Posts

Showing posts from September, 2009

အလွင့်အမျော

ထားလိုက်တော့ဟေ့ စိတ်နဲ့အစေးမကပ်တဲ့လှိုက်မောမှု့တွေ ဦးတည့်ရာပြေးလိုက်တော့ဟေ့ ခြေဖနောင့်က ကမ္ဘာမြေကြီးကိုတွန်းနိုင်သမျှ လူဘ၀မှာ နောက်ကလိုက်ရတဲ့ အဖြစ်ရယ် စိုးရွံ့စွာ ရှေ့ကပြေးရတဲ့ အဖြစ်ရယ်…။ အခုတစ်ခါတော့ စိတ်လိုလက်ရ ပျော်သလောက်သာပြေးနေတော့လေ…။ ဘေးနားမှာတစ်ရိပ်ရိပ် သစ်ပင်တွေ၊ မြင်ကွင်းတွေ၊ ဓါတ်တိုင်တွေ၊ ခြံစည်းရိုးတွေ မောလာရင်ပစ်လှဲကာချလိုက်တော့။ ထားလိုက်တော့ဟေ့..။ အလိုရှိတာ လုပ်ယူလို့ရချင်မှရတဲ့ လောကကြီးမှာ ထားခဲ့တော့ဟေ့…။ ငါ့မျက်နှာငါမြင်ရဖို့ ပြဒါးချပ်တွေကို မရှာတော့ဘူး အနားမသတ်တဲ့လောကကြီးလို ငါ့အတ္တကလုံးတီးချော်။ စိတ်လွတ်ကိုယ်လွတ် လက်ကိုမြှောက် စိတ်ရှိတိုင်းအော်… စည်ဝါးမကိုက်လည်း ငါ့ကိုငါလည်းအပြစ်တင်ဖို့မလိုတော့ မြင်သမျှတွေက အတွေ့ခဏပဲ စိတ်ထဲမထားနဲ့ လွှတ်လို့ချ ပြန်စရာမရှိတော့တဲ့ခဏ ပြင်စရာမရှိတော့တဲ့ခဏ နေစရာမရှိသလို သေစရာမသိသလို ဝေဒနာအသိကို ရေထဲမျောလိုက်တော့။ နာသည်မရှိ၊ သာသည်မရှိ ဝေဒနာမရှိ၊ ဖြေစရာမရှိ ဘယ်အရာကိုမှလည်း အသေအချာမကြည့်။ ကာလသုံးပါးနဲ့ ဝေးကွာစွာပဲ မျောလွင်နေသော မြူလိုအခိုး။ စိတ်တိုင်းကျခြင်းမကျခြင်းတွေလည်း လက်ထဲကလွှတ် ကပ်ငြိခြင်းတွေအားလုံးကလည်း စွန်ကြိုးပြတ်လို လွတ်။ မဲ့ခြင်း၊ မမ

Curve In The Lake

Image
My Own Creation. I Have Designed All Of Creations By Using Adobe Photoshop CS3. Don't Allowed To Use It Any Other Media.

ရွှေဘ

နားသယ်ကဆံပင်ကိုဆွဲ ရင်ခွင်ထဲခြေထောက်ဝင် လက်ပြင်ထဲဒူးချ နဖူးက လက်သီးဝင် ချက်အနီးဗိုက်ကို ထိုး ခြေဖမိုးထက်နင်းတက် လို့အမှန်ထောင်း နံစောင်းကို ညိုသကြီးပါ ပြီးကာမှ နှာနုရိုး သွင်သွင်ချိုး အရိုးကြေအောင် အမျိုးတွေစာရင်း အပျောက် နောက်စေ့ကိုခွဲ။ လက်ဝါးလည်းမနေတယ် ဘယ်ပါးနဲ့ညာတစ်ဖက် ခါပျက်ကာ လျှာတွေထွက်မှာ အနာတွေ ကွဲထွက်စမ်း နှုတ်းခမ်းက မွနေသေး သွေးစက်စက်ကျ။ ကျော်ညိုသွေး

မိုးရာသီအက်ဆေး

မိုးရာသီသို့ ရောက်ပြီဟု ပြောစရာမလိုအောင်ပင် လမ်းမတစ်လျှောက်တွင် မှိုပွင့်ရောင်စုံများ ပေါက်နေသည့်နှယ် ထီးရောင်စုံတို့ဖြင့် သြဂုတ်လ ရောက်ကာစ အချိန်သမယတွင် လူအမျိုးမျိုး တို့နေစဉ် ၀တ္တရားအဖုံဖုံတို့ဖြင့် သွားလာ လှုပ်ရှား လျှက်ရှိနေကြသည်ကိုး။ လူအမျိုးမျိုးတို့တို့သည် ရာသီအမျိုးမျိုးတို့တွင် မွေးဖွားရခဲ့ကြရကား ကျွန်တော်သည်လည်း မိုးရာသီ၏ မိုးများသည်းထန်စွာ ရွာသွန်းလျှက် ရှိခြေသော ညနေပိုင်းတွင် မွေးဖွားလာခဲ့ရသည်ဖြစ်သောကြောင့် မိုးနှင့် ကျွန်တော် ကျွန်တော်နှင့် မိုးသည် မစိမ်းလှပေ။ သို့သော် ကျွန်တော်သည် မိုးရာသီကို မကြိုက်။ နွေရာသီနှင့် ဆောင်းရာသီ တို့ကိုပင် သာ၍နှစ်ခြိုက်လေသည်။ နွေရာသီကား ကျောင်းနေစဉ် အရွယ် တွင် နှစ်တစ်နှစ်၏အဆုံးသတ် အားလပ်ရက်များဖြစ်သော ကြောင့် လွတ်လပ်ခြင်းအတိဖြင့် ဖြစ်နေသောကြောင့်ပင်။ ထိုအချိန် ၌ ဟိုဟိုဒီဒီခရီးတိုလေးများလည်း ထွက်နိုင်သေးသလို။ သူငယ်ချင်းအပေါင်းအသင်းများနှင့်လည်း လွတ်လပ်ပျော်ရွှင်စွာ ကစားခုန်စားလည်းပြုလုပ်နိုင်ပေသေးသည်။ ဆောင်းတွင်းမှာကား ပို၍ နှစ်သက်သော ရာသီဥတုပင်ဖြစ်လေတော့သည်။ စိုစိုစွတ်စွတ်လည်းမရှိ။ ဗွက်လည်းမထ။ နွေရာသီကဲ့သို့ မပူလောင်ပဲ အေးအေးချမ်းချမ်းလည်းရှိေ

အလွမ်း

ဒီအပျော်တွေက နင်နဲ့သာဖြစ်သင့်တယ်လို့ ကိုယ့်ကိုယ်ကိုတွေးရင်း ရေရွတ်နေမိ ကိုယ်ဘယ်မှာ ဘယ်သူနဲ့သွား ဘယ်သူနဲ့စား ဘယ်သူနဲ့ ဟား မင်းနဲ့သာ နေပူမှာ ထီးလေးဖွင့်ချင်တယ်။ မင်းနဲ့ သာဆိုရင် တွေးမိတိုင်း ဟိုတစ်ကွက်သည်တစ်ကွက် ပွင့်လန်းလာဆဲ စံပယ်တွေ ငါ့အိမ်နံရံမှာ မင်းထားခဲ့တဲ့ ခရေတွေ သတိရတိုင်း ၀တ်နေကြအင်္ကျီလေးကိုပဲ ကောက်ဝတ်မိတယ်။ ဒီနေ့လည်း မင်းထားခဲ့ဖူးတဲ့ အင်္ဂါနေ့လေးပါပဲ။ မနေ့ညက လသာတယ် မနက်ကတော့ နေသာတယ် ညနေကျ မိုးရွာတယ်။

Infinity ဆီက ဆုံမှတ်

အမှား။ အစကတည်းက ဟော့ဒီတွေ့ဆုံခြင်းတွေကြား ငါတို့က စည်းပါးပါးလေးခြာပြီး အမှား။၊ ကွဲပြားမှု့က ကြီးထွားနေခဲ့တာ ငါမသိခဲ့။ အကြည့်တစ်ချက်နဲ့တင် ရင်ကိုဝင်လာတဲ့ လေပြည်က မုန်တိုင်းအဖြစ် ဆောက်တည်ရာမရပြန့်ကျဲအောင် ဖြစ်ခဲ့လိမ်မယ်လို့မထင်ခဲ့ ဆုံမှတ်တစ်ခုမှာ စုံရပ်လို့တွေ့ခဲ့ကြပေမယ့်။ ကြုံမှကြုံတတ်ခဲ့တဲ့ ပုံပြင်ဇတ်လမ်းက ထူးမခြားသော်လည်း ရူးသွားအောင်မျိုးစေ့ချမိသလို တည်ရှိခဲ့တာ အပီအပြင်ပါပဲ။ ငါ့ရဲ့ ဟောဒီ့ရင်ဟာလည်း မင်းအတွက်ပျိုးကျဲခဲ့တဲ့ ပန်းတွေက မအောင်မြင်ခဲ့။ မြေစမ်းလို့ခရမ်းမပျိုးခဲ့ပါဘူး။ မဖြေနိုင်အောင်တမ်းတခဲ့လို့၊ ဒီရင်ခွင်လမ်းအစမှာကတည်းက တမ်းတကြောင်းကြေငြာခဲ့မိတာ။ ခုတော့ လည်းလွမ်းသမျှက စခန်းချလို့မရနိုင်အောင်ပဲဖြစ်ရတယ်။ မေတ္တာအစစ်ကိုကြေညာရင်း နစ်ကာနွံထဲခြေကျရင်း ဖြစ်ခဲ့တယ်။ လှုပ်လေသမျှတွေလည်း မြုပ်စေဖို့ဖြစ်ရမယ်ဆိုတာသိပေမယ့်။ မင်းမေတ္တာကင်းဗတ်ဖြူပေါ် လှမ်းယောင်လို့ ပန်းရောင်ချယ်မိခဲ့တယ်။ အစကတည်းက အားကောင်းတဲ့ အဖြူရောင် နံရံမှာ ငါ့ကဗျာတစ်ကြောင်းတည်းနဲ့ သစ်ခဲ့သမျှတွေ ညစ်မွဲ။ အချစ်မနွှဲတတ်ခဲ့ဘူးလို့ ကိုယ့်ကိုယ်ကိုယ်ထင်ပါတယ်။ ဒီပုတ်ထဲက ဒီပဲလို့လည်းထင်မှာစိုးတယ်။ ရင်ကအညှိုးတွေက မင်းကိုလှမ်းပြောပြနေပါတယ်။

ဖြစ်ရိုးဖြစ်စဉ်

အဲ့ဒီ့စပျစ်သီးလေး ကြွေမကျလို့ သည်းသည်းလှုပ်တုန်းကတော့ အနာအကျိတ်ကို ခွဲပဲထုတ်ရတော့မလို။ အခုတော့လည်း ဝေခွဲမိတာ… ငါတို့ဟာ မီးရထားတွေပဲ…။ ဘယ်ဘူတာမှာမှ ကြာကြာရပ်ခွင့်မရှိကြ။ အခုနေ.. နောက်ကြောင်းပြန်ကြည့်တော့ တစ်ဖြည်းဖြည်း ဝေး အစက်အပျောက်လေး တစ်ခုကနောက်မှာ ကျန်ခဲ့တယ်။ အစက်အပျောက်လေးပေါင်းများစွာက စီတန်းလို့ အဲ့ဒီ့မျဉ်းတစ်ကြောင်းပေါ်မှာ ပုရွက်ဆိတ်တစ်ကောင်ကတော့ မျဉ်းဖြောင့်အတိုင်း…။ ပုံပြင်တွေကတော့ မရေးဖွဲ့ရပါပဲ စာအုပ်ထူကြတယ်။ ကျော်ညိုသွေး

သို့....သီရိခေတ္တရာ

အနက်ရောင်လမ်းမပေါ်က ပုရွက်ဆိတ်တစ်ကောင် ပုရွက်ဆိတ်တစ်ကောင် ၀မ်းဗိုက်ထဲက နောက်ထပ် ပုရွက်ဆိတ် လေးဆယ့်တစ်ကောင်။ ကျောပိုးအိတ်တွေ၊ ကင်မရာတွေ၊ ဧရာဝတီရဲ့ကမ်းနားက သစ်ပင်စိမ်းစိမ်းတွေ။ ကျရေ အတိုင်းစုန်ဆင်းလာတဲ့ မော်တော်ပုံရိပ်တွေ နေပူကျဲကျဲတွေ၊ နံရံပေါ်မှာ ပုံရိပ်တွေစီ၊ ထောင့်တွေကိုတိပ်နဲ့ကပ်လို့ စီခြယ်တယ်။ ဟေ့... တွေ့ပြီးပြီလား Tag ပြီးပြီလား။ ကိုယ်စီလက်ရေးတွေ၊ ကိုယ်စီ အတွေးတွေ ကိုယ်စီသတိတရတွေ၊ ကိုယ်စီ အမှတ်တရတွေ ပြန်လွမ်းနေတာလား၊ ပြန်တမ်းတနေတာလား ဟုတ်လား။ ဆိုင်ဘေးက သစ်ပင်လေးနား မင်းကင်မရာကပုံတွေပြန်ကြည့်နေတုန်းက သူငယ်ချင်းက သီချင်းသံနဲ့ မှေးငိုက်နေတုန်းက လယ်ကွင်းထဲမှာ လက်ညိုးနှစ်ချောင်းထောင်ပြီး ဓါတ်ပုံရိုက်တုန်းက ကန်သင်းရိုးလမ်းလေးအတိုင်း ပြေးကြတုန်းက ငါက ကင်မရာလေးထောင်ပြီး နေကိုရိုက်ဓါတ်ပုံရိုက်ချင်ခဲ့။ ပျော်ပါတယ်... နောက်တစ်ခါသွားမယ်ဆိုရင် လိုက်ဖြစ်အောင်လိုက်မှာပေါ့။ အကျိုးရှိတာတစ်ခုခုက... မတွေ့ရတဲ့သူငယ်ချင်းကိုတွေ့ရလို့... မရောက်ဖူးတဲ့ဒေသကို လေ့လာခွင့်ရလို့ WE UNITE မို့လို့ပေါ့... ပြီးတော့.... အင်း...............။ တူနဲ့ ထမင်းစားခဲ့ရတာအစ အကောင်းဆုံးသူငယ်ချင်းရဲ့ နားလည်ပေးမှု့အလယ် ကားပေါ်မှာ အရ