်မှ ဒူးထောက်မယ် ရူးလောက်ချင်မှ ရူးလောက်မယ်။ ဟေ့. . . အရူးတစ်ယောက်အတွက် ငါကဗျာမလုပ်ဘူး မယူဘူးအနှောက်အယှက် အာပလာမရှုပ်ဘူး။ ရာသီဘွဲ့လည်းရေးချင်ရေးတယ် နာရီနဲ့လည်းဝေးချင်ဝေးမယ် လာအီခဲ့လည်း ပွေးချင်ပွေးမယ်။ ဟော…. ပန်းဆိုးတန်းနားမှာ အရမ်းဆိုးသွမ်းတဲ့ နေပူပူကြား လမ်းလျှောက်နေတုန်းမှာလည်း လျှမ်းတောက်နေတုန်းပါပဲ ကဗျာကိုချစ်တာလည်း ငါဘယ်လိုပစ်မှာလဲ အထာပယ် တစ်ကယ်ကိုချစ်တာပဲ။ မညာတယ် ဘယ်လိုညစ်စရာပဲတွေ့တွေ့လေ။ ငါအခုဒီမှာကဗျာရေးတယ် စာမူခမရတာဟာ မတန်ချင်ပေမယ့် ငါမပူရ ငါ့ကဗျာငါပြန်မြင်လေခဲ့။ အတန်ပင် မျက်လုံးတွေကရဲခဲ့ပြီ မဟန်ချင် စကားလုံးတွေကခဲခဲ့ပြီ။ ပြန်မြင် မက်မဆုံး မေကလည်းခွဲခဲ့ပြီ။ ရဲခဲ့သည် ငါ့လမ်းကိုငါရွေးတဲ့အတွက်လည်း မြဲခဲ့သ

ရန်ကုန်မြို့တွင်နေထိုင်သူတစ်ယောက်၏ ရန်ကုန်မြို့အပေါ် သဘောထား

ရေးသားရန် အကြောင်းအရာများ (Topic Guide) (၁) နေထိုင်မှု (၂) စားသောက်မှု (၃) သွားလာမှု (၄) ဆက်သွယ်မှု (၅) ပညာရေး (၆) ကျန်းမာရေး (၇) လူမှုရေး စသည်တို့ အပေါ်သုံးသပ်ချက်များ ။ (၁) နေထိုင်မှု - ငှားရမ်းနေထိုင်ခြင်း ငှားရမ်းနေထိုင်ခြင်းကတော့ ကိုယ်ကိုယ်တိုင်ငှားမနေဖူးတဲ့အတွက် အတွေ့အကြုံလည်းမရှိ၊ သိလည်းမသိပါဘူး။ အိမ်ခန်းငှားရမ်းတာတော့လုပ်ဖူးပါတယ်။ အိမ်က အမေနဲ့အဆင်မပြေတဲ့အတွက် ခဏခဏ တစ်ကျက်ကျက်ဖြစ်ပါတယ်။ ကျနော့်အမေက စည်းကမ်းသိပ်ကြီးတယ်။ အိမ်ငှားသူတွေက ညစ်ပတ်တယ်ဆိုတာနဲ့တွေ့ရင်တော့ အဆင်မပြေပါဘူး။ အမေနဲ့တည့်တဲ့အိမ်ငှားဆိုရင်တော့ အိမ်မှာ သုံးလေးနှစ်လောက်ဆက်တိုက်နေသွားကြပါတယ်။ ကျွန်တော်တို့အိမ်ခန်းငှားတာကို ငှားချင်သူတွေအများကြီးပါပဲ။ အဲ့ဒါဘာကြောင့်လဲဆိုတော့ အိမ်က သန့်ရှင်းလို့ပါ။ မြောင်းကမြောင်း၊ လမ်းကလမ်း၊ သစ်ပင်ကသစ်ပင်၊ ရေတုံကင်ရေချိုးတဲ့နေရာကသတ်သတ်၊ ပန်းကန်ဆေးတဲ့နေရာက သတ်သတ် စည်းနဲ့ကမ်းနဲ့ အမေကထားတယ်လေ။ အဲ့ဒိတော့ အိမ်ငှားပြီးနေမယ်ဆိုရင် ကိုယ်ကိုယ်တိုင်က စည်းကမ်းရှိရမယ်။ သန့်ရှင်းသပ်ရပ်စွာနေတတ်ရမယ်။ အဲ့ဒါမှအိမ်ရှင်နဲ့အဆင်ပြေမယ်။ ကိုယ်တိုင်အိမ်ပိုင်းအိုးပိုင်ရှိလာတဲ့အခါကျရင်လည်း။ စည်းနဲ့ကမ်းနဲ့ ကိုယ

မိုးတွေရွာနေတုန်း

မိုးတွေရွာနေတုန်း ကျွန်တော့်ကိုမွေးခဲ့ အဖေ ကားငှားမရ မိုးကြီးလို့ကားသမားတွေကမလိုက် အမေ့ဗိုက်ထဲမှာ ကျွန်တော်လည်းမွန်းကျပ်နေပြီ။ ကျွန်တော့်ကြောင့်အမေလည်း မွန်းကျပ်နေပြီ။ အဲ့ဒီ့သိဟ်ရာသီမှာ... ဒီလိုအဖြစ်တွေဆို မင်္ဂလာယူ အကူအညီပေးတတ်တဲ့ အန္ဒိယသားလည်း ပေါ်ပေါက်ခဲ့တယ်။ မိုးတွေရွာတိုင်း.... မိုးရာသီရောက်တိုင်း စီစဉ်တကျ အဖေက ပြောပြတယ် ကျွန်တော်မွေးဖွားရာ ဒေသနဲ့ အဖြစ်တွေကို။ အဲ့ဒီ့တုန်းကခေတ်တွေကိုပေါ့။ အဲ့ဒီ့တုန်းက စံနစ်တွေကိုပေါ့ အဲ့ဒီ့တုန်းက အဖြစ်တွေကိုပေါ့။ မိုးတွေရွာနေစဉ်.... မိုးတွေရွာနေတုန်း မိုးနေရွာနေခဲ့တုန်းက ကျွန်တော့်အသက်တည်ရာဒေသကိုကျွန်တော်မမှတ်မိ ခေတ်နဲ့စံနစ်နဲ့ နည်းပညာနဲ့ အထောက်အကူတွေယူပြီး ခဏခဏ ရောက်ခဲ့။ တစ်ကယ့်တစ်ကယ်က အိပ်မက်တွေထဲမှာ လေယာဉ်ပျံကြီးစီးလို့ သူစိမ်းတွေကြားမှာတဲ့။ မိုးရာသီရောက်တိုင်း... နွေးနွေးထွေးထွေးသူငယ်ချင်းတွေနဲ့ စကားနွေးနွေးတွေပြောရင်း ဇာတိချက်မြုပ်တွေအကြောင်းရောက်လာရင် ဆက်ဖို့စကားတွေတောင် ငုပ်ငုပ်သွားခဲ့။ တစ်ရွာမပြောင်းသူကောင်းမဖြစ်တဲ့လားအမေ... ဒါတွေပြောရင် ဒေါတွေပါမယ်လေ ဟင့်အင်း ဟင့်အင်း... ကျွန်တော်ဟာ ကိုယ့်ပြည်ကိုယ့်ရွာကို ပစ်ပြေးချင်တဲ့ သူရဲဘောကြောင်တဲ့သူတော့မ

အထူးအဆန်း

အရက်သောက်ရင် မူးမယ် လေပြည်တိုးရင်တော့ အခြေအနေဆိုးစေမယ် မီးလှုံရင် အချမ်းပြေမယ် ရေမှာအရုပ်ရေးရင်မထင် အမှန်တရားဆိုတာ ဒီလိုဒီလိုစသည်ဖြင့်တွေပါပဲ။ ဒီညတော့ ကိုယ်တွေးတာတွေ ဘေးချော်… မနေ့ကတော့ ပွင့်တဲ့ နှင်းဆီပွင့်ကလေးအတွက် တွေးပျော်။ အသီးတွေကတော့ ရင့်ကျက်မှ ကွဲအက်ကြတယ် ငါအတွက်တော့ အထူးအဆန်း။ ကျော်ညိုသွေး(Mr.Guiter)

မမြင်ဖူးတဲ့ လေပြည်

နင် Error တွေတက်တိုင်းစိတ်တိုလာပြီလို့ ပြောရတာနဲ့ ဒီသူဌေးကိုငါစိတ်ပျက်လာပြီလို့ ရင်ဖွင့်ရတာနဲ့ နင်အမောတွေလည်း ငါအမောဖြစ်ခဲ့ နင်နဲ့ငါကြား မိနစ်ကိုးဆယ်ပြင် နင်နဲ့ကြား ဘယ်လိုဆက်သွယ်မှု့မှထပ်မရှိလေအောင် နင်နဲ့ငါကြား နင်နဲ့ငါ ခင်မင်မှု့သာရှိလေတယ်။ နင်နဲ့ငါ....တွေ့တော့ နင်နဲ့ငါ...ရန်ဖြစ်၊ ပြန်ချစ်၊ နင်အလုပ်ပြန် အ၀ါရောင်အချိန်တွေဆို ငါက ကျန်ရစ်။ အဲ့ဒီ့မနက်ဖြန်တွေ/မနေ့ကတွေ တုန်းကတော့ နင့်အတွက် အမှတ်တရ ပုံတူပန်းချီ နဲ့ လူတစ်ယောက်အတွက် အမှတ်တရ ပုံတူပန်းချီ နဲ့ ငါ့ကိုယ်ငါ ပုံတူပန်းချီဆွဲဖို့တော့ မေ့ခဲ့တယ်။ နင်နဲ့ငါကြား နင်ရယ် ငါရယ်လွဲလို့ ဘယ်ကြားခံမှမရှိအောင် နှစ်ဦးဆိုင် ခင်မင်မှု့တွေနဲ့။ နင်သေသွားခဲ့ရင်တောင် ငါသေသွားခဲ့ရင်တောင် တစ်ယောက်ယောက်က နင်များဘယ်ရောက်နေသလဲလို့ ငါများဘယ်ရောက်နေသလဲလို့ တွေးနေမိဦးမယ်။ ကျော်ညိုသွေး

အဲ့ဒီ့တော့ ကျွန်တော်မှာလည်း ရှိတယ်။

Image
အခုအချိန်မှာ လောလောဆယ်တော့ ကိုယ်တတ်နိုင်တာဆိုလို့ ကဗျာတွေ၊စာတွေရေးပြီး ဘလောဂ့်ပေါ်တင်တာကလွဲလို့ ဘာမှမလုပ်နိုင်သေးဘူး။ တစ်ချို့ကလည်း လုပ်လို့မရနိုင်သေးဘူး။ ရှစ်တန်းလောက်က စည်သူလွင် နာမည်ကြီးစအချိန်ပေါ့။ အဲ့ဒိအချိန်လောက်တုန်းက သီချင်းအရမ်းဆိုချင်ပြီး အဆိုတော်ဖြစ်ချင်ခဲ့ဖူးတယ်။ အခုအချိန်ထိလည်း သီချင်းဆိုတာကို အရမ်းကြိုက်နှစ်သက်နေတုန်းပဲ။ အဆိုသာဝါသနာပါတာ လိုက်ဖ်ရှိုး(ပိုက်ဆံပေးပြီးကြည့်ရတာ) တစ်ခါမှ မကြည့်ဖူး ၊ နားမထောင်ဖူး ပါဘူး။ ဂစ်တာတီးတာလည်း သိပ်မဟုတ်ပါဘူး။ လမ်းဘေးတီးတဲ့အဆင့်တောင် နောက်ဆုံးက ရေကြည့်ရင် အဆင့်သုံးလောက်ရှိမယ်။း) ဆယ်တန်းအောင်တော့ ကွန်ပြူတာသင်တန်းတက်တယ်။ ကွန်ပြူတာနဲ့ပတ်သက်တာ ဆိုလို့ Graphic Design အရမ်းဝါသနာပါပါတယ်။ Professional Graphic Designer တစ်ယောက်အနေနဲ့ အသက်မွေးဖို့ကတော့ လိုအပ်ချက်တွေရှိနေဦးမယ်။ အခုမှကိုယ်က ၀ါသနာရှင်အဆင့်လောက်ပဲရှိသေးတယ်လို့ ကိုယ့်ကိုယ်ကို ထင်မိနေတုန်းပဲ။ Graphic Design နဲ့အလုပ်တွေလည်းလျှောက်ဖူးပါတယ်။ တစ်ခါမှမရဖူးဘူး။ ရမယ်ကြံတော့လည်း မလုပ်ဖြစ်ဘူး။ အပျော်တမ်းအတွက်ပဲ အကျိုးပေးတာလားလည်းမသိပါဘူး။ အခွင့်အရေးရရင်တော့ Graphic Art တွေဖန်တီးပြီး လူတွေကိုပြချင်

My Lovely Friend

Image
Hand Drawing And Photoshop retouching. Created By Kyaw Nyo Thaway

အိမ်ဝေး

အခုတော့ ကျွန်တော်ဟာ သူစိမ်းတရံစာကြား တစ်ယောက်တည်းလျှောက်သူ အမေပေးလိုက်တဲ့ အားနဲ့ ငွေပိုက်မဲ့သား အခုတော့ ခြောက်လည်းမကြောက်သူ ခြွေလိုက်တဲ့စကားလည်း သွေမ၀ိုက်ခဲ့အနား စုပေါ့ ခေါက်ဆွဲခြောက်လူ။ တောသားမြို့ရောက် ပုရွက်ဆိတ်ရွာမှာ အခုတော့ ကျွန်တော် အသက်အစိတ်သာသာ ပျော်စရာများလည်း တော်ရာနားခဲ့ မပြုပေါ့နော် မပျက်စိတ်မာမာ အလော်မာများထဲ ပျော်ကာမသွားရဲ့ အတုတော့မခေါ် ဆက်သိက္ခာမှာ။ ဘယ်နေရာဘယ်ကိုရောက်ရောက် နှလုံးသားကိုအရောင်မဆိုး အကြားမခံစေရက်ပါ ဒီသတင်းဆိုး တစ်ကယ်လေစရာ ဘယ်လိုမောက်မောက် အပြုံးများကိုဆောင်ဖို့ သားထံလေဆက်ပါ Pfingo စာချုပ်ရက် သက်တမ်းတွေထဲ နေ့ရက်တွေကို ရေရင်းချိုး။ ဒီတစ်ခါမိုးကုန်ရင် မြန်မာပြည်မှာ ၀ါကျွတ်တော့မည်။ အိမ်ပြန်ချင်လွမ်းစိတ်ကို မခံသာပြီ ငါညွှတ်တော့သည်။ စိတ်ကူးထဲမှာသာတောက်ပတော့တဲ့ ညီအလင်းညွတ်အ၀ါတွေ မကြာခင်မှာ ရောက်ရတော့မယ့် ဒီသတင်းကျွတ်မှာလေ။ ။

ချစ်မာန

ပေါ့ပေါ့လေးထင်နေရင်တော့ ငါ့စကား ငါ ပြန်ရုတ်သိမ်းလိုက်မယ် မလျှော့မပေါ့ပေးချင် သပေါ့ ခဏမခြားပါ အမှန်အဟုတ် မယိမ်းလိုက်ကွယ် သိမ်းပိုက်မယ် ညာလက်ရုံးနဲ့ပါလေ မတိမ်းမ၀ိုက် တစ်ကယ် ကမ္ဘာပျက်သုည်းခဲ့ပါစေ။ မဲ့ကာလေ… ငါ့အချစ်တွေကို နောက်ကွယ်မှာ ညည်းလှောင်နေမလား မငဲ့ကာလေ… ခဏအဖြစ်တွေလို ပျောက်ပြယ်ကာ အပြီးရှောင်လေမလား။ အယောင်တွေလား ? ဒီလိုဆို အခုကတည်းကပင်သွားတော့ အမှောင်တွေကြား ရယ်မလိုအငို အတုလည်းမကချင် ခြားတော့။ အမှားတော့ ထပ်မလွန်ချင်ဘူး စကားတော့ ထပ်မကျွံချင်ဘူး။ အရင်အဦး အစကတည်းက ပန်းပွင့်ဖို့အချစ်မှာအစိုးမရရင် မကြင်ဘူး ဘ၀ထဲက လှမ်းလင့်လို့ သစ္စာ မျိုးမချချင်ဘူး။ ။ ကျော်ညိုသွေး

အခုထိမိန်းကလေးတစ်ယောက်အတွက် လေလွင့်ချင်နေသေးတယ်။

အခုထိမိန်းကလေးတစ်ယောက်အတွက် လေလွင့်ချင်နေသေးတယ်။ ရောင်စုံကျူရှင်တွေ ရှိရာအရပ်ကို သွားလို့ ဟိုငေး သည်ငေး…။ အတည်တကျ မရှိသေးတဲ့ ကိုယ့်အပြုံးတွေ ၊ ကိုယ့်အပျော်တွေ မြို့ပတ်ရထား တစ်စီးလို အချိန်တန်တော့ လည်း အိမ်ပြန်ခဲ့။ STEP အင်္ကျီ အနီလေးဝတ်လို့… AIIZ အင်္ကျီ အပြာလေးဝတ်လို့ ကိုယ့်ခြေလှမ်းတွေလည်း ဒီနေရာတွေထပ်လို့ မြခြူးတံဆိပ်လေး ၀တ်ခဲ့တယ်… မြကြာဖြူ တံဆိပ်လေး ၀တ်ခဲ့တယ်… ဦးထွန်းလင်းခြံလမ်းထိပ်က ခြေရာတစ်စုံ အခုထိရှိနေဦးမလား။ ဒီနေ့ထိ ဆွဲလို့မပြီးသေးတဲ့ ပန်းချီတွေ… ရေးလို့မပြီးသေးတဲ့ ကဗျာတွေ အတော်ကိုမောဟိုက်….။ တစ်ယောက်တည်းလည်း ရွှေတိဂုံကို ရောက်ခဲ့တယ်.. တစ်ယောက်တည်းလည်း ကန်ဘောင်ပေါ်ကိုရောက်ခဲ့တယ်… တစ်ယောက်ယောက်နဲ့ သွားဖူးတဲ့ နေရာတွေ တစ်ယောက်ယောက်နဲ့ စားဖူးတဲ့ ဆိုင်တွေ တစ်ယောက်တည်းပြန်ထိုင်ကြည့်ရင်း အခုထိ မိန်းကလေးတစ်ယောက်အတွက် လေလွင့်ချင်နေသေးတယ်။ ကျော်ညိုသွေး

My hair style, Hair Stylist and the People they would like me to change hair style.

I m very upset myself. I can’t able to fuck off to people near around me. I want to wear long hair. But I can’t cos of people. I don’t like the short hair- dwe style; alter style, punk style, Emo, rapper style. How much I hate the short hair is I want to bite my self and want to bite others with wearing short hair. Yesterday, Admin of our company ask to cut my long hair. It’s look like the rocker style and I also like rocker style. Although I like the rappers and hip hop music, I don’t want to similar with them. I don’t want to cut my hair. Nevertheless, it’s my unfortunate. I went to the hair stylist. I am a customer of the stylist. Now, But, he was not hermony with me and he also does’nt know what I want to be. So, my unfortunate was truly come to me. My hair style was already changed to the style of the cup of coconut shell (အုန်းမှုတ်ခွက် ကေ) by being expert of him. Now, I must be changed current style to different one again. I hate hair cutting to change in short hair style. But ca

Unillustratable in Writings

Image
  Some words are hard to show or can't able to show cos of your brightness eyes . i think it will be came true that is chaining white to colorful in the canvas of our friendship. if can i say what i want you or what i feeling at you or not ? nevertheless, certainly , i should be experience with this event. there is three words. Time, Place and Manner. I had been met with you on certain time at a dreamy place by beating wonderfully. Sine i was a high school student, my teacher teaches me a theory of micro economics.

နံရံ၏ တစ်ဘက်ဆီမှာ

Together ဆိုသည့်စကားလုံး၏။ ရှေ့တွင် you must be done ဆိုသည့် စာသားများပျောက်နေပါသည်။ အကယ်၍သာ ကျွန်တော်စိတ်ပြင်းထန်စွာ လိုချင်ခဲ့လျှင်လိုက်နာရမည့် အရာပင်ဖြစ်ပါသည်။ စိတ်နာတဲ့ အခန်းကို ရိုက်မည်ဆိုလျှင် အရက်ခွက်ကို နံရံဆီသို့ ပစ်ပေါက်လိုက်ပါ။ မနိုင်ဝန်ထမ်း မိသည့် နှလုံးသားကြောင့် ခါးနာရသည်ဆိုလျှင် ကိုယ့်ထိုက်နှင့် ကိုယ့်ကံဟုမှတ်ပါ။ အသည်းကွဲဒါဏ်ရာသည် ခါးနာသည့် ဒါဏ်လိုပင် လွယ်လွယ်နှင့် မပျောက်နိုင်ပဲ အခါအခွင့်သင့်လျှင် ပြန်လည်ပေါ်လာတတ်သောကြောင့် ခါးနာခြင်းနှင့် အသည်းကွဲခြင်းမှာ ခပ်ဆင်ဆင် တူလေသည်။ ကျွန်တော် တစ်ခါမှ သွားမကိုက်ဖူးပါလေ။ သို့သော် နှစ်စဉ်သွားဆရာဝန်များ ပေါ်ထွက်လာလျှက်ရှိသည်။ ကျွန်တော်ငယ်စဉ်ကပင် ငါးမစားသော်လည်း ငါးစိမ်းသည်များ ရောင်းရဆဲ။ အရာရာသည် သူဟာနှင့်သူ အဆင်ပြေနေ၏။ ငယ်ငယ်က အမှတ်တရတစ်ခု ရှိဖူးသည်။ အဖိုးအိုက သားသုံးယောက်ကို မည်သို့ဆုံးမသနည်းဟုမေးလျှင် အဖိုးကိုက သားသုံးယောက်ကို မည်သို့ဆုံးမပါသည်ဟုရေးဖြေဖူးပါသည်။ မည်သို့ပင်ဖြစ်စေ အရာရာကို လိုက်လျှောညီထွေဖြစ်ခြင်းသည် တစ်ခါတစ်လေတွင်မကောင်းပါ။ ပန်ကာနှင့် အဲယားကွန်းတို့သည် နံရံတွင်ဖြစ်စေ၊ မျက်နှာကျက်တွင်ဖြစ်စေ ကပ်လျှက်နေကြရပါသည်။ ကျွန်ေ

Sketch Of roi.

Image
Hand Drawing And Photoshop retouching. Model : Roi Roi hand drawing with pen retouching with photoshop.