Posts

Showing posts from October, 2008

အနှစ်နှစ်ဆယ်

. လွန်ခဲ့တဲ့...နှစ်ပေါင်း ၂၀ တုန်းက... ဒီနေ့ဟာ အင်္ဂါနေ့ဖြစ်ခဲ့တယ်... သင်ယုံရဲ့လား.....။ ငိုသံတစ်ခုကြောင့် လူနှစ်ယောက်ပျော်ခဲ့ ငိုသံတစ်ခုကြောင့် လူနှစ်ယောက် ကြည်နူးခဲ့ ငိုသံတစ်ခုကြောင့် လူနှစ်ယောက် တက်ကြွခဲ့ ရင်ခုန်သံအမြန်ဆုံး "ချစ်တယ်" ဆိုတာကြောင့် သူတို့ရဲ့ အလှဆုံးပန်းတစ်ပွင့် ပွင့်ခဲ့တယ်... လွန်ခဲ့သော အနှစ်နှစ်ဆယ်။ ။

TAG-SAY

Image
. ခေါင်ခေါင်က တက်ဂ်မယ်ဆိုတုန်းကသာ တက်ဂ် လို့ပြောလိုက်တာ။ တစ်ခါမှကို အတက်ဂ်မခံဖူးဘူးတော့ တစ်မျိုးပဲဗျ။ တစ်ကယ်တမ်းပြောရရင် ဘယ်ကနေဘယ်လို စရေးရမှန်းကိုမသိဘူး တက်ဂ်အကြောင်းလည်း ဂဃနဏ သိပ်သိတာမဟုတ်။ ဒါပေမယ့်မရေးလို့လည်းမရဘူးဗျ။ ကိုယ့်ဘလော့ဂ်ထဲဝင်ကြည့်တော့ အပေါ်ဆုံးမှာ လာအော်သွားတာက ခပ်တင်းတင်းနဲ့ လန့်တောင်လန့်သွားတယ်။ "တက်ဂ်ထားတယ် ကိုဂစ်တာ ရေးပေးပါ" တဲ့ ။ ခပ်ပြတ်ပြတ်ပဲ။ ကြောက်လိုက်တာဗျာတို့ရယ်။ ဒီရက်ပိုင်းထဲအလုပ်သိပ်ရှုပ်လိုက်တာလည်းမပြောနဲ့တော့။ ပိုက်ဆံရတဲ့အလုပ်တော့မဟုတ်ဘူး။ ယောင် ခြောက်ဆယ်အလုပ်တွေရှုပ်နေတာ…။ ဒါနဲ့ သူတက်ဂ်ထားတာတွေ Print ဆွဲပြီး အိမ်ကျမှသေသေချာချာပြန်ဖတ်ရတယ်။ ခေါင်ခေါင်နဲ့ ခင်တာကတော့ အင်း… သိပ်တော့မကြာသေးဘူးဗျ။ ဒါပေမယ့် ခင်ပါတယ်။ သူနဲ့ကျွန်တော်နဲ့က တစ်ကယ်မောင်နှမတွေလိုပဲ။ သူလည်းကျွန်တော်လိုပဲ ရှိလိမ့်မယ် လို့ထင်တာပဲ။ တစ်ခါတစ်လေ စရင်းနောက်ရင်းနဲ့ သူနဲ့ကျွန်တော် ရန်ဖြစ်ချင်ဖြစ်နေတာ။ အစ်ကိုတစ်ယောက်ကိုရင်းရင်းနှီးနှီးပြောသလို သူစကားပြောတာလေးက ချစ်စရာလေးပါ။ တစ်ခါတစ်လေလည်း ဂျစ်ကန်ကန်နဲ့။ အနီးအနားသာရှိရင်တော့ ပိတ်ထုပစ်မှာပဲ။း) သူနဲ့ပတ်သက်ပြီး အမှတ်တရတစ်ခုရှိတယ်ဗျ။ အဲ့ဒါက သူရေ

နှုတ်ဆက်ခဲ့တယ် (၂)

Image
. ကဗျာလေးဆုံးတော့ ခဏလေး ညီမလေးပြုံးမယ် သုံးတတ်လိုက်တာရယ်လို့ အဆုံးသတ်တော့လည်းကွာ ငါ့ကဗျာ တစ်ပုဒ်လုံး စာအုပ်အဖုံးကြားထဲညှပ် ငါထုတ်သုံးခဲ့ရတဲ့ စကားတွေ အထပ်ထပ်လည်း တအားလေထဲ လွင့်ခဲ့တယ်။ ကြေကွဲခွင့်တွေကျ လိုင်စင်ကရလွန်းတယ် ဆိုင်ချင်လှလည်း ယိုင်အစဉ်ငါ့အချစ်ကို ပိုင်ရှင်မ မလုပ်ချင်တဲ့မင်း အဟုတ်ရင်ထဲ အထုတ်မကျဉ်ပဲချစ် မဆုတ်မနစ် မနှုတ်မထွက် ခက်ပါတယ်။ လုပ်ရက်တယ်ဟာ... အဟုတ်အခက်တွေကြားထဲက ချစ်တောင် အများတကာ တအားမညှာလှောင်ရယ် အနားမှာနေချင်လည်း သွေအစဉ်ပဲ ရှောင်ဖယ်တော့ကွယ်။ ယောင်လည်လည်ငါ့တစ်ယောက်တည်း မြေ့မြေ့ လျှောက်ဆဲပေါ့ ခြောက်သွေ့ဆဲရင်မှာပူ ကြင်နာသူ နှစ်ယောက်တွဲတွေ ကြားထဲ နောက်ဆဲပေါ့ စိတ်အစဉ် ချိုမရွင်ပါ ငိုချင်တာ မင်းမသိပါလား။ အတင်း၊ အရိ နဲ့ မင်းမသိတဲ့ စကားတွေခါးလှတယ် အများကရယ် အပီလေဖေါက်ကာ အရယ်တွေနောက်မှာ လာလာစူး မညှာတာဘူးပြောတဲ့စကားမှာ ငါ...မယားထာရူး သာဖြစ်ခဲ့တယ်။ မသာယာဘူးကွယ် ရှက်ဖွယ်ငါအရူး ကဗျာတွေနူးညံ့တာလည်း ပျောက်ပျက်ကွယ် နှောက်ယှက်တယ်လို့ အချစ်ကိုထင်ရင် ရင်ခွင်လည်းကြေကွဲ နေလည်းမဖြေသာသမို့ သေရွာတို့သွားပြီကွယ်။

ငါ့မှာလေ

တော်ကီကလေးတွေက အတော်မွှတ်လို့ ဂေါ်လီဆော်ကလေးတွေက လွှတ်သေးသကို ဇွတ်ကလေးကို တွတ်တီတာနဲ့ ပလွတ်ရွှတ် အီတာပဲကွယ်။ ဒီကအသည်းရယ် နုတယ်အမှတ် သူ့အရွယ် တတ်သလောက်လေးနဲ့ ဖြတ်လျှောက်ကလေးလည်း ပါသေးတယ်။ ခါသေးတယ် အသာလေးလှုပ် ငါအတွေးထဲ ရှုပ်စေမလားလို့ ကြာကလေးနဲ့ အဟုတ်ထပ်ကာ လုပ်ရပ်က နှာသံလေးဖေါ်လို့ အော်...တို့ကို လာကြံသေးတယ်။ ငါပြန်ပြေးမယ် ကြောက်လို့ ဖောက်ဖို့ မလွယ်တဲ့ သစ္စာနဲ့ ချစ်တာက သူ့တစ်ယောက်တည်း တုမလောက်ပဲကွာ လျှောက်မြဲသာဆက်ကာ လျှောက်မယ် အသက်သာပျောက်မယ် မခြောက်တဲ့ ရင်မှာ အခါခါပေါ် သာနာပျော်အသံလေးတွေနဲ့ အတန်လေးအသားကျပြီမို့ အနားကမခွာချင် ငါသာလျှင် သူ့အတွက် ယခုအသက် ဒီကမ္ဘာမှာ မဖြည်သာမေတ္တာ ကြိုးတွေက ရိုးမြေကျ သစ္စာ။ ကျော်ညိုသွေး

Sex N Love

Image
By Kyaw Nyo Thaway My Own Creation. Using Adobe Photoshop Effects.

နှစ်ပင်လိမ်

. ခရေတွေ... ခြေရင်းကြွေမှ နှင်းဆီတွေဝေ...။ သည်ဖေလေ ခရေကြားမှာ နှင်းဆီဖျား' ဖျား။

ပိုကောင်းတဲ့မနက်ဖြန်

Image
. ပိုကောင်းတဲ့ မနက်ဖြန်ရှိလိမ့်ဦးမယ်လို့ ဘယ်တုန်းကမှ မသိခဲ့ဘူး ထူးခြားစွာ ငါ့အဆွေးတွေ အဝေးကိုဖယ်ထုတ်ခဲ့ပေါ့ တစ်ကယ်အဟုတ်ကို မင်းရောက်လာတော့ကွယ်။ ခုတော့ကွာ ငါ့ကမ္ဘာမှာလှမ်းကြည့်ရင် ၀မ်းနည်းဆွေးမြေ့မှု့အတိတ်နေ့ကလေးတွေဟာေ၀၀ါး သေးမွှား ဝေးသွားခဲ့ ရှာမှလေရှား ငါတွေ့ထားတဲ့ နောက်ဆုံးသော အချစ်စစ်ကြောင့်ပါ။ လှစ်ဟာခဲ့ မေတ္တာနဲ့ဝေးတဲ့နေ့တွေ ဆွေ့ဆွေ့ခုန် ထွက်ပြေး ရက်ကလေးတွေစိုပြေ လိုနေဆဲ အသည်းကွက်လပ်ဖြည့်ဆည်း မေ့ - ကြီးမြတ်တဲ့ မေတ္တာ။ သစ္စာတံခါးတွေ အဖွင့် အချစ်ဟာ ပျားရည်လိုချို မလစ်ပါ ငါ့ခံစားချက်တွေ လင်းစေဖို့ မင်းလေတို့ကိုအလင်းတွေ တို့ပေး တို့အသွေးတွေ ထွန်းလင်းတောက်ပရစ်မယ် ဆက်ကာပေါ့ တစ်ယောက်နှမအချစ်ကို မပစ်ပယ် ချစ်မယ် မပျက်ကာပေါ့ကွယ်။ ကိုဂစ်တာ ကဗျာမူရင်း- A Better Tomorrow I never knew there would be a better tomorrow But you've come into my life and taken away all my sorrow My days of sadness are a thing of the past Because I have found true love at last My days of emptiness are gone for good Because you fill a void in my heart that you should You've opened a window You've shwn me the l

ဗစ်တိုးရီးယားကဗျာ

Image
. မင်းတွေ့ပါလိမ့်မယ် အ၀င်ကတည်းကရင်ထဲမှာဆို့ တို့ကုန်တိုက်က ဆော်တွေလည်း အတော်ကို လျှော်ပေသမို့ အတော် "လေ"ကာ ကျွန်တော်တွေ အလျှိုလျှိုငေးရအောင် ပန်းချီမျိုးဒေ၀ီ မြင်လိုက်ကာ သေချင်သည်လေး။ မသွေအ၀င်က တစ်ဖန်ဆက်တိုးကြရလေကုန်တော့ အမှား စားသောက်ကုန် အစုံစုံရောင်းတဲ့ ပန်းဖယောင်းဒေ၀ီတွေများ ခါသေးတဲ့ရင်ချီမယ် တစ်ကယ်ကိုငေးရဖွယ်ကောင်းပုံများ အားအင်တွေကုန်ခမ်းအောင် ပန်းဖျားတွေဖျား။ ပန်းများကြွေမလား အောက်မေ့ရ သတတ် အောက်ထပ်က အလျှိုလျှိုသော အပျိုတွေလှလိုက်တာက ဟ..ကြိုက်တာရွေးကြည့်တော့ သေးတာကသေး ကွေးတာကကွေး ပြူးတာကပြူး ရှုးတာက ရှုး မူးလောက်ဖွယ် အဆင် ဆံပင်လေးကောင်းတော့ ဘရောင်းရောင် အသွေးလှတဲ့ အဝေးကချောတဲ့သူ မောတဲ့သူကူပါကွယ်လေး။ လူတကာရယ် ကပြောတော့ ချောပါပေ့ ဗစ်တိုးရီးယားသူ ကိုရီးယားသူများ အားကျလောက်ဖွယ် အသားကခြောက်တယ် ဟားဟ ခြောက်ဆယ်ကျော်ရင် လုံးဝ စုန်းမကြောက်မယ်။ အပြုံးက မောက်တယ် သိပ်ပြီး ပါတိတ်ကြီးတွေကိုင်တဲ့ စတိုင်နဲ့ မမတွေက အပြတ်အသတ် ရှပ်ကောင်တာကနေ ဖိနပ်ကောင်တာအထိ တအိအိလျှောက်လှမ်းကာ ကြည့်တော့ ပီတိတွေဖြာမိတာ လေပူထဆဲ။ စူပါတွေကလည်း လူတကာတွေငေးရအောင် ရူပါလေးတွေက ချူချာသေးတယ်။ မူယာလေးတွေကြွယ်... လူတကာ

သိစေချင်တယ်

. အချစ်တွေက ပုရစ်တွေဖူးတိုင်း အရူးသိုင်းကသလို ရိုင်းရိုင်းထတောက်လောင်တယ်။ တစ်ကယ်တမ်းတော့ မပီပြင်တဲ့ ပန်းချီကို ငါမမုန်းနိုင်ပဲ ဆွဲချင်နေမိရဲ့ကွယ်။ နင့်ရဲ့ငယ်ရုပ်ကလေးနဲ့ တစ်ကယ်အဟုတ် ငါ့ရင်ကိုလှုပ်စေခဲ့တဲ့ နှုတ်ခမ်းပါးမှာ ငါအလွမ်းသမားဖြစ်ခဲ့တာ သေချာပါတယ်။ အဖြေဟာ မသေချာပဲ နေလာလည်း ငါပဲရူးမယ် မညှာ အသည်းရူးအောင်ကိုခြွေ လိုနေတယ်နေတိုင်းမှာ ငါ့အနှိုင်းမဲ့ဟာ နင်ပါကွယ်။ ကြင်နာတယ်ဆိုတဲ့စကားထက် ခမ်းနားတဲ့အဓိပ္ပါယ်တစ်ခုလောက်ရှိရင် သိချင်သေးတယ် အဲ့ဒါငါ့စိတ္တဇပဲကွယ်။ အမြဲရယ်... ငါ့အသည်း လည်း ထိတိုင်း မချိအောင်နာတယ် ငါရယ်၊ မင်းရယ် အကြောင်း တစ်သောင်းသော စကားနဲ့ အများက သိနေစဉ် သေချင်မလောက် မင်းဥပေက္ခာတွေနဲ့ တို့ ချစ်တာ... သစ္စာတွေလည်း အလဲလဲအကွဲကွဲနဲ့ အမြဲပဲရှုံးနေလေရဲ့။ မသေပေမယ့် အခြေအနေအတော်ဆိုး အော်... အတိုးနဲ့ရွာခဲ့တဲ့ မိုးထဲမှာလေ။ ငါလေ... နင့်ကိုတွေ့စဉ် အချိန်တိုင်း အရှိန်တိုင်းမရတဲ့ စိတ္တဇနဲ့ကြေကွဲ နေမြဲတိုင်း ဖြေသာအောင် ဖန်ဆင်းဖို့ မင်းနဲ့တို့... မောင်နှမမှ မဟုတ်တာကွယ်။ အဟုတ် နာတယ်ရင်ထဲ ကြင်နာဆဲ ကြင်နာသူတွေ မြင်ပါရင်လေ.. ကျင်နေဆဲ စိတ်ဒါဏ်ရာ ပိုနာတာ အခါခါပေါ့ ခါးလှတယ်။ လူတွေကြား နင်နဲ့ငါဆုံရင် မြင်နေတဲ့သူေ

လက်အုပ်ချီတာ

. လက်အုပ်ချီတဲ့အကြောင်းကိုတွေးဖြစ်နေတာကြာပေါ့။ ဘာကြောင့် လက်အုပ်ချီတာလဲ။ ဘယ်အကြောင်းတွေကြောင့် လက်အုပ်ချီရသလဲ၊ကျွန်တော်ကိုယ်တိုင် ဂဃနဏမသိပါ။ ကိုယ်ပိုင်ဥာဏ် မှီသလောက်ကတော့ အလေးအမြတ်ပြုသည့်သဘော၊ အရိုအသေပေးသည့် သဘောဟုယူဆမိသည်။ မြန်မာတို့ဧ။်အလေ့အထအရ လက်အုပ်ချီခြင်းသည်။ ဘုရားရှင်အားရှိခိုးပူဇော်သောအခါတွင် လည်းကောင်း။ သံဃာတော်သူမြတ်များအား အလေးအမြတ်ပြုရာတွင်လည်းကောင်း စသည်ဖြင့် မိမိတို့အလေးထားသူများကို သာလက်အုပ်ချီလေ့ရှိကြသည်။ သို့သော်လည်း အချို့မှာ မိမိ အလေးအမြတ်ထားသူများမှလွဲရ်ျ တစ်ခြားသူများကို လက်အုပ်ချီရခြင်းသည်။ မိမိကိုယ်ကို အောက်ကျို့၊နှိမ်ချ၊ အောက်ကျခံရသည်ဟု ထင်မှတ်လေ့ရှိသည်ကို အများအပြားတွေ့ရပါသည်။ ကျွန်တော့်ပုဂ္ဂလိက အမြင်အရဆိုလျှင် ထိုအယူအဆ မမှန်ဟုထင်မိပါသည်။ လက်အုပ်ချီခြင်းသည် မြန်မာတို့ဧ။် ဖော်ရွေတတ်သော၊ တစ်ပါးသူကို အလေးအနက်ထားတတ်သော သဘောကိုပေါ်လွင်ထင်ရှားအောင် ပြသနိုင်သည့် (Body expression) တစ်ခုဟု ယူဆမိပြီး တွေ့ဆုံခြင်းကို ပိုမိုလေးနက်စေခြင်း ဟုသာ ထင်မြင်မိပါသည်။ ကျွန်တော်တွေ့ခဲ့ဖူးသော ကျောင်းဆရာ တစ်ယောက်သည် state ပေါ်မှနေ၍ 15-16 အရွယ် တပည့်များကို လက်အုပ်ချီ

ဘလော့ဂ်ဂါရွာလေးမှာ

. ပေါက်ကရလုပ်ရင်... အပေါက်ဝတောင်မရောက်သေးဘူး ဒူးနဲ့ဆောင့်တိုက်ခံရမယ်။ လန်ကျမယ် ဆော်ချက်တွေနဲ့ အတော်ရက်ရှည် မှန်မှာမို့ ကိုယ့်ဘာသာကိုယ် ပြန်ဆင်ဆာဖြတ် ကြင်နာတတ်တယ်ဆိုရင်လည်း... အို..ရင်ထဲထားပါကွယ်...။ ကိုယ်မြင်လည်း မသိယောင်ဆောင် ကြည်သယောင်နဲ့ ဒီကောင်လည်းဖိုက်တာပဲ စနိုက်ပါနဲ့ ချိန်ထားမှာ ဘယ်အချိန်မှားမှာကို စောင့် ထောင့်ကနေ ကွယ်ပြီးဆော်မယ် ပျော်စရာကွယ်လေး။ အတော်လာတယ်ဟေး ဘလော့ဂ်ဂါရွာလေးမှာ ဟာ...မနှေးတစ်ခါမှားရင် သေးပါ ပါသွားမယ်... ကလေးကပါ လက်သွေး။ ။

ဟိုလိုလိုဒီလိုလို

Image
ူ rememberence poem for my Online Friend- "Su Wai" ( www.hololodilolo.blogspot.com )

မာယာ

Image

ညီမလေးသို့ပေးစာ

. ညီမလေးရေ ဒီနေ့တော့ ကိုယ်လည်းအလုပ်နည်းနည်းပင်ပန်းတာနဲ့ ခွင့်ယူဖြစ်တယ်ကွယ်။ အလုပ်နားရက်ဆိုတော့ဘယ်သွားမလဲပေါ့လေ။ အိမ်မှာနေပြီး စာအုပ်ပဲဖတ်ရင်ကောင်းမလား၊ ဗွီဒီယိုပဲကြည့်ရင်ကောင်းမလား၊ ဂစ်တာပဲတီးရင်ကောင်းမလားပေါ့ တွေးရင်းနဲ့ အပြင်ကိုဟိုသွားဒီသွားမလုပ်တာလည်းကြာပြီဆိုတော့ မြို့ထဲကို သွားရင်းနဲ့ ရွှေတိဂုံစေတီကို သွားဖူးမယ်လို့ စိတ်ကူးမိတာပေါ့။ အဲ့ဒါနဲ့ ကိုယ့်သူငယ်ချင်းနဲ့ အတူတူ သွားဖြစ်တယ်ကွယ်။ အသွားကတော့ လိုင်းကားတွေချောင်တဲ့အချိန်ပေါ့ ၃၆ ကားပေါ်လည်းတက်ရော လူနည်းတာနဲ့ ထိုင်ခုံအလွတ်တွေက ကိုယ်တို့ကိုဆီးကြိုနေလေရဲ့လေ။ ကိုယ်တို့ သူငယ်ချင်းနှစ်ယောက်လည်း ထိုင်ခုံကိုယ်စီနဲ့ လှိုင်သာယာကနေ မြေနီးကုန်းအထိ စီး လာခဲ့တာပေါ့။ မြေနီကုန်းလည်းရောက်ရော ၃ကားကိုပြောင်းစီးပြီ ရွှေတိဂုံကို ဆက်ခဲ့ပြန်တယ်လေ။ အမှန်တော့ ကိုယ်တို့က အရှေ့ဘက်မုဒ်ကနေ ရွှေတိဂုံစေတီတော်ပေါ်ကိုတက်ဖို့ပဲ။ ဒါပေမယ့် လမ်းမှာ သူငယ်ချင်းက ကိုယ့်အစ်ကိုတစ်ဝမ်းကွဲ ကိုတွေ့ချင်တယ်ဆိုတာကြောင့် အရှေ့ဘက်မုဒ်မှာမဆင်းပဲ တောင်ဘက်မုဒ်အထိကိုယ်တို့ ဆက်စီးခဲ့ကြတယ်။ တောင်ဘက်မုဒ်မှာ ကားပေါ်ကဆင်းပြီ Happy World ကလေးကစားကွင်းမှာ အလုပ်လုပ်တဲ့ ကို

ဒေါသ

Image

ပြောချင်တယ်...အကို

Image
ပြောချင်တယ်...အကို မောတာတွေ ချွေးသိပ်စရာ သူ့အထာ သူ့စကားလေးတွေကြား အလိုလိုမှေးမှိတ် ထိတ်တာတွေလည်းပြေမယ်။ မသွေပဲ မင်းအရှေ့ကမခွာတယ် အသာအယာပဲ ကြွေပြီ အကို။ အလိုလိုလျှံမိတဲ့ အချစ်နဲ့အတူ မပစ်ပါဘူးကွယ်..သူအားငယ်မှာမို့ နားလည်စွာတို့လေ အကို့ကို...ချစ်လိုက်တာကွယ်။ အသစ်မရှာပါယုံကွယ် သစ္စာနဲ့မေတ္တာ ပုံရယ်တဲ့အပ်ချင်တာမို့ နင်လာလို့ နီးရအောင်ကြံကွယ်။ အသံရယ် တိုးတိုးတိတ် နင်ဘာကြောင့် နှုတ်ဆိတ်တာလဲအကို နှစ်ကိုယ်တူ လက်ချင်းချိတ်ဖို့ တို့စိတ်ကကြံရွယ်ထား မှန်တဲ့စကား မပိုပါ နင့်ကိုငါကြိုနေမှာ အကို။ နေသာတဲ့ မနက်ခင်းတွေ အသံဆိတ် လက်ချင်းချိတ်ကြင်နာသူတွေ အတူတူကူဖေး အတွေးတွေစိုကြတယ် ငါဘယ်လိုနေရမလဲ အကို။ ငါ့ရင်ထဲဝင်ကြည့်ပါဦးဟာ အလုပ်မှာ နုံးချိ တအိအိ အိမ်အပြန် အချိန်မှန်အလွမ်းတွေနဲ့ ငါ့နှုတ်ခမ်းတွေလည်း ကြေကွဲနေလို့ နင်ပဲလေ ချစ်တယ်ဆိုပေမယ့် ငိုနေခဲ့ သူစိမ်းတွေကြားက မိန်းကလေးတစ်ယောက်ရဲ့အဖျား ပိုကြီးနေခဲ့တာ နင့်ကိုငါ ငိုပြီးပြောချင်တယ်...အကို။ ကျော်ညိုသွေး

ကျွန်တော်ဘာလဲ ဘယ်လဲ

Image
. ကမ္ဘာကြီးက ပူနွေးလာပြီဟု သိပ္ပံပညာရှင်များက ပြောကြားသလို ကမ္ဘာကြီးက တစ်ကယ်ပင်ပူနွေးလာခဲ့ပြီ။ ကမ္ဘာကြီးတောင်မှသွေးပူနေတဲ့အချိန် ကျွန်တော်ကတော့ သွေးအေးဆဲ။ လူငယ်ဆိုသည်မှာ တက်ကြွသည်။ စူးစမ်းလိုစိတ်ရှိသည်။ ခံစားချက်ပြင်းထန်သည်။ လွတ်လပ်မှု့ကို လိုလားသည် စသည်ဖြင့်ရှိကြသည်။ တစ်ချို့လူငယ်တွေ သူများခြံထဲမှာ သစ်ပင်တွေစိုက်ပြီး အသီးတွေခူးစားနေကြသည်။ တစ်ချို့တစ်လေလည်းထွန်ယက်ဆဲ….။ သို့သော် ကျွန်တော် ဆိုက်ကားစီးနေပါသည်။ နလပိန်းတုံးကျွန်တော်…။အရာရာကိုပေါ့ပေါ့လေးတွေးပြီး ဘ၀ကိုဖြတ်သန်းနေခဲ့သည်။ ဘာကိုအရေးကြီးမှန်းမသိ။ ကျွန်တော့်ကို ကျွန်တော်အားမရပါ။ ကျွန်တော် ရွှေခိုးသင်နေသည်။ အောက်သက်ကျေအောင်မကြိုးစား။ ပေါ်ပင် များနှင့် ကျွန်တော် အတော်ပင်ယဉ်ပါးနေသည်။ အနုပညာမှအစ ဟိုအရေး ဒီအရေးအထိ ပြေးမကြည့်ဘဲ ထင်ယောင်ထင်မှာနှင့် စကားထွားနေသည်က အများသားပင်။ လူငယ်ဆိုသည်မှာ အသက် 18-19 မှာ 25-26 အရွယ်အတွင်းပင်။ က်ျအရွယ်တွင် ကျွန်တော့်အနေနှင့် မျှော်လင့်ချက်များ နှင့် သစ်လွင် လတ်ဆတ်နေရမည်။ လုပ်ဆောင်ချက်များ ခန်းနားနေသင့်ပါသည်။ တက္ကသိုလ်မှ ထွက်လာပြီးနောက် သင်ယူမှု့တွေကို အမြဲမပြတ်လုပ်နေသင့်သည်။ အဆက်မပြတ်သော သင်ယူမှု့ (life – long l

သစ္စာ

. အိပ်မက်တွေကို အရင်လိုကြည်နူးမှု့မျိုးနဲ့ မက်လိုက်မယ် သူမနဲ့ သူမရဲ့ အကြောင်းခေါင်းထဲက သံမှိုစွဲနေခဲ့တယ်…။ တစ်ကယ့် တစ်ကယ်လည်း ဘယ်နည်းနဲ့မှ ဆွဲထုတ်လို့မရတဲ့ ဆူးတစ်ချောင်း အရူးခေါင်းဆောင်ဖြစ်မှန်းမသိ ဖြစ်ခဲ့ပေါ့။ ချစ်ခဲ့တော့ အပြစ်တွေတောင် ပေါ့အောင် တွေးတတ်ခဲ့တယ်။ ပေးဆပ်ခဲ့ သစ္စာ တွေနဲ့ အချစ်မှာဝေခဲ့တဲ့ ပန်းတွေက နေခလို့မရအောင်ပဲလေ။ ရှောင်လွှဲနေပေမယ့်လည်း ရောင့်ရဲလို့မရအောင်ပဲပေါ့ အမြဲတော့လွမ်းမိတယ်။ မှန်းကြည့်တယ်… ခုချိန်ဆို သူ့အိမ်မှာ သူ့အရှိန်နဲ့သူပိုပြီး ကိုရီးယားကား နဲ့ နှစ်ပါးသွား နေပြီလား။ ကြွေပြီတစ်အား လွမ်းနေချိန် ပန်းတွေလည်း အရှိန်မသေပဲ ပွင့်နေလို့ပါ မေမြို့မှာမိုးခေါင်တာကြားဖူးတယ် သီချင်းနဲ့ ရင်တွင်းရဲ့လှိုက်မောမှု့တွေ အခုလေ မင်းသိရင်ကောင်းမယ်။ မပြောင်းလွယ်တဲ့ အချစ်က အသစ်မှဟောင်းသည်အထိ ကိုယ့်အသည်းတွေ ရိပါစေ…။. ကြည့်ကာနေ မသိသာပေမဲ့ သေသည်အထိပါလေ။ ။