Posts

Showing posts from February, 2017

လမ်းကြောင်းမတူတဲ့ အောင်မြင်မှုအပေါ် အားကျစိတ်မဖြစ်ပါနဲ့။

လမ်းကြောင်းမတူတဲ့ အောင်မြင်မှုအပေါ် အားကျစိတ်မဖြစ်ပါနဲ့။ =================================  လူတွေဟာ ဘဝဖြစ်လာကတည်းက ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့ ဗီဇစိတ်အခြေအနေနဲ့ သက်ဆိုင်တဲ့ ဘဝနေထိုင်မှုလမ်းကြောင်းဆိုတာရှိပါတယ်။ ဘဝမှာဖြစ်လာတဲ့ ရည်ရွယ်ချက်တွေ ၊ ရည်မှန်းချက်တွေဟာလည်း အဲဒီလို ဘဝအခြေအနေနဲ့ ဗီဇစိတ်အခြေအနေပေါ်မှာမူတည်ပြီး ဖြစ်ပေါ်လာခဲ့ကြတာပါပဲ။ . ရည်ရွယ်ချက်ရှိတဲ့လူတိုင်းမှာ ကိုယ်သွားရမယ့်လမ်းကြောင်းဆိုတာရှိပါတယ်။ အဲဒီလမ်းကြောင်းကို ဖြောင့်ဖြောင့်တန်းတန်းလျှောက်ဖို့ဆိုရင် ကိုယ့်ရည်မှန်းချက်လမ်းကြောင်းတူ ပေါ်မှာ လျှောက်လှမ်းနေတာ မဟုတ်တဲ့လူတွေ ရဲ့ တိုးတက်မှုကိုကြည့်ပြီး သိမ်ငယ်စိတ်ကို ဖျောက်ထားမှရပါလိမ့်မယ်။ . ကိုယ်ကဖြစ်ချင်တာကတမျိုး၊ လုပ်နေရတာတမျိုးဆိုတာမျိုး ဘဝမှာ တခါတလေကြုံရတတ်ပါတယ်။ ကိုယ်ရဲ့ရည်မှန်းချက်ကို အကောင်အထည်မဖော်နိုင်သေးခင်မှာ လှေကားထစ်အနေနဲ့ ကိုယ့်ရပ်တည်မှုကို ယိုင်နဲ့မသွားအောင်ဆိုတဲ့ အနေနဲ့ တခြားနယ်ပယ်တစ်ခုခုမှာ လုပ်ကိုင်နေရတာမျိုး ရှိနေတဲ့အခါ အဲဒီနယ်ပယ်မှာရှိတဲ့ သူတွေရဲ့ အောင်မြင်မရရလာဒ်တွေကို အားကျပြီး ကိုယ့်ရဲ့ရည်မှန်းချက်အတွက် ကြိုးစားမှုအပေါ် လျော့တိလျော့ရဲစိတ်ဖြစ်လာတတ်တာဟာ သဘာဝပ

ဟယ်လင်ရဲ့ကမ္ဘာ

ဟယ်လင်ရဲ့ကမ္ဘာ . အနက်ရောင်ပန်းတွေကြားထဲကလှမ်းမြင်ရတဲ့ ဟယ်လင်ရဲ့ နိုင်ငံတော်ဟာ ဖြူလွလွ အဝတ်စတွေ တလွင့်လွင့်နဲ့။ . အလွမ်းဆိုတာ.. နှစ်ပါးသွားပြဇာတ်ကိုကြည့်လို့ရတဲ့.. ကြည်နူးမှုမျိုးလိုမဟုတ်ဘူးဆိုတာ  မင်းသိလောက်ရဲ့။ . အကြွေစေ့တွေ ပစ်မြှောက်လိုက်တိုင်း ပြန်ကျလာတာက.. တကူးတက မိုးရေတွေပဲ လက်ဖဝါးထဲမှာ မီးတောင်တွေထည့်သိမ်းထားတယ်။ . ကြမ်းတမ်းပါစေ သည်းခံမယ် လူဖြစ်ရတဲ့ ဘဝထဲက ခက်ခဲမှုတစ်ခုပဲ ဝင်္ကပါတွေထဲက.. နှင်းဆီပန်းအကြွေတွေမြင်တိုင်း ငတ်မွတ်နေတဲ့ အပြုံးကို  ဘယ်လိုအငွေ့ပျံပစ်စေခဲ့ရသလဲ မင်းသိတယ်။  မင်းသိမယ်။  မင်းလည်း သိလောက်ရဲ့။ . ငါ့ကိုယ်ငါလည်း ခွင့်မလွှတ်ဘူး။ ညတွေအပေါက်ပေါက်အပြဲပြဲဖြစ်နေခဲ့ရတာလည်း  ခွင့်မလွှတ်ဘူး။ လမ်းဆုံးပြီ။ ဘူတာရုံအိုလေးထဲ ကျန်နေခဲ့ပြီ။ ကြယ်ကြွေနေတဲ့.. အိပ်မက်တွေထဲက မင်းနှုတ်ခမ်းပင်လယ်ကို လက်ပစ်ကူးရင်း ငါကျရှုံးခဲ့ပြီ။ . ရင်ကွဲပက်လက်နွေထဲက ငါ့အော်ဟစ်သံတွေတဆုံးမှာ စပါးနှံတွေရင့်မှည့်ကုန်ကြပြီ။ . မိုင်များစွာအဝေးဆီ.. တေးသံတွေ ခရီးထွက်သွားကြ ဟန်းနီးမွန်းဆိုတဲ့ စကားလုံးကို  ငါ့အဘိဓါန်ထဲက စာမျက်နှာတွေထဲ  စုတ်ဖြဲလို့ထားခဲ့မယ်။ . နှစ်ပါးသွားပြဇာတ်ဆိုတာ..  ထိုင်ငေးဖို့မဟုတ်ဘူး။ ကိုယ်